Ko Aung Hla လုံးစွတ်ကျောက်မျက်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • Ko Aung Hla လုံးစွတ်ကျောက်မျက်ရောင်းဝယ်ရေး

Ko Aung Hla လုံးစွတ်ကျောက်မျက်ရောင်းဝယ်ရေး Ko Aung Hla လုံးစွတ်/ ခေါင်းကျောက်မျက်နှင့?

 # for you  Like  & Share ပေးပါအုန်း
15/07/2023

# for you Like & Share ပေးပါအုန်း

 # for you  Like  & Share ပေးပါအုန်း
15/07/2023

# for you Like & Share ပေးပါအုန်း

Like  & Share ပေးပါအုန်း
29/06/2023

Like & Share ပေးပါအုန်း

#မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

ယမ်း ၄မျိုး အကြောင်းဗဟုသုတအနည်းငယ်.....
ယမ်းဆိုတာက ကျောက်ဆီ၊ ကျောက်သားကို ကိုယ်စားပြုတယ်... ကျောက်သားအတွင်းပိုင်အထဲထိဝင်ရောက်ပြီး ကျောက်စိမ်းတလုံးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုဖြစ်ပေါ်စေတယ်... ယမ်းဖွဲ့စည်းကို လေ့လာကြည့်ရှု့ပြီး ကျောက်သားရတယ်၊ မီးပေါက်ချက်ကောင်းတယ်၊ ကျောက်ဆီရှိတယ် စသဖြင့်ယူဆလို့ရတာပါ (နုလင်း ကျဲလင်းတွေတော့ သတိထားပြီးကြည့်ဖို့လိုအပ်ပါတယ်).ယမ်းကျဲရင် အသားကျဲမယ်.ယမ်းညက်ရင် အသားညက်မယ်.ယမ်းကြမ်းရင် အသားကြမ်းမယ်
ဒီအခြေခံသဘောလေးတွေကိုတော့သိဖို့လိုပါတယ်...
ယမ်းပြား
ယမ်းပြားဆိုရင် မကောင်းတဲ့ယမ်းလို့သတ်မှတ်ကြတယ်... တခါတလေတော့လဲ ယမ်းပြားက အရွယ်အစားသေးငယ်ပြီး ယမ်းမှုန်ညက်နေတာမျိုးတွေ့ရမယ်ဆိုရင် ကျောက်သားကောင်းရတတ်ပါတယ်... ယမ်းပြားရဲ့အရွယ်အစားကြီးရင်တော့ ကျောက်သားကျဲတတ်ပါတယ်... ၎င်းရဲ့သဘာဝကိုက အရွယ်အစားကြီးပြီး မီးထိုးပေါက်တာကြောင့် အသားကျဲတာမျိုးဖြစ်တာပါ... မီးပေါက်ချက်က ကျဲပေါက်တွေတွေ့ရတတ်ကြောင့် အာရုံမတက်မိဖို့အရေးကြီးပါတယ်... ဒါ့ကြောင့် ယမ်းပြားကိုတွေ့ပြီဆိုရင် ယမ်းတစ်ခုနဲ့တစ်ခုဖွဲ့စည်းချိတ်ဆက်ပုံကောင်းခြင်းရှိမရှိ သေချာစွာစစ်ဆေးကြည့်သင့်ပါတယ်...
ယမ်းတစ်ခုနဲ့တစ်ခုတွဲဖက်ချိတ်ဆက်ပုံ ကျစ်လစ်ပြီဆိုရင်ကျောက်သားကောင်းတတ်ပါတယ်...
ယမ်းချောင်း
ယမ်းချောင်းဆိုတဲ့အတိုင်းပဲ အချောင်းငယ်လေးတွေဖွဲ့စည်းထားတဲ့ပုံစံကိုမြင်ရမှာပါ... ယမ်ချောင်းဆိုတာလဲ ယမ်းပြားကဲ့သို့ပင် အဖျက်ယမ်းတခုအနေနဲ့ယူဆကြပါတယ်...ယမ်းချောင်းတွေအရမ်းကြီးပြီး တခုနဲ့တခု အိမ်မှာသွပ်မိုး မိုးထားတဲ့ပုံစံအတိုင်း အထပ်ထပ်ပုံစံမျိုးဖြစ်နေပြီး ကျောက်ရဲ့အခွံပေါ်မှာ သိသိသာသာ အပြင်ကိုထိုးထွက်နေမယ်ဆိုရင် ဒီလိုယမ်းချောင်းပုံစံမျိုးက ကျောက်သားကြမ်းမယ်၊ ကျောက်သားကိုပျက်စီးစေပါလိမ့်မယ်...
