Bawga Peanut Oil-ဘောဂမြေပဲဆီသန့်

Bawga Peanut Oil-ဘောဂမြေပဲဆီသန့် Best Quality 100% Pure Peanut Oil

စားသုံးဆီအရည်အသွေးတွေအကြောင်း သိသင့်သလောက်============================စားသုံးဆီဆိုတာ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရာမှ...
25/01/2021

စားသုံးဆီအရည်အသွေးတွေအကြောင်း သိသင့်သလောက်
============================
စားသုံးဆီဆိုတာ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရာမှာ သုံးစွဲနိုင်တဲ့ဆီတွေအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ပဲဆီ၊နှမ်းဆီ၊ နေကြာဆီ၊ အသားငါးဆီ၊ စားအုန်းဆီ စသဖြင့် ဆီအမျိုးအစား​တွေများစွာ ပါဝင်ပါတယ်။ နေ့စဥ်သုံးစွဲနေတဲ့ ဆီတွေရဲ့အရည်အသွေးကို ဆုံးဖြတ်ဖို့အတွက်

ဆီရဲ့အရောင်၊အဆင်း၊အနံ့၊အရသာအပြင် …

ဓာတ်ခွဲခန်းမှာသာ စစ်ဆေးနိုင်တဲ့ အက်ဆစ်ပါ၀င်မှုတန်ဖိုးလိုမျိုး အချက်တွေကို ကြည့်ပြီးမှသာ ဆုံးဖြတ်နိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆီစက်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့

အောက်ဖော်ပြထားတဲ့ အခြေခံအချက်တွေကိုတော့ သိထားသင့်ပါတယ်။

ရောင်းချနေတဲ့ စားသုံးဆီတွေကို ကောင်းမွန်တဲ့ဆီအဖြစ် သတ်မှတ်နိုင်ဖို့အတွက် …

♦️Oil Properties
♦️Aflatoxin
♦️Moisture and Volatile Value
♦️Acid Value
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Rancidity
♦️Melting Point
♦️Titer/Cloud Point
♦️Smoking Point
စတဲ့အချက်တွေမှာ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရှိနေရပါမယ်။ အဲ့ဒီအချက်တွေအကြောင်းကို နားလည်လွယ်အောင် ရှင်းပြလိုပါတယ်။

♦️ Oil Properties

Oil Properties ဆိုတာ သာမာန်သိနိုင်တဲ့ ဆီရဲ့ အရောင်အသွေး၊ အနံ့၊ အရသာ ပိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

♦️ Aflatoxin

Aflatoxin ဆိုတာကင်ဆာဖြစ်စေတဲ့ မှိုအဆိပ်တမျိုးဖြစ်ပါတယ်။ Aflatoxin ဓာတ်က ဆီမကြိတ်ခွဲခင် မူလသီးနှံမှာ ပါ၀င်လာတတ်ပါတယ်။ Aflatoxin ပါ၀င်မှုများတဲ့ဆီက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ Aflatoxin က လုံးဝ မပါဝင်လေကောင်းလေ ဖြစ်ပါတယ်။

♦️ Moisture and Volatile Value

ဆီထဲမှာ ပါ၀င်တဲ့အစိုဓာတ်ဖြစ်ပါတယ်။ အစိုဓာတ်နည်းလေလေ ကိုယ့်ဆီရဲ့ အရည်အသွေးပိုကောင်းလေလေ ဖြစ်ပါတယ်။

♦️ Acid Value

ဆီတွေမှာ ပါ၀င်တဲ့ Acid Value (အချဉ်ဓာတ်ကိန်း) က နည်းလေ ကောင်းလေဖြစ်ပါတယ်။ ဆီမှာပါ၀င်တဲ့ အက်ဆစ်ဓာတ်ပမာဏက အများဆုံး (4) အထိသာ ရှိသင့်ပါတယ်။ နေကြာဆီ၊ မြေပဲဆီအစစ်မှာဆို AV က တော်တော်နိမ့်ပါတယ်။

♦️ I.V (Iodine Value)

ကိုယ့်ရဲ့ဆီက I.V မြင့်လေ ပိုကောင်းလေ ဖြစ်ပါတယ်။ ပဲပိစပ်ဆီတွေက I.V မြင့်ပါတယ်။ မူလဆီထွက်သီးနှံ ပဲပိစပ်မှာ ပါ၀င်တဲ့ အိုင်အိုဒင်းတန်ဖိုးက တခြားသီးနှံတွေထက် မြင့်တာကြောင့် ဖြစ်ပါတယ်။

♦️ P.V (Peroxide Value) and Rancidity

PV ကတော့ နိမ့်လေ ကောင်းလေဖြစ်ပါတယ်။ PV ဆိုတာ ဆီထဲမှာ ပါ၀င်တဲ့ Oxygen တွေ oxidation ဖြစ်ပြီး ဓာတ်ပြုပြိုကွဲခြင်းကို ဆိုလိုတာပါ။ အဲ့ဒါကြောင့် P.V နိမ့်လေ ဆီအရည်အသွေးကောင်းလေ ဖြစ်ပြီး ကြာရှည်လည်း အထားခံပါတယ်။ P.V မြင့်တဲ့ဆီတွေက အလွယ်တကူဓာတ်ပြု ပြိုကွဲလွယ်တာကြောင့် Rancidity (ဆီချေးနံ့ထွက်ခြင်း) ကို ဖြစ်စေပါတယ်။

