ROYAL Car Showroom

ROYAL Car Showroom Soe Moe 092131200 , 09952131200

မိုးတွင်းကာလမှာ မိုးမိတာ၊ ရေလျှံတာ၊ စိုထိုင်းဆများတာတွေက အိမ်စီးကားတွေအတွက်လည်း စိန်ခေါ်မှုများတဲ့ အခြေအနေဖြစ်ပြီး ဂရုစိ...
11/06/2026

မိုးတွင်းကာလမှာ မိုးမိတာ၊ ရေလျှံတာ၊ စိုထိုင်းဆများတာတွေက အိမ်စီးကားတွေအတွက်လည်း စိန်ခေါ်မှုများတဲ့ အခြေအနေဖြစ်ပြီး ဂရုစိုက်ထိန်းသိမ်းပေးဖို့ အထူးလိုအပ်ပါတယ်။

ဒီအတွက် ဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲဆိုတာ “ 𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦” ကနေ လိုတိုရှင်းလေးမျှဝေပေးပါရစေ 💧

1️⃣ဆေးသားထိန်းသိမ်းခြင်း

အခုလိုရာသီမှာ မိုးရေမှာပါဝင်တဲ့ အက်ဆစ်ဓာတ်နဲ့ လမ်းပေါ်က ရွှံ့နွံတွေကြောင့် ကားအောက်ပိုင်းသံချေးတက်တာမျိုးဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မိုးတွင်းကာလမှာ 𝐔𝐧𝐝𝐞𝐫𝐛𝐨𝐝𝐲 𝐀𝐧𝐭𝐢-𝐑𝐮𝐬𝐭 𝐂𝐨𝐚𝐭𝐢𝐧𝐠 မှုတ်ထားတာက အကောင်းဆုံး ကာကွယ်မှုပါပဲ။ ဒါ့အပြင် ကားဆေးသားပေါ်မှာ မိုးရေတွေတင်ပြီး အကွက်မကျန်စေဖို့ 𝐖𝐚𝐱 𝐂𝐨𝐚𝐭𝐢𝐧𝐠 ဒါမှမဟုတ် 𝐂𝐞𝐫𝐚𝐦𝐢𝐜 𝐂𝐨𝐚𝐭𝐢𝐧𝐠 တင်ထားပေးတာကလည်း ဆေးသားကို ထိခိုက်မှုနည်းစေပါတယ်။

2️⃣အတွင်းပိုင်းသန့်ရှင်းရေး

မိုးရွာချိန်မှာ ဖြစ်တတ်တဲ့ 𝐅𝐨𝐠𝐠𝐢𝐧𝐠 တွေကို တားဆီးဖို့ဆိုရင်တော့ 𝐀𝐂 ရဲ့ 𝐃𝐞𝐟𝐨𝐠𝐠𝐞𝐫 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 ကို အသုံးပြုပြီး လေစီးဆင်းမှုကို မှန်ကန်အောင် ညှိယူလို့ရပါတယ်။ ဒီလိုအခါမျိုးမှာ စိုထိုင်းဆနဲ့ အနံ့အသက် စွဲတာတွေကို လျှော့ချဖို့ အမွေးပွအခင်းတွေအစား ရာဘာအခင်းတွေကို ပြောင်းလဲ အသုံးပြုပေးတာက ပိုပြီးသင့်တော်ပါတယ်။

3️⃣အင်ဂျင်ခန်း

ရေငွေ့နဲ့ စိုထိုင်းဆကြောင့် လျှပ်စစ်ပတ်လမ်းတွေမှာ အန္တရာယ်ဖြစ်နိုင်တာတွေကို ကာကွယ်ဖို့ ဘက်ထရီ၊ ဝါယာကြိုးတွေကို ရေလုံးဝ မထိစေဖို့လိုပါတယ်။ ဒါ့အပြင် မိုးတွင်းမှာ 𝐀𝐂၊ ဝိုင်ဘာနဲ့ မီးကြီးများ ပိုမိုသုံးရတာကြောင့် ဘက်ထရီသက်တမ်းကို သေချာစစ်ထားဖို့လည်း အရေးကြီးပါတယ်။ တကယ်လို့ ဘက်ထရီခေါင်းတွေမှာ ဂျီး (𝐂𝐨𝐫𝐫𝐨𝐬𝐢𝐨𝐧) တွေ တွေ့ရရင်လည်း ရေနွေးနဲ့ဆေးကြောသန့်စင်ပြီး ဝါယာကြိုးတွေ ခိုင်ခံ့မှုရှိမရှိလည်း စစ်ဆေးဖို့လိုပါတယ်။