ကောင်းတဲ့အနေအထားပုံစံနဲ့ကြည့်မယ်ဆိုရင် ယမ်းချောင်းတွေကသေးမျှင်နေရမယ်၊ တခုနဲ့တခု ဦးတည်ရာလမ်းကြောင်းညီရမယ် ဒီလိုပုံစံ ယမ်းချောင်းတွေကိုမြင်ရပြီဆိုရင်တော့ ကျောက်သားကောင်းကိုရစေနိုင်ပါတယ်... သတိထားရမှာက ယမ်းချောင်းတွေအရမ်းသေးငယ်လွန်းပြီး မျှင်မျှင်လေးတွေဖြစ်သွားပြီဆိုရင်တော့ ယမ်းမွဲ ဆိုတာဖြစ်တတ်ပါတယ်... ယမ်းဆိုတာမျိုးက အခွံပေါ်မှာတည်ရှိတဲ့အတိုင်း ကျောက်သားအတွင်းပိုင်းအထိ ဝင်ရောက်နိုင်တာကြောင့် ယမ်းချောင်းမျှင်လေးတွေကကျောက်သားအတွင်းထိ ဝင်ရောက်ပြီး ကျောက်သားကိုပျက်ဆီးသွားစေခြင်းတမျိုးပါ... အချောထည်ပြုလုပ်ရာ၌ ၎င်းကိုဖျောက်ဖျက်ရန်အတွက်အလွန်မှခက်ခဲပါသည်...
ယမ်းလုံး
ယမ်းလုံးဆိုတာက လုံးလုံးဝိုင်းဝိုင်းနဲ့ စက်ဝိုင်းခြမ်းလေးတွေကိုမှောက်ပြီး ကျောက်အခွံပေါ်မှာတင်ထားသကဲ့သို့မြင်တွေ့ရနိုင်ပါတယ်... အရွယ်အစားအနေနဲ့ကတော့ မျိုးစုံရှိတတ်ပါတယ်... ယမ်းလုံးမှာလဲ ယမ်းရဲ့အရွယ်အစားကိုကြည့်ပြီးယမ်းကြမ်းသည်၊ ယမ်းညက်သည်ဟုဆိုကြပါတယ်... ယေဘူယျအားဖြင့် ယမ်းလုံးအရွယ်သေးရင်ကျောက်သားညက်မယ်၊ အရွယ်ကြီးရင်ကျောက်သားကြမ်းမယ်ဟုဆိုကြသော်လည်း အရေးကြီးတာက အရွယ်အစားညီပြီး ယမ်းတခုနဲ့တခု ကျစ်ကျစ်လစ်လစ်နဲ့ ညီညီညာညာဖွဲ့စည်းနေတဲ့အနေအထားမြင်ရမယ်ဆိုရင် အတွင်းကျောက်သားကောင်းမွန်တတ်ပါတယ်... ဒီလိုမျိုးမဟုတ်ပဲ ယမ်းတစ်လုံးနဲ့တစ်လုံးခပ်ကျဲကျဲပုံစံအနေနဲမြင်ရမယ်ဆိုရင်တော့ ယမ်းကျဲတယ်လို့သတ်မှတ်ရမှာဖြစ်ပြီး အတွင်းကျောက်သားပွတတ်ပါတယ်... ယမ်းလုံးဟာ ယမ်းခေါင်းမဲမယ်၊ မီးလင်းအားလဲကောင်းတယ်ဆိုရင် ကျောက်ဆီပြည့်ဝတဲ့ အဆင့်မြင့် ကျောက်သားတန်းတခုထိရနိုင်ပါတယ်... ရေမစွတ်ပဲမြင်ရတဲ့အနေအထားမှာဆိုရင် ယမ်းလုံးရဲ့အရောင်ကမွဲခြောက်ခြောက်ဖြစ်နေရင်တော့ ကျောက်ဆီကျောက်သားမကောင်းနိုင်တဲ့အတွက် ဝယ်သင့်တဲ့ကျောက်မျိုးမဖြစ်နိုင်တော့ပါဘူး...
ယမ်းညက်
ယမ်းညက်ဆိုတာကတော့ ယမ်းတွေထဲမှာ ကောင်းတဲ့ယမ်းတခုပါ... ယမ်းညက်ရင် ကျောက်သားညက်မယ်၊ အနည်းဆုံးတော့ ခါးသားအပေါ် ညက်ချောသားအဆင့်ထိမျှော်မှန်းလိုရနိုင်တာပေါ့... တခြားသော ကျောက်မျိုးကောင်းတဲ့အချက်အလက်တွေနဲ့ပါ ယျဥ်တွဲပြီးမြင်ရရင်တော့ ကျောက်သားကို အသားဆန်းမြင့်အထိမျှော်လင့်လို့ရနိုင်ပါတယ်။
ယမ်းညက်ပြီး တခါတရံကျောက်သားနုတတ်တာတွေလဲရှိပါတယ်။ ဒါကတော့ ထွက်ရှိရာမှော်တွေရဲ့ သဘော သဘာဝတွေကိုသိရှိနားလည်ရင် ချင့်ချိန်လို့ရပါတယ်... အချိန်ပေးပြီး မှော်တွေရဲ့အကြောင်းကိုတော့လေ့လာဖို့လိုအပ်ပါတယ်...
ယမ်းပြောက်
ယမ်းပျောက်ဆိုတာ ကျောက်ရဲ့အခွံပေါ်မှာရှိတဲ့ ယမ်းမှုန်ယမ်းညက်လေးတွေအဆင့်ကနေ ပိုပြီးသေးငယ်သွားရင် သာမန်မျက်စိနဲ့မမြင်နိုင်တော့ပဲ ပျောက်သွားတဲ့ယမ်းမျိုးကိုခေါ်တာပါ။ အနုစိတ်ကြည့်တဲ့ မှန်ဘီလူးနဲ့ ကြည့်မယ်ဆိုရင်တော့ မြင်ရပါသေးတယ်... ယမ်းပြောက်တွေဆိုရင် အသားဆန်းတဲ့အထိရနိုင်ပါတယ်... မီးပေါက်အားလဲကောင်းတတ်လို့ ကျောက်ဆီပြည့်တတ်ပါတယ်... မီးပေါက်ချက်ကိုတော့သေချာကြည့်ပါ... တခါတလေကျောက်သားချွဲတာမျိုးတွေလဲတွေ့ရလေ့ရှိလို့ပါ...