♦️ Smoke Point

Smoke Point ဆိုတာ အကြော်ခံခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မြေပဲဆီလိုမျိုး Smoke Point မြင့်တဲ့ဆီတွေက အပူချိန်ပျော့ပျော့လေးမှာ ပျက်စီးခြင်း မရှိတာကြောင့် အစားအစာများချက်ပြုတ်ရာမှာ အသုံးပြုသင့်တာဖြစ်ပါတယ်။

♦️ Cloud Point and Melting Point

အလွယ်ပြောရင် ဆီခဲမှတ်နဲ့ အရည်ပျော်မှတ်ပါ။ အခဲမှတ်ရော အရည်ပျော်မှတ်ရော နိမ့်တွေဆီတွေက ပြည့်၀ဆီမပါ၀င်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီလို့ပြောလို့ရပါတယ်။
အလွယ်တကူမခဲနိုင်သော်လည်း အလွယ်တကူ အရည်ပျော်စေနိုင်တဲ့ (လက်ရှိမြန်မာနိုင်ငံမှာ အဓိက သုံးစွဲနေကြတဲ့) နှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ တွေကတော့ ကျန်းမာစေတဲ့ဆီလို့ ပြောလို့ရပါတယ်။

စားသုံးဆီတွေရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး သိသင့်တာတွေကို အနည်းငယ်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။ အသေးစိတ်ထပ်ပြီးသိလိုတာ၊ ဆွေးနွေးလိုတာ Comment မှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

(လက်ရှိမြန်မာနိုင်ငံမှာ အဓိက သုံးစွဲနေကြတဲ့) နှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ တွေမှာ ပါ၀င်တဲ့ အာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးတွေအကြောင်းကိုလည်း ...

မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း Page ရဲ့ Post တွေမှာ ဆက်ပြီးဝေမျှ ပေးမှာ ဖြစ်ပါတယ်။

ယခု Post ကို လွတ်လပ်စွာ ပြန်လည်မျှဝေနိုင်ပါတယ်။

#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
#ကျန်းမာစေသောဆီ
#ဘောဂမြေပဲဆီသန့်

မြေပဲဆီအကြောင်း==============မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာ၀ဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပ...
16/01/2021

မြေပဲဆီအကြောင်း
==============

မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာ၀ဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပါ၀င်ပါတယ်။

အရောင်
======
မြေပဲဆီရဲ့အရောင်က အရမ်း မနုမရင့်တဲ့ အဝါရောင် ဖြစ်ပါတယ်။

(ကြိတ်ခွဲမှုပုံစံမတူတာကြောင့် ပဲဆီအမျိုးအစားကိုလိုက်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။)

အရသာ
======
အရသာကတော့ အရမ်းပြင်းထန်ခြင်းမရှိဘဲ နှစ်လိုဖွယ်ကောင်းပြီး ဆိမ့်တဲ့အရသာ ဖြစ်ပါတယ်။

အနံ့
===
မြေပဲဆီရဲ့ အနံ့ကတော့ သဘာဝမြေပဲအနံ့မဟုတ်ပါဘူး။

မြေပဲဆီရဲ့ထူးခြားချက်များ
====================
မြေပဲဆီက Smoking Point မြင့်တာကြောင့် အကြော်ခံ၊ အချက်ခံပါတယ်။ Smoking Point ဆိုတာ ဆီတွေကို အပူပေးတဲ့အခါ ပြင်းထန်တဲ့အပူချိန်ကြောင့် ဆီမှာပါ၀င်တဲ့ဓာတ်တွေ ပြိုကွဲပျက်စီးပြီး ပြောင်းလဲသွားတဲ့အမှတ် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Smoking Point မြင့်တဲ့ဆီတွေက အကောင်းဆုံးလို့ သတ်မှတ်ကြတာပါ။

မြေပဲဆီက Cloud Point နိမ့်တာကြောင့် သာမာန်အခန်းအပူချိန်မှာ မအေးခဲနိုင်ပါဘူး။ Cloud Point ဆိုတာ အပူချိန် အရမ်းလျော့ကျတဲ့အခါ ဆီတွေ အေးခဲသွားတဲ့အမှတ်ကို ခေါ်တာဖြစ်ပါတယ်။ Cloud Point နိမ့်တဲ့ဆီတွေက ပြည့်၀ဆီပါ၀င်မှု နည်းပါတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်။ စားသုံးဖို့သင့်တော်တယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

မြေပဲဆီမှာ ကိုလက်စထရောမပါ၀င်ပါဘူး။ အဲ့ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဆီအမျိုးအစား ဖြစ်တဲ့အပြင် Antioxidant ပါ၀င်တာကြောင့် ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်နိုင်တာလိုမျိုး အစွမ်းသတ္တိတွေ ရှိပါတယ်။

မြေပဲဆီကို စားသုံးဆီအဖြစ်သာမကဘဲ ဆေးဝါးများဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

မြေပဲဆီအမျိုးအစားများ

================

🥜 Refined Peanut Oil
🥜 Gourmet Peanut Oil
🥜 Cold Pressed Peanut
🥜 Roasted Peanut Oil
🥜 Peanut Oil Blends

နိုင်ငံတကာမှာတော့ မြေပဲကြိတ်ခွဲနည်းကို အမျိုးအစားခွဲခြားသတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာတော့ ဆုံဆီ/နှင့် စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်သောဆီဆိုပြီး ၂ မျိုးပဲ ရှိပါတယ်။

