real attitude online help RAOHe

real attitude online help RAOHe online services

27/02/2024

အမျိုးသားများ အထူးသတိထား
----------------

ဗုဒ္ဓ ဘာသာဝင်တွေအတွက် သရဏဂုံ တည်ခြင်း နဲ့ ငါးပါးသီလ လုံခြုံဖို့အတွက် အင်မတန် အရေးကြီး လှတယ်၊ ဘာ့ကြောင့်လည်း ဆိုတော့ လူတွေဟာ မထင်မှတ်ပဲ ရုတ်တရက် သေဆုံးတတ်ကြတယ်၊
ရုတ်တရက်သေ ဆုံးခဲ့ရင် သရဏဂုံ တည်ခြင်းနဲ့ ငါးပါးသီလ လုံခြုံမူဟာ နောက်ဘဝအတွက် အပယ်ကလွတ်ပြီး နတ်ရွာနိဗ္ဗာန်ကို ပို့ဆောင်နိုင်စွမ်း ရှိလို့ပါပဲ။

သရဏဂုံ ဟာ တကြိမ်ယူပြီးရင် တသက်လုံးတည်ပေမဲ့ ငါးပါးသီလ ကတော့ ခဏခဏ ကျိုးတတ်ပြီး ကျိုးတိုင်း သီလ ပြန်ဆောက်တည်ဖို့ လိုပါတယ်၊
ဒါ့ကြောင့် မိမိအိမ်က ဘုရားကျောင်းဆောင် ရှေ့မှာ ညစဥ် ငါးပါးသီလ ပြန်လည်ဆောက်တည်ဖို့ လိုအပ်လှတယ်၊၊

ဒီနေရာမှာ တခုပြောချင်တာက အိမ်ရှင်ယျောကျ်ားတွေပါပဲ။

အိမ်ရှင်မတွေဟာ ညတိုင်းလိုလို ဘုရားကျောင်းဆောင်ရှေ့ရောက်တတ် ကြပြီး ပန်းရေချမ်း ဆီမီး ကပ်ဖြစ်ကြတယ် သရဏဂုံ နဲ့ ငါးပါးသီလ ကို နေ့စဥ် ဆောက်တည်ဖြစ်ပေမဲ့ အမျိုးသားတော်တော်များကတော့ ဘုရားကျောင်းဆောင်ရှေ့ကို သိပ်ပြီး မရောက်ဖြစ်ကြဘူး၊ သရဏဂုံ တည်ပေမဲ့ ငါးပါးသီလ ကတော့ ခဏခဏ ကျိုးဖြစ်ကြတယ်။ အထူးသဖြင့်တော့ အကြောင်းအမျိုးမျိုးနဲ့ မူးယစ်သောက်စားကြတာများတယ်။

လင်မယား သားအမိ ဆိုပေမဲ့ ကုသိုလ်ရေးကတော့ ကိုယ်လုပ်မှ ကိုယ်ရတာပါ၊
လင်က ပစ္စည်းဥစ္စာ ရှာပေး လို့ မယားက ကုသိုလ်ပြုပေမဲ့ ရတဲ့ကုသိုလ်ကျတော့ လင်ကမရပါဘူး၊ မယားကပဲ ကုသိုလ်ရတာပါ၊
ကုသိုလ်ရေးကတော့ လုပ်တဲ့သူပဲ ရမှာပါ။ ယျောကျ်ားရှာတာ မှန်ပေမဲ့ မိန်းမလုပ်ရင် မိန်းမပဲရတာပါ နှစ်ဦးစလုံး ရချင်ရင်တော့ စောစီးစွာ ကြိုတိုင်ပင်ပြီး လုပ်ရင်တော့ နှစ်ယောက်လုံးရပါတယ် ဒါလည်း မှတ်သားစရာပါပဲ။

အိမ်ရှင်ထီးတွေဟာ အပြင်လောကမှာ စီးပွား ရှာရတဲ့အတွက် ငါးပါးသီလ ကျိုးဖို့လည်း လွယ်ကူတတ်ပါတယ်၊
ဒါ့ကြောင့် အိမ်ရှင်ထီး တွေအတွက် ငါးပါးသီလ ပြန်လည်ဆောက်တည်ဖို့ ဘုရားရှင် ရှေ့ကို တနေ့တခေါက်လောက်တော့ ရောက်ရှိပြီး ငါးပါးသီလ ပြန်လည် ဆောက်တည်ဖို့ လိုအပ်လှပါတယ်။

လူဆိုတာ အချိန်မရွေး နေရာမရွေး ရုတ်တရက် သေတတ်တာမို့ သေတဲ့အခါ သရဏဂုံ တည်ပြီး ငါးပါးသီလ လုံခြုံစွာနဲ့ သေရင် အပယ်ဘုံက လွတ်ပြီး သုဂတိ ဘုံတော့ ရောက်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် အမျိုးသားတွေအတွက် နေ့ဘက် အလုပ် လုပ်ပြီး ညဘက်ကျရင် ဘုရားကျောင်းဆောင်ရှေ့မှာ သရဏဂုံဆောက်တည်ပြီး ငါးပါးသီလ ပြန်လည်ဆောက်တည်ဖို့ အရေးကြီးပါကြောင်း
သတိပေး တိုက်တွန်း လိုက်ပါရစေ။

နောက်တချက်က ဒီအချိန်ဟာ ကပ်ဘေးအချိန်မို့ ခင်ပွန်းကြီးဒဏ်ဆယ်ပါးသင့်သူတွေ အနေနဲ့ ဘုရားရှိခိုးတိုင်း ခင်ပွန်းကြီးဆယ်ပါးကို ညစဉ်ကန်တော့သင့်ပါတယ် ဆိုင်ရာ ဆိုင်ရာ ပုဂ္ဂိုလ်တွေက ကယ်ချင်ပေမဲ့ ပြစ်မှားထားရင် ကယ်ဖို့ မလွယ်ပါဘူး ဒါ့ကြောင့် ကန်တော့ဖို့ အထူးသတိပေးချင်ပါတယ်

အထူးသဖြင့် ခင်ပွန်းကြီးဆယ်ပါးပြစ်မှားတာကျတော့ အမျိုးသမီးတွေ အဖြစ်များတတ်တယ် ကိုယ့်ယျောကျ်ားကို စော်ကားပြစ်မှားတာဟာ ဒဏ်သင့်တတ်လို့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ယျောကျ်ားအပေါ် အပြောအဆို အပြုအမူတွေ အထူးဂရုစိုက်ကြဖို့လည်း သတိပေးချင်ပါတယ်။

မေတ္တာဖြင့်

25/02/2024

PAGE က Reach ကျ
like ကမရ ရောင်းအားကျ
နေပြီလား

promote
Boost ထိုး
$ တွေ ကုန်ကျများနေပြီလား

reach
Engagement
Message ကို တကယ်

ရချင်တယ်ဆိုယင်တော့
Post ရဲ့ Photo နဲ့ content ရေးသားမှုကို ပြင်ဆင်ကြည့်ပါ။

Address

Mandalay

Opening Hours

Monday 18:00 - 23:55
Tuesday 18:00 - 23:55
Wednesday 18:00 - 23:55
Thursday 18:00 - 23:55
Sunday 18:00 - 23:55

Website

Alerts

Be the first to know and let us send you an email when real attitude online help RAOHe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to real attitude online help RAOHe:

Share