Kaykaymgk

Kaykaymgk 🌸𝓚𝓪𝔂 𝓚𝓪𝔂 𝓶𝓰𝓴 🌸
𝓡𝓮𝓼𝓲𝓷 𝓗𝓪𝓷𝓭𝓶𝓪𝓭𝓮 𝓼𝓱𝓸𝓹
🏠𝓜𝓸𝓰𝓸𝓴 (𝓚𝔂𝓪𝓽𝓹𝔂𝓲𝓷)

ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။  သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်...
29/04/2025

ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။

သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။

မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်

စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။

ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။

အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။

အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။

လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။

ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။

စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်

သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။

ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။

မူရင်း...crd

26/01/2025

ခုရက်ပိုင်းorderတွေများ

11/01/2025

customer order finish 🦌🦌

Resinနဲ့ ကိုယ် တိုင်ဖန်တီးထားတဲ့ notebook, pen, bookmark & keychain setလိုက်လေး😍
04/12/2024

Resinနဲ့ ကိုယ် တိုင်ဖန်တီးထားတဲ့ notebook, pen, bookmark & keychain setလိုက်လေး😍

04/12/2024
 #ငယ်ငယ်က တန်ဖိုးရှိအောင်နေရင် တန်ဖိုးထားခံရမယ်လို့ ယုံကြည်ခဲ့ဖူးတယ် ။ ဒါပေမယ့် တန်ဖိုးရှိအောင်နေတဲ့သူနဲ့ တခြားတစ်ယောက်က...
23/08/2024