ဆုံဆီက သဘာ၀ အနံ့အရသာနဲ့ပြည့်စုံသော်လည်း

ရေဓာတ်ပါ၀င်မှုများတာ၊ Aflatoxin လိုမျိုး မှိုဓာတ်ပါ၀င်နိုင်ချေမြင့်တာ၊ ကြာရှည်မခံတာတွေ ဖြစ်တတ်ပါတယ်။

စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်တဲ့ဆီကတော့ …

FDA စံနှုန်းများအတိုင်း လိုက်နာပြီး နည်းစနစ်တကျထုတ်လုပ်ထားမယ်ဆိုရင် မှိုဓာတ်ပါ၀င်မှု မရှိဘဲ ကြာရှည်လည်း သိုလှောင်သိမ်းဆည်းထားနိုင်ပြီး ပဲဆီမှာ ပါ၀င်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ ရရှိနိုင်မှာဖြစ်ပါတယ်။

မြေပဲဆီမှာ ပါ၀င်သော အာဟာရဓာတ်များ
===============================

မြေပဲဆီမှာ သစ်သီးတွေလိုမျိုး Vitamin A,C,D တွေ မပါ၀င်ပေမယ့်

⭐Vitamin – E
⭐Potassium
⭐Carbohydrates
⭐Portein
⭐Sodium
⭐Omega 3, 6 အစရှိတဲ့

အကျိုးပြု အာဟာရဓာတ်တွေ ပါ၀င်ပါတယ်။

မြေပဲဆီကို ပုံမှန်မမာဏသာ ရေရှည်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အ၀လွန်ခြင်းကို ကာကွယ်ပါတယ်။

အခုဖော်ပြခဲ့တာက ….

မြေပဲဆီရဲ့ အခြေခံအကြောင်းအရာတြွေဖစ်ပြီး …
မြေပဲဆီကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကိုလည်း ...

မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း Page ရဲ့Post တွေမှာ ဆက်ပြီးဝေမျှ ပေးမှာ ဖြစ်ပါတယ်။

🗨 လုပ်ငန်းရှင်တွေ၊ စားသုံးသူတွေ၊ စာဖတ်သူတွေအားလုံး ပျော်ရွှင်ကျန်းမာတဲ့ဘ၀ကို ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ယခု Post ကို လွတ်လပ်စွာ ပြန်လည်မျှဝေနိုင်ပါတယ်။

Crd;

#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
#ကျန်းမာစေသောဆီ
#မြေပဲဆီ
#ဘောဂမြေပဲဆီသန့်

ယခုအချိန်တွင် အခြားသောစားသုံးဆီများ ဆီဈေးနှုန်းတွေမြှင့်တက်နေသောကြောင့် စားသုံးသူပြည်သူတွေအခက်တွေ့နေကြသော်လည်း ကျွန်တော်...
08/01/2021

ယခုအချိန်တွင် အခြားသောစားသုံးဆီများ ဆီဈေးနှုန်းတွေမြှင့်တက်နေသောကြောင့် စားသုံးသူပြည်သူတွေအခက်တွေ့နေကြသော်လည်း ကျွန်တော်တို့ "ဘောဂမြေပဲဆီသန့်"ကမူ မေတ္တာ စေတနာ အရင်းခံ၍ နဂိုမူလဈေးနှုန်းအတိုင်းပဲ အပြောင်းအလဲမရှိ ဆက်လက်ရောင်းချပေးနေလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်။

ဘောဂဆီသန့်ကို မှာမယ်ဆိုရင်… 🚛🚚🚛
(၃) ပိသာနဲ့အထက်ကို
မန္တလေးမြို့နယ်အတွင်းဆို အိမ်တိုင်ရာရောက် အခမဲ့ လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး…

ရန်ကုန်၊ နေပြည်တော် နဲ့ အခြား မြို့နယ်များအတွက်ဆို ….
ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

တဆင့်ပြန်လည်ရောင်းချလိုသူတွေအနေနဲ့ ….
လက်ကားစျေးနှုန်းကိုတော့ ဖုန်းဖြင့်ဖြစ်စေ၊ Chat Box မှာဖြစ်စေ စုံစမ်းလို့ရပါတယ်။

ဘောဂဆီစက်နှင့် ဘောဂအမှတ်တံဆိပ် မြေပဲဆီသန့်
=====================================
☎️ 09 9620 350 30
☎️ 09 2035030
အမှတ် (501), 84 လမ်း စစ်ကိုင်းလမ်းခွဲနှင့် မြို့ဟေင်းလမ်းကြား, ချမ်းမြသာစည်မြို့နယ်, မန္တလေးမြို့။


#ဘောဂမြေပဲဆီသန့်
#ဆီဈေးနှုန်း

မြေပဲအကြောင်း၁။ မြေပဲမှာ ဖက်တီးအက်ဆစ် ( fatty acids ) များစွာ ပါဝင်ပါတယ်။ ဝိတ်တက်ဖို့ အကူအညီ ပေးပါတယ်။၂။ မြေပဲမှာ အသားဓါ...
05/01/2021

မြေပဲအကြောင်း

၁။ မြေပဲမှာ ဖက်တီးအက်ဆစ် ( fatty acids ) များစွာ ပါဝင်ပါတယ်။ ဝိတ်တက်ဖို့ အကူအညီ ပေးပါတယ်။

၂။ မြေပဲမှာ အသားဓါတ် ( protein ) လုံလောက်အောင် ပါဝင်ပါတယ်။ ကြီးထွားဖို့၊ ကြွက်သားများ ပြုပြင်ဖို့၊ တည်ဆောက်ဖို့ အကူအညီ ပေးပါတယ်။

