19/12/2024
Digital Marketing ဆိုတာဘာလဲ? ဘယ်အချိန်က စခဲ့တာလဲ? မြန်မာနိုင်ငံမှာ ဘယ်လိုတိုးတက်လာတာလဲ?
Digital Marketing က ဘာလဲဆိုတာကို လူတိုင်းနားလည်ထားသင့်ပါတယ်။ ဒီနေ့ခေတ်မှာ Social Media မသုံးတဲ့သူမရှိသလောက်ရှားသလို ၊ Digital Marketing မပါဘဲ စီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ဖို့လည်း ခက်လာပါပြီ။
ဒါဆိုရင် Digital Marketing ဟာဘယ်လိုဖြစ်တည်လာတာလဲဆိုတာရယ် , မြန်မာနိုင်ငံမှာ ဘယ်အချိန်ကစပြီးတိုးတက်လာလည်းဆိုတာကို ပြောပြပေးပါမယ်။
---Digital Marketing: ဘာလဲ?
✅Digital Marketing ဆိုတာ အင်တာနက်နည်းပညာနဲ့အတူမွေးဖွားလာတဲ့ Marketing Method တစ်ခုလို့ ပြောလို့ရပါတယ်။ 1990 ပြည့်နှစ်တွေမှာ ကမ္ဘာကြီးမှာ အင်တာနက်စတင်ကျယ်ပြန့်လာတာနဲ့အတူ Digital Marketing ဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဓိကအချက်တွေကတော့ -
1. 1994: Yahoo Search Engine ပေါ်လာပြီး Website တွေကို အလွယ်တကူရှာဖွေရေးစနစ်တွေ စတင်တိုးတက်လာခဲ့တယ်။
2. 2000s: Google, YouTube နဲ့ Social Media တွေ (ဥပမာ Facebook) စတင်အသုံးပြုလာတာနဲ့အမျှ Business များအတွက် Digital Advertising နယ်ပယ်ဟာ အချိန်ကုန်လူပင်ပန်းသက်သာပြီး Traditional Marketing ထက်ကုန်ကျစရိတ်သက်သာတာမို့ အမြန်တိုးတက်လာတယ်။
3. 2010: Smartphones နဲ့ Mobile Internet တွေရရှိလာခဲ့ပြီးနောက် ပိုမိုတိုးတက်လာတာနဲ့အတူ Mobile Marketing ဆိုတဲ့နယ်ပယ်ဟာ E-commerce နဲ့အတူဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။
---မြန်မာနိုင်ငံမှာ Digital Marketing စတင်ရောက်ရှိလာပုံ
✅ မြန်မာနိုင်ငံမှာ Digital Marketing ဟာ အဓိကအားဖြင့် 2014-2015 ဝန်းကျင်မှာ စတင်ရောက်ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ အဓိကအကြောင်းရင်းတွေက -
1. ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုများ ပိုမိုရရှိလာခြင်း
- Telenor နဲ့ Ooredoo ကနေ 3G/4G အင်တာနက်ဝန်ဆောင်မှုတွေ ရရှိလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ Social Media နဲ့ အင်တာနက်သုံးစွဲမှု မြင့်တက်လာခဲ့တယ်။
2. Facebook နဲ့ Social Media သုံးစွဲသူများပြားလာခြင်း
- Facebook သုံးစွဲသူတွေများပြားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အရင်လိုအချိန်အများကြီးပေးစရာမလိုပဲ အချိန်တိုအတွင်းလူပိုသိစေမဲ့ Facebook Ads , Page , Groups တွေကိုအသုံးပြု၍ မိမိရဲ့ Product ကိုလူသိများလာအောင် ပြုလုပ်ပြီး Customer တွေနဲ့ ခိုင်မာတဲ့ Relationship တစ်ခုကိုတည်ဆောက်လာကြပါတယ်။
3. E-commerce နဲ့ SME တွေ စတင်ကျယ်ပြန့်လာခြင်း
