Dsuppasit Mew

Dsuppasit Mew Designer

    အားလုံးဘဲမင်္ဂလာပါ     ဒီနေ့ခေတ်ရဲ့လူနေထိုင်မှုပုံစံအရ အလှပရေးရာအရေးပါလာသလိုအလှအပနဲ့ပက်သက်ပီးတော့လဲဈေးကွက်တခုဖြစ်ပေါ်နေ...
14/06/2024


အားလုံးဘဲမင်္ဂလာပါ
ဒီနေ့ခေတ်ရဲ့လူနေထိုင်မှုပုံစံအရ
အလှပရေးရာအရေးပါလာသလို
အလှအပနဲ့ပက်သက်ပီးတော့လဲဈေးကွက်တခုဖြစ်ပေါ်နေပါတယ်။

တိုးတက်လာတဲ့21ရာစုခတ်မှာ ကျား၊ မ အသက်အရွယ်မရွေး ကိုယ့်ရဲ့ အသားအရေနဲ့ အလှအပကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အသားဖြူစေတဲ့၊ နုပျိုလှပစေဖို့ အလှကုန်ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ထွက်ရှိလာကြပါတယ်။အသားဖြူလှပဖို့အတွက် ဓာတုပစ္စည်းတေပါတဲ့အလှကုန်တေကိုဝယ်သုံးမယ့်အစား
ယခုခေတ်လူငယ်​တွေကြားမှာ ​ရေပန်းစားတဲ့ သွေးရည်ကြည်ကုထုံးဆိုတဲ့ PRP Treatment လေးအကြောင်းကိုမိတ်ဆက်ပေးပါရစေ
👩‍🔬 သွေးရည်ကုထုံးဆိုတာ
မိမိရဲ့ သွေးရည်ကြည်နဲ့ (အသားအရေကို နုပျိုချောမွေ့​စေသော)၊ တနည်းအားဖြင့် ​ပြောရရင်အသားရည် အသစ်ပြန်ပြီး နုပျို​စေမယ့် ကုသမှုတမျိုးဖြစ်ပါတယ်

👩‍🔬PRP ကုထုံးကို
ဝက်ခြံကြောင့်ဖြစ်တဲ့ချိုင့်ခွပ်များ...
တင်းတိတ်၊ အမည်းစက် ၊ အမာရွတ်....
ချွေး​ပေါက်ကျဉ်းချင်သူများ..... 
နေ​လောင်ပြီး အသားအရောင်မညီတဲ့သူတွေ
အဆီပြန်တတ်တဲ့သူတွေ
မျက်နှာကို glow ဖြစ်ချင်တဲ့သူများ
မဖြစ်မ​နေ ပြုလုပ်သင့်တဲ့ ကုထုံးလည်း ဖြစ်ပါတယ်...
ပြည့်စုံတဲ့ မျက်နှာအသားအ​ရေအတွက် PRP ကုထုံးကိုပြုလုပ်ဖို့လိုအပ်ပါတယ်

👩‍🔬PRP မပြုလုပ်ခင် ၁ပတ်အလို အရက်သေစာသောက်စားခြင်းများ အတတ်နိုင်ဆုံး ​ရှောင်​ပေးရပါမယ်
ပြုလုပ်ပြီးရင်​တော့ အစိုဓာတ်ဖြည့် ပေါင်းတင် mask ကပ်ပေးဖို့ လိုအပ်ပါတယ်။
၃ရက်အတွင်း မျက်နှာသစ်ဆပ်ပြာအသုံးမပြု​ပေးရပါ၊ ၃ရက်ပြည့်ပီးရင်ပုံမှန်အတိုင်း moisture cream, suncream များနဲ့ တခြား skincare များ အသုံးပြုပေးလို့ရပါပီရှင့်.....
၁ပတ် ခန့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းများ​ ရှောင်ကျဉ်ပေးရမှာဖြစ်ပြီး၊ မဖြစ်မ​နေထွက်ရမယ်ဆိုရင်​တော့ နေပူဒဏ်ကာကွယ်နိုင်​သော အသုံးအ​ဆောင်များ အသုံးပြု​ပေးပါနော်...
မိမိ လိုချင်တဲ့ အာနိသင်ပေါ်မူတည်ပြီး ပြုလုပ်ရတဲ့ အမျိုးအစားနဲ့ အကြိမ်ရေ ကွဲပြားနိုင်ပါတယ်ရှင့်....

👩‍🔬 အလှအပရေးရာနဲ့ ပတ်သက်ပြီး အ​သေးစိတ်သိချင်တယ်ဆိုရင်​တော့ cb မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်သဲလေးတို့ရေ...