၃။ မြေပဲမှာ ဗီတာမင်၊ သတ္တုဓါတ်၊ အင်တီအောက်ဆီဒင့်နဲ့ စွမ်းအင်များပါဝင်ပါတယ်။ မြေပဲ လက်တဆုပ်လောက် စားထားရင် တနေကုန် အားအင် ရှိနေပါတယ်။

၄။ မြေပဲမှာ ပေါ်လီဖီနိုလစ် ( polyphenolic ) အင်တီအောက်ဆီဒင့်ဓါတ်တမျိုး ပါဝင်ပါတယ်။ အစာအိမ် ကင်ဆာဖြစ်ခြင်းကို ၎င်းဓါတ်က ကာကွယ်ပေးပါတယ်။

၅။ မြေပဲမှာ ဗီတာမင် အီး ( vitamin E ) အလုံအလောက် ပါဝင်ပါတယ်။ အသားအရေ စိုပြေစေပါတယ်။ ဆံပင် သန်စွမ်းစေပါတယ်။

၆။ မြေပဲမှာ ပိုတက်ဆီယမ်၊ ကောပါး၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်တို့ ပါဝင်ပါတယ်။ ၎င်းတို့က ခန္ဓာကိုယ်လုပ်ငန်းများကို ကောင်းမွန်စေပြီး၊ ရောဂါဘယကင်းဝေးစေပါတယ်။

၇။ မြေပဲမှန်မှန် စားသုံးပါက ဆီးအိမ်မှာ ကျောက်တည်ခြင်းကို၂၅% လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

၈။ မြေပဲမှာ မန်းဂနိ အလုံအလောက် ပါရှိတဲ့အတွက် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ဆီးချိုအတွက်ကောင်းပါတယ်။

၉။ မြေပဲမှာ နိုင်ယာစင်ဒြပ်စင် ( niacin element ) ပါရှိတဲ့အတွက် ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်ကို တိုးစေပါတယ်။

၁၀။ မြေပဲမျာ ဆား ( sodium )ဓါတ် နည်းနည်းပဲ ပါပါတယ်။ ဒါကြောင့် သွေးမတိုးစေပါဘူး။

၁၁။ မြေပဲမှာ အင်တီအောက်ဆီဒင့် အလုံအလောက် ပါတဲ့အတွက် အိုမင်းခြင်းကို လျော့ပါးစေပြီး ရုပ်ဆင်း တင့်တယ်စေပါတယ်။

၁၂။ မြေပဲဟာ စိတ်ကျဝေဒနာဖြစ်ခြင်းကို လျော့စေတဲ့ ဓါတ်များကိုလည်းဖန်တီးပေးပါတယ်။

၁၃။ မြေပဲက သွေးပေါင်ကို ထိန်းပေးလို့ လေဖြတ်ခြင်းကို လျော့နည်းစေပါတယ်။

၁၄။ မြေပဲမှာ ကယ်လဆီယမ် များစွာ ပါဝင်လို့ အရိုးများ သန်မာစေပါတယ်။

၁၅။ မြေပဲမှာ သံဓါတ်များစွာ ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်စေပါဘူး။

( မြေပဲဆံမှာ ကပ်နေတဲ့ အခွံမှာ ဓါတုပစ္စည်းတမျိုး ပါပါတယ်။ သူက ပရိုတိန်းဓါတ်ကို စုပ်ယူရာမှာ နှောက်ယှက်ပါတယ်
ဒီအခွံကို ဖယ်ရှားပြီးမှ စားသုံးရပါမယ်)

ကျန်းမာချမ်းသာကြပါစေ

Credit-Dr. Myint Thein


#မြေပဲဆီသန့်စစ်စစ်

Happy Myanmar Independence day...
04/01/2021

Happy Myanmar Independence day...

အညာကျေးလက်ဒေသတွေမှာ အရမ်းကြီးအေးတာမကြုံဘူးသေးတော့ မြေပဲဆီစစ်ရင် မခဲဘူးဆိုပီးအသိမှားတွေတွေးမိကြတာပါ၊   #ဘောဂမြေပဲဆီသန့်
03/01/2021

အညာကျေးလက်ဒေသတွေမှာ အရမ်းကြီးအေးတာမကြုံဘူးသေးတော့ မြေပဲဆီစစ်ရင် မခဲဘူးဆိုပီးအသိမှားတွေတွေးမိကြတာပါ၊


#ဘောဂမြေပဲဆီသန့်

ပဲဆီစစ်ရင် လုံး၀မခဲဘူး ဆိုတဲ့ အယူအဆမှား
=================================

ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုရောက်ရင် ခဲနိုင်တယ်ဆိုတာ သုတေသနပြုလုပ်သူတွေက ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီတွေကလည်း Cloud Point ရောက်ရင် ခဲတတ်ကြပါတယ်။ ဒါပေမယ့် ..
ဆီအမျိုးအစား တခုနဲ့တခုရဲ့ Cloud Point ကတော့ မတူပါဘူး။ အဲ့ဒါအပြင်…..
ဆီရဲ့ အလေးချိန်ပမာဏနဲ့ ထုထည်ကိုလိုက်ပြီးတော့ ခဲစေတဲ့အချိန်တော့ ကွာပါတယ်။ ဆီတွေဘာကြောင့်ခဲလဲဆို…

မူလဆီထွက်သီးနှံအစေ့အပေါ်ယံမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းပါးတွေက ဆီကြိတ်ခွဲတဲ့အခါ ပျော်၀င်ပြီး ဆီနဲ့အတူ ပါလာတာကြောင့် သာမာန်အခန်းအပူချိန်ထက် လျော့ကျပြီး အအေးဓာတ်လွန်ကဲတဲ့အခါမှာ ခဲတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးအများစု စားသုံးလာကြတဲ့ မြေပဲဆီအစစ်က လုံး၀ မခဲတာမျိုး မဟုတ်ဘဲ ...