4️⃣𝐁𝐫𝐚𝐤𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦

စိုစွတ်နေတဲ့လမ်းတွေပေါ် မောင်းနှင်ရတဲ့အခါ တာယာနဲ့ ဘရိတ်စနစ်တွေက ကောင်းမွန်နေဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် တာယာပန်းသားအနက်က အနည်းဆုံ 𝟏.𝟔 𝐦𝐦 ရှိဖို့လိုအပ်ပြီး ဘရိတ်တုံး၊ ဘရိတ်ဆီတွေကိုလည်း စစ်ဆေးထားဖို့ အရေးကြီးပါတယ်။

💡နောက်ဆုံးအနေနဲ့ မိုးရာသီမှာ ဘေးကင်းကင်းနဲ့ မောင်းနှင်နိုင်ဖို့ဆိုရင် ရှေ့မီးကြီး ၊ နောက်မီး၊ ဘရိတ်မီး နဲ့ 𝐅𝐨𝐠 𝐋𝐢𝐠𝐡𝐭𝐬 တွေအားလုံး ကောင်းမွန်စွာ အလုပ်လုပ်၊ မလုပ် စစ်ဆေးထားဖို့လိုအပ်ကြောင်း အကြံပေးချင်ပါတယ်။

“𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦” မှာဆိုရင်တော့ 𝐇𝐲𝐮𝐧𝐝𝐚𝐢 ရဲ့ အိမ်စီးကားတွေထဲက 𝐀𝐜𝐜𝐞𝐧𝐭 ၊ 𝐂𝐮𝐬𝐭𝐢𝐧၊ 𝐂𝐫𝐞𝐭𝐚 𝟐𝟎𝟐𝟔 𝐌𝐨𝐝𝐞𝐥 တွေကို ရွေးချယ်ဝယ်ယူနိုင်ပြီး အာမခံ (၃) နှစ်တိတိပေးထားပါတယ်။

ဒါကြောင့် ဝယ်ယူသူအမည်ပေါက်နဲ့ အသစ်စက်စက်စီးနှင်းနိုင်မဲ့အပြင် လိုင်စင်ပါပြီး အပြီးအစီးမို့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးပါရစေ 💯

လိုင်စင်တွေကိုတော့ ဝယ်ယူသူနေထိုင်ရာမြို့နယ်နဲ့ သန်းခေါင်းစာရင်းအလိုက်လျှောက်ထားနိုင်ပြီး ကျွန်တော်တို့ “𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦” ကနေလည်း အခမဲ့ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။

(ရန်ကုန်လိုင်စင်လည်း ရရှိနိုင်ပါတယ်)

𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦

🏡Address : No ( 76 ) 109 လမ်း၊ 67 x 68 ကြား၊ မန္တလေးမြို့
☎️Phone : 09-213 1200 , 09-95 213 1200

#တော်ဝင် #မိုးရာသီ
# Accent

👉HONDA Fit - 2009 /  L grade (အစုံ)     Grade-4 ကီလို၂သောင်းနဲ့သွင်းထားတဲ့     YGNလိုင်စင်လေးနဲ့ ကားရှယ်လေးဗျာ     📌အော်...
06/06/2026

👉HONDA Fit - 2009 / L grade (အစုံ)
Grade-4 ကီလို၂သောင်းနဲ့သွင်းထားတဲ့
YGNလိုင်စင်လေးနဲ့ ကားရှယ်လေးဗျာ

📌အော်ဆေးပတ်လည် ၊ ဘန်ဘာဒစ်၄ဒစ်

📍62လမ်း ၊ 27×28ကြား ၊ မန္တလေးမြို့

📱092131200 , 09952131200

👉 TOYOTA BELTA - 2007 / 1.3cc 2WD( X grade )     လူကြိုက်များတဲ့အရောင် (070)pearl white ကိုမှ     ကီလို၂သောင်းနဲ့သွင်းထာ...
04/06/2026

👉 TOYOTA BELTA - 2007 / 1.3cc 2WD( X grade )
လူကြိုက်များတဲ့အရောင် (070)pearl white ကိုမှ
ကီလို၂သောင်းနဲ့သွင်းထားပြီး
အော်ဆေးအပြည့်နီးပါးကျန်သေးတဲ့ကားရှယ်လေး

📌အဝယ်သေချာဖို့ပဲ လိုတော့တယ်ဗျာ😍😍😍

📍62လမ်း ၊ 27×28ကြား ၊ မန္တလေးမြို့

📱092131200 , 09952131200

👉 Belta 1.3cc - 2007 / X grade (070)pearl white      ကီလို၂သောင်းနဲ့သွင်းထားတဲ့ကားရှယ်လေး     ခြေတပ်ဖို့ welcome ထားတယ်ဗ...
01/06/2026

