Digital Marketing Myanmar

🇲🇲️🇲🇲️တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ( 𝟐𝟏.𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫.𝟐𝟎𝟏𝟗 ) ရက် မြန်မာတို့ရဲ့ ကိုလိုနီအုပ်ချုပ်မှု လက်အောက်မှလွတ်မြောက်ရ...
22/11/2019

🇲🇲️🇲🇲️တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ( 𝟐𝟏.𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫.𝟐𝟎𝟏𝟗 ) ရက် မြန်မာတို့ရဲ့ ကိုလိုနီအုပ်ချုပ်မှု လက်အောက်မှ
လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် “(၉၉) ကြိမ်မြောက် အမျိုးသားနေ့” ကို Digital Marketing Myanmar မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။


🇲🇲️🇲🇲️တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ( 𝟐𝟏.𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫.𝟐𝟎𝟏𝟗 ) ရက် မြန်မာတို့ရဲ့ ကိုလိုနီအုပ်ချုပ်မှု လက်အောက်မှ
လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် “(၉၉) ကြိမ်မြောက် အမျိုးသားနေ့” ကို Digital Marketing Myanmar မှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။🇲🇲️🇲🇲️

ဒီနေ့ကျရောက်တဲ့ ဒီပဝါလီနေ့မှာ ဟိန္ဒူဘာသာဝင် မိတ်ဆွေများအားလုံး ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်န...
26/10/2019

ဒီနေ့ကျရောက်တဲ့ ဒီပဝါလီနေ့မှာ ဟိန္ဒူဘာသာဝင် မိတ်ဆွေများအားလုံး ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Digital Marketing Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။




Digital Marketing Myanmar (DMM) မှ ဝါဆိုလပြည့် (ဓမ္မစကြာနေ့)အတွက် ဖန်တီးထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။ လူကြီးမင်းတို့၏ စီးပွာ...
16/07/2019

Digital Marketing Myanmar (DMM) မှ ဝါဆိုလပြည့် (ဓမ္မစကြာနေ့)အတွက် ဖန်တီးထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။ လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို DMM နှင့်ဆက်သွယ်အပ်နှံနိုင်ပါသည်။

25/06/2019

Job Vacancy Announcement

Position - Digital Marketing Specialist (F/M)
Salary is negotiable

Requirements
ďż˝ Any Graduate



Job Vacancy Announcement

Position - Digital Marketing Specialist (F/M)
Salary is negotiable

Requirements
ďż˝ Any Graduate
� Digital Marketing နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူဖြစ်ရမည်။
� SEO, SEM, Google Adwords, Facebook Insights များတွင် ကျွမ်းကျင်ဗဟုသုတရှိသူဖြစ်ရမည်။
� Entertainment Industry တွင် အတွေ့အကြုံရှိသူဖြစ်ရမည်။
� အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရမည်။
ယခုအလုပ်အကိုင်နှင့်ပတ်သက်ပြီး စိတ်ဝင်စားပါက CV ကို [email protected] သို့ပို့ပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါသည်...

Digital Marketing Myanmar (DMM) မှ ကဆုန်လပြည့် (ဗုဒ္ဓနေ့)အတွက် ဖန်တီးထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။ လူကြီးမင်းတို့၏ စီးပွားရေ...
18/05/2019

Digital Marketing Myanmar (DMM) မှ ကဆုန်လပြည့် (ဗုဒ္ဓနေ့)အတွက် ဖန်တီးထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။ လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို DMM နှင့်ဆက်သွယ်အပ်နှံနိုင်ပါသည်။

Digital Marketing Myanmar (DMM) မှ အလုပ်သမားနေ့အတွက် ဖန်တီးထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။ လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်...
09/05/2019

Digital Marketing Myanmar (DMM) မှ အလုပ်သမားနေ့အတွက် ဖန်တီးထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။ လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းများကို DMM နှင့်ဆက်သွယ်အပ်နှံနိုင်ပါသည်။