မြေပဲဆီရဲ့ Cloud Point (3˚C ~ 13˚C) ရောက်ရင် မြေပဲဆီလည်း ခဲပါတယ်။ သို့သော်လည်း မြေပဲဆီက ဆီအခဲပိုင်း (Stearin) မပါ၀င်တာ ဖြစ်တဲ့အတွက် အလွယ်တကူ မခဲတဲ့အပြင် သာမာန်အပူချိန်ရောက်ရင် အရည်ပျော်တာလည်း မြန်ပါတယ်။ စားအုန်းဆီလိုမျိုး ခဲလွယ်တဲ့ အခြားဆီတွေ ရောထားရင်တော့ ခဲလွယ်ပြီး အရည်ပျော်တာလည်း ကြာပါတယ်။ စားသုံးသူတွေအနေနဲ့ …

သာမာန် အခန်းအပူချိန်မျိုးမှာတောင် အလွယ်တကူခဲစေတဲ့ Stearin ပါ၀င်တဲ့ ဆီတွေကိုတော့ မစားသုံးသင့်ပါဘူး။ လုံး၀ မခဲအောင် ဓာတုပစ္စည်းထည့်ပြီး ပြုပြင်ထားတဲ့ဆီတွေကိုလည်း မစားသုံးသင့်ပါဘူးလို့ အသိပေးလိုပါတယ်။ မခဲတိုင်း ဆီကောင်းဆီသန့်လို့ သတ်မှတ်လို့မရဘဲ ဆီရဲ့တကယ့်အရည်အသွေးကို တိုင်းတာဖို့ဆို …

♦️Oil Properties
♦️Acid Value/ FFA (Free Fatty Acid)
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Titer/Cloud Point
♦️Saponification Value
♦️Rancidity
♦️Melting Point စတဲ့အချက်တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

အခု ဖော်ပြထားတာတွေက …
ဆီတွေခဲနိုင်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာ ဖြစ်ပြီး လုံး၀ မခဲတိုင်း ဆီကောင်းဆီသန့် မဟုတ်ကြောင်း စားသုံးသူတွေကို သိစေလိုခြင်းပါ။

ကျန်းမာစေသောဆီကို ရွေးချယ်စားသုံးရင်း ပျော်ရွှင်ကျန်းမာသောနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
#ကျန်းမာစေသောဆီ

2021 နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ ..... 😍 #ဘောဂမြေပဲဆီသန့်
31/12/2020

2021 နှစ်သစ်မှာ
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ ..... 😍

#ဘောဂမြေပဲဆီသန့်

❣️ စမ်းသုံးကြည့်ပါ … ကြိုက်မှ ၀ယ်ပါ ❣️     ==========================ဘယ်လောက်ပဲ ကောင်းပါတယ်လို့ ကြေညာနေတဲ့ ပစ္စည်းဖြစ်ဖြ...
27/12/2020

❣️ စမ်းသုံးကြည့်ပါ … ကြိုက်မှ ၀ယ်ပါ ❣️
==========================

ဘယ်လောက်ပဲ ကောင်းပါတယ်လို့ ကြေညာနေတဲ့ ပစ္စည်းဖြစ်ဖြစ်

ပစ္စည်းတခုကို မ၀ယ်ခင် …

🤔 သုံးလို့အဆင်ပြေပါ့မလား…
🤔 ကြေညာထားတဲ့အတိုင်းဖြစ်ပါ့မလား
ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

အဲ့ဒါကြောင့်

မသုံးကြည့်ခင် …
နည်းနည်း စမ်းသပ်လို့ရတဲ့ပစ္စည်းမျိုးကို လူတွေ ပိုသဘောကျပါတယ်။

ပြီးခဲ့တဲ့တပတ်က ပြောခဲ့သလို
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီကို
(၁) လစာ အများကြီး မ၀ယ်ခင် စမ်းသုံးနိုင်ဖို့ ....
(၅၀) ကျပ်သား ပုလင်းလေးတွေလည်း
ကျွန်တော်တို့ ဘောဂမြေပဲဆီသန့်ကနေ ထုတ်ပေးထားပါတယ်။

(၅၀) ကျပ်သား ၂ ပုလင်း ပါ၀င်တဲ့ ၁ စုံကို - 7000 ကျပ်နဲ့ပဲ
ရောင်းချပေးတာ ဖြစ်ပြီးတော့ ..

မိဘတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့အတူ စမ်းသုံးကြည့်နိုင်ဖို့ ၀ယ်ယူနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ #ဘောဂမြေပဲဆီသန့်စစ်စစ်က ကျန်းမာရေးနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ရဲ့ ထောက်ခံချက် ရရှိထားပြီးသားဖြစ်ပြီး ….