👉 Belta 1.3cc - 2007 / X grade (070)pearl white
ကီလို၂သောင်းနဲ့သွင်းထားတဲ့ကားရှယ်လေး
ခြေတပ်ဖို့ welcome ထားတယ်ဗျာ

Good Night 😘😴🌙💤 📌HONDA Fit - 2009  L grade     Grade-4 ကီလို၂သောင်းနဲ့သွင်းထားတဲ့     ကားရှယ်လေး YGNလိုင်စင်လေးနဲ့     w...
01/06/2026

Good Night 😘😴🌙💤

📌HONDA Fit - 2009 L grade
Grade-4 ကီလို၂သောင်းနဲ့သွင်းထားတဲ့
ကားရှယ်လေး YGNလိုင်စင်လေးနဲ့
welcome ထားတယ်ဗျာ

Today Soldout - Fit 2008 ( NH624P )👉ယုံယုံကြည်ကြည်နဲ့ဝယ်ယူသွားသောအကိုရော     သတိတရနဲ့ အဝေးကနေပွိုင့်ဆော်ပေးတဲ့ညီရော     ...
29/05/2026

Today Soldout - Fit 2008 ( NH624P )

👉ယုံယုံကြည်ကြည်နဲ့ဝယ်ယူသွားသောအကိုရော
သတိတရနဲ့ အဝေးကနေပွိုင့်ဆော်ပေးတဲ့ညီရော
ကျေးဇူးအထူးတင်ပါတယ်ဗျ

📌စီးပွားရေးတွေလဲ ဒီထက်အောင်မြင်ပါစေ

ကားတစ်စီး ဝယ်ယူဖို့ စဥ်းစားလိုက်တဲ့အခါ မိသားစုစီးဆိုဒ်နဲ့ခရီးဝေးလည်း သွားလို့အဆင်ပြေရမယ် .....❗လုပ်ငန်းသုံးနဲ့ လူစီးအတွက...
26/05/2026

ကားတစ်စီး ဝယ်ယူဖို့ စဥ်းစားလိုက်တဲ့အခါ မိသားစုစီးဆိုဒ်နဲ့ခရီးဝေးလည်း သွားလို့အဆင်ပြေရမယ် .....❗

လုပ်ငန်းသုံးနဲ့ လူစီးအတွက်လည်း ခန့်ခန်ထည်ထည်နဲ့ ခပ်ကြွားကြွားရှိရမယ် …..❗

➡️ဒီလို အရည်အသွေးတွေနဲ့ ပြည့်စုံပြီး ဘက်စုံသုံးအတွက် လုံးဝပစ်ရက်စရာမရှိတာကတော့ 𝐇𝐲𝐮𝐧𝐝𝐚𝐢 ရဲ့
𝐌𝐏𝐕 𝐋𝐢𝐧𝐞 𝐔𝐩 ထဲမှာ ဇိမ်ခံကားတစ်စီးလို့ ပီပီသသပြောလို့ရတဲ့ 𝐂𝐮𝐬𝐭𝐢𝐧 ပါပဲ။

𝐇𝐲𝐮𝐧𝐝𝐚𝐢 𝐂𝐮𝐬𝐭𝐢𝐧 တွေထဲမှာတော့ 𝟐𝟎𝟐𝟔 𝐌𝐨𝐝𝐞𝐥 ကတော့ နောက်ဆုံးပေါ်ဆိုတဲ့ နည်းပညာတွေ၊ ကိုယ်ထည်ဒီဇိုင်းတွေနဲ့ ထွက်ရှိထားပြီး 𝐇𝐲𝐮𝐧𝐝𝐚𝐢 ကားတွေထဲ ဈေးတန်းတစ်ခုမှာ ရှိနေတယ်ဆိုပေမဲ့ အခုပြောပြမဲ့ အချက်တွေကို ကြည့်မယ်ဆိုရင်တော့ 𝐏𝐫𝐢𝐜𝐞 𝐭𝐨 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 ကောင်းတဲ့ ကားတစ်စီးဆိုတာ လုံးဝ လက်ခံသွားနိုင်ပါတယ် ….

➡️ပထမဆုံး 𝐇𝐲𝐮𝐧𝐝𝐚𝐢 ရဲ့ 𝐏𝐚𝐫𝐚𝐦𝐞𝐭𝐫𝐢𝐜 𝐃𝐢𝐚𝐦𝐨𝐧𝐝 𝐆𝐫𝐢𝐥𝐥𝐞 နဲ့ပြောင်လက်နေတဲ့ 𝐂𝐡𝐫𝐨𝐦𝐞 𝐁𝐥𝐚𝐜𝐤 ကို တွေ့ရပြီး 𝐋𝐄𝐃 𝐃𝐚𝐲𝐭𝐢𝐦𝐞 𝐑𝐮𝐧𝐧𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭𝐬 (𝐃𝐑𝐋𝐬) တွေက ခေတ်မီတဲ့ရုပ်ထွက်ကို ပေးစွမ်းထားပါတယ်။ ဘေးတံခါး နှစ်ဖက်စလုံးက 𝐒𝐦𝐚𝐫𝐭 𝐏𝐨𝐰𝐞𝐫 𝐒𝐥𝐢𝐝𝐢𝐧𝐠 𝐃𝐨𝐨𝐫𝐬 တွေဖြစ်လို့ ကျဥ်းကြပ်တဲ့ နေရာတွေမှာပါ အတက်အဆင်းလွယ်ကူစေပြီး ခေတ်မီတဲ့ အသွင်ကို ရရှိစေပါတယ်။

