K For Content

K For Content 𝙈𝙖𝙠𝙚 𝙄𝙩 𝘿𝙞𝙛𝙛𝙚𝙧𝙚𝙣𝙩

𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 ⛄ပျော်ရွှင်စရာ ခရစ်စမတ်အခါသမယလေးဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။
25/12/2024

𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 ⛄

ပျော်ရွှင်စရာ ခရစ်စမတ်အခါသမယလေးဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။



လေ့လာတွေ့ရှိချက်များအရ ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ‌ေတွပေါ်မှာ  ကြော်ငြာပေါင်း အနည်းဆုံး 4000  ဝန်းကျင်ကို နေ့စဉ်မြင်တွ...
05/12/2024

လေ့လာတွေ့ရှိချက်များအရ ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ‌ေတွပေါ်မှာ ကြော်ငြာပေါင်း အနည်းဆုံး 4000 ဝန်းကျင်ကို နေ့စဉ်မြင်တွေ့နေရပါတယ်။

ဒါပေမယ့်လည်း လူတွေ သတိထားမိတဲ့ ကြော်ငြာအရေအတွက်ဟာ 93 ခုဝန်းကျင်ပဲရှိပါတယ်။

94 ခုမြောက်ကြော်ငြာဟာ သင့်‌ေကြာ်ငြာဖြစ်ဖို့ K For Contentမှ ကူညီပေးပါရစေ။

Make It Different ...
With K For Content


ဆိုပါစို့ဗျာ ....ကိုယ့်လူက လမ်းသွားရင်း မတော်တဆပိုက်ဆံနှစ်ရာတန်တရွက်ကိုတွေ့မယ်ဆိုပါစို့။ဒါဆိုရင် ကိုယ့်လူမှာ နေရင်းထိုင်...
18/11/2024

ဆိုပါစို့ဗျာ ....

ကိုယ့်လူက လမ်းသွားရင်း မတော်တဆပိုက်ဆံနှစ်ရာတန်တရွက်ကိုတွေ့မယ်ဆိုပါစို့။

ဒါဆိုရင် ကိုယ့်လူမှာ နေရင်းထိုင်ရင်းနဲ့ ရွေးချယ်စရာတွေရှိလာပါပြီ။

ဒီနှစ်ရာတန်တရွက်ကိုကောက်ပြီး

လမ်းထပ်မှာကွမ်းယာဝယ်မလား
ဆေးလိပ်ပဲဝယ်မလား
နေကြာစေ့ပဲဝယ်မလား
လက်ထဲကဝီစကီလေးနဲ့မြည်းဖို့ ပဲလှော်လေးဝယ်မလား

ဒါမှမဟုတ် ငါ့မာနကို နှစ်ရာတန်တရွက်နဲ့တော့ မလဲနိုင်ဘူးကွာဆိုပြီး မသိသလိုကျော်သွားမလား။

ဒီလိုမျိုး ရွေးချယ်စရာတွေရှိလာတော့မှာပါ။

ဒါပေမယ့် သိထားရမှာတခုက ကိုယ့်လူဟာ နှစ်ရာတန်တရွက်ရဲ့တန်ဖိုးထက်ပိုပြီး ရွေးချယ်လို့တော့ မရဘူးဆိုတာပါပဲ။

ဆိုလိုချင်တာက နှစ်ရာတန်နဲ့ မာလာရှမ်းကောဝယ်ချင်လို့တော့ ဘယ်ရပါ့မလဲဗျာ။ မဟုတ်ဘူးလား။

ဒီ‌ေနရာမှာ ကိုယ့်လူက နှစ်ရာတန်မဟုတ်ဘဲနဲ့ ဘဏ်အုပ်ထဲကနေ လတ်လတ်ဆတ်ဆတ်လွှင့်လာတဲ့ တသောင်းတန်တရွက်ကို ကောက်တွေ့မယ်ဆိုရင်တော့ ကိုယ့်လူမှာ ရွေးချယ်စရာ‌ေတွ ပိုရလာပြီပေါ့ဗျာ။

စောနကဝယ်ချင်‌ေနတဲ့ မာလာရှမ်းကောပဲဝယ်မလား
လမ်းထိပ်ကကွမ်းယာဆိုင်မှာ ကွမ်းငါးရာဖိုးဝယ်မလား
အဆုတ်မှာမှိုင်းပိုစွဲအောင် ဆေးလိပ်ကို ဘူးလိုက်ပဲဆွဲမလား

ကိုယ့်လူမှာ နှစ်ရာတန်ထက်ပိုတဲ့ ရွေးချယ်စရာတွေ ရှိလာတော့မှာအမှန်ပါပဲ။

ဒီလိုမျိုးပါပဲ။

ကျွန်တော်တို့ရဲ့ Service တွေ ဒီလို‌ေဈးရှိနေရတာဟာ ကျွန်တော်တို့ရဲ့ Service တွေက ဒီလောက်တန်ကြေးရှိနေလို့ ဆိုတာကို သိစေချင်ပါတယ်။

ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို သူ့တန်ကြေးနဲ့သူကတော့ ရှိပြီးသားပါပဲ။

နှစ်ရာတန်နဲ့ တသောင်းတန်ပစ္စည်းကို ဝယ်လို့မရပေမယ့် တသောင်းတန်နဲ့တော့ နှစ်ရာတန်တဲ့ပစ္စည်းကိုဝယ်လို့ရပါတယ်။

ဒါကြောင့် ကိုယ်သုံးမယ့်ငွေအပေါ်မူတည်ပြီး ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ဝယ်ယူဖို့က အရေးကြီးဆုံးပါ။

မာလာရှမ်းကော‌ေကာင်း‌ေကာင်း‌ေလးမှ ကြိုက်တယ်ဆိုရင်တော့ အနည်းဆုံးတသောင်း‌ေလာက်‌ေတာ့ ကုန်မယ်ဆိုတာလေးကိုတော့ သိစေချင်ပါတယ်။

Make It Different ...
With K For Content


ဒီလိုနေ့တွေဆိုရင် အခြား Page တွေကတော့ ပေးကြတာပေါ့ဗျာ။ ကျနော်တို့ကတော့ ပြန်တောင်းတာပါ။ ဟဲဟဲ... ကြက်ဘူးလေးချက်ဖို့ ဘူးသီးဖ...
15/11/2024

ဒီလိုနေ့တွေဆိုရင် အခြား Page တွေကတော့ ပေးကြတာပေါ့ဗျာ။ ကျနော်တို့ကတော့ ပြန်တောင်းတာပါ။

ဟဲဟဲ... ကြက်ဘူးလေးချက်ဖို့ ဘူးသီးဖိုးလေးပေးချင်ရင် စီဘီ။



#တန်ဆောင်မုန်းလပြည့်
#ပံသုကူ

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စံုကြပါစေခင်ဗျာ ...မင်္ဂလာအပ...
15/11/2024

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စံုကြပါစေခင်ဗျာ ...

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ရက်လေး ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ဗျာ

Make It Different ...
With K For Content



#တန်ဆောင်မုန်းလပြည့်

ဒီပါဝလီနေ့မှာ ချစ်ခင်ရပါသော ဟိန္ဒူဘာသာဝင်များနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါ...
01/11/2024

ဒီပါဝလီနေ့မှာ ချစ်ခင်ရပါသော ဟိန္ဒူဘာသာဝင်များနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ ... 🪔🪔

Make It Different ...
With K For Content



Rule No.1 - သင်‌့ပစ္စည်းအပေါ် သင်ကိုယ်တိုင်ယုံကြည်မှုရှိပါစေ။Make It Different ...With K For Content(Just for fun)
30/10/2024

Rule No.1 - သင်‌့ပစ္စည်းအပေါ် သင်ကိုယ်တိုင်ယုံကြည်မှုရှိပါစေ။

Make It Different ...
With K For Content

(Just for fun)

Content ဆိုတာဘာလဲလို့ေမးလာရင်တော့ အရှင်းလင်းဆုံးနဲ့ မြန်မာလိုကြီးပြန်ေဖြရရင် အကြောင်းအရာ လို့ပြောရမှာပေါ့ဗျာ။ အယ်လဲ့။ဘာအ...
27/10/2024

Content ဆိုတာဘာလဲလို့ေမးလာရင်တော့ အရှင်းလင်းဆုံးနဲ့ မြန်မာလိုကြီးပြန်ေဖြရရင် အကြောင်းအရာ လို့ပြောရမှာပေါ့ဗျာ။ အယ်လဲ့။

ဘာအကြောင်းအရာလဲဆိုတော့ ကိုယ့်လူနေ့စဉ်ကြုံတွေ့နေရတဲ့၊ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တိုင်းကိုပြောတာပါ။

အဲ့ဒီအဖြစ်အပျက်တိုင်းမှာ ဘာတွေပါလဲဆိုရင် မျိုးစုံပါပဲ။

ဉပမာ။ ခင်ဗျားမနေ့က ဘတ်စ်ကားစီးတော့ စပယ်ယာမသိအောင် ကားခထဲမှာ နှစ်ရာတန်အပြဲတရွက်ကိုညှပ်ပြီး အောင်မြင်စွာဂျင်းထည့်နိုင်ခဲ့တာကို ရုံးကလူတွေကို ကြွယ်ပြတာမျိုး။