အကောင်းဆုံးမြေပဲဆံကို သေချာသန့်စင်အခြောက်ခံပြီးမှ ကြိတ်ခွဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

#ဓာတုပစ္စည်းများလုံး၀သုံးစွဲထားခြင်းမရှိကြောင်းအာမခံပါတယ်

#အရောအနှောကင်းစင်ကြောင်းအာမခံပါတယ်

#လူမျိုးဘာသာမရွေးစားသုံးနိုင်သောမြေပဲဆီသန့်ဖြစ်ကြောင်းလည်းအာမခံပါတယ်

မြေပဲဆီစစ်မှန်ဖို့အပြင်
မြေပဲဆီရဲ့ အာဟာရဓာတ်တွေပါ မပျောက်ပျက်စေအောင် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ ထုတ်ပိုးထားတာကြောင့် #မိသားစုကျန်းမာရေး၊ အဘိုးအဘွားများ၊ ကလေးများ၏ ကျန်းမာရေးအတွက် #အထူးသင့်တော်ကြောင်း သတင်းကောင်းပေးပါရစေ။

မြေပဲဆီကို စားသုံးရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဆက်လက် ဖော်ပြပေးသွားမှာဖြစ်လို့ Page လေးကို Like and Follow လုပ်ထားပြီး ကိုယ့်မိတ်ဆွေတွေပါ သိစေဖို့လည်း လွတ်လပ်စွာ ပြန်လည် ဝေမျှပေးနိင်ပါတယ်။

ဘောဂဆီသန့်ကို မှာမယ်ဆိုရင်… 🚛🚚🚛
(၃) ပိသာနဲ့အထက်ကို
မန္တလေးမြို့နယ်အတွင်းဆို အိမ်တိုင်ရာရောက် အခမဲ့ လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး…

ရန်ကုန်၊ နေပြည်တော် နဲ့ အခြား မြို့နယ်များအတွက်ဆို ….
ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

တဆင့်ပြန်လည်ရောင်းချလိုသူတွေအနေနဲ့ ….
လက်ကားစျေးနှုန်းကိုတော့ ဖုန်းဖြင့်ဖြစ်စေ၊ Chat Box မှာဖြစ်စေ စုံစမ်းလို့ရပါတယ်။

ဘောဂဆီစက်နှင့် ဘောဂအမှတ်တံဆိပ် မြေပဲဆီသန့်
=====================================
☎️ 09 9620 350 30
☎️ 09 2035030
အမှတ် (501), 84 လမ်း စစ်ကိုင်းလမ်းခွဲနှင့် မြို့ဟေင်းလမ်းကြား, ချမ်းမြသာစည်မြို့နယ်, မန္တလေးမြို့။


#ကျန်းမာစေသောဆီ

🎄🎅 Merry X'mas to you all 🎅🎄⛺ The year we stayed Home ⛺⛄🎁 ပျော်ရွှင်စရာ Christmas အချိန်အခါလေး ဖြစ်ပါစေ ... 🩺🩸 ပျော်ရွှင...
24/12/2020

🎄🎅 Merry X'mas to you all 🎅🎄

⛺ The year we stayed Home ⛺

⛄🎁 ပျော်ရွှင်စရာ Christmas အချိန်အခါလေး ဖြစ်ပါစေ ...

🩺🩸 ပျော်ရွှင်ဖွယ်အချိန်လေးတွေကို ကိုယ့်အိမ်ထဲမှာပဲ မိသားစုနဲ့အတူ ဖန်တီးကြပါလို့ ဘောဂဆီစက်မှ တိုက်တွန်းပါရစေ ... 🎁⛄

❣️တနေ့ကို ၇၀၀ ကျပ်လောက်သုံးရုံနဲ့ ကျန်းမာစေတဲ့ဆီကို စားသုံးနိုင်ပါတယ်❣️=====================================အိမ်တအိမ်မှာ...
19/12/2020

❣️တနေ့ကို ၇၀၀ ကျပ်လောက်သုံးရုံနဲ့ ကျန်းမာစေတဲ့ဆီကို စားသုံးနိုင်ပါတယ်❣️
=====================================

အိမ်တအိမ်မှာ
တနေ့ကို ဆီ (၁၀) သား ကုန်မယ်ဆို
တလမှ (၃) ပိသာခန့်သာ ကုန်မှာ ဖြစ်ပါတယ်။ ဆီ (၃) ပိဿာရဲ့ ကုန်ကျငွေက ကိုယ်သုံးတဲ့ ဆီအမျိုးအစားကိုလိုက်ပြီး ကွာသွားနိုင်ပါတယ်။ ဆီအမျိုးအစား ကွာတာနဲ့အတူ ရရှိလာနိုင်တဲ့ အကျိုးလည်း ကွာမှာဖြစ်ပါတယ်။
ကျန်းမာရေးအတွက် မသင့်တော်တဲ့ ပြည့်၀ဆီတွေက စျေးသက်သာပေမယ့် ... သုံးစွဲမှုကြာလာတာနဲ့ အမျှ ခန္ဓာကိုယ်ကို ရောဂါတွေဖြစ်စေပြီး .... ဘေးအန္တရာယ် ဖြစ်စေပါတယ်။ သို့ပေမယ့် ....

ကျန်းမာရေးအတွက်သင့်တော်ပြီး ...

ဘိုးဘွားများလက်ထပ်တည်းက အသုံးပြုခဲ့ကြတဲ့ မြေပဲဆီ၊ နှမ်းဆီ တွေကို သုံးမယ်ဆိုရင်တော့ ဆီကြောင့် ဘေးဥပါဒ် ဖြစ်နိုင်ချေနည်းပြီး မြေပဲဆီမှာပါတဲ့ အာဟာရတွေကိုပါ ခန္ဓာကိုယ်က ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြေပဲဆီစစ်စစ်ရဲ့ စျေးနှုန်းက ပြည့်၀ဆီတွေလို စျေးမနည်းပေမယ့် ....

ကျန်းမာရေးအတွက် အဓိကထားပြီး တလစာ ပျမ်းမျှ ပြန်တွက်မယ်ဆိုရင် ...