ဒီကားရဲ့ အသက်က အတွင်းခန်းဖြစ်ပြီးတော့ 𝟐+𝟐+𝟑 မို့ လူ (၇) ယောက်အထိ အေးအေးဆေးဆေးစီးလို့ရပြီး အလယ်က 𝐂𝐚𝐩𝐭𝐚𝐢𝐧 𝐒𝐞𝐚𝐭 တွေမှာ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐂𝐥𝐚𝐬𝐬 ခုံတွေလို 𝐎𝐧𝐞-𝐓𝐨𝐮𝐜𝐡 𝐑𝐞𝐥𝐚𝐱𝐚𝐭𝐢𝐨𝐧 𝐌𝐨𝐝𝐞 ပါဝင်လို့ ခလုတ်နှိပ်လိုက်တာနဲ့ အနောက်ကို လှဲပေးပြီး ခြေထောက်တင်ခုံ ပါ ပွင့်လာမှာဖြစ်ပါတယ် …

➡️ဒါတင်မက အပူ၊ အအေးပေးစနစ်တွေလည်း ပါဝင်ပြီး ခရီးဝေးသွားရင် တကယ်ကို သက်တောင့်သက်သာရှိစေမဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ ၁၀.၄ လက်မ 𝐓𝐨𝐮𝐜𝐡𝐬𝐜𝐫𝐞𝐞𝐧 𝐈𝐧𝐟𝐨𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 ပါဝင်ပြီး 𝐀𝐩𝐩𝐥𝐞 𝐂𝐚𝐫𝐏𝐥𝐚𝐲, 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐀𝐮𝐭𝐨 တို့အပြင် ဂီယာတံအစား ခလုတ်နှိပ်စနစ် (𝐒𝐡𝐢𝐟𝐭-𝐛𝐲-𝐖𝐢𝐫𝐞) ကို သုံးထားလို့ 𝐂𝐞𝐧𝐭𝐞𝐫 𝐂𝐨𝐧𝐬𝐨𝐥𝐞 တစ်ဝိုက် ရှင်းလင်းကျယ်ဝန်းသွားပါတယ်။

အရှေ့ခန်းရော၊ အလယ်တန်းအတွက်ပါ 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 𝐂𝐡𝐚𝐫𝐠𝐞𝐫 နှစ်ခုစီ ပါဝင်ပြီး အမိုးဖွင့် 𝐃𝐮𝐚𝐥 𝐒𝐮𝐧𝐫𝐨𝐨𝐟 ပါဝင်တာကြောင့် အလင်းအမှောင်နဲ့ လေဝင်လေထွက် ကောင်းတဲ့ကားအမျိုးအစားဖြစ်ပါတယ်။

အင်ဂျင်ပိုင်းမှာဆိုရင်တော့ 𝟏.𝟓𝐋 𝐓𝐮𝐫𝐛𝐨 𝐆𝐃𝐈 အင်ဂျင်နဲ့ 𝟖-𝐒𝐩𝐞𝐞𝐝 𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐜 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧 ကို တွဲဖက်ထားလို့ မြင်းကောင်ရေ 𝟏𝟔𝟖 𝐇𝐩 အား ထွက်ရှိပြီး ခရီးဝေး မောင်းနှင်တဲ့အခါ ငြိမ့်ညောင်းပြီး ဆီစားနှုန်း သက်သာစေပါတယ်။

➡️𝐓𝐨𝐫𝐪𝐮𝐞 ကလည်း ပတ်လည် ၁၅၀၀ ကတည်းက ရုန်းအားအပြည့်တက်တာမို့ ယောက်အပြည့်တင် မောင်းရင်တောင် ရုန်းအားဆွဲအားကောင်းမွန်ပါသေးတယ်။

