13/08/2026
ဘဝမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုတိုင်း တွေးဖြစ်တာကတော့ အဲ့ဒီအရာကိုတကယ်ချစ်ရဲ့လား အရင်မေးပြီးမှ လုပ်ဖြစ်တော့တယ် ။
တကယ်တမ်းတွေးကြည့်ရင် ကျွန်တော်တို့နေရတဲ့ သက်တမ်းအရ များများစားစားရွေးချယ်လို့မရသလို ၊ အများကြီးအတွက်လည်းအချိန်တွေမရှိဘူး ။
ဒါကြောင့် ကိုယ်ပျော်ရတယ် ၊ ကိုယ့်အတွက်စိတ်ချမ်းသာတယ် ၊ ကောင်းခြင်းဆိုလည်း ကိုယ်နိုင်သလောက် ၊ ဆိုးခြင်းဆိုရင်လည်း ကိုယ်ခံနိုင်ရည်ရှိသလောက်ကိုပဲ ရွေးဖြစ်တော့တယ် ။
ဘဝမှာ လုပ်ငန်းပဲလုပ်လုပ် ၊ သမီးရည်းစားကိစ္စပဲဖြစ်ဖြစ် ၊ အိမ်ထောင်ရေးပဲဖြစ်ဖြစ် ကျွန်တော်တကယ်ချစ်မြတ်နိုးမှပဲ စတယ် ။
ချစ်တဲ့အရာကိုလုပ်ရတာဟာ ပင်ပန်းနေရင်တောင် တစ်ဝက်သက်သာတယ် ။