ပြီးခဲ့တဲ့သောကြာနေ့က မိန်းလမ်းပေါ်မှာ အချစ်ဦးနဲ့အမှတ်မထင်ပြန်တွေ့တော့ ရင်ခုန်သံတွေဟာ ရှစ်တန်းနှစ်ကအတိုင်း လတ်ဆတ်နေဆဲပဲဆိုတာကို ခင်ဗျားဘော်ဒါတွေနဲ့ဘီယာဆိုင်မှာဆုံတုန်း ပြန်ပြောပြသလိုမျိုး။

ိကိုယ့်အိမ်က ကြက်ကာလသားဟင်း နည်းနည်းငန်သွားတာကို တလောကလုံးသိအောင် ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်သလိုမျိုးပေါ့ဗျာ။

ဒါတွေအားလုံးဟာ ကွန်းတန့်တွေပါပဲ။ အမျိုးအစားတွေပဲကွာသွားတာပါ။

ဆိုတော့ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့ရတဲ့အကြောင်းအရာတွေထဲမှာ လူမှုရေးပါမယ်၊နိုင်ငံရေးပါမယ်၊ စီးပွားရေး၊ရောင်းဝယ်ရေး စသဖြင့်ပေါ့လေ။

ဒီလိုမျိုး ကိုယ်ကြုံတွေ့ရတဲ့ အကြောင်းအရာတွေ၊ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာတွေကို လူတွေသိအောင် ဖော်ပြခြင်းကို Content လို့ခေါ်ပါတယ်။

ဒီလိုဖော်ပြနေရာမှာ တချို့ကတော့ စာနဲ့ေဖာ်ပြတယ်။တချို့ကျတော့ ပုံနဲ့ပေါ့။ တချို့ကျတော့လည်း ဗီဒီယိုေတွ၊ ပန်းချီတွေ၊ ကာတွန်းတွေ စတာတွေနဲ့ဖော်ပြကြပါတယ်။

ဒါကြောင့် ကွန်းတန့် (Content) ဆိုတာ ကိုယ်လုပ်နေတဲ့အရာ၊ကိုယ်သိစေချင်တဲ့ အကြောင်းအရာကို လူတွေသိအောင် နည်းလမ်းတခုခုနဲ့ ဖော်ပြပေးခြင်းလို့ပဲ ပြောရမှာပါပဲ။

စူပါဆန်းဒေးရဲ့ နောလိပ်ရှဲရင်းကွန်းတန့်လေးကတော့ ဒီလောက်ပါပဲ။ မိတ်ဆွေကရော Content ဆိုတာကို ဘယ်လိုနားလည်ထားပါသလဲ ဖြေပေးခဲ့ပါဦး။

စကားမစပ် ကိုယ့်လုပ်ငန်းအတွက် ကြော်ငြာလိုအပ်တယ်ဆို ကျွန်တော်တို့ကို သတိရလိုက်ပါဗျ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Make It Different...
With K For Content


မုန့်ဟင်းခါးစားရင် ဘာကြောင့် ဘူးသီးကြော်ထည့်ရတာလဲ ... ❓❓မထည့်လို့ရော မရဘူးလားလို့ သင်တွေးကောင်းတွေးမိနိုင်ပါတယ်။တကယ်တော့...
25/10/2024

မုန့်ဟင်းခါးစားရင် ဘာကြောင့် ဘူးသီးကြော်ထည့်ရတာလဲ ... ❓❓

မထည့်လို့ရော မရဘူးလားလို့ သင်တွေးကောင်းတွေးမိနိုင်ပါတယ်။

တကယ်တော့ ဘူးသီးကြော်မထည့်လည်း မုန့်ဟင်းခါးက မုန့်ဟင်းခါးပါပဲ။

ဒါပေမယ့် မုန့်ဟင်းခါး‌ဆိုတာ အကြော်လေးနဲ့မှ စားလို့ကောင်းတာမဟုတ်လား။

မုန့်ဟင်းခါးတပွဲကို ဘူးသီးကြော်ထည့်လိုက်လို့ ပိုက်ဆံနည်းနည်းပိုကုန်သွားတာမှန်ပေမယ့် ဘူးသီးကြော်ပါတဲ့ မုန့်ဟင်းခါးက အရသာပိုပြီးပြည့်စုံပါတယ်။

အိုးဘဲဉလေးပါထည့်မယ်ဆိုရင်တော့ အာဂပါးစပ် လူဖြစ်ရကျိုးနပ်ပြီပေါ့ဗျာ။

ဒီလိုမျိုးပါပဲ။

❝ အွန်လိုင်းပေါ်မှာ ဈေးရောင်းတာပဲ ဒီပစ္စည်းရှိပါတယ် တခုကိုဘယ်‌ေလာက်ပါဆိုပြီး တင်လိုက်လည်းရတာပဲ အဓိကက ရောင်းရဖို့ပဲ‌ေလ ❞ လို့ ‌သင်ထင်နိုင်ပါတယ်။