လုံခြုံရေးအတွက်ကိုတော့ မိသားစုစီးကား ဖြစ်တဲ့အတွက် ကမ္ဘာ့အဆင့်မီ 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐃𝐫𝐢𝐯𝐞𝐫 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐒𝐲𝐬𝐭𝐞𝐦𝐬 (𝐀𝐃𝐀𝐒) ဖြစ်တဲ့ 𝐇𝐲𝐮𝐧𝐝𝐚𝐢 𝐒𝐦𝐚𝐫𝐭𝐒𝐞𝐧𝐬𝐞 ကို အပြည့်ထည့်ပေးထားပြီး အရှေ့က ကား၊ လူ ဒါမှမဟုတ် စက်ဘီးသမားတွေကို တိုက်မိတော့မယ်ဆိုရင် သတိပေးပြီး အလိုအလျောက် ဘရိတ်ဖမ်းပေးတဲ့စနစ်တွေပါဝင်ပါတယ်။

➡️မောင်းနှင်သူအတွက်ကိုတော့ လမ်းကြောထဲကနေ ကားဘီးမထွက်သွားအောင်နဲ့ လမ်းကြောအလယ်တည့်တည့်မှာပဲ ငြိမ်ငြိမ်လေး သွားနေအောင် စတီယာရင်ကို အလိုအလျောက် ထိန်းကျောင်းပေးတဲ့ 𝐋𝐚𝐧𝐞 𝐊𝐞𝐞𝐩𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭 (𝐋𝐊𝐀) နဲ့ 𝐋𝐚𝐧𝐞 𝐅𝐨𝐥𝐥𝐨𝐰𝐢𝐧𝐠 𝐀𝐬𝐬𝐢𝐬𝐭 (𝐋𝐅𝐀) စနစ်တွေကိုလည်း ထည့်သွင်းလာပါတယ်။

ဘေးဘက်မျက်ကွယ်မှာ ကားရှိနေရင် ကြည့်မှန်ပေါ်မှာ သတိပေးမီးပြသပေးပြီး လိုအပ်ရင် ဘရိတ်ကိုပါ ထိန်းပေးတဲ့ 𝐁𝐂𝐀 ၊ အနောက်က ကား ဒါမှမဟုတ် ဆိုင်ကယ်လာနေရင် ဘေးတံခါးကို အတင်းတွန်းဖွင့်လို့မရအောင် လော့ခ်ချပေးပြီး သတိပေးတဲ့ 𝐒𝐄𝐀 စနစ် တွေအပြင် ကားရပ်ရ အဆင်ပြေစေမယ့် 𝟑𝟔𝟎-𝐝𝐞𝐠𝐫𝐞𝐞 ကင်မရာစနစ် တွေလည်း ပါဝင်ထားပါတယ် ။

➡️ဒါကြောင့် 𝐇𝐲𝐮𝐧𝐝𝐚𝐢 𝐂𝐮𝐬𝐭𝐢𝐧 ကို ခြုံကြည့်ရမယ်ဆိုရင် မိသားစုကို 𝐕𝐈𝐏 ပုံစံမျိုးနဲ့ ခရီးသွားစေချင်တယ်၊ တခြား 𝐌𝐏𝐕 ကားကြီးတွေကျတော့လည်း ကိုယ်တိုင်မောင်းဖို့ အရမ်းကြီးလွန်းတယ်လို့ ခံစားရသူတွေအတွက် ကွက်တိကျတဲ့ ကားတစ်စီးပါပဲ။

“𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦” မှာဆိုရင်တော့ 𝐇𝐲𝐮𝐧𝐝𝐚𝐢 𝐂𝐮𝐬𝐭𝐢𝐧 𝟐𝟎𝟐𝟔 𝐌𝐨𝐝𝐞𝐥 𝟎 𝐊𝐢𝐥𝐨‌ တွေကို စိတ်ကြိုက်ကြည့်ရှုဝယ်ယူနိုင်ပြီး အာမခံ ၃ နှစ် (𝐊𝐢𝐥𝐨 𝟏𝟎𝟎,𝟎𝟎𝟎)အထိ ပေးထားပါတယ် ခင်ဗျာ..💢

အသေးစိတ်အချက်အလက်တွေကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာလည်း ကြည့်ရှုနိုင်ပါတယ်။👇

𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦

🏡Address : No ( 76 ) 109 လမ်း၊ 67 x 68 ကြား၊ မန္တလေးမြို့
☎️Phone : 09-213 1200 , 09-95 213 1200

#တော်ဝင်
# Custin

မြို့ထဲမောင်းရင် ဆီစားသက်သာပြီး သွက်လက်ရမယ်... 💢𝐇𝐢𝐠𝐡𝐰𝐚𝐲 တက်ရင်လည်း 𝐎𝐩𝐭𝐢𝐨𝐧 စုံစုံလင်လင်နဲ့  ဘေးကင်းရမယ် ….🔥ဒီလို နှစ်ထပ်က...
24/05/2026

မြို့ထဲမောင်းရင် ဆီစားသက်သာပြီး သွက်လက်ရမယ်... 💢

𝐇𝐢𝐠𝐡𝐰𝐚𝐲 တက်ရင်လည်း 𝐎𝐩𝐭𝐢𝐨𝐧 စုံစုံလင်လင်နဲ့ ဘေးကင်းရမယ် ….