ကျမတို့ Digital Marketing မြန်မာမှ GW-1 အထူးအထွက်တိုးစပါး ကိုတာဝန်ယူေ ကြငြာခွင့်ရတဲ့အတွက်အထူးပင်ဂုဏ်ယူမိပါတယ်။ ပြီးခဲတဲ့...
04/05/2019

ကျမတို့ Digital Marketing မြန်မာမှ GW-1 အထူးအထွက်တိုးစပါး ကိုတာဝန်ယူေ ကြငြာခွင့်ရတဲ့အတွက်အထူးပင်ဂုဏ်ယူမိပါတယ်။ ပြီးခဲတဲ့တစ်လအတွင်း တောင်သူများစွာနဲဆက်သွယ်ခဲ့ပြီး လိုအပ်ချက်များ ကိုထောက်ပြအကြံဥာဏ်ပေးနိုင်ခဲ့ပါတယ်။ နောင်လည်း မြန်မာတစ်နိုင်ငံလုံးကတောင်သူတွေ အထူးအထွက်တိုးစပါးနဲ့ စီပွားတိုးနိုင်အောင် အသိပညာတွေဆက်လက်ဖြန်ဝေ ပေးသွားမှာဖြစ်ပါတယ်ရှင်..
https://www.facebook.com/gw1rice/ မှာသွားရောက်လေ့လာကြည့်ရှူနိုင်ပါတယ်ရှင်

🙏သင်္ကြန်ပိတ်ရက် ကြေငြာခြင်း🙏🌺ချစ်ခင်လေးစားရပါသော Customer များရှင့်.....🌺🌟Digital Marketing Myanmar ၏ သင်္ကြန်ပိတ်ရက်အဖြစ်🙏...
12/04/2019

🙏သင်္ကြန်ပိတ်ရက် ကြေငြာခြင်း🙏
🌺ချစ်ခင်လေးစားရပါသော Customer များရှင့်.....🌺
🌟Digital Marketing Myanmar ၏ သင်္ကြန်ပိတ်ရက်အဖြစ်
🙏13.4.2019 ရက်မှ 21.4.2019 ရက်နေ့အထိ ပိတ်မည်ဖြစ်ပြီး 22.4.2019 ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ကြိုတင်အသိပေး ကြေငြာအပ်ပါသည်။🌟
🙏🙏Digital Marketing Myanmar ၏ Customer များအားလုံး
နှစ်သစ်မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး
စီးပွားလာဘ်လာဘများ ကြီးပွားတိုးတက်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏

တပ်မတော်နေ့သည် နှစ်စဉ် မတ်လ(၂၇)ရက် ဖြစ်သည်။-----တပ်မတော်၏ ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးအ...
27/03/2019

တပ်မတော်နေ့သည် နှစ်စဉ် မတ်လ(၂၇)ရက် ဖြစ်သည်။
-----
တပ်မတော်၏ ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးအား ရဟန်းရှင်လူပြည်သူများနှင့် စုပေါင်းညီညာစွာဆင်နွဲခဲ့ကြခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထိုစဉ်က ပါဝင်ဆင်နွဲခဲ့ကြသော တစ်ပြည်လုံးအတိုင်းအတာနှင့်ချီသည့် တော်လှန်ရေးသမားများအား ဂုဏ်ပြုသောအားဖြင့် တော်လှန်ရေး အတိအလင်းစတင်ရန်သတ်မှတ်ရက်စွဲ ၁၉၄၅ ခု မတ်လ ၂၇ အား ရည်မှန်းကာ တော်လှန်ရေးနေ့ကို သတ်မှတ်ကျင်းပလာခဲ့သည်။
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့ရောက်တိုင်း ဂုဏ်ပြုကျင်းပလာမြဲဖြစ်သော တော်လှန်ရေးနေ့ကို မူဝါဒ အသစ်များဖြည့်စွက်ပေါင်းစပ်ကာ တပ်မတော်နေ့ဟု အသွင်သစ်ဖြင့် ကျင်းပလာခြင်းဖြစ်သည်။

ref - wiki

စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်စေဖို့ Digital Marketing Myanmar (DMM) မှ စနစ်တကျဝန်ဆောင်မှုပေးနေပါသည်။

