18/06/2019
Online ပေါ်မှာဈေးရောင်းတော့မှာလား
---------------------------------------------
လူတစ်ချို့က စီးပွားရေးလုပ်ရင် အရမ်းအလွယ်တွေးတယ်။ပိုဆိုးတာက on-line ပေါ်မှာဈေးရောင်းရင် ပိုလို့တောင် လွယ်တယ်ထင်ကြသေးတယ်။ဈေးရောင်းတယ်ဆိုကတည်း စီးပွားရေးလုပ်တာ။စီးပွားရေးလုပ်ရင် စီးပွားရေးဆန်ဆန်လုပ်တတ်ဖို့ အရေးကြီးတယ်။Group ထဲမှာဈေးရောင်းတဲ့သူတွေရှိသလို Page တွေထောင်ပြီးဈေးရောင်းတဲ့သူတွေလည်းရှိတယ်။ဘယ်လိုဘဲလုပ်လုပ် ရည်ရွယ်ချက်ကိုက ဈေးရောင်းဖို့ဘဲမဟုတ်လား။အမြတ်ရဖို့ချည်းတွေးမနေနဲ့ အရင်းလေးလဲစိုက်အုံး။သူများဆီက ယူရောင်းနေသမျှကာလပတ်လုံး ကိုယ်က အရောင်းသမားဘဲ။
၁။သူများမရောင်းတာရောင်းပါ။
သူအများစုက သူများရောင်းတာကိုစိတ်ဝင်စားတယ်။ဘာလို့လဲ ဈေးကွတ်ရှိပြီးသား အသင့်ရောင်းရုံဘဲ။သူများမရောင်းတာ ယူရောင်းရင် လူအများသိအောင် ဈေးကွတ်ဖော်ဆောင်ကမယ် ကြော်ငှာအားသုံးကမယ် အရမ်းပင်ပန်းတယ်။အဲတော့ အလွယ်လမ်းဖြစ်တဲ့ ဈေးကွတ်မှာ ရှိပြီးသားဟာတွေ ရောင်းချတယ်။အောင်မြင်ချင်ရင် သူများမရောင်းတာကိုရောင်းပါ။ဥပမာ ကျွန်တော် နာရီတစ်လုံးရောင်းမယ် ။သူများတွေလည်းအဲလို နာရ်ီမျိုး ရောင်းနေတယ်။ကိုယ်ကသူတို့ထက် ဈေးနှုန်းများနေလို့ကတော့ ဝယ်သူတွေက ကိုယ်ကိုစွန့်ခွာသွားလိမ့်မယ်။အဲတော့ ကိုယ်လိုချင်တဲ့ အမြတ်ရဖို့ မသေချာဘူး။အမြတ်များများလိုချင်ရင် သူများမရောင်းတာကို ရောင်းပါ။ကိုယ်အတွတ် လိုသလို အမြတ်ချိန်လို့ရတယ်။ကိုယ်ပိုင် Brand တည်ဆောက်ပါ။
၂။ဝယ်သူတွေကို အလေးထားပါ။
Online ပေါ်မှာ ပစ္စည်းတစ်ခုကြော်ငှာလိုက်ရင် ကိုယ်က အပေါ်မှာ ဈေးနှုန်းတွေ ဖုန်းနံပါတ်တွေပေးထားရင်တောင် တစ်ခါတစ်ရံ comments တွေမှာ ဘယ်လောက်လဲ ဘယ်လိုမှာယူလို့ရမလဲမေးတတ်ကြတယ်။ဒါကို ကိုယ်က အပေါ်မှာရေးထားတယ်လို့ ကြော်ငှာသေချာဖက်ကြည့်ပါ ရေးထားတာမတွေ့ဘူးလား စသော ဝယ်ယူတွေကို အလေးအနက်မထားရင် ဝယ်သူတွေကလည်း အလေးအနက်ထားမှာမဟုတ်ဘူး။ဈေးရောင်းတယ်ဆိုတာက လူတန်းစားပေါင်းစုံ ရောင်းချရတာဖြစ်လို့ စိတ်ရှည်တတ်ဖို့နဲ့ ဝယ်သူတွေကို အလေးအနက်ထားဖို့ အရမ်းအရေးကြီးတယ်။
၃။ဝယ်သူတွေသိလိုသမျှတွေကို အချိန်တိုအတွင်းဖြေကြားပေးပါ။
ကျွန်တော်တို့တောင်မှ တစ်ခုခုသိချင်ရင် ချက်ချင်းဖြေကြားမေးမှ ကြိုက်တာမဟုတ်လား။တစ်ချို့က ဖောက်သည်တွေမေးတဲ့မေးခွန်းကို တစ်ရက်နှစ်ရက်အချိန်ယူပြီး ဖြေနေရတယ်။ဒါက ဖောက်သည်ရဲ့ ဝယ်ယူချင်စိတ်ကိုလျော့နည်းစေလို့ အထူးဂရုစိုက်သင့်တယ်။
၎။Payment system အကုန်အသုံးပြုပါ။
Online ပေါ်မှာ ဈေးရောင်းရင် အခက်တွေ့စေတာက ဝယ်သူတွေ ငွေလွှဲဒုက္ခပါ။ရောင်းချတဲ့သူအများစုက ကိုယ်ကိုငွေအလွယ်တကူလွှဲနိုင်ဖို့ ဘက်ပေါင်းစုံပြင်ဆင်ထားပါ။ငွေလွှဲလို့ အဆင်မပြေလို့ ပစ္စည်းမရောင်းရတာတွေ ကြုံတွေနိုင်ပါတယ်။ပြည်တွင်းမှာဆိုရင်
KBZ Bank,AYA Bank,AGD Bank,MAB Bank,UAB Bank,CB Bank,Wave Money,M-ပိုက်ဆံ , OK Dollor အစရှိသော Payment တွေကို တတ်နိုင်ရင် အကုန်လုံးရှိထားသင့်တယ်။ဘာကြောင့်လဲ ဝယ်သူတွေက ဘယ်လိုနည်းလမ်းနဲ့အဆင်ပြေမလဲ မသိလို့ပါ။တစ်ချို့က တစ်သောင်း နှစ်သောင်းလောက်နဲ့ ဘဏ်ထဲမဝင်ချင်တာမျိုးရှိတယ်။
၎။သူမတူတဲ့ service ပေးပါ။
ဖောက်သယ်တွေက နောက်ပိုင်း service ကောင်းကောင်း ဝန်ဆောင်မူကောင်းတဲ့ ဆိုင်တွေမှာ ဈေးဝယ်ယူကတာကြိုက်နှစ်သက်ပါတယ်။အဲတော့ ကိုယ်က လက်ပတ်နာရီရောင်းတယ်ဆိုပါစို့ ကိုယ်ဘာလုပ်လို့ရလဲ အာမခံပေးလို့ရတယ် ဘယ်လိုပေးလို့ရလဲ ဥပမာ သုံးလအတွင်းပျက်ရင် အသစ်တစ်လုံး သုံးစွဲသူတွေကြောင့်ပျက်ရင်တော့မရဘူး စသော သူမတူနည်းလမ်းတွေသုံးပါ။အပေါ်က ဥပမာနော် ကိုယ်အဆင်ပြေတာလုပ်ပါ။
to Uploader