🔥ဒီလို နှစ်ထပ်ကွမ်း စွမ်းဆောင်ရည်နဲ့ကိုမှ 𝐁𝐫𝐚𝐧𝐝 𝐍𝐞𝐰 𝟐𝟎𝟐𝟔 𝐌𝐨𝐝𝐞𝐥 ထဲက ရွေးချယ်ချင်တယ်ဆိုရင်တော့ 𝐇𝐲𝐮𝐧𝐝𝐚𝐢 ရဲ့ လူကြိုက်အများဆုံး 𝐒𝐔𝐕 - 𝐂𝐑𝐄𝐓𝐀 ကတော့ လုံးဝကို စဥ်းစားရမဲ့ အထဲမှာ ပါပါတယ်။

➡️ပထမဆုံးကိုယ်ထည်ပိုင်းကို ကြည့်မယ်ဆိုရင် မြို့တွင်းမောင်းအတွက် 𝐂𝐨𝐦𝐩𝐚𝐜𝐭 𝐒𝐔𝐕 𝐒𝐢𝐳𝐞 ဖြစ်ပေမဲ့ 𝐇𝐲𝐮𝐧𝐝𝐚𝐢 ကားတွေထဲမှာ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐋𝐨𝐨𝐤 ဖြစ်နေတာကို တွေ့ရမှာပါ။

ရှေ့မျက်နှာစာမှာ 𝐇𝐲𝐮𝐧𝐝𝐚𝐢 ရဲ့ နာမည်ကျော် 𝐏𝐚𝐫𝐚𝐦𝐞𝐭𝐫𝐢𝐜 𝐉𝐞𝐰𝐞𝐥 𝐆𝐫𝐢𝐥𝐥𝐞 နဲ့အတူ 𝐆𝐫𝐢𝐥𝐥𝐞 ထဲမှာ မြှုပ်ထားတဲ့ 𝐋𝐄𝐃 𝐃𝐚𝐲𝐭𝐢𝐦𝐞 𝐑𝐮𝐧𝐧𝐢𝐧𝐠 𝐋𝐢𝐠𝐡𝐭𝐬 (𝐃𝐑𝐋𝐬) တွေက ခေတ်မီတဲ့ပုံရိပ်ကို ပေးစွမ်းပြီး အဆင့်မြင့်သံမဏိကို အများဆုံးသုံးထားတဲ့ ကိုယ်ထည်ဖြစ်လို့ အကြမ်းခံမှုအပိုင်းမှာလည်း လုံးဝပြောစရာမလိုပါဘူး။

မြေပြင်အကွာအဝေး 𝟏𝟗𝟎 𝐦𝐦 ရှိတာဖြစ်လို့ ခရီးဝေးသွားတဲ့အခါ လမ်းကြမ်းတွေနဲ့ ကွက်တိကျစေပြီး အတွင်းပိုင်းလည်းမြင့်မားတာကြောင့် 𝐇𝐞𝐚𝐝𝐫𝐨𝐨𝐦 များပြီး ခြေတင်နေရာ ပါ ကျယ်ဝန်းပါတယ်။

➡️အနောက်ဖုံးကတော့ 𝟒𝟑𝟑 𝐋𝐢𝐭𝐞𝐫𝐬 အထိ ကျယ်ဝန်းပြီး အနောက်ထိုင်ခုံတွေကို 𝟔𝟎:𝟒𝟎 ပုံစံ ခေါက်ချလိုက်ရင် ခရီးဆောင်အိတ်ကြီးတွေ၊ 𝐂𝐚𝐦𝐩𝐢𝐧𝐠 အသုံးအဆောင်တွေကို အများကြီးထည့်လို့ရမဲ့ အနေအထားမှာရှိလို့ ခရီးအမြဲသွားတတ်သူတွေအတွက်ကတော့ အံကိုက်ပါပဲ။

➡️အင်ဂျင်ပိုင်းမှာတော့ 𝟏.𝟓𝐋 𝐒𝐦𝐚𝐫𝐭𝐬𝐭𝐫𝐞𝐚𝐦 𝐌𝐏𝐈 𝐏𝐞𝐭𝐫𝐨𝐥 𝐄𝐧𝐠𝐢𝐧𝐞 (𝟒-𝐂𝐲𝐥𝐢𝐧𝐝𝐞𝐫) နဲ့ လာတာမို့ ကားကိုယ်ထည်အလေးချိန်နဲ့ အင်ဂျင်ပါဝါကကွက်တိကျပြီး သွက်သွက်လက်လက်ရှိပါတယ်။ 𝐒𝐦𝐚𝐫𝐭𝐬𝐭𝐫𝐞𝐚𝐦 နည်းပညာနဲ့မို့ ဆီနဲ့လေ ရောစပ်မှုကို အကောင်းဆုံး ထိန်းချုပ်ပေးနိုင်ပြီး အင်ဂျင်သံ ငြိမ့်ညောင်းကာ မလိုအပ်ဘဲ ဆီလေလွင့်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