တကယ်တော့ ဒီကိစ္စဟာလည်း မုန့်ဟင်းခါးထဲကို ဘူးသီးကြော်ထည့်သလိုပါပဲ။

ဘူးသီးကြော်ထည့်ထားတဲ့ မုန့်ဟင်းခါးကို စားလိုက်ရတဲ့အခါ စိတ်ကျေနပ်မှုလေးတွေ ရရှိသလိုမျိုး ‌စနစ်တကျတင်ထားတဲ့ အရောင်း Post ‌ဟာလည်း ဝယ်သူရဲ့ ယုံကြည်စိတ်ချရမှုလေးတွေကိုပါ ရရှိ‌ေစနိုင်ပါတယ်။

ဒါကြောင့် ဝယ်သူတွေရဲ့ ယုံကြည်စိတ်ချရမှုကို ရရှိနိုင်ဖို့အတွက် ကိုယ့်ရဲ့လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးမယ့် Content တွေ၊ မြင်တာနဲ့ လိုချင်လာစေမယ့် Design တွေ လိုအပ်ပါတယ်။

ဒီအတွက်လည်း ကျွန်တော်တို့ K For Content မှာ သင့်လုပ်ငန်းအတွက်လိုအပ်တဲ့ Quality Content တွေ၊ Creative Design တွေကို ဝန်ဆောင်မှုပေးနေပါပြီ။

သင်ရောင်းမယ့် မုန့်ဟင်းခါးထဲကို ကျွန်တော်တို့ရဲ့ ဘူးသီးကြော်လေးထည့်ပေးပါရစေ။

Make It Different ...
With K For Content


လိုရာခရီးကို အမြန်ရောက်ဖို့ Taxi ငှါးရသလိုမျိုး ကိုယ့်ရဲ့လုပ်ငန်းကို မြန်မြန်ရှေ့ရောက်အောင် ကျွန်တော်တို့ဦးနောက်ကို ငှါး...
24/10/2024

လိုရာခရီးကို အမြန်ရောက်ဖို့ Taxi ငှါးရသလိုမျိုး ကိုယ့်ရဲ့လုပ်ငန်းကို မြန်မြန်ရှေ့ရောက်အောင် ကျွန်တော်တို့ဦးနောက်ကို ငှါးလို့ရပါတယ်။

လုပ်ငန်းရှင်မိတ်ဆွေတို့ရဲ့ Pageမှာ လိုအပ်နေတဲ့ Content တွေ၊ Graphic Designs တွေအတွက် ခေါင်းခဲနေရပြီဆို ကျွန်တော်တို့ကို သတိရလိုက်ပါ။

အများနဲ့မတူတဲ့ ideas များနဲ့ ထိထိမိမိရှိလှတဲ့ ကြော်ငြာများကိုမှ ကြိုက်ပါတယ်ဆိုရင်တော့ K For Content က အကောင်းဆုံး ရွေးချယ်စရာတွေထဲက တခုပါပဲ။

Make It Different ..
With K For Content


31/05/2024

Page Messenger Errorလေးဖြစ်ပေါ်နေပါသဖြင့် စာမပြန်နိုင်မှု ပြဿနာလေးရှိနေပါတယ်ခင်ဗျာ။ မနက်ကတည်းက ဖြေရှင်းနေပါသော်လည်း ယခုအထိအဆင်မပြေဖြစ်နေပါသဖြင့် Clientများကို အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျ။

အကောင်းဆုံးတွေနဲ့အတူ ကျွန်တော်တို့ပြန်လာပါပြီ။▪️ကျွန်တော်တို့ Pageလေးကို Content Service ကနေ Digital Marketing Service အ...
08/05/2024

အကောင်းဆုံးတွေနဲ့အတူ ကျွန်တော်တို့ပြန်လာပါပြီ။

▪️ကျွန်တော်တို့ Pageလေးကို Content Service ကနေ Digital Marketing Service အဖြစ် ပြန်လည်အသက်သွင်းထားပါတယ်။

▪️ကျွန်တော်တို့ဆီမှာ ဘာတွေရလဲ ဆိုရင်တော့ သတိရခြင်းတွေအပြင် -

- Content for Social media & other
- Graphic Design for Social Media
- Media Buying (Boost)
- Content for YouTube video
- Chinese to Burmese Translation
- Engagement Ideas for your business

စတဲ့ ဝန်ဆောင်မှုတွေရရှိပါတယ်။

▪️စိတ်ဝင်စားလို့ လက်တွဲကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။

▪️အားလုံးအတွက် K For Content
( Digital Marketing For Your Business )

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when K For Content posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share