👉👉သင့် page ကနေ ရောင်းအား တက်စေဖို့ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းများ အပိုင်း (၁)-------------------------အခုဒီဂျစ်...
28/02/2019

👉👉သင့် page ကနေ ရောင်းအား တက်စေဖို့ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းများ အပိုင်း (၁)
-------------------------
အခုဒီဂျစ်တယ် ခေတ်ကြီးမှာ page ကို အောင်မြင်အောင် အမျိုးမျိုးစမ်းသပ် သင်တန်းတွေဖွင့် သီအိုရီတွေအများကြီးရှိတဲ့အထဲမှ အရမ်းအရေးကြီးပြီး ရိုးရှင်းလွယ်ကူတဲ့အချက် ၄ ချက်ကို DMM မှ တင်ဆက်ပေးလိုက်ပါတယ်။

🌹 ၁။ တစ်ပတ်မှာ အနည်းဆုံး post (၅) ခုတင်ပါ။
-----------------------
ဒီနည်းလမ်းကတော့ ကိုယ် Page နဲ့ customer တွေ အဆက်ပြတ်မနေစေဖို့ဖြစ်ပါတယ်။ အဲမှ Page ကအမြဲတမ်း update တွေနဲပြည့်နေပြီး ဝင်ကြည့်တဲ့သူတွေ date ကိုကြည့်လိုက်တဲ့အခါမှာလည်း active ဖြစ်နေစေပါမယ်။ ဘယ်သူမှ သတင်းစာအဟောင်းနဲ မဂ္ဂဇင်းအဟောင်းတွေကိုဖတ်ချင်မှာမဟုတ်ပါဘူး အသစ်ကိုပဲအမြဲဆာလောင်နေကြတာပါ။

🌹 ၂။ အချိန်မှန်တင်ပါ။
-------------
ဒီနည်းလမ်းက ရိုးရှင်းပါတယ်။ သင်စီးပွားရေးအမျိုးအစားပေါ်မူတည်ပြီး လူတွေစိတ်ဝင်စားမှုအရှိဆုံး အချိန်ကိုရွေးပါ။ ဒီအချိန်ကို magic time လို့ခေါ်ပါတယ်။ ဥပမာ- အစားအသောက်ဆိုလူတွေဆာနေမယ့် ၁၁ နာရီလောက်တင်တာ အကောင်းဆုံးပါပဲ။ နောက်အချိန်မှန်ဖြစ်တဲ့အတွက် လူတွေစိတ်ကိုပိုစွဲစေပါတယ် ဒီအချိန်ဆိုရောက်ရောက်နေကျ မလာရင်ကိုတစ်မျိုးကြီးလိုနေသလိုလို့...

🌹 ၃။ စွဲဆောင်မှုရှိတဲ့ပုံတွေအသုံးပြုပါ။
----------------------
ဒီနည်းလမ်းက အားလုံးသိပြီးဖြစ်ပေမယ့်လည်း သေချာအသုံးပြုနိုင်သူနည်းပါးပါသေးတယ်။ graphic ကောင်းစရာမလိုပါဘူး ပုံမှန်အရောင်ဖျောတွေကြားမှာ ထင်သာမြင်သာ ထီးထီးကြီးရှိနေစေမယ့် လိမ္မော်ရောင် ခရမ်းရောင်တို့ ဆွဲဆောင်မှုရှိတဲ့ မော်ဒယ်လေးတွေ ဒေါ်လာတွေရွှေချောင်းတွေကို လုပ်ငန်းအပေါ်မူတည်ပြီးအသုံးပြုသွားရမှာပါ။