မိတ်ဆွေများ ကျောက်မယ်ကျောက်ကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ.
#မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

25/06/2023

မြန်မာ့ကျောက်စိမ်းတန်ဖိုး.....
ကျောက်စိမ်းရတနာဆိုသောဂုဏ်တန်ဖိုးကိုကောင်းစွာသိရှိနားလည်စေရန်အတွက် ကျောက်စိမ်းတလုံးအား လှပသောရတနာအဆင်တဆာတခုအနေဖြင့် ဆင်မြန်းခြင်းထက် ပိုပြီးကျော်ကြည့်ရှုနားလည်ရန်လိုအပ်ပါသည်...

ကျောက်စိမ်းရတနာသည် တရုတ်လူမျိုးများအတွက် ၎င်းတို့၏ယဉ်ကျေးမှုတွင် အဓိပ္ပါယ်နက်နဲစွာ ယူဆဖွင့်ဆိုယုံကြည်မှုများဖြင့် မြတ်နိုးစွာဆင်ယဥ်တတ်လေ့ရှိကြပါသည်... အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းတန်ဖိုးသည် တရုတ်နိုင်ငံ၏စီးပွားရေးမြင့်တက်လာခြင်းနှင့်အတူ သိသိသာသာတန်ဖိုးမြင့်တက်လာခဲ့ပါသည်...

ငွေကြေးကြွယ်ဝချမ်းသာသောလူတန်းစားများ၏ ဝယ်ယူရရှိလိုမှု့အားကြောင့် အရည်အသွေးမြင့်မားသော ရှားပါးအဆင့်ရှိသောကျောက်စိမ်းအမျိုးအစားသည် ကမ္ဘာ့အဆင့်တွင်တန်းဖိုးအမြင့်မားဆုံးသောရတနာတခုအပါအဝင် မှတ်ကျောက်တင်ခံထားခဲ့ရပါသည်...

မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် Jadeite ကျောက်စိမ်းအမျိုးအစားကို စတင်တွေ့ရှိချိန်မှစ၍ တရုတ်လူမျိုးများသည် မြန်မာ့ကျောက်စိမ်း၏ခန်းနားထည်ဝမှု့ကို အသိအမှတ်ပြုလေးစားခဲ့ကြသည်... အရည်အသွေးမြင့်သော ကျောက်စိမ်းသည် ရှားပါးသောရတနာဖြစ်သည်... ရွန်းဆိုတောက်တောက်ပပြီး ခမ်းနားထည်ဝါမှု့ဖြင့်ပြီးပြည့်စုံသည့် (Imperial Jadeite) အစိမ်းရောင်ကျောက်စိမ်းသည် ယနေ့နိုင်ငံတကာဈေးကွက်ရှိ အမြင့်ဆုံးစျေးနှုန်းအချို့ကိုညွှန်ပြထားခြင်းခံခဲ့ရပါသည်...
တရုတ်လူမျိုးများ၏အယူအတွေးတွင် ဈေးကြီးပေးဝယ်သော်လည်း မမှားပါနှင့်ဟု ဆိုရိုးစကားရှိသည်... (Imperial Jadeite) ကို အရှေ့တိုင်းတွင်သာမက အနောက်တိုင်းတွင်ပါ ကျွမ်းကျင်ပညာရှင်များက တန်ဖိုးထားကြသည်...

စျေးကွက်တန်ဖိုးမြင့်မားသော Jadeite ကျောက်စိမ်း၏ အဓိကအရေးကြီးဆုံးအရည်အသွေးသုံးခုမှာ အရောင်အသွေးစွဲဝင်မှု၊ ကြည်လင်တောက်ပမှု့နှင့် အပြစ်အနာကင်းစင်ခြင်းတို့ဖြစ်ပါသည်... ကျောက်စိမ်းဝယ်ယူသူများသည် ကျောက်စိမ်းကိုကြည့်ရှု အကဲဖြတ်သည့်အခါ ၎င်းအချက်များစွာကို ထည့်သွင်းစဉ်းစားကြသည်...

ပထမဦးစွာ ကျောက်၏ အထိုင်၊ အခွံအရောင်၏ကောင်းခြင်း၊ အခွံပေါ်ရှိယမ်းတည်ရှိပုံ၊ အပြစ်အနာအဆာ ကင်းရှင်းမှုအနေအထား စသည်တို့ကိုဦးစွာပထမလေ့လာကြပါသည်... ထိုမှတဆင့် အတွင်းကျောက်သား၏ ကောင်းခြင်းအဆင့်ကို ဆက်၍စစ်ဆေးကြပါသည်... ကျောက်စိမ်းတုံး၏ အခွံပေါ်မှတဆင့် အတွင်းကျောက်သားတွင် အရည်စွဲဝင်မှုအား၊ ကျောက်သား၏အသားတန်းမြင့်မားမှုတို့ကိုရှာဖွေရပါသည်... တချိန်ထဲတွင် မိမိကြည့်ရှုစမ်းစစ်နေသောကျောက်၏ ဆိုးကျိုးပြစ်ချက်များကိုပါ သေချာစွာကြည့်ရှုကြပါသည်.....