#ငယ်ငယ်က
တန်ဖိုးရှိအောင်နေရင် တန်ဖိုးထားခံရမယ်လို့ ယုံကြည်ခဲ့ဖူးတယ် ။ ဒါပေမယ့် တန်ဖိုးရှိအောင်နေတဲ့သူနဲ့ တခြားတစ်ယောက်ကို ယှဥ်ရွေးချယ်တိုင်း တခြားတစ်ယောက်ကို ရွေးချယ်ကြတာတွေကို ပတ်ဝန်းကျင်မှာ မြင်ပါများလာတဲ့အခါ စိတ်ထဲမှာ ဒွိဟတွေ ဖြစ်လာတယ် ။ ဘဝမှာ အရမ်းတန်ဖိုးထားတတ်တဲ့ ကောင်လေးကို ပစ်ပြီး မကောင်းတဲ့ တခြားတစ်ယောက်ကို ရွေးသွားတဲ့ ကောင်မလေးတွေကို မြင်ဖူးလား ။ အဲ့လိုပဲ အရမ်းဖြူစင်တဲ့ ကောင်မလေးကို ဖြတ်ပြီး ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်တွဲနေတဲ့သူနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့ ကောင်လေးတွေကိုရော မြင်ဖူးကြတယ်မှတ်လား ။ တကယ်တော့ လောကကြီးမှာ တန်ဖိုးရှိအောင်နေတိုင်း တန်ဖိုးအထားခံရတာ မဟုတ်ပါဘူး ။ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ ။ တန်ဖိုးရှိမှလည်း တန်ဖိုးသိတာပါ ။ ကိုယ့်တန်ဖိုးကို သိနိုင်တဲ့ အရည်အချင်း သူ့မှာရှိမှ ကိုယ့်တန်ဖိုးကို သူမြင်နိုင်မှာပါ ။ အဲ့လို သိနိုင်ဖို့ဆိုတာလည်း သူကိုယ်တိုင် တန်ဖိုးရှိမှပါ။ သူ့မှာ ကိုယ့်တန်ဖိုးကို သိမယ့် အခြေအနေမရှိဘူးဆိုရင် ကိုယ်ဘယ်လိုတန်ဖိုးရှိအောင်နေနေ ၊ ကောင်းအောင်နေနေ သူ့အတွက် အလကားပါပဲ ။ ကျွန်မပေးလေ့ပေးထရှိတဲ့ ဥပမာလေးလိုပေါ့ ။ မျောက်ကို ငှက်ပျောသီးနဲ့ စိန်ကို ယှဥ်ရွေးခိုင်းရင် မျောက်က ငှက်ပျောသီးပဲ ရွေးမှာပါ ။ စိန်ကို ဘာလို့မရွေးတာလဲ ဦးနှောက်မဲ့လေခြင်းလို့ တွေးမိရင် သူက မျောက်ဆိုတာ သတိရပေးပါ။ ဦးနှောက်levelမတူတဲ့အခါ ရှုထောင့်တွေ မတူတော့ဘူး။ ရှုထောင့်တွေ မတူတော့ရင် ခံယူချက်တွေ ၊ ရွေးချယ်မှုတွေ ကွဲသွားကြတာပါပဲ ။ ငါဒီလောက်တန်ဖိုးရှိအောင်နေပါလျက် ငါ့တန်ဖိုးကို မသိပဲ ယှဥ်အရွေးခံရကောင်းလားဆိုပြီး သူ့ကိုရော၊ ကိုယ့်ကိုယ်ကိုရော အပြစ်တင်နေမယ့်အစား မတူတဲ့ levelတစ်ခုလို့ သတ်မှတ်လိုက်ရင် သူ့အပေါ်စိတ်နာတာတွေရော၊ ကိုယ့်ကိုယ်ကို မကျေနပ်တာတွေရော လျှော့ချပေးနိုင်ပါလိမ့်မယ် ။ ကိုယ့်ချစ်သူဖြစ်လာမယ့် သူဟာ ကိုယ်နဲ့ မပတ်သတ်ခင်ကတည်းက သူ့မှာ ခွက်တစ်ခွက် ရှိပြီးသား ။ အဲ့ဒီခွက်မှာ တချို့အရာတွေနဲ့ အတော်အသင့် ဖြည့်ထားပြီးသား ။ အဲ့ဒီခွက်မှာ လွတ်နေတဲ့နေရာအတွက် သူက ကိုယ့်ဆီက လာခံယူတာ ဖြစ်တယ် ။ လာကတည်းက ကိုယ့်ဆီက ဘယ်လောက်ပဲ လိုချင်တာဆိုတဲ့ limited amountက သတ်မှတ်ပြီးသားပါ ။ ဥပမာ - သူ့ဘဝမှာ အလုပ် ၊သူငယ်ချင်း ၊ လျှောက်လည်တာ ၊ game ၊ မိသားစု... အဲ့ဒါတွေနဲ့ 70%လောက် ဖြည့်ထားပြီးရင် သူက ကိုယ့်ဆီက လိုအပ်တာ 30%ပါပဲ။ အဲ့ဒါကို ကိုယ်က ကိုယ့်မှာရှိတဲ့ တစ်ခွက်လုံးစာ မေတ္တာမိုးတွေ ၊ သစ္စာမိုးတွေ ၊ အချစ်မိုးတွေ သွားလောင်းထည့်လည်း သူလက်ခံနိုင်တာ 30%ပဲမို့ ကျန်တာတွေက ဘေးကို အကုန်ဖိတ်ကျမှာပါ ။ ကိုယ်ဘယ်လောက်ကောင်းတာတွေပေးပေး သူလိုအပ်တာထက် ပိုပေးမိတဲ့အရာမှန်သမျှ အကုန် အချည်းအနှီးပါပဲ။ ဒါဟာ ကိုယ်အသုံးမကျလို့လား ၊ ကိုယ်မတော်လို့လား ၊ကိုယ်တန်ဖိုးမရှိလို့လား တစ်ခုမှ မဟုတ်ပါဘူး ။ ကိုယ်ပေးချင်တဲ့ ပမာဏနဲ့ သူလိုအပ်တဲ့ ပမာဏ မကိုက်ညီလို့ပါ ။ ရိုးရိုးရှင်းရှင်းလေး သတ်မှတ်လိုက်ရင်တော့ level မတူလို့ပါ ။
Crd

18/08/2024

kay kay mgk accက ပျက်သွားလို့ pageမှာပဲ feel😅

23/06/2024

"Mental Support ပေးနိုင်တဲ့သူတွေနဲ့ နီးကပ်စွာနေပါ"

တချို့အချိန်တွေမှာ စိတ်ညစ်လာရင်ပဲ ဖြစ်ဖြစ် ၊ စိတ်တွေ ပင်ပန်းလာရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် စိတ်ခွန်အားပေးနိုင်မဲ့သူတွေကို လိုအပ်ပါတယ်။

အောင်မြင်တဲ့အချိန်မှာ ကိုယ့်အတွက် ဂုဏ်ယူပေးနိုင်ပြီး ၊
ကိုယ်ကျရှုံးနေတဲ့အချိန်မှာ ဘေးကနေ ဖေးမရင်း support ပေးနေနိုင်မဲ့သူတွေပေါ့ ။