& Beauty Aesthetic

13/06/2024

❤️
13/06/2024

❤️

13/06/2024
 #ဘယ်အလုပ်ပဲလုပ်လုပ် လူတိုင်းအောင်မြင်ချင်ကြပါတယ်ဒါပေမယ့် လူတော်တော်များများက အောင်မြင်မယ့်အလုပ်ကို လိုက်ရှာကြပါတယ်။ ကို...
21/01/2023

#ဘယ်အလုပ်ပဲလုပ်လုပ် လူတိုင်းအောင်မြင်ချင်ကြပါတယ်

ဒါပေမယ့် လူတော်တော်များများက
အောင်မြင်မယ့်အလုပ်ကို လိုက်ရှာကြပါတယ်။
ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကို ဘယ်လိုအောင်မြင်အောင် ကြိုးစားရမလဲဆိုတာကို သိပ်ပြီး မတွေးကြပါဘူး။ (ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုတွေးမိခဲ့ဖူးပါတယ်)

တနေ့မှာ ငါတကယ် မုချအောင်မြင်ရမယ်လို့
ကြုံးဝါးထားပြီး အလုပ်စလုပ်တော့မယ်ဆိုရင်
မဖြစ်မနေ သင့်ဆီရောက်လာမယ့် အခက်အခဲတွေ၊ ပြိုလဲကျခြင်းတွေ၊ ဖိအားတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေ၊ ကျရှုံးမှုတွေကို လက်ခံနိုင်မှ အဆင်ပြေမှာပါ။

အခက်အခဲတွေမရှိပဲ အောင်မြင်ချင်လို့မရပါဘူး။
အဲဒါဟာ ယာယီကျော်ကြားမှုလောက်ပဲဖြစ်မှာပါ။
အောက်သက်မကျေခဲ့သူအဖို့
တချက်ရိုက်ချခံလိုက်ရတာနဲ့
ဟိုးအောက်ဆုံးထိ ထိုးကျသွားမှာသေချာပါတယ်။

ခွန်အားတွေရှိနေသ၍
ခိုင်မာတဲ့စိတ်ဓာတ်တွေရှိနေသ၍
အောင်မြင်ရေး​ပန်းတိုင်ဆီရောက်ဖို့
စိတ်လျော့လိုက်လို့မဖြစ်ပါဘူး။
အောင်မြင်ဖို့ ကျွန်တော်တို့အတူတူ ကြိုးစားကြရအောင် . . .

Title Credit : ကောက်ရိုးလေးတမျှင် (J Fire)
Photo : google
Sai - BFA

 #ကိုယ့် styleနဲ့ ကိုယ်နေတယ်  ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့  အရိုးသားဆုံး နေထိုင်ပါတယ်   ဒါကြောင့် ကိုယ့်ကိုကိုယ်...
16/01/2023

#ကိုယ့် styleနဲ့ ကိုယ်နေတယ်

ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်

အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန္တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထည်းမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ္လား

မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ္ကူးတက ဆြဲမထားဘူး
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား

အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ခ် ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်

မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါက်
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

ဒါပေမယ့် သူတို့ မသိကြသေးတာက
အဲ့ဒီ ဘာမဟုတ်တာလေးတွေက
ကြိမ်ဖန်များစွာ ဟုတ္လာတဲ့အခါ
ဒဏ်ရာတွေ အဟုတ်ရခဲ့ရတယ်ဆိုတာ
အခြေအနေတွေ ယိုင်နဲ့ခဲ့ရတယ်ဆိုတာ
ဘဝတစ္ခုလုံး တိမ်းစောင်ခဲ့ရတယ်ဆိုတာ
ဆုံးရှုံးမှု့တွေ တကယ္မ်ားခဲ့ရတယ်ဆိုတာ
သူတို့ မသိကြပါဘူး

ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်

အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်

အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

ကိုယ့်အကြိုက် ကိုယ့်စရိုတ်နဲ့
ကိုယ်ယုံကြည်ရာ ဝါသနာကို
ဘယ်သူမကြိုက်လို့မှ မစွန့်လွှတ်နိုင်ဘူး
မမြင်ချင်ရင် မကြည့်နဲ့ပဲ ရှင်းတယ်
ဒါကို မာနကြီးတယ်လို့ ကိုယ်မထင်ဘူး
ကိုယ့်ကိုကိုယ် တန် ဖိုး ထားတယ္လို့ပဲ ခံယူတယ်

ကိုယ်ဖြစ်ရင် ဘယ်သူခံရမွာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မ ပျက် ဖို့ မို့လား
ဒါကြောင့် ကိုယ့်ဘဝကို ကိုယ်ပဲ့ကိုင်ပြီး
ကိုယ့်စတိုင်နဲ့ ကိုယ်နေတယ်။

- ....

