Insight Mandalay Research

Insight Mandalay Research Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Insight Mandalay Research, Market Research Consultant, Mandalay.

တနေ့ကို ကား ၁၈ စီးရောင်းရတဲ့ ကမ္ဘာ့အကောင်းဆုံး အရောင်းသမားရဲ့ လျှို့ဝှက်ချက်——————————————————————-စီးပွါးရေးလုပ်ငန်းရှင...
31/05/2024

တနေ့ကို ကား ၁၈ စီးရောင်းရတဲ့ ကမ္ဘာ့အကောင်းဆုံး အရောင်းသမားရဲ့ လျှို့ဝှက်ချက်
——————————————————————-

စီးပွါးရေးလုပ်ငန်းရှင်တိုင်းကတော့ ကိုယ်ရောင်းတဲ့ ပစ္စည်းတိုင်း ရောင်းရတာ၊ များများရောင်းထွက်တာကို လိုချင်ကြမှာပါပဲ။

ဒီနေ့မှာတော့ များများရောင်းထွက်စေနိုင်မယ့်လျှို့ဝှက်ချက်လေးတစ်ခုပေးပါမယ်။

Joe Girard ဆိုတဲ့ လူရဲ့ နည်းစနစ်တစ်ခုပါ။ သူဟာ အဲ့ဒီနည်းစနစ်ကြောင့်ပဲ တနေ့ကို ကား ၁၈ စီးရောင်းထွက်ခဲ့ပြီး ကမ္ဘာအကောင်းဆုံး အရောင်းသမားအဖြစ် စံချိန်တင်ထားပါတယ်။

လွယ်ပါတယ်။ သူဟာ “Nurturing Leads “ တွေ ပြုစုပျိုးထောင်ထားတာပါပဲ။

ဖောက်သည်တွေနဲ့ အမြဲတမ်းအဆက်အသွယ်
အပြတ်မခံတာပါ။ သူဟာ အထိမ်းအမှတ်နေ့တွေ၊ ခရစ်စမတ်နေ့တွေ မှာ လက်ဆောင်တွေပို့ပေးတာမျိုး၊ ဖောက်သည်တွေ အကူအညီလိုရင် တတ်နိုင်သလောက် ကူညီပေးတာမျိုးတို့ ပြုလုပ်ပါတယ်။

သူအဲ့လို ဖောက်သည်နဲ့ အဆက်အသွယ်အပြတ်မခံတာကြောင့်ပဲ ဖောက်သည်တွေဟာ ကားလိုပြီဆိုရင် သူ့ဆီပဲ လာကြပါတယ်။ တခြားသူတွေကိုလည်း ပြန်ညွှန်းပေးပါတယ်။

ဒီလိုနဲ့ပဲ သူဟာ တနေ့ကို ကား ၁၈ စီးလောက် ရောင်းရပြီး ကမ္ဘာ့အကောင်းဆုံး အရောင်းသမားဖြစ်လာပါတော့တယ်။

မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ဖောက်သည်တွေနဲ့ အဆက်အသွယ်အပြတ်မခံပါနဲ့။ Nurturing Leads တွေ တည်ဆောက်ပါလို့ ပြောချင်ပါတယ်။

ဘာလို့ Niche Market ကို ရွေးချယ်သင့်တာလဲ..?———————————————————————-ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ ဘယ်လိုပြောထားလဲဆိုတော့..လူ...
26/05/2024

ဘာလို့ Niche Market ကို ရွေးချယ်သင့်တာလဲ..?
———————————————————————-

ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ ဘယ်လိုပြောထားလဲဆိုတော့..

