Chan Nyein Aung

Chan Nyein Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan Nyein Aung, Screen Printing & Embroidery, Corner of 114street&49street, Mandalay.

ဘဝတန်ဖိုး ( The value of life )●●●●●●●●●●●●●●●●●●●●●●တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘ၀တန်ဖိ...
10/08/2021

ဘဝတန်ဖိုး ( The value of life )
●●●●●●●●●●●●●●●●●●●●●●

တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး... "ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်...

ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... "ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...

လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်...

လမ်းမှာ လိမ္မော်သီးရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲ၀င်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်... စျေးသည်က..." ဒီကျောက်တုံးဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်... ယူမှာလား" ဆိုပြီး စျေးဖြတ်လိုက်တယ်... လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့ မှာထားတဲ့ အတွက် စျေးသည်ကို တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်...

ဆက်သွားပြီးမကြာခင် ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး အထက်ပါအတိုင်း စျေးသည်ကို ကျောက်တုံံးရဲ့တန်ဖိုးကို မေးလိုက်တယ်... ဒါနဲ့ စျေးသည်လည်း ပြောင်လက်နေတဲ့ ကျောက်တုံးကို ကြည့်ပြီး... "ကျောက်တုံးပေးရင် အာလူးတစ်အိတ် ရမယ်" ဆိုပြီး လူငယ်ကို ပြောလိုက်တယ်... လူငယ်လည်း မရောင်းသေးဘူး ဆိုတဲ့အကြောင်း တောင်းပန်ပြောဆိုပြီး ပြန်ထွက်လာ ခဲ့တယ်...

ရှေ့နားမှာ လက်၀တ်ရတနာ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ပြီး ကျောက်တန်ဖိုးကို ၀င်မေးလိုက်ပြန်တယ်... ဆိုင်ရှင်လည်း ကျောက်တုံးကို မှန်ဘီလူးနဲ့ တချက်ကြည့်လိုက်ပြီး.. "ဒေါ်လာ သန်း ၅၀ ပေးမယ်" ဆိုပြီး လူငယ်ကို ကမ်းလှမ်း လိုက်တယ်... လူငယ်လည်း ခေါင်းခါပြီး မရောင်းနိုင်သေးဘူး ဆိုတဲ့အကြောင်း ရှင်းပြတောင်းပန်ကာ ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့တယ်...

ဒီိလိုနဲ့ ရှေ့ကို ဆက်ပြီး သွားလိုက်တဲ့ အခါ မှာတော့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်း၀ယ်တဲ့ ဆိုင်ကြီး တစ်ဆိုင်ကို တွေ့လိုက်တယ်... လူငယ်လည်း အလားတူပဲ ကျောက်ရဲ့တန်ဖိုးကို ဝင်မေးလိုက်တယ်...

ဆိုင်ပိုင်ရှင်က တောက်ပြောင်နေတဲ့ ပတ္တမြားကြီးကို တွေ့လိုက်တဲ့ အခါမှာ အ၀တ်အနီစ တစ်ခုကို ဖြန့်ခင်းလိုက်ပြီး အပေါ်မှာ တင်လိုက်တယ်... ကျောက်တုံး ဘေးပတ်လည်ကို လှည့်ပတ်ကြည့် လိုက်တယ်... ပြီးတော့ ခါးကို ကိုင်းကာ ကျောက်တုံးကို သေသေချာချာ စိုက်ကြည့့်ရင်း... "ဒီလောက် အဖိုး မဖြတ်နိုင်တဲ့ ပတ္တမြားကြီးကို ဘယ်ကနေ ရလာတာလဲ"... လို့ လူငယ်ကို မေးလိုက်ပြီး... "ကမ္ဘာကြီး တခုလုံးကို ရောင်းပြီးတော့ ၀ယ်မယ် ဆိုရင်တောင် ဒီလောက် တန်ဖိုးကြီးတဲ့ ပတ္တမြားကြီးကို ၀ယ်နိုင်မှာ မဟုတ်ဘူး"... လို့ တအံ့တသြ ပြောလိုက်တယ်...

လူငယ်လေးလည်း နားမလည်နိုင်အောင် ဖြစ်ကာ ကြက်သေသေပြီး အဖိုးဖြစ်သူထံ ပြန်လာခဲ့ လိုက်တယ်... အဖိုးကို သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပြီး တဲ့နောက်... "ကဲ... အခု.. အဖိုးက ကျနော့ကို 'ဘ၀တန်ဖိုး' ဆိုတာ ဘာလဲ ရှင်းပြပေတော့" လို့ ပြောလိုက်တယ်...

ဒါနဲ့ အဖိုးဖြစ်သူက... "ဘ၀တန်ဖိုးက ဘာလဲ ဆိုတာ ငါ့မြေးသွားခဲ့တဲ့ လိမ္မော်သီးဆိုင်၊ ဟင်းသီး ဟင်းရွက်ဆိုင်၊ လက်၀တ်ရတနာဆိုင်နဲ့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်း၀ယ်တဲ့ ဆိုင်တွေက အဖြေပေးခဲ့ပြီ မဟုတ်လား...