 #ကြေကွဲစရာကောင်းတဲ့ အတိတ်တွေ လူတိုင်းမှာရှိကြတယ် မင်းလည်း ရှိနေလိမ့်မယ်လို့ ကိုယ် ယုံတယ် (လွယ်လွယ်မေ့လို့ မရခဲ့ရင်တောင်...
08/12/2022

#ကြေကွဲစရာကောင်းတဲ့ အတိတ်တွေ
လူတိုင်းမှာရှိကြတယ်

မင်းလည်း ရှိနေလိမ့်မယ်လို့ ကိုယ် ယုံတယ်
(လွယ်လွယ်မေ့လို့ မရခဲ့ရင်တောင်မှ )
စက္ကန့်တိုင်းမှာ စိတ်ကို ပျော်ရွှင်အောင်ထားပါ
မင်းကိုပျော်ရွှင်စေတဲ့သူတွေရဲ့ အနားမှာနေပါ။

မင်းကို စိတ်ညစ်စေတဲ့သူတွေနဲ့ ဝေးဝေးနေပါ
ဒါမှမဟုတ် အတွေးတွေထဲက ထုတ်လိုက်ပါ။

ပြသနာတိုင်းကို လိုက်ဖြေရှင်းနေစရာတော့မလိုပါဘူး
လိုအပ်ရင် လျစ်လျှူရှုတတ်အောင်သာ
စိတ်ကို အလေ့ကျင့်လုပ်ပါ။

တချို့ နာကျင်မှုတွေက
တွေးလေ နာကျင်လာလေလေ
နာကျင်လာလေလေ တွေးမိလေလေပါပဲ။

ပြတ်သားသင့်တယ်ဆိုရင် ပြက်သားပါ
အဲ့လိုမှ မဟုတ်ရင် မင်းကိုမင်း သတ်နေတာပဲ။

တစ်စုံတစ်ယောက်ယောက်ဆီက
အမြဲတမ်းတော့ မျှော်လင့်ချက် ကြီးကြီးမားမားမထားနဲ့
ဘာလို့လဲဆိုတော့ မသေချာလို့ဘဲ။

ခံစားချက်မရှိတဲ့သူ မဖြစ်ပါစေနဲ့
စဉ်းစားတွေးတောမှု နည်းတာလည်း မဖြစ်စေနဲ့။

အိပ်နေရင်း မက်နေတဲ့အိမ်မက်ကို
မင်း ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်။
နိုးနေရင်း မက်တဲ့အိမ်မက်ကတော့
မင်းလက်ထဲမှာရှိနေတယ်။

မင်း ယုံကြည်ကိုးကွယ်နေတဲ့
ဘာသာတရားရဲ့ အဆုံးအမတွေက
မင်းကို ငြိမ်းချမ်းမှုတွေဆီ ခေါ်သွားနိုင်တယ်။

မင်းရဲ့ အချစ်ဟာ တပါးသူအတွက်
ပူလောင်ခြင်းမဖြစ်ပါစေနဲ့။
မင်းအတွက် ပြန်ပူလောင်လာတတ်ပါတယ်။

ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။
ကိုယ်ချစ်နေတဲ့သူကို တန်ဖိုးထားပါ။
ကိုယ့်ကိုချစ်နေတဲ့သူတွေကို တန်ဖိုးထားပါ။

နေကောင်းအောင်လည်း နေပါ။
အသက်ရှည်အောင်လည်း နေပါ။

တစ်ခါတလေ
ဘဝမှာ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ
ပျောက်ဆုံးနေတတ်တယ်၊ ဒါပေမဲ့
မပျောက်ဆုံးသေးတဲ့အရာတွေကိုတော့ သတိရပါ။
မင်းရဲ့ ရိုးရှင်းတဲ့ အပြုံးတွေ၊ ချစ်တတ်တဲ့စိတ်
ကြင်နာတဲ့နှလုံးသား၊ စာနာမှုတွေ
အဲ့ဒီအရာတွေက မင်းနဲ့အတူ ရှိနေမယ်
ပြီးတော့ တန်ဖိုးကြီးတယ်။

ဘဝက တိုတယ်ပဲပြောပြော
ရှည်တယ်ပဲ ပြောပြော
မင်း ဖြတ်သန်းနေရတဲ့ နေ့ရက်တွေက
အဓိပ္ပါယ် ရှိနေပါစေ
ဒီစာလေးက တစ်စုံတစ်ယောက်ကို
ပြောတာဖြစ်နိုင်သလို
အဲ့ဒီ တစ်စုံတစ်ယောက်က မင်းလည်းဖြစ်နိုင်ပါတယ်။

Address

19 Street
Mandalay

Website

Alerts

Be the first to know and let us send you an email when Dsuppasit Mew posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share