𝐇𝐲𝐮𝐧𝐝𝐚𝐢 ရဲ့ အဆင့်မြင့် ဂီယာစနစ်ဖြစ်တဲ့ 𝐈𝐕𝐓 နဲ့လာပြီး ရိုးရိုး 𝐂𝐕𝐓 တွေလို လီဗာနင်းရင် ရုန်းသံပဲကြားပြီး ကားမပြေးတာမျိုး မဟုတ်ဘဲ 𝐒𝐭𝐞𝐞𝐥 𝐂𝐡𝐚𝐢𝐧 𝐁𝐞𝐥𝐭 ကို သုံးထားလို့ ဂီယာချက် ပြောင်းလဲမှုက ချောမွေ့ပြီး အရှိန်တက် ပိုသွက်တာကလည်း သူ့ရဲ့အားသာချက်ပါပဲ။

➡️ဒါတင်မက 𝐃𝐫𝐢𝐯𝐞 𝐌𝐨𝐝𝐞 မှာလည်း ကားပိတ်ချိန် ဆီစားသက်သာစေဖို့ 𝐄𝐜𝐨၊ နေ့စဉ် ရုံးတက်ရုံးဆင်း သက်သောင့်သက်သာ မောင်းဖို့ 𝐍𝐨𝐫𝐦𝐚𝐥၊ 𝐇𝐢𝐠𝐡𝐰𝐚𝐲 ပေါ်မှာ အဆင်ပြေစေတဲ့ 𝐒𝐩𝐨𝐫𝐭 ဆိုပြီးရွေးချယ်လို့ရသလို စတီယာရင် နောက်က 𝐌𝐚𝐧𝐮𝐚𝐥 ဂီယာတိုး/လျော့ ခလုတ်လေးတွေကြောင့် တောင်တက်လမ်းတွေမှာဖြစ်ဖြစ်၊ ရှေ့ကားကို ကျော်တက်တဲ့အခါဖြစ်ဖြစ် ကိုယ်တိုင် 𝐒𝐡𝐢𝐟𝐭 လုပ်ပြီး 𝐄𝐧𝐠𝐢𝐧𝐞 𝐁𝐫𝐚𝐤𝐢𝐧𝐠 ကို စိတ်ကြိုက် ကစားမောင်းနှင်နိုင်ပါသေးတယ်။

ဘရိတ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ ဘီးလေးဘီးလုံး 𝐃𝐢𝐬𝐜 𝐁𝐫𝐚𝐤𝐞𝐬 စနစ် ပါဝင်တဲ့အပြင် 𝟑𝟔𝟎 𝐂𝐚𝐦𝐞𝐫𝐚၊ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 နဲ့ 𝟔 𝐀𝐢𝐫𝐛𝐚𝐠𝐬 ပါဝင်လို့ အင်ဂျင်ပါဝါကို စိတ်ချလက်ချနဲ့ အပြည့်အဝ အသုံးချနိုင်မှပြီး စိတ်ချလက်ချ မောင်းနှင်နိုင်မဲ့ ကားတစ်စီးဖြစ်ပါတယ်။

💢ဒါကြောင့် 𝐇𝐲𝐮𝐧𝐝𝐚𝐢 𝐂𝐑𝐄𝐓𝐀 𝟐𝟎𝟐𝟔 ကို ခြုံကြည့်မယ်ဆိုရင်တော့ မြို့ပြနဲ့ ခရီးဝေး နှစ်မျိုးလုံးအတွက် သွက်လက်ခိုင်ခံ့တဲ့ ကားတစ်စီးဖြစ်တဲ့အပြင် 𝐃𝐫𝐢𝐯𝐞𝐫 𝐅𝐨𝐜𝐮𝐬 အနေနဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေ စုံစုံလင်လင်ပါဝင်တာဖြစ်လို့ 𝐒𝐔𝐕 တစ်စီးကို အဆင့်မြင့်မြင့်မောင်းနှင်ချင်သူတွေအတွက် ကွက်တိပါပဲ ခင်ဗျာ….