လူတိုင်းကို ပစ်မှတ်ထားနေတာဟာ အမှောင်ထဲမှာ မြှားတွေကို လျှောက်ပစ်နေတာနဲ့ တူတယ်တဲ့။ လူတိုင်းကို ပစ်မှတ်ထားတာက ဘယ်သူ့ကိုမှ ပစ်မှတ်မထားတာနဲ့ အတူတူပဲတဲ့။

အဲ့ဒီတော့ Niche Market ကိုပဲ ပစ်မှတ်ထားသင့်တယ်တဲ့။ Niche Market ကို ပစ်မှတ်ထားတာက အမှောင်ထဲမှာ ကိုယ်ပစ်ချင်တဲ့ပစ်မှတ်ကို လေဆာနဲ့ တည့်တည့်ချိန်ပြီး ပစ်တာနဲ့ တူတယ်တဲ့။

ပြောရရင် ထိရောက်တယ်ပေါ့။

စဉ်းစားကြည့်ရင် ဟုတ်တယ်။

ဥပမာ ထားပါတော့ လူတစ်ယောက်ကကျောက်ကပ်ရောဂါ ဖြစ်နေတယ် ဆိုကြပါစို့။

သူ့အနေနဲ့ အထွေထွေရောဂါကု ဆရာဝန်ဆီသွားမလား။ ကျောက်ကပ်အထူးကု ဆရာဝန်ဆီသွားမလား စဉ်းစားကြည့်ပါ။

ကျောက်ကပ်အထူးကုဆီပဲ သွားမှာပါ။

ဆိုတော့ Niche Market ကို ပစ်မှတ်ထားတာက ကြော်ငြာရတာလည်း လွယ်သလို ကိုယ်သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိဖို့လည်း ပိုပြီးလွယ်ကူစေနိုင်တယ်။

ဒါတွေက Niche Market ကို ပစ်မှတ်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ။

သင့်ရော သင့်ရဲ့လုပ်ငန်းတွေက ဘယ်လိုလူ​တွေကို ပစ်မှတ်ထားနေပါသလဲ။ comment မှာရေးပြီးဆွေးနွေးခဲ့လိုရပါတယ်။

“ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ထူးမြတ်လကဆုန်”ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့) ပ...
22/05/2024

“ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ထူးမြတ်လကဆုန်”

ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့) ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေ၊ ကောင်းမှုကုသိုလ်များလည်း ပြုလုပ်နိုင်ကြပါစေလို့ ကျွန်တော်တို့ Insight Mandalay Research မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

competitors တွေနဲ့ ကိုယ်နဲ့ကြား ခြားနားချက်ကို သိပြီလား..?————————————————————————Competitors တွေနဲ့ ကိုယ်နဲ့ကြား ခြားနာ...
19/05/2024

competitors တွေနဲ့ ကိုယ်နဲ့ကြား ခြားနားချက်ကို သိပြီလား..?
————————————————————————

Competitors တွေနဲ့ ကိုယ်နဲ့ကြား ခြားနားချက်ကို customer တွေသိအောင် လုပ်နိုင်ရင် ကိုယ့်ဆီမှာ လာဝယ်လိမ့်မယ်။

အဲ့လိုမဟုတ်ဘဲ

Competitors တွေနဲ့ ကိုယ်နဲ့ကြားခြားနားချက်ကို Customer ကိုယ်တိုင်သိရင် သူတို့ဝယ်ချင်တဲ့ဆီမှာ ဝယ်လိမ့်မယ်။

Customer တွေ သူတို့ဝယ်ချင်တဲ့ဆီမှာ ဝယ်တာမျိုး အဖြစ်ခံမလား..?

ဒါမှမဟုတ် ကိုယ့်ဆီမှာ လာဝယ်အောင် လုပ်မလား..?