ကျွန်တော်တို့ ဘောဂမြေပဲဆီစက်က ထုတ်လုပ်တဲ့ ြီးသားဘောဂမြေပဲဆီသန့်စစ်စစ်ဆို

စျေးနှုန်းက
(၃) ပိသာမှ ၂၁,၀၀၀ ကျပ်သာ ရှိပါတယ်။

ဒါက တလလုံးစာ ဖြစ်ပြီး ...
တစ်ရက်ချင်းပြန်တွက်ရင် ၇၀၀ ကျပ်ခန့်သာ ကုန်ကျနိုင်ပါတယ်။ အဲ့ဒီကုန်ကျစရိတ်ကို သုံးရုံနဲ့

မသန့်ရှင်းသော ဆီကြောင့်ဖြစ်တဲ့ ...

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အ၀လွန်ရောဂါ၊ အသည်းအဆီအဖုံးရောဂါတွေကို
ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် #ကျန်းမာစေတဲ့ဆီကိုသာ သုံးစွဲကြဖို့ တိုက်တွန်းပါရစေ။

FDA ရပြီးသား မြေပဲဆီသန့်စစ်စစ်ကို သုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဘောဂဆီသန့်ကို ဝယ်ယူသုံးစွဲနိုင်ကြောင်း ပြောပြပါရစေ။ ဘာကြောင့်လဲဆိုတော့ …

ကျွန်တော်တို့ရဲ့ ဘောဂမြေပဲဆီသန့်စစ်စစ်က ကျန်းမာရေးနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ရဲ့ ထောက်ခံချက် ရရှိထားပြီးသားဖြစ်ပြီး ….

အကောင်းဆုံးမြေပဲဆံကို
သေချာသန့်စင်အခြောက်ခံပြီးမှ ကြိတ်ခွဲထုတ်လုပ်ထားတာ ဖြစ်တာကြောင့်ပါ။ ဘောဂမြေပဲဆီသန့်က

#ဓာတုပစ္စည်းများလုံး၀သုံးစွဲထားခြင်းမရှိကြောင်းအာမခံပါတယ်

#အရောအနှောကင်းစင်ကြောင်းအာမခံပါတယ်

#လူမျိုးဘာသာမရွေးစားသုံးနိုင်သောမြေပဲဆီသန့်ဖြစ်ကြောင်းလည်းအာမခံပါတယ်

မြေပဲဆီစစ်မှန်ဖို့အပြင်
မြေပဲဆီရဲ့ အာဟာရဓာတ်တွေပါ
မပျောက်ပျက်စေအောင် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ ထုတ်ပိုးထားတာကြောင့်
#မိသားစုကျန်းမာရေး၊ အဘိုးအဘွားများ၊ ကလေးများ၏ ကျန်းမာရေးအတွက် #အထူးသင့်တော်ကြောင်း သတင်းကောင်းပေးပါရစေ။

မြေပဲဆီကို စားသုံးရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဆက်လက် ဖော်ပြပေးသွားမှာဖြစ်လို့ ဘောဂမြေပဲဆီသန့် Page လေးကို
Like and Follow လုပ်ထားပြီး
ကိုယ့်မိတ်ဆွေတွေပါ သိစေဖို့လည်း လွတ်လပ်စွာ Share လုပ်ရင်း ပြန်လည် ဝေမျှပေးနိင်ပါတယ်။

ဘောဂဆီသန့်ကို မှာမယ်ဆိုရင်…

မန္တလေးမြို့နယ်အတွင်းဆို အိမ်တိုင်ရာရောက် အခမဲ့ လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး…

ရန်ကုန်၊ နေပြည်တော် နဲ့ အခြား မြို့နယ်များအတွက်ဆို …. ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

တဆင့်ပြန်လည်ရောင်းချလိုသူတွေအနေနဲ့ ….
လက်ကားစျေးနှုန်းကိုတော့ ဖုန်းဖြင့်ဖြစ်စေ၊ Chat Box မှာဖြစ်စေ စုံစမ်းလို့ရပါတယ်။

ဘောဂဆီစက်နှင့် ဘောဂအမှတ်တံဆိပ် မြေပဲဆီသန့်
☎️ 09 9620 350 30
☎️ 09 2035030
အမှတ် (501), 84 လမ်း စစ်ကိုင်းလမ်းခွဲနှင့် မြို့ဟေင်းလမ်းကြား, ချမ်းမြသာစည်မြို့နယ်, မန္တလေးမြို့။



#ကျန်းမာစေသောဆီ

မနက်စာ အတွက်လား .... ?ညစာ အတွက်လား .... ?Credit : Hello ဆရာ၀န် #ကျန်းမာရေး
15/12/2020

မနက်စာ အတွက်လား .... ?
ညစာ အတွက်လား .... ?

Credit : Hello ဆရာ၀န်
#ကျန်းမာရေး

11/12/2020

#စားသုံးဆီတွေရဲ့သက်တမ်း
====================
♦ ဆီတွေမှာ သက်တမ်းကုန်ဆုံးရက် ရှိလား … ?

🔘 စားသုံးဆီတွေမှာ သက်တမ်းကုန်ဆုံးရက် (Expire Date) ရှိပါတယ်…. ဒါပေမယ့် ဆီတခုနဲ့တခုတော့ မတူပါဘူး။
ကျွန်တော်တို့ သုံးစွဲနေတဲ့ဆီတွေမှာ
ဆီအမျိုးအစား၊ ဆီ ထုတ်လုပ်ပုံနဲ့ သိုလှောင်ပုံ အပေါ် မူတည်ပြီး ဆီတွေရဲ့ သက်တမ်းကွာပါတယ်။

♦ ဆီတွေကို ဘယ်လိုထားသင့်လဲ … ?