ငါ့မြေးဟာ ဒီလို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တုံးတစ်တုံး ဖြစ်ကောင်းဖြစ်မယ်... ဒါပေမဲ့ လူတွေဟာ သူတို့ရဲ့ ငွေကြေးအခြေအနေ... ပညာအရည်အချင်း... အသိပညာ အဆင့့်အတန်း... ယုံကြည်ချက်တွေ... သူတို့ ကျင်လည် ဖြတ်သန်းရတဲ့ ဘဝတွေပေါ်မှာ အခြေခံပြီး ငါ့မြေးရဲ့ ဘ၀ကို တန်ဖိုး ဖြတ်ကြလိမ့်မယ်...

လူတွေဟာ သူတို့ အဆင့်အတန်းနဲ့ ယှဉ်ပြီး အခြားသူတွေရဲ့ ဘ၀ကို တန်ဖိုး ဖြတ်တတ်ကြတယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... ငါ့မြေးရဲ့ ဘ၀တန်ဖိုး အစစ်အမှန်ကို ထိုးထွင်း သိမြင်နိုင်တဲ့ လူတွေကို ငါ့မြေး ကျိန်းသေပေါက် ရှာတွေ့မှာပါ... ကိုယ့်ကိုကိုယ် လေးစားမှု ရှိပါ... 'ငါ့မြေးဟာ... ငါ့မြေးပါပဲ'......။"

"ဘ၀ကို တန်ဖိုးထားတတ်ကြပါစေ..."

Credit:ကိုမျို:

ref:wittycracks/google
lwanmapyay.blogspot.com
Original Painter:
Norman Rockwell

ဟိုး ရှေးရှေးတုန်းက ရွာတစ်ရွာမှာ ဘုရားကျောင်းဝင်းထဲ မစင်စွန့်ရင် ရွှေချောင်း ဖြစ်တယ်ဆိုပြီး ရွာထဲက လူအတော်များများ မစင်တ...
16/10/2020

ဟိုး ရှေးရှေးတုန်းက ရွာတစ်ရွာမှာ
ဘုရားကျောင်းဝင်းထဲ မစင်စွန့်ရင်
ရွှေချောင်း ဖြစ်တယ်ဆိုပြီး ရွာထဲက
လူအတော်များများ မစင်တွေ သွားစွန့်ကြသတဲ့။

ဒါကို ကြားသိသွားတဲ့ ကလေးတစ်ယောက်ဟာ အားရဝမ်းသာ ဖြစ်ပြီး သူရဲ့အဖိုးအိုကို ပြေးပြောသတဲ့။ အဖိုးအိုလည်း မယုံကြည်ဘဲ လိုက်ကြည့်တော့ လူအတော်များများ မစင်တွေစွန့်ထားတာ တွေ့လိုက်ရတာပေါ့။

ဒါနဲ့ …
အဖိုးအိုလည်း " မြေးရေအထုပ်အပိုးပြင်
ဒီရွာက အမြန်ပြေးကြပါစို့ " ဆိုပြီး
မြေးအဖိုးနှစ်ယောက် ထွက်ပြေးကြသတဲ့။
အဖိုးအိုတို့လည်း ရွာပြင်အရောက်
သဲပူမိုးတွေ ရွာထဲရွာချပြီး
ရွာထဲကလူတွေ သေကြေပျက်စီး
ဆုံးရှုံးကြပါတော့တယ်။

ခုလည်း လူတွေသတိထား ကြည့်ကြပါ။
- အများမိုးခါးရည် သောက်
လိုက်သောက်ကြတယ်
- ကိုယ့်ဘဝ အဆင်ပြေဖို့
တစ်ခြားဘဝတွေ ဘာဖြစ်ဖြစ်
စည်းမစောင့်ကြတော့ဘူး။

- ကိုယ့်ခန္ဓာထဲက ကလီဇာတွေ
အစားထိုးကုသဖို့အတွက် တစ်ခြားသူတွေ အသက်ကို တန်ဖိုး မထားတတ်ကြတော့ဘူး။

- မြင်မြင်သမျှ သတ္တဝါ အကုန်
မသေ မရှင်တွေ ပါးစပ်ထဲ
ထည့်စားကြပြီး ပါးစပ်စည်း
မစောင့်ကြတော့ဘူး။

ဒါကြောင့် ခုနောက်ပိုင်း အစုလိုက် အပြုံလိုက်သေကြေပျက်စီးလာကြတယ်။
ရောဂါဆန်းတွေ တစ်မျိုးပြီး တစ်မျိုး
ပေါ်ထွန်းလာကြတယ်။

ဒါတွေဟာ ဘုရားကျောင်းဝင်းထဲ
မစင်စွန့်ကြသလိုပါပဲ။ အဲ့ဒီအထဲ
ကိုယ်မပါကြဖို့ အစစအရာရာ
သတိထား ဆင်ခြင်ကြပါစို့ ။

13/10/2020
21/07/2020

#မောင်စိန်ဝင်း(ပုတီးကုန်း)
#စာပေဟောပြောပွဲ

Address

Corner Of 114street&49street
Mandalay
05041

Telephone

+959440886653

Website

Alerts

Be the first to know and let us send you an email when Chan Nyein Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share