ကိုယ့်ဆီမှာ လာဝယ်အောင် လုပ်ချင်တာဆိုရင်တော့ competitors နဲ့ ကိုယ်နဲ့ကြား ခြားနားချက် customers တွေသိအောင်လုပ်ဖို့လိုတယ်။

စျေးကွက်ထဲကို အစောဆုံး ဝင်နိုင်မှ Market Leader ဖြစ်မှာလား..?——————————————————————-Market Leader ဆိုတာ စျေးကွက်ထဲကို အစ...
17/05/2024

စျေးကွက်ထဲကို အစောဆုံး ဝင်နိုင်မှ Market Leader ဖြစ်မှာလား..?
——————————————————————-

Market Leader ဆိုတာ စျေးကွက်ထဲကို အစောဆုံးဝင်ရောက်ခဲ့တဲ့လူတွေလို့ လူအများစုက ထင်နေကြပါတယ်။

တကယ်တော့ အဲ့ဒါဟာ မမှန်ပါဘူး။

ဘာလို့မမှန်လဲ ကျွန်တော် ရှင်းပြပါမယ်။

ကျွန်တော်တို့ လက်ရှိအချိန်မှာ PC လို့ခေါ်တဲ့ Personal Computer တွေကို အစောဆုံး မိတ်ဆက်ခဲ့တဲ့ကုမ္ပဏီက MITS ဆိုတဲ့ ကုမ္ပဏီကပါ။

ဒါပေမဲ့ သူတို့ Market Leader မဖြစ်ပါဘူး။ သူတို့ထက် နောက်ကျပြီးမှ မိတ်ဆက်လာခဲ့တဲ့ IBM ကသာ Market Leader ဖြစ်လာခဲ့ပါတယ်။

အဲ့လိုပဲ မော်တော်ကားတွေကို ပထမဆုံး စတင်ရောင်းချခဲ့တဲ့ ကုမ္ပဏီဟာ Duryea ဖြစ်ပါတယ်။

ဒါပေမဲ့ Duryea ကို ဒီနေ့ခေတ်မှ ဘယ်သူမှ မသိကြပါဘူး။

ဆိုတော့ စျေးကွက်ထဲကို အစောဆုံး ဝင်နိုင်မှ Market Leader ဖြစ်မယ်ဆိုတာမှားပါတယ်။

လူတွေရဲ့ စိတ်ထဲကို ဝင်နိုင်မှသာ Market Leader ဖြစ်မှာပါ။

ဘယ်လောက်ပဲ စျေးကွက်ထဲဝင်တာနောက်ကျပါစေ၊ လူတွေရဲ့ စိတ်ထဲမှာ နေရာယူနိုင်မယ်ဆိုရင် သင့်ရဲ့လုပ်ငန်းဟာလည်း Market Leader ဖြစ်နိုင်ပါတယ်။

👵Happy Mother’s Day 👵“တကယ်တော့ အမေဆိုတာ စကားလုံးတွေနဲ့ ထုဆစ်ဖို့ မလုံလောက်တဲ့ ကောင်ကင်းကြီးပါ။”အမေများအားလုံး သက်ရှည်ကျန...
12/05/2024

👵Happy Mother’s Day 👵

“တကယ်တော့ အမေဆိုတာ စကားလုံးတွေနဲ့ ထုဆစ်ဖို့ မလုံလောက်တဲ့ ကောင်ကင်းကြီးပါ။”

အမေများအားလုံး သက်ရှည်ကျန်းမာပြီး မိမိတို့ချစ်သော သားသမီးများနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်တော်တို့ Insight Mandalay Research မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Mc Donald ဟာ သူတို့ရဲ့ မစ်ရှိတ် ထုတ်ကုန်ကို အောင်မြင်အောင် ဘယ်လိုထုတ်ခဲ့သလဲ..?——————————————————————-Mc Donald ဟာ မစ်ရှိ...
10/05/2024

Mc Donald ဟာ သူတို့ရဲ့ မစ်ရှိတ် ထုတ်ကုန်ကို အောင်မြင်အောင် ဘယ်လိုထုတ်ခဲ့သလဲ..?
——————————————————————-