အရောင်သည် ကျောက်စိမ်း၏တန်ဖိုးတခုဖြစ်သည်... ကျောက်စိမ်း၏အရောင်တွင် အစိမ်းရောင်အပြင် အခြားအရောင်များဖြစ်သည့် လာဗင်ဒါ၊ အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အညို၊ အဖြူရောင်၊ အနက်ရောင်နှင့် မီးခိုးရောင် စသည့်အရောင်တို့ကိုလည်းတွေ့ရှိရပါသည်... အရောင်အားလုံးသည် သူ့သဘောသဘာဝနှင့်သူ ဆွဲဆောင်မှုရှိကြပါသည်...
သို့သော် Jadeite ကျောက်စိမ်း၏ဆွဲဆောင်ရည်အမြင့်မားဆုံးကျောက်စိမ်းအရောင်သည် အစိမ်းရောင်သီးသန့် ဆိုပြေတောက်ပကာ ကြည်လင်မှု့အပြည့်ရှိသည့် အရည်အသွေးအကောင်းဆုံး တော်ဝင်ကျောက်စိမ်းရောင် (Imperial Green) ဟုလူသိများကြပါသည်... ၎င်းသည်ကမ္ဘာ့စျေးအကြီးဆုံးရတနာတခုအနေဖြင့်လည်းသတ်မှတ်ခြင်းခံထားရပါသည်... စျေးကွက်တွင်ဒေါ်လာသန်းပေါင်းများစွာ အဖိုးတန်သောကျောက်စိမ်းသည် အပြစ်အနာအဆာကင်းစင်၍ ကြည်လင်တောက်ပမှု့အားကောင်းသောအစိမ်းရောင်ဖြစ်ပြီး မည်သည့်အရောင်အသွေးမှရောနှောပါဝင်ခြင်းမရှိသောရတနာဖြစ်ပါသည်...

တခြားသောအဖိုးတန်အရောင်များသည် သန့်စင်သောအစိမ်းရောင်မှတဆင့် အပြာရောင်ရောသော (​ပြာစိမ်း) သို့မဟုတ် အဝါရောင်ရောသော (ဝါစိမ်း) စသည့်ဖြင့် အရောင်ကွဲများစွာရှိလာပါသည်...
ထိုသို့သော် ကျောက်စိမ်းအရောင်များသည်လည်း အရည်အချင်း၊ လုပ်ချက်၊ စျေးကွက်အလိုက် သူ့အဆင့်နှင်သူ တန်းဖိုးတခုစီရှိကြပါသည်...
ကျောက်စိမ်းကို အထည်ပြုလုပ်သူများက ထူးခြားသောပုံစံ၊ ရိုးရာလက်ဝတ်ရတနာပုံစံများအဖြစ်ပြုလုပ်ရောင်းချကြပါသည်...

အရည်အသွေးကောင်းမွန်သောကျောက်စိမ်းကို လက်ဝတ်ရတနာများအဖြစ် အသုံးပြုရန်အတွက် လိုအပ်သောပုံစံရရှိရန်ဖြတ်တောက်ကြသည်... ယခုအခါ ကျောက်စိမ်းတလုံးအားဖြတ်တောက်ရာတွင် အရည်အသွေးကောင်းမွန်သောနေရာများအား အလေအလွင့်နည်းပါးစေဖို့ ဖြတ်ရာတတ်နိုင်သမျှ ပါးလွှာစေရန် အဆင့်မြင့်သောစက်ကရိယာများဖြင့်ဖြတ်တောက်လာကြသည်...

ကျောက်စိမ်းလက်ကောက်အား Nephrite ကျောက်စိမ်းအမျိုးအစားဖြင့် ပြုလုပ်သောလက်ရာများအား တရုတ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်းလေးထောင်ခန့်ကထဲက ရှေးခေတ်လက်ရာများအဖြစ်မြင့်တွေ့ခဲ့ရပါသည်။ ၎င်း လက်ကောက်များကိုဝတ်ဆင်သူသည် အကာအကွယ်နှင့် ငြိမ်းချမ်းရေးအထိပ်အမှတ်အဖြစ်ယူဆ​၍ဝတ်ဆင်ကြပါသည်...

ယခုအခါတွင် မြန်မာနိုင်ငံမှ Imperial Jade သည် ကမ္ဘာအဆင့်ဈေးအကြီးဆုံး ကျောက်စိမ်းအမျိုးအစားဖြစ်ပြီး အရည်အသွေးအမြင့်မားဆုံး၊ လူကြိုက်အများဆုံးဖြစ်သောကြောင့် ယနေ့ခေတ်ကမ္ဘာတစ်ဝှမ်းတွင် တန်ဖိုးအရှိဆုံးကျောက်စိမ်းအရင်းအမြစ်အဖြစ်ကျန်ရှိနေခြင်းဖြစ်ပါသည်...