- Shop.com.mm, RGO47 စတဲ့ E-commerce Platforms တွေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းများကြောင့် Digital Marketing နယ်ပယ်ဟာ မြန်မာနိုင်ငံမှာ တစ်ဖြေးဖြေးနဲ့ ကျယ်ပြန့်လာခဲ့ပါတယ်။
- 2019 - 2020 COVID-19 Pandemic အချိန်ဟာ Digital Marketing ကိုမြန်မာနိုင်ငံမှာ ပိုမိုပြီးအားကောင်းလာစေမဲ့ အလှည့်အပြောင်းဖြစ်လာခဲ့ပါတယ်၊ Covid-19 ကြောင့် Stay Home အမိန့်ထုတ်ပြန်လိုက်တဲ့အခါမှာ Businesses လုပ်ငန်းတွေဟာ Traditional Marketing ကိုစွန့်လွှတ်ပြီး Digital Marketing ကိုပိုမိုအာရုံစိုက်လာကြပါတယ်။( အချိန် နေရာမရွေး ဝယ်သူတွေဆီကို အလွယ်တကူရောက်ရှိစေနိုင်ခြင်းက Digital Marketing ရဲ့ အရေးကြီးဆုံးအားသာချက်တစ်ခုဖြစ်ပါတယ် )
- မြန်မာပြည်သူများအကြား Facebook သုံးစွဲမှု အလွန်လှုပ်ရှားနေသလို SMEs တွေက Facebook Ads မှာရင်းနှီးမြှုပ်နှံမှုတွေ စတင်လုပ်လာခဲ့တယ်။
- Instagram, TikTok, LinkedIn စတဲ့ Platforms တွေကလည်း လူသုံးများလာကြပါတယ်။
--- Digital Marketing ကို ဘာကြောင့်အရေးပါတာလဲ?
✅Digital Marketing က Traditional Marketing ထက် အချိန် , ကုန်ကျစရိတ်ပိုမိုသက်သာစေပြီး ပိုမိုရိုးရှင်းတဲ့ နည်းလမ်း ဖြစ်ပါတယ်။
- အနာဂတ်မှာ AI နည်းပညာ**၊ **Customer Personalization နဲ့ Localized Content တွေ ထိရောက်စွာသုံးပြီး မြန်မာစီးပွားရေးလောကမှာ Digital Marketing ရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်ပြီးအရေးပါနေအုံးမှာပါ။
❗Digital Marketing ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများအတွက် ပြိုင်ဆိုင်မှု Advantages တစ်ခုဖြစ်လာပါပြီ။ Traditional Methods များထက် လျင်မြန်သလို အကျိုးသက်ရောက်မှုလည်း များတာကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိရဲ့ Business တွေကို Digital Marketing ဘက်ကို အချိန်မှီကူးပြောင်းသင့်ပါတယ်၊
‼ မိမိတို့ရဲ့လုပ်ငန်းတွေကို Digital Marketing ဘက်အချိန်မှီမကူးပြောင်းခဲ့ရင် အနာဂတ်မှာ အခြား Competitor တွေရဲ့နောက်ကျန်ခဲ့မှာပါ။
ဒါကြောင့်လူကြီးမင်းတို့က မိမိတို့လုပ်ငန်းကို Digital Marketing Strategy ကျကျ တည်ဆောက်ပြီး အနာဂတ်မှာပိုမိုအောင်မြင်ခိုင်မာတဲ့ Brand တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ ကျန်တော်တို့ လူငယ် - Digital Marketing Agency နဲ့လက်တွဲနိုင်ပါတယ်🤝
Package အကြောင်းအသေးစိတ်သိလိုပါက Page Chat Box (or) Ph - 09 402 972 779 ကို အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
'Digital Marketing က လူကြီးမင်းလုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် အဓိက သော့ချက်ဖြစ်ပါတယ် '
#လူငယ်-DigitalMarketing
#လူငယ်