Mc Donald ဟာ မစ်ရှိတ်ထုတ်တော့မယ်လည်းဆိုရော Research တစ်ခုလုပ်တယ်။

ဘယ်လိုလူတွေအများစုက လာဝယ်ကြလဲ
ဘယ်အချိန်မှာ မစ်ရှယ်လာဝယ်ကြလဲ၊
ဘာလို့ လာဝယ်ကြလဲ၊

ဆိုပြီးတော့။

အဖြေက လူတွေဟာ မစ်ရှိတ်ကို ခရီးဝေး ဒါမှမဟုတ် အလုပ်သွားခါနီးမှာ လာဝယ်ကြတယ်၊
မနက်ပိုင်းမှာ လာဝယ်ကြတယ်၊
နေ့လည်စာမစားခင် အဆာခံဖို့အတွက် လာဝယ်ကြတယ်ဆိုတဲ့

အဖြေသွားထွက်တယ်။

အဲ့တော့ Mc Donald က သိလိုက်ပြီ။ သူတို့ရဲ့ မစ်ရှိတ်ထုတ်ကုန်အသစ်ဟာ ပါဝင်ပစ္စည်းတွေ၊ စျေးနည်းသက်သာတာတွေဟာ အဓိက မကျဘဲ လူတွေအဆာပြေစားနိုင်ဖို့ အဆာခံဖို့သာ အဓိကဆိုတဲ့ အချက်သွားတွေ့တယ်။

အဲ့တော့ ဘာလုပ်လဲ..?

မစ်ရှိတ်ကို ချောကလက်တွေများများထည့်ပြီး ခပ်ပစ်ပစ်ဖျော်တယ်၊ အဆာခံဖို့အတွက် အသီးလေးတွေ ထည့်ပေးပြီး ထုတ်လုပ်လိုက်တယ်။

အောင်မြင်တာပဲ။

အဲ့တော့ အခုဒီစာကို ဖတ်နေတဲ့ စီးပွါးရေးလုပ်ငန်းရှင်ဟာလည်း ထုတ်ကုန်အသစ်ထုတ်လုပ်ဖို့ရှိတယ်ဆိုရင် အဓိကအရေးကြီးတာက လူတွေဘာကိုလိုချင်နေလဲ ဘာကိုလိုအပ်နေလဲဆိုတာ သိအောင်ကြိုးစားရပါမယ်။

သိတော့မှ သူတို့လိုချင်တဲ့ သူတို့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်ကို ထုတ်လုပ်ဖို့ ကြိုးစားပါ။

မှတ်ထားပါ။

သင်ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်က အရေးကြီးတာမဟုတ်ပါဘူး။ သင်ထုတ်လုပ်လိုက်တဲ့ထုတ်ကုန်က လူတွေအတွက် အသုံးဝင်ဖို့ကသာ အရေးကြီတာပါ။

ဘာကြောင့် I Phone အသစ်ထွက်တိုင်း လူတွေ တန်းစီပြီး ဝယ်ကြတာလဲ..?————————————————————————ဘာဖြစ်လို့လဲဆိုတော့ I Phone ကုမ္ပဏ...
05/05/2024

ဘာကြောင့် I Phone အသစ်ထွက်တိုင်း လူတွေ တန်းစီပြီး ဝယ်ကြတာလဲ..?
————————————————————————

ဘာဖြစ်လို့လဲဆိုတော့ I Phone ကုမ္ပဏီဟာ After Phase ကို ဂရုစိုက်လို့ပါ။ ကိုယ်ရောင်းလိုက်တဲ့ပစ္စည်းကို ရောင်းပြီးတာနဲ့ တာဝန်ကြေသွားပြီလို့ သဘောမထားဘဲ ဝယ်ယူပြီးနောက်မှာပါ ဂရုစိုက်လို့ပါ။

ဒီနေ့မှာတော့ I phone ကုမ္ပဏီက သူတို့ပစ္စည်းအသစ်ထွက်တိုင်း လူတွေတန်းစီပြီး ဝယ်နေစေဖို့ လုပ်လေ့ရှိတဲ့ နည်းစနစ် (၃) ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