မြန်မာ့တွင်းထွက် Jadeite ကျောက်စိမ်း၏ အရည်အသွေးမြင့်မားမှု့၏တန်ဖိုးသည် အချို့သောနေရာများတွင် စိန်ထက်ပင် ပို၍သာလွန်ကာ စျေးပိုရနိုင်ပါသည်... မြန်မာ့ Jadeite ကျောက်စိမ်းသည် ၎င်း၏မာကျောမှု့၊ တောက်ပမှု့တို့ကြောင့် ကမ္ဘာအနှံ့လူသိများကာ အရည်အသွေးအမြင့်မားဆုံး ရတနာအမျိုးအစားများထဲမှ တစ်ခုအဖြစ်ကျန်ရှိနေပါသည်။ မြန်မာ့ကျောက်စိမ်းသည် တရုတ်နိုင်ငံတွင် သမိုင်းတစ်လျှောက် အရေးအပါဆုံးဖြစ်ပြီး ယနေ့အချိန်ထိ ရှားပါးသောရတနာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်.....
မြန်မာ့ရတနာစျေးကွက် မြန်မာပြည်တွင်း၌ ကမ္ဘာကသိအောင် ပြောင်းလဲတိုးတက်လာနိုင်ပါစေ.....

#မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

Like  & Share ပေးပါအုန်း
21/06/2023

17/06/2023

Like & Share ပေးပါအုန်း

#မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

ကျောက်လုပ်ငန်း စလုပ်မည့်သူများအတွက်

#ယမ်း ချော် အထိုင်
ဤ ၃ချက်ကိုင်
ပိုင်နိုင်ပါက
အမှားနည်းမည် #

လူမှာ လမ်း
ကျောက်မှာ ယမ်း
အရေမှာ မန်း
အသားမှာ ဆန်း #

# အရေမှာ ဝှေခါ
အသားမွာ မှော်ဆီစာ
အမြုတ်မကင်းတာ အောင်ဘာလေ
အနာမှာ ခန္တီး
ငချိတ်မှာ ဆန်ခါ
ချင်းမှာ ကထန်
ချွမ်မှာ ခွံဖြူ
မှော်ဝမ်း မန်းဖြူ
အသားအန္တာက မှော်မောင်းလျှံ
ပဲမွာ မန(မနမှော်)
ချွမ်မှာ ခွံဖြူ
အကာမှာ ဗလခ( တောင်ပြို)
အျဖတ္ခံတာ မြေမှန်
ယမ်းဆော့တာ မှော်စီဆာ
မီးပေါက်အားလှတာ ဝှေခါ
ကျောက်ဆီရတာ တာမခံ #

ကျောက်သားရယ် ထိုးပေါက်ရယ်နဲ့ ယမ်းခေါင်းကျဲလို့ အဖြတ်မခံ မှော်ဝှေခါ ယမ်းပေါက်ကျဲ ရှောင်ပါလေ

မှော်ရူးမို့ ကံထူးတာ ဆန်ခါ
စျေးကြီးပေးဝယ်ရတာက မှော်ဝမ်း

မီးဖြူ အရောင်နဲ့ ကျောက်အားကြည့်ခြင်းထက်
မီးဝါဖြင့် ကျောက်အား ကြည့်ခြင်းကသာ ပို၍အဆင်ပြေမည်။

မှော်မရှောင်ပါနဲ့ ကျောက်ယမ်းနိုင်လျှင်
ကိုင်သာ ကိုင်ပါ

ကျောက်တစ်လုံးအား ကြည့်မည်ဆိုလျှင်
အဖြစ်လက္ခဏာများထက်(ပြချက် လက္ခဏာ)
အပျက်လက္ခဏာ(အပြစ်အနာဆာ)မ်ားကို ဦးစားပေး ဂရုစိုက်ကြည့်ပါ။

ရောင်းပါ
သင်စျေးနိုင်လျှင် (or)ကျွမ်းကျင်သူနဲ့
တိုင်ပင်ပါ
ဝယ်ပါ
သင်မြတ်မယ်ထင်လျှင်(ဝယ်ပြီး တစ်စုံတစ်ခု ပြန်လုပ်မယ်ဟု တွေးထားလျှင်)

ကျောက်လောက၌
ရောင်းမှား ဝယ်မှား
ဖြစ်တတ်သော ကျောက်အမျိုးအစားမှာ
#အရည်‌ကျောက်သာ ဖြစ်ပါသည်။

#ဖုန်းထဲ၌ မီးထိုး၍ အပြင်လက္ခဏာရပ်များထက်
၅ဆခန့် ပိုလွေစေသာ ကျောက်အမျိုးအစားမှာ
*ချွမ်*ချွမ်ရည်ချွမ်သား နဲ့ * ပဲရည် ပဲသား*
ထို၂မျိုးသည် အခြားကျောက်များထက်
ပိုလှစေပါသည် #စလေ့လာမယ့်သူတွေ #မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

