09/11/2023
ChoZay ရဲ့ Customer များ လိုက်နာရမည့်စည်းကမ်းချက်များ
👇👇👇👇👇👇👇👇👇👇👇👇👇👇
📌အမြန် Express သို့မဟုတ် ပုံမှန် ပို့ဆောင်မှုများအတွက် တန်ဆာခ kg တွက်ရာတွင် ဥပမာ အလေးချိန် 1kg ထက်နည်းပါက 1kg စျေးနှုန်းဖြင့် ကောက်ခံမည်ဖြစ်ပြီး 1.2 kg အတွက် 2kg နှုန်းကောက်ခံမည်ဖြစ်သည်။
📌ပုံမှန် ပစ္စည်းရောက်ရှိပြီး ထိုနေ့တွင် လာယူပါက(သို့) ပို့ဆောင်ပါက ပစ္စည်းအားလုံးကို တစ်စုတစ်စည်းတည်းအလေးချိန်အရ တန်ဆာခကောက်ခံပါမည်။ ထပ်မံ (သို့) ဒုတိယအကြိမ် ရောက်ရှိလာသော ပစ္စည်းများအား ထပ်မံအလေးချိန် ချိန်တွယ်ပြီး ပထမ ပစ္စည်းနဲ့မပေါင်းဘဲ ထပ်မံတန်ဆာခ ကောက်ခံပါမည်ဖြစ်ပါတယ်။ (အဲ့လိုမှမဟုတ်ဘူး ပစ္စည်းအားလုံးတစ်စုတစ်စည်းတည်း အလေးချိန် ချိန်တွယ်လိုပါကလည်း ပစ္စည်းများအကုန်ရောက်သည့်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ပါသည်)
📌ChoZay App မှ မဟုတ်ဘဲ ကိုယ်တိုင်ဝယ်ပြီး ကျွန်တော်တို့ ရွှေလီဂိုထောင်ကို ပို့လိုပါက လိပ်စာကိုအောက်ပါအတိုင်းဖြည့်ပြီးပို့ပေးရပါမည်။
Customer Name + 电话:18988226409地址:云南省德宏州瑞丽市瑞丽大道575号德龙宾馆对面chozay(Customer Name+ Myanmar Phone Number+ Myanmar City )
📌ChoZay App (သို့) အပြင် Customer များ လိပ်စာ၊ဖုန်းနံပါတ်ဖြည့်မှား၍ ပို့မှား/ ပစ္စည်းများပျောက်ဆုံးခြင်းအပေါ်မှာ တာဝန်ယူမည်မဟုတ်ပါ။ (ဒါကြောင့်သေချာစွာဖြည့်ပေးပါ ဖြည့်ရာတွင်အဆင်မပြေပါက ChoZay Service ကို အချိန်မှီဆက်သွယ်ပါ)
📌ပုံမှန်အခြေအနေတွင် ရွှေလီဂိုထောင်တွင် ပစ္စည်း ၁ လ ခွဲခန့် သိမ်းဆည်းနိုင်ပြီး တစ်လခွဲထက်ပိုပြီးထားရှိခဲ့ပါက ပစ္စည်းပျောက်/ဆုံးရှုံးမှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက ChoZay မှ တာဝန်ယူပေးမည်မဟုတ်ပါ။
📌Customer များကိုယ်တိုင် China App မှ ဝယ်ယူသောကုန်ပစ္စည်းသည် Size,Quality,နဲ့ အရေအတွက်လျော့ခြင်းများဖြစ်ပေါ်ခဲ့ပါက ကျွန်တော်တို့ဘက်မှ တာဝန်ယူမည်မဟုတ်ပါ။ ChoZay App မှ ဝယ်ယူသော ကုန်ပစ္စည်းများအတွက် Quality မှ တပါး တခြားအရာများကို စစ်ပေးပြီး App မှာ ချက်ချင်း Update တင်ပေးပါတယ်။
📌Purchase, sign, refund လုပ်ပေးခြင်းကို တစ်လခွဲသတ်မှတ်ထားပြီး အဲ့ကာလထက်ပိုခဲ့ပါက ChoZay မှ တာဝန်ယူပေးမည်မဟုတ်ပါ။ (အဲ့တာကြောင့်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက အချိန်မှီ ChoZay Service ကိုဆက်သွယ်ပါ)
📌 အာမခံထားခြင်းမရှိသော တန်ဖိုးကြီးကုန်ပစ္စည်းများ အကြောင်းအမျိုးမျိုးကြောင့် ကွဲ၊ပျောက်ဆုံးပျက်စီးမှုအပေါ် အများဆုံးလျော်ကြေး မြန်မာကျပ်ငွေ ၂၀၀၀၀၀ ကျပ်တိတိသာဖြစ်ပါသည်။ ရန်သူမျိုး (၅)ပါးကြောင့် ဖြစ်ပေါ်လာသော ပျောက်ဆုံးပျက်စီးမှုအပေါ်တာဝန်မယူပါ။
📌📌အဖိုးတန် ကျောက်မျက်ရတနာများ၊ ရွှေ၊ ကားအပိုပစ္စည်းများ၊ ဆေးလိပ်နှင့် အရက်၊ လျှပ်စစ်ပစ္စည်းများနှင့် အခြား sensitive ပစ္စည်းများ သယ်ယူလိုလျှင် ရုံးဘက်ကိုကြိုတင်မေးမြန်းပေးရပါမည်)
ဥပဒေနဲ့မလွတ်ကင်းသောကုန်ပစ္စည်းများ လုံးဝ(လုံးဝ) သယ်ဆောင်ခွင့်မပြုပါ။ ကုန်ပစ္စည်းပိုင်ရှင်သည် စစ်မှန်သောအချက်အလက်များကို ဖုံးကွယ်ထားခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စအားလုံးအပေါ် တာဝန်ယူပေးရပါမည်။📵📵⛔
ChoZay မှာ ကုန်ပစ္စည်းတင်ပို့သူတိုင်း သိရှိနားလည်လက်ခံပြီးဟု သတ်မှတ်ပါသည်။
အကြောင်းထပ်မံသိရှိလိုတာများရှိပါက Page Messenger တွင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။