1. World Class Experience
2. Customer life Time Vale
3. Referral

🔷 World Class Experience

I Phone ကုမ္ပဏီဟာ ကမ္ဘာအဆင့်ရှိတဲ့ အတွေ့အကြုံကို ပေးပါတယ်။ ဝယ်ယူပြီးနောက်မှာ စိတ်ကျေနပ်မှု ရသွားတာကို ဆိုလိုတာပါ။ ဒါဟာ တစ်ကြိမ်ဝယ်ပြီးတဲ့ customer တွေကို နောက်တစ်ကြိမ် ထပ်ဝယ်စေဖို့ တွန်းအားပေးပါတယ်။

🔷Customer life Time Vale

Customer life Time Vale ဆိုတာ ဖောက်သည်တစ်ယောက်ဟာ သူ့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီ brand ကိုဘယ်လောက်သုံးသွားလဲဆိုတာကို ဆိုလိုတာပါ။ CLTV တက်ချင်တယ်ဆိုရင် Upselling ပြုလုပ်တာတွေ၊ Cross Selling ပြုလုပ်တာတွေ၊ ဖောက်သည်ရဲ့ စကားသံတွေ နားထောင်ပေးတာတွေ၊ Loyalty Program တည်ဆောက်ပေးတာတွေ ပြုလုပ်ပြီး တက်အောင် လုပ်လို့ရပါတယ်။ I Phone ဟာ ဒါကို ကောင်းကောင်းလုပ်ပါတယ်။

🔷Referral

နောက်ဆုံးအဆင့်ကတော့ ဖောက်သည်က ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို သဘောကျပြီး တခြားသူကို တဆင့် ပြန်ညွှန်းဆိုတာကို ဆိုလိုတာပါ။ ဒီလိုပြန်ညွှန်းဖို့အတွက် တစ်ခါတလေမှာ ကိုယ်က Customer ကို တိုက်တွန်းပေးမှ ညွှန်းပေးတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် referral များချင်တယ်ဆိုရင်တော့ ဖောက်သည်ရဲ့ Feedback တွေအမြဲနားထောင်ပြီး သူတို့လိုချင်သလို ပြုပြင်ပြောင်းလဲမှုလုပ်ပေးတာတွေ၊ Special Offers ပေးတာတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။

ဒီအချက် ၃ ခုဟာ I Phone ကုမ္ပဏီလုပ်လေ့ရှိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ကိုယ့်ရဲ့ လုပ်ငန်းမှာ ပြန်အသုံးချကြည့်ပါ။

ယနေ့ 1. 5. 2024 တွင် ကျရောက်သော ၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ တစ်ကမ္ဘာလုံးတွင် လုပ်ကိုင်နေကြသော အလုပ်သမားများအား...
01/05/2024

ယနေ့ 1. 5. 2024 တွင် ကျရောက်သော ၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ တစ်ကမ္ဘာလုံးတွင် လုပ်ကိုင်နေကြသော အလုပ်သမားများအားလုံး အလုပ်အကိုင်တွေ အဆင်ပြေပြီး ဝင်ငွေများ ဆထက်တပိုး တိုးတက်နိုင်ကြပါစေလို့ ကျွန်တော်တို့ Insight Mandalay Research မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

စျေးကွက်ဦးဆောင်သူနဲ့ ယှဉ်ပြိုင်ရတဲ့အခါ လိုက်နာသင့်တဲ့အချက်တစ်ချက်———————————————————————-ကုန်ပစ္စည်းတစ်ခုဟာ နယ်ပယ်တစ်ခုမ...
26/04/2024

စျေးကွက်ဦးဆောင်သူနဲ့ ယှဉ်ပြိုင်ရတဲ့အခါ လိုက်နာသင့်တဲ့အချက်တစ်ချက်
———————————————————————-