Like  & Share ပေးပါအုန်း
16/06/2023

Like & Share ပေးပါအုန်း

#မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

*****ချော်အကြောင်း*****

1 အမဲကြောအုပ်စု

အမဲကြောချော်တွေရဲ့အရောင်ကတော့အမဲရောင်ပါ😁
အမဲရောင်အနုအရင့်ဆိုပြီးပြောင်းလဲမှုအနည်းငယ်တော့ရှိပါတယ်ဒီလိုအမဲရောင်အနုအရင့်ကြောင့် သပိတ်ရောင်ချော်တို့ဆိုပြီးပြန်ခေါ်ကြတယ် ချော်နက်ဆိုပြီးပြန်ခေါ်ကျတယ် ချော်တွေမှာအမဲကြောချော်ကတော့အမဲရောင်ကပ်တရာစီးလိုပါပဲ ကျောက်စိမ်းတစ်လုံးမှာအခြားကျောက်ရိုင်းတို့မြေစာတို့နဲ့ရောရာဖြစ်နေတာကိုကျောက်စိမ်းကြောလို့ခေါ်ပါတယ် ရေဆောင်သိုက်လို့လဲပြောကြပါတယ် ပင်ရင်းကျောက်စိမ်းကြောမကြီးကို
သဘာဝအရ ရေနဲ့သယ်ဆောင်ပြီး ဖြစ်ပေါ်စေလို့ ရေဆောင်သိုက်ပြီးခေါ်ကြတယ်ထင်တယ် ဒီလိုရေနဲ့သယ်ဆောင်ပို့ချထားတဲ့ နေရာမှာကျောက်စိမ်းကြောတွေ
ဟာတစ်လွှာပြီးတစ်လွှာဖြစ်နေကျပါတယ် ဒီလိုတစ်လွှာပြီးတစ်လွှာဖြစ်နေတဲ့ ကျောက်စိမ်းကြောတွေရဲ့အရောင်နဲ့ ထွက်ရှိတဲ့ကျောက်စိမ််းအမျိုးအစားကိုကြည့်ပြီး အဲ့ဒီကျောက်စိမ်းကြောတွေကို ဒေသခံတွေက နာမည်အမျိိးမျိုးပေးကြပြန်တယ်အခုပြောမယ့်အမဲကြောချော်ဆိုတာ
ဟာ ကတေလို့ပြောကျတဲ့ ကတေအမဲကြောချော်အကြောင်းပါ

ကျောက်စိမ်းတစ်လုံကိုကြည့်ရင် အထိုင်ကြည့်မယ်ပြီးရင်ချော်ကိုပြန်ကြည့်ပါတယ်အမဲကြောကတေကျောက်
ကြောကိုကအနက်ရောင်ပါ ကျောက်ချော်ဖြစ်စေတာက
သဘာဝတရားရဲ့ဒဏ်ကြောင့်ဖြစ်ပါတယ် ချော်ဘယ်လို
ဖြစ်လာတာက ကျောက်သမားတွေကတော​သိပ်အရေး မကြီးဘူးလို့ထင်ပါတယ် ကျောက်စိမ်းမှာကပ်နေတဲ့ချော်ရဲ့
ချော်ရဲ့အထူအပါး အပျော့အမာ အရောင်းအမျိုးမျိုးကသာ ကျောက်စိမ်း ရဲ့ကောင်းခြင်းမကောင်းခြင်းကိုဖြစ်စေတာပါ ဒါကြောင့်လေ့လာသူတို့မှတ်သင့်တာက
ဘယ်လိုမျိုးချော်က ဘယ်လိုဖြစ်စေတတ်တာကိုပဲမှတ်သင့်ပါတယ်

ဘယ်ကြောထွက်တဲ့ကျောက်စိမ်းမှာဖြစ်စေ ယေဘူယျအားဖြင့် ချော်ထူရင်ကျောက်မျိုးလုံးဝမကောင်းပါဘူး
ချော်ပါးရင်တော့ကျောက်မျိုးကျောက်သားကောင်းစေပါတယ် ချော်အထူအပါးကကြည့်ရတာသိပ်မခက်ပါဘူး
ချော်ပါးရင်မီးထိုးလိုက်တာနဲ့မီးထိုးပေါက်ကြည်ပါတယ်
ပြီးတော့ချော်ရဲ့အရောင်တွေပါ တစ်ချို့ကျောက်သမားတွေက ချော်ရဲ့အရောင်ကြည့်ပြီးကျောက်ကောင်းမကောင်းကိုဆိုတာကိုခေါင်းကျပါတယ် ကတေကျောက်တွေမှာအများအားဖြင့်အနက်ရောင်သပိတ်ချော်ကြိုက်ကြပါတယ် ဖားကန့်ကြီးကျောက်တွေမှာလဲ သပိတ်ချော်ကိုကြိုက်ကြပါတယ် ချော်အပျော့နဲ့အမာမှာဆိုရင်တော့
ချော်ပျော့တာကကျောက်ကောင်းဖြစ်စေတတ်ပါတယ်
တစ်ချို့ပျော့တဲ့ချော်ဆိုရင်သူအလိုလိုကိုကြွေကျပါတယ်အဲ့လိုကြွေကျတဲ့ချော်ကိုချော်ကြွေလို့လဲခေါ်ကြပါတယ် ချော်ပျော့ဟာလက်သဲနဲ့စိတိကြည့် ခြစ်ကြည့်ရင်တောင်ပါလာတတ်ပါတယ် ချော်ပျော့ဟာအရည်ပါစေတတ်ပါတယ် ချော်မာ( ချော်စီး)ကတော့ချော်စီးလို့လဲခေါ်ကြပါတယ်