ဒါပေမဲ့လေ တစ်ခုရှိတာက လူတွေအကြောင်းက ပေါင်းကြည့်မှပဲ သိရတာပါ ။ တချို့သူတွေက ကိုယ်အောင်မြင်နေတုန်း ၊ အဆင်ပြေနေတုန်းမှာ ဘေးနားမှာ ရှိနေပေမဲ့
တစ်ကယ်တမ်း ကိုယ်ကျရှုံးတဲ့အချိန် ၊ အဆင်မပြေတွေ ဖြစ်ပြီး စိတ်ဓါတ်ကျနေရတဲ့အချိန်ကျရင် အနားမှာမရှိတတ်ကြတော့ဘူး ။

ကိုယ်စိတ်ညစ်နေတဲ့အချိန် စိတ်ခွန်အားပေးရမဲ့အစား နွံထဲကို ရောက်သည်ထက် ရောက်အောင် ဆွဲချချင်တဲ့သူတွေလည်း ခပ်များများပါ။ ပြီးတော့ ကိုယ့်ရဲ့အဆင်ပြေနေခြင်းတွေအပေါ် မနာလိုကဖြစ်လိုက်သေးတယ် ။

တစ်ကယ်တော့လေ ကျွန်တော်တို့အနားမှာ လူတွေအများကြီး ထားဖို့မလိုပါဘူး။ ကိုယ့်ရဲ့ အဆိုးရွားဆုံး အခြေအနေတွေမှာတောင် ကိုယ့်အပေါ်ကို စွန့်ခွာမသွားတဲ့သူတွေကို အနားမှာ ထားဖို့ပဲလိုတယ် ။

ကိုယ့်အပေါ် တကယ်ကောင်းပေးနိုင်တဲ့သူ ၊ ကိုယ့်အပေါ် တစ်ကယ် စိတ်ရင်းမှန်တဲ့သူတွေ ဖြစ်နေဖို့ပဲလိုတာ ။
အရေအတွက် များဖို့ မလိုဘူး။
quality ကောင်းဖို့ပဲ လိုတာပါ ။

ဒါ့ကြောင့် မိတ်ဆွေ ၊အပေါင်းအသင်း ၊သူငယ်ချင်း ၊ ဆွေမျိုးအရင်းအချာတွေမှာကအစ ကိုယ့်အပေါ် စိတ်ရင်း မှန်လား ၊မမှန်ဘူးလား ရွေးချယ်တတ်ဖို့ လိုပါတယ်။

ကိုယ့်ရဲ့ စိတ်အကြည်ဓါတ်လေးကို ဖြစ်စေမဲ့သူမျိုး၊ အကောင်းမြင်စိတ် ဖြစ်စေတဲ့သူမျိုး ၊ ကိုယ့်အပေါ်မှာ နွေးထွေးမှု ရှိတဲ့သူမျိုးနဲ့ပဲ နီးနီးကပ်ကပ်နေပါ ။

ကိုယ့်စိတ်ကို mental support ပေးရမဲ့အစား ပိုပြီးသိမ်ငယ်စေတဲ့သူတွေ ၊ အားငယ်စေတဲ့သူတွေ ၊ ကိုယ်အဆင်မပြေလေ သူ ကြိတ်၀မ်းသာလေ ဖြစ်ရတဲ့သူတွေ အနားမှာ မနေပါနဲ့ ။

#ခဲတံ
#ပျော်ရွှင်သောစိတ်ထား

ဘဝမှာ လက်ခံဖို့ခက်တဲ့ စကား (၈)ခွန်း၁. လူတွေကိုယ့်ကို ထားသွားတယ်ဆိုတာလက်ခံပါ။၂. စကားတွေကိုမယုံပါနဲ့ လုပ်ဆောင်ချက်ကို ယုံပ...
23/06/2024

ဘဝမှာ လက်ခံဖို့ခက်တဲ့ စကား (၈)ခွန်း
၁. လူတွေကိုယ့်ကို ထားသွားတယ်ဆိုတာလက်ခံပါ။
၂. စကားတွေကိုမယုံပါနဲ့ လုပ်ဆောင်ချက်ကို ယုံပါ။
၃. တိတ်တိတ် ဆိတ်ဆိတ်လုပ်ပါ ဘယ်တော့မှ မသိပါစေနဲ့။

😂😅
16/06/2024

😂😅

😄😄
13/06/2024

😄😄

Address

Western Mogok
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Kaykaymgk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share