ကုန်ပစ္စည်းတစ်ခုဟာ နယ်ပယ်တစ်ခုမှာ ပေါက်မြောက်နေပြီ၊ အဲ့ဒီနယ်ပယ်ရဲ့ စျေးကွက်ဦးဆောင်သူ ဖြစ်နေပြီဆိုရင် ကိုယ်က သူပုံစံအတိုင်း လိုက်လံတုပပြီး သူ့ကို ယှဉ်ပြိုင်တာမျိုး၊ သူလုပ်ဆောင်ချက်အတိုင်း လိုက်လုပ်တာမျိုးကို အထူးရှောင်ရှားသင့်ပါတယ်။

ဥပမာ Crest ဆိုတဲ့ သွားတိုက်ဆေးကို ကြည့်ပါ။

သူက “ခံတွင်းသန့်ရှင်းမှု” ဆိုတဲ့ စကားလုံးနဲ့ Marketing လုပ်ပါတယ်။ အဲ့ဒီအတိုင်းပဲ သူဟာ ခံတွင်းသန့်ရှင်းမှုဆိုတဲ့ Market မှာ Leader ဖြစ်နေပါတယ်။

အဲ့ဒီတော့ တခြားသွားတိုက်ဆေးကုမ္ပဏီတွေက အဲ့ဒီခံတွင်းသန့်ရှင်းမှုဆိုတဲ့ စကားလုံးနဲ့ Marketing မလုပ်ကြတော့ပါဘူး။ လက်ရှောင်လိုက်ပါတယ်။

တခြား ဖြူစင်မှု၊ ခံတွင်းနံကောင်းမွန်မှု၊ သွားခိုင်ခံမှု ဆိုတဲ့ စကားလုံးတွေနဲ့ပဲ Marketing ပြုလုပ်ကြပါတော့တယ်။

အဲ့ဒီအတိုင်းပဲ Pepsi ဟာလည်း Coca- Cola ကိုယှဉ်ပြိုင်တဲ့အခါမှာလည်း လူကြီးကြိုက်တဲ့စျေးကွက်မှာ Leader ဖြစ်နေတာကြောင့် အဲ့ဒီစျေးကွက်ကို မတိုးတော့ဘဲ လူငယ်တွေကို Target ထားလိုက်ပါတယ်။

အကျိုးဆက်အနေနဲ့ လက်ရှိအချိန်မှာ Pepsi ဟာ Coca- Cola နဲ့အပြိုင်ရပ်တည်နေနိုင်ပါပြီ။

ဒါကြောင့် စျေးကွက်ဦးဆောင်သူနဲ့ ယှဉ်ပြိုင်တဲ့အခါ လိုက်နာသင့်တဲ့အချက်တစ်ချက်ကတော့ သူတို့နဲ့ မတူညီတဲ့ လုပ်ဆောင်ချက်တွေနဲ့သာ Promotion ဆင်းသင့်တယ်ဆိုတာပါပဲ။

Start Up လုပ်ငန်းတစ်ခုကို ဒီ Idea (၄) ခု ပေါ် အခြေခံပြီး စတင်နိုင်တယ်———————————————————————မိတ်ဆွေက Start Up လုပ်ငန်းတစ...
21/04/2024

Start Up လုပ်ငန်းတစ်ခုကို ဒီ Idea (၄) ခု ပေါ် အခြေခံပြီး စတင်နိုင်တယ်
———————————————————————

မိတ်ဆွေက Start Up လုပ်ငန်းတစ်ခုစချင်တယ်။ ဒါပေမဲ့ ဘယ်လိုစရမှန်းမသိဘူး၊ Idea လည်း မရှိဘူးဆိုရင်

ကျွန်တော် ဒီနေ့ပြောပြပေးမယ့် Idea လေး ခု ပေါ် အခြေခံပြီး စတင်နိုင်ပါတယ်။

အဲ့ဒါတွေကတော့..