အဲ့လိုချော်မာချော်စီးပြီးတင်းနေတာက ကျောက်မျိုးလဲမရတတ်သလို အရည်လဲမပါတတ်ပါဘူးဗျာ ကျောက်ချော်ကိုကြည့်ပုံသေတော့သတ်မှတ်လို့မရပါဘူးခြွင်းချက်အနေနဲ့ရှိတတ်ပါတယ် ချော်စီးချော်ကပ်ကမကောင်းဘူးဆိုပေမဲ့ ဖားကန့်ကြီးကျောက်တွေကတော့အရည်ပါတတ်ပါတယ် ဖြစ်နိုင်ခြေများတာကတော့အထက်မှာဖော်ပြထားတဲ့ ချော်ပါး ချော်ပြော့ ချော်ကြွေ တို့ပါ

ချော်တွေကိုကြည့်ပြီးကျောက်သားဆက်စပ်တာက အမဲ
ကြောကတေတွေရဲ့ချော်တွေပါ တစ်ခြားကျောက်ကြောကအမျိုးအစားတွေရဲ့ချော်တွေက ​ကျောက်သားနဲ့ဆက်စပ်မှု့တွေက သိပ်မပတ်သတ်ကြပါဘူး ဥပမာ ရေကျောက်
တာမခန်ကျောက်တွေဆို ချော်လဲမပါပါဘူးဗျာ အဲလိုပဲ
တောမှော်ငုတ်ကျောက်တွေဟာလည်း ချော်မပါတတ်ပါဘူး

ကျောက်တစ်လုံးကိုကြည့်ပြီ အထိုင်ကလေးထောင့်အထိုင် အထိုင်ကလှနေပြီ ချော်ကလဲ ချော်ပါးချော်ပျော့ဆိုတာနဲ့ကျောက်ကကျောက်ကောင်းမှန်းသိနိုင်ပြီ အထိုင်
မလှ လုံးဝန်းသောအထိုင်နဲ့ ချော်မာချော်ထူးမျိုးဆိုတာနဲ့ဒီကျောက်ကမဟန်နိုင်တော့ဘူး ရှင်းပါတတ်တယ်ဆိုတာသိနိုင်ပြီပေါ့ဗျာ အခုလေ့လာသူတွေအနေနဲ့ မောက်အကြောင်း အထိုင်အကြောင်း အခုချော်အကြောင်းက
နဲနဲ သိပြီဆိုတော့ အရင်ကစာရင်ကျောက်အကြောင်းနဲ့နဲခေါင်းနိုင်ပါပြီ ချော်အကြောင်းကမပြီးသေးဘူးကျန်ပါသေးတယ် နောက်ရက်ကျမှတင်ပေးပါ့မယ်

အားလုံးကိုကျေးဇူးတင်ပါတယ် #မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

Like &. Share ပေးပါ
15/06/2023

Like &. Share ပေးပါ

#စလေ့လာမယ့်သူတွေ မဝယ်သင့်တဲ့ကျောက်
အခုမှ စပြီးလေ့လာနေသူတွေ အတွက်

စလေ့လာမယ့်သူတွေ မဝယ်သင့်တဲ့ကျောက်
ခန္တီပဲလှော်
-ခန္တီပဲလှော်တော်တော်များများက အရည်အကြောင်းသေချာမသိပဲ စိမ်းနေတာမြင်ပြီး ဝယ်တတ်ကြတယ် ပဲလား မျိုးလားမသိ စိမ်းနေရင်ဝယ်တတ်ကြတယ် အများအားဖြင့်တော့ မျိုးရည်များပါတယ် တစ်ပွင့်စာလေးမို့မလုပ်တတ်ရင်ပျက်တယ် လုပ်ချက်သိပ်မရပါဘူးဗျ ဒါကြောင့်လေ့လာနေသူမဝယ်သင့်ပါဘူး အသားဆိုလဲ အသေးမို့ မီးထိုးရင် ကြည်တောက်နေပါလိမ့်မယ် ပေါလိရေခဲသားနဲကမများပါနဲ့ မျိုးနုပီး မီးအားနဲ့အရွယ်မမျှလို့ ကြည်နေတာပါ အရွယ်သေးတော့ ပန်းပုလဲမရပန်တီလဲမရ အပွင့်မှမရရင်ဘာမှလုပ်မရတဲ့ကျောက်မျိုးမို့ မဝယ်သင့်တဲ့ကျောက်ပါ
ခန္တီ ကျောက် (အသား)
- မီးထိုးတိုင်းပေါက်လို့ ပေါလိကိုရနိုး ရေခဲသားဖြစ်နိုးနဲ့ဝယ်တတ်ကြပါတယ် ကျဲလင်းကိုမခွဲတတ်ဖြစ်တတ်တယ် အများအားဖြင့် မျိုးနုတာများတယ် အနာများတယ် ကိုယ်က ပန်ပုပန်တီးလိုင်းလုပ်ချင်ရင်တော့ဝယ်ပါ အောင်ကျောက်ဖြစ်ဖို့ %နည်းပါတယ် ကွမ်ထားတဲ့ကျောက်ဆို ပိုကြောက်ရပါတယ် အသားဆန်းနဲ့မှားတတ်ကြတယ်
လျှိုပဲ့
- လျိုပဲကိုဝါးလုပြန်တတ်/ချောပြန်ကပ်နေတဲ့ကျောက်က မီးထိုးရင် အသားတန်းမြင့်တယ်လို့ ချောကိုမီးထိုးတော့ စိမ်းဖန့်ဖန့်ကို ကာလာလို့ထင်တတ်ကြတယ် ပျက်သွားတဲ့ကျောက်မျိုးမဟုတ်ပေမယ့် ကျောက်ကောင်းဖြစ်ဖို့တော့ သူအားမပေးပါဘူး အတတ်နိုင်ဆုံးရှောင်တာကောင်းပါတယ်
မန
-မနတွေကလဲမီးထိုးပေါက်ပြီး အကာခံမခံကိုခွဲရခက်သလို ကျောက်ဆီပြည့်နေတယ်ထင်ရအောင်ယမ်းကကောင်းနေတတ်တဲ့မှော်မို့ စိတ်ထဲမှာ ကျောက်သားမြင့်နေတယ် ကျောက်သားညို့နေတယ်လို့ထင်တတ်ပါတယ် မနမှာပဲနဲ့ချွမ်အများဆုံးထွက်တာမို့ ပဲကိုအရည်ထင် ချွမ်ကိုရင့်တယ်ထင်တတ်ကြပါတယ် ပဲသား ချွမ်ကာလာရင့်စေဦးတော့ မနက ကျောက်သားမရပဲပျက်တာများပါတယ်