🔘 များသောအားဖြင့် နေ့စဉ်သုံးစွဲနေတဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ တွေကို အေးပြီးခြောက်သွေ့တဲ့နေရာမှာသာ သိမ်းဆည်းသင့်ပါတယ်။ အဲ့ဒါအပြင်
ပြင်းထန်တဲ့နေရောင်ခြည်ဟာ ဆီရဲ့ အာဟာရဓာတ်တွေကို ပျက်စီးစေပြီး အနံ့နဲ့အရသာကို ပြောင်းလဲစေတာကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တဲ့နေရာမှာသာ သိမ်းဆည်းရပါမယ်။

♦ အဖုံးဖွင့်ပြီးသား ဆီပုလင်းတွေက ဘယ်လောက်ကြာကြာ ဆက်သုံးလို့ရလဲ … ?

🔘 အဖုံးဖွင့်ပြီးသား ဆီပုလင်းတွေက လေလုံအောင်ပိတ်ထားတဲ့ ဆိုင်ကပုလင်းတွေထက် သက်တမ်းကုန်ဆုံးရက် ပိုမြန်ပါတယ်။
အဲ့ဒါကြောင့်

ဆီထုတ်လုပ်ရောင်းချသူတွေအနေနဲ့ ဆီထုတ်ပိုးတဲ့အခါ …
သန့်ရှင်းတဲ့နေရာ၊ အနံ့မရှိတဲ့နေရာမှာ ခြောက်သွေ့သန့်စင်တဲ့ ပုလင်းများကိုသာ အသုံးပြုပြီး တခါတည်း ဆီကို ထည့်သွင်းပြီး လေလုံအောင် အဖုံးပိတ်ရတာ ဖြစ်ပါတယ်။
ဆီကို ထုတ်ပိုးတဲ့အခါ ဆီရဲ့ အရည်အသွေးကို မထိခိုက်စေဖို့ အထူးဂရုစိုက်ရပါတယ်။ မခြောက်သွေ့တဲ့ ပုလင်းတွေဟာ ရေဓာတ်ပါဝင်မှု ရှိတာကြောင့် မှိုပေါက်ပွားမှုကို ဖြစ်စေပါတယ်။

♦ ဆီတွေရဲ့ပျမ်းမျှသက်တမ်းက ဘယ်လောက်ရှိလဲ….?

🔘အရမ်းနုတဲ့ နှမ်းဆီကတော့ ၆ လ ကနေ ၈ လကြားထက်ပိုပြီး ကြာအောင်မထားတာ အကောင်းဆုံးပါ။

မြေပဲဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီတွေရဲ့ ပျမ်းမျှသက်တမ်းက ပုံမှန်ဆို ၁ နှစ်ကနေ ၃ နှစ်အထိ ရှိပါတယ်။

ဆီတွေဟာ ပုံမှန်အားဖြင့် Shelf Life သက်တမ်း ၂ နှစ်ရှိတတ်ကြပြီး Opened လုပ်ပြီးသားဆီကတော့ သေချာစွာထုပ်ပိုးထားတဲ့ ဗူးအသစ်တွေထက် သက်တမ်းများစွာနည်းပါတယ် … အဲ့ဒါကြောင့်
နေ့စဥ်သုံးစွဲနေတဲ့ ဆီကိုလည်း နဂို မူလ အရသာ၊ အနံ့ မပျက်စီးစေဖို့ ...
အဖုံးဖွင့်ပြီးတိုင်း လေလုံအောင် သေချာပြန်ပိတ်တာ.
နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့စေတာမျိုးနည်းတွေနဲ့ သေချာ သိမ်းဆည်းသင့်ပါတယ်။
~.~.~

စားသုံးသူတွေအနေနဲ့...

ကိုယ်၀ယ်ယူမယ့် ဆီတွေရဲ့ သက်တမ်းကို ဘူးခွံတွေမှာ သေချာ ဖတ်ရှု၀ယ်ယူနိုင်ပြီးတော့ မူလအနံံ့အရသာပျက်နေတဲ့ ဆီတွေကိုတော့ မစားသုံးသင့်ပါဘူး။

ဆီထုတ်လုပ်သူတွေအနေနဲ့လည်း ...

မိမိထုတ်ကုန်ရဲ့

1) Manufacturing Date (ထုတ်လုပ်သည့်ရက်စွဲ)
2) Expired Date (သက်တမ်းကုန်ဆုံးမည့်ရက်စွဲ)
3) Ingredients (ပါဝင်ပစ္စည်း)

တွေကို သေချာမှန်ကန်စွာ ဖော်ပြသင့်သလို .. ဝယ်ယူသူတွေအနေနဲ့လည်း မဝယ်ယူခင် သေချာစစ်ဆေးသင့်ကြောင်း ဗဟုသုတအနေနဲ့ ဝေမျှလိုက်ရပါတယ်။

Crd;
#မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း
#ကျန်းမာစေသောဆီ

Address

အကွက်(၅၀၁)၊ ၈၄ လမ်း စစ်ကိုင်းလမ်းခွဲ နှင့် မြို့ဟောင်းလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊
Mandalay

Telephone

+959962035030

Website

Alerts

Be the first to know and let us send you an email when Bawga Peanut Oil-ဘောဂမြေပဲဆီသန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share