𝐇𝐲𝐮𝐧𝐝𝐚𝐢 𝐂𝐑𝐄𝐓𝐀 𝟐𝟎𝟐𝟔 ကို စိတ်ဝင်စားလို့ ကြည့်ရှုဝယ်ယူချင်တယ်ဆိုရင်တော့ “𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦” မှာ 𝐈𝐧𝐬𝐭𝐨𝐜𝐤 ရရှိနိုင်ပါတယ်။

💯𝟎 𝐊𝐢𝐥𝐨 ၊ နောက်ဆုံးနံပါတ်နဲ့လာပြီး ဝယ်ယူသူအမည်ပေါက်ပိုင်ဆိုင်ရမဲ့အပြင် အာမခံ (၃) နှစ် ဒါမှမဟုတ် ကီလို ၁၀၀, ၀၀၀အထိလည်း ပေးထားပါသေးတယ် ခင်ဗျာ…

𝐓𝐚𝐰 𝐖𝐢𝐧 𝐂𝐚𝐫 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦

🏡Address : No ( 76 ) 109 လမ်း၊ 67 x 68 ကြား၊ မန္တလေးမြို့

☎️Phone : 09-213 1200 , 09-95 213 1200

#တော်ဝင်
# Creta

24/05/2026

🟥 HYUNDAI CRETA 🟥

🟦 ဝယ်ယူအားပေးသော အကိုကြီး 🟦

🟩 စီးပွါးရေးလုပ်ငန်းများ ကြီးပွါးတိုးတက် 🟩

🟧 အောင်မြင်ပါစေ။ 🟧

🔴 မန္တလေးမြို့ “တော်ဝင်” မှာ

🔵 2026- Model Brand New Car ( All New )

🟢 HYUNDAI CRETA- 1.5 Mpi SUV ( ဓါတ်ဆီ )

🟠 နောက်ဆုံးနံပါတ်ရပါမည်။

🟤 ဝယ်ယူသူ အမည်​ပေါက်ရပါမည်။

🔵 အာမခံ ( ၃ )နှစ် / ကီလို ( ၁ ) သိန်း

🟣 0- km ( All New CRETA )

♦️2026 - MODEL
♦️HYUNDAI CRETA SUV
♦️Gamma ll - 1.5 Mpi ( Gasoline ) Engine
♦️7- Speed Automatic Dual Clutch Transmission
♦️10.25- inch Full LCD Cluster
♦️Drive Control Mode (Eco,Normal,Sport)
♦️Traction Control Modes (Snow,Mud,Sand)
♦️Smart Cruise Control
♦️Ventilated Seats
♦️Driver's Electric Power Seat
♦️Wireless Phone Charger
♦️Blind -spit view Monitor
♦️Electronic Parking Brake with Auto Hold
♦️Tire Pressure Monitor System
♦️Hill -Start Assist Control
♦️Surround View Monitor
♦️6 airbag system
♦️Bose Sound System .
♦️LED Positioning Lamps & DRLs
♦️Sequential Turn Indicators
♦️LED Lamps
♦️Automatic Electric Folding Mirrors
♦️LED Rear Combination Lamps
♦️Rear Fog Lamps
♦️New Hyundai Emblem Design
♦️17” Diamond Cut Alloy Wheel
♦️Maximum Speed - 170 km/h
♦️Acceleration ( 0-100)km - 11.8 Sec

🔷အာမခံ ( ၃ )နှစ်
🔷ကီလို ( ၁ ) သိန်း
🔷နောက်ဆုံးနံပါတ်ရပါမည်။
🔷ဝယ်ယူသူအမည်ပေါက်ရပါမည်။

🟪 "တော်ဝင်"
🟦 ROYAL CAR SHOWROOM
🟩 No- ( 76 ) 109 လမ်း၊ 67 x 68 ကြား၊ မန္တလေးမြို့။
📱09- 213 1200 , 09- 95 213 1200

🟠 ပိတ်ရက်မရှိ။

🟢 ဝယ်ယူအားပေးနိူင်ပါသည်။

New Car
#2025-Model

Today Soldout - Fit 2011 / 10th Anniversary 👉ယုံယုံကြည်ကြည်နဲ့ဝယ်ယူသွားသောအကိုအား     ကျေးဇူးအထူးတင်ပါတယ်ဗျ📌စီးပွားရေးတွ...
23/05/2026

Today Soldout - Fit 2011 / 10th Anniversary

👉ယုံယုံကြည်ကြည်နဲ့ဝယ်ယူသွားသောအကိုအား
ကျေးဇူးအထူးတင်ပါတယ်ဗျ

📌စီးပွားရေးတွေလဲ ဒီထက်အောင်မြင်ပါစေ

Address

109st ၊ 67×68bt
Mandalay

Telephone

+959952131200

Website

Alerts

Be the first to know and let us send you an email when ROYAL Car Showroom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ROYAL Car Showroom:

Share