ဝယ်သင့်တဲ့ကျောက်

မှော်စီစာ
-မီးထိုးမပေါက်တဲ့ရေမဆေးမျိုးကိုဝယ်ပါ
-စမူစာ/ လေးထောင့်အထိုင်ကိုရှာပါ
-ပုံမှန်ထက်ပိုလေးနေတယ်ခံစားရတဲ့ကျောက်ကိုကိုင်မိရင်ပြန်မလွှတ်ချပါနဲ့
-မီးထိုးပေါက်တာဝယ်ရင်လဲ ပေါလိလိုမီးအရမ်းဝင်တာမဝယ်ပါနဲ့ ကိုယ်စိတ်ထဲတစ်ခုခုကြားခံနေသလိုမီးဝမ်နေတာမျိုးကိုဝယ်ပါ အကာပါရင်ကျောက်သားကောင်းပါပြီ
- အနည်းဆုံး -50သားလောက်ကိုသာဝယ်ပါ(10/20ကျပ်သားလေးတွေက အသားဆန်ဆိုရင်တောင် စျေးရဖို့မလွယ်ပါဘူး 1ပိသာ 4/5လုံးအစား 50သားတစ်လုံးသာဝယ်ပြီးဆေးပါ ခဲများများနဲ့ပစ်ရင်ပိုထိနိုင်တယ်မတွေးပါနဲ့)

ဝေခါ
-သူလဲထို့နည်းတူစွာပါပဲ ကျောက်မျိုးရင့်တာများတာမို့ အသားနုတာနည်းပါတယ် (အရည်လိုက်မယ့်သူဆို ဝေခါနောက်ကိုလိုက်ပါ)

#လက်ရှိအရည်ကို ခန္တီကိုလိုက်နေတာတွေ့မိတယ် ကျောက်ရဲ့မျိုးတန်းမသိပဲ စိမ်းစိမ်းမြင်လိုက်နေရင် မကုန်သင့်တာကုန်ပါလိမ့်မယ် အကြီးကြီးမမှန်းပါနဲ့ အသားဆန်းကိုပဲရအောင်အရင်ရှာပါဦး ကိုယ်မတတ်ဘူးဆို စာဖက်ပါလေ့လာပါ များများကြည့်နည်းနည်းဝယ် ရောင်းတဲ့သူက မိတ်ဆွေတို့ထက်ပိုနားလည်ပါတယ် ကံကိုယုံပြီးမဝယ်နဲ့ ကျောက်က ကံဆိုတာ 20%ပါ အတတ်ပညာက -80%မို့ အတတ်ပညာမစွမ်းသာတဲ့အဆုံး ကံကိုပုံလိုက်ခြင်းမျိုးမို့ မိမိလက်ထဲကပိုက်ဆံကို သူများကိုလွယ်လွယ်မပေးပါနဲ့ဗျ

Page အား Like & follow လုပ်ထားချင်းဖြင့်
ဝင်ရောက်လေ့လာနိုင်ပါတယ်။
အများလေ့လာခွင့်ရရှိအောင် Share ပေးချင်းဖြင့် ကူညီပါ။ #မြန်မာကျောက်စိမ်းရောင်းဝယ်ရေး

14/06/2023

Address

41st Btw 86st 87, Mdy
Mandalay

Telephone

+959253126611

Website

Alerts

Be the first to know and let us send you an email when Ko Aung Hla လုံးစွတ်ကျောက်မျက်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share