1. An Inefficiency in the Marketplace
2. New Technology
3. Changing Space
4. Spin-off or Side Project

တို့ပဲ ဖြစ်ပါတယ်။

🔺An Inefficiency in the Marketplace

ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ လူတွေရဲ့ မပြည့်စုံတဲ့ လိုချင်မှုတွေပေါ် အခြေခံပြီး စတင်လို့ရမယ့် Idea ကို ခေါ်တာ ဖြစ်ပါတယ်။ ဥပမာ မိတ်တွေတို့မြို့မှာ ကြေးအိုးဆိုင်တစ်ဆိုင်ပဲ ရှိတယ်ဆိုကြပါစို့။ လူတွေဟာ အဲ့ဒီ တစ်ဆိုင်ထဲရှိလို့သာ သောက်နေကြတာ။ သူ့ရဲ့အရသာကို သိပ်မကြိုက်ကြဘူးဆိုရင် လူတွေရဲ့ ဒီလို လိုအင်ဆန္ဒမပြည့်ဝတဲ့အရာပေါ် အခြေခံပြီး သင်က အဲ့ဒီဆိုင်ထက် ပိုကောင်းတဲ့ ဆိုင်တစ်ဆိုင် ဖွင့်ပြီး စီးပွါးရှာလို့ရပါတယ်။

🔺New Technology

ဒါကတော့ ဥပမာပေးရရင် ဖုန်းတွေပေါ်လာတာကိုပဲ ကြည့်ပါ။ ဖုန်းတွေပေါ်လာတာပေါ်မူတည်ပြီး ဖုန်း cover စျေးကွက်၊ application စျေးကွက်စတဲ့ စျေးကွက်အသစ်တွေပေါ်လာသလိုပဲ ကုန်ပစ္စည်းအသစ်ထွက်ရင် နောက်ထပ်အသစ်အသစ်သော စျေးကွက်တွေ ပေါ်ထွက်လာနိုင်တယ်။ အဲ့ဒီစျေးကွက်မှာ စီးပွါးရှာနိုင်တဲ့ Idea ပဲ ဖြစ်ပါတယ်။

🔺Changing Space

အလွယ်ကူဆုံး မြင်သာအောင် ပြောရရင် အချက်အချာကျတဲ့ နေရာမှာ ဆိုင်တစ်ဆိုင် ပိတ်သွားတယ် ဆိုကြပါစို့။ ဒါဟာ သင့်အတွက် StartUp စနိုင်တဲ့ အခွင့်အရေးပါပဲ။ ဒါကို ဆိုလိုတာပါ။

🔺Spin-off or Side Project

ဒါကတော့ ကိုယ်တတ်ကျွမ်းတဲ့အရာတစ်ခုကိုပဲ မလုပ်ဘဲ ဖြန့်ကျက်လုပ်ခိုင်းတဲ့ Idea တစ်ခုပါ။ ဥပမာ ဂစ်တာတီးတတ်တဲ့လူတစ်ယောက်ဟာ ဂီတတီးရင်းနဲ့ ဝင်ငွေရသလို အဲ့ဒီတီးတတ်တဲ့ ဂီတပညာကို သူများကို ပြန်သင်ပေးရင်းနဲ့ ဝင်ငွေရနိုင်ပါတယ်။ အဲ့ဒီလို နည်းလမ်းနဲ့လည်း Startup တစ်ခု ထောင်နိုင်ပါတယ်။

🙏နှစ်သစ်ဆုတောင်း 🙏နှစ်သစ်မှစပြီး တစ်နှစ်တာပတ်လုံး စိတ်ရောကိုယ်ပါ အေးချမ်းပျော်ရွှင်​​ကြပါစေ။ကျန်းမာချမ်းသာစွာဖြင့် မိမိအ...
17/04/2024

🙏နှစ်သစ်ဆုတောင်း 🙏

နှစ်သစ်မှစပြီး တစ်နှစ်တာပတ်လုံး စိတ်ရောကိုယ်ပါ အေးချမ်းပျော်ရွှင်​​ကြပါစေ။

ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး၊ အများအကျိုးသယ်ပိုးရွက်ဆောင်နိုင်ကြပါစေ။

ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ကြပါစေ။

လို့ ကျွန်တော်တို့ Insight Mandalay Research မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Insight Mandalay Research posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share