🌹 ၄။ စာသားတိုပြီးထိရောက်မှုရှိပါစေ။
-----------------------
Facebook က စာသားတွေအရမ်းများရင် သိပ်မရောက်နိုင်သလို လူတွေဖတ်တဲ့အခါကျရင်လည်းပျင်းရိစေနိုင်ပါတယ်။ အဲကြောင့်မိမိပေးချင်တဲ့ မက်ဆေ့စာသားကို ထိထိမိမိနဲ့ စိတ်ထဲစွဲနေစေမယ့်စကားလုံးတွေအသုံးပြုပါ။နောက်ကြေငြာသလိုစာလုံးတွေမလုပ်ပါနဲ့ ကိုယ်သူငယ်ချင်းကိုပြောပြနေသလို့ စကားပြောနဲသာရေးပါ။ (ဥပမာ - DMM ၏ ဝန်ဆောင်မှုများမှာ ကြေငြာပေးခြင်း၊ Like တက်အောင်လုပ်ပေးခြင်း စသည့်အများကြီးရေးမယ့်အစား... အရမ်းတော်တဲ့ DMM အဖွဲ့က.. Like တွေအများကြီးတက်အောင်လုပ်ပေးနေပြီတဲ့နော်... ဆိုတာမျိုးပေါ့)

Content Writer - artoflwin (DMM)

အရှိန်အဟုန်နှင့် တိုးတက်ဖွံ့ဖြိုးလာသော သတင်းအချက်အလက်နှင့် နည်းပညာခေတ်ကြီးတွင်စီးပွားရေးလုပ်ငန်းများသည်လည်း ခေတ်ရေစီးနှင...
14/02/2019

အရှိန်အဟုန်နှင့် တိုးတက်ဖွံ့ဖြိုးလာသော သတင်းအချက်အလက်နှင့် နည်းပညာခေတ်ကြီးတွင်စီးပွားရေးလုပ်ငန်းများသည်လည်း ခေတ်ရေစီးနှင့်အတူ လိုက်ပါတိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

ထိုသို့ ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းများအကြားတွင် ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိသော စီးပွားရေးလုပ်ငန်းများသည် ပုံမှန်ဖောက်သည်များကိုပါ လက်လွတ်လိုက်ရပြီး တိုးတက်မှုများ ကျဆင်းလာခဲ့သည်။

ပြုပြင်ပြောင်းလဲလိုသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း
နည်းပညာအခက်အခဲ ကျွမ်းကျင်သူရှားပါးမှုအခက်အခဲ စသည်တို့ကြောင့် သေချာစနစ်တကျ လုပ်ကိုင်ရန် ခက်ခဲနေပါသည်။

Digital Marketing Myanmar (DMM) ၏ရည်မှန်းချက်
မှာလုပ်ငန်းရှင်တို့အတွက် လိုအပ်သော Digital Marketing ကွက်လပ်ကို ကျွမ်းကျင်ပညာရှင်များဖြင့် သေချာစနစ်တကျ ဝန်ဆောင်မှုပေးရန်ဖြစ်ပါသည်။

What Is Digital Marketing?
Digital Marketing ဆိုတာ အင်တာနက်ကို အသုံးပြုပြီး မိမိကုန်ပစ္စည်း/ဝန်ဆောင်မှု/လုပ်ငန်းကို လူသိများအောင်/ဝယ်ယူလာအောင် Markting နည်းစနစ်များအသုံးပြုပြီးကြေငြာခြင်းဖြစ်ပါသည်။ ထိုအထဲတွင် Website တစ်ခုပြုလုပ်၍ Email များပေးပို့ခြင်း၊ Facebook၊ Twitter၊ Youtube တို့တွင် Post များတင်၍ ကြေငြာခြင်းတို့ပါဝင်ပါသည်။

What is Facebook Marketing?
မြန်မာနိုင်ငံတွင်အသုံးအများဆုံး Social Network မှာ Facebook ဖြစ်ပြီး၊ Facebook Marketing ဆိုသည်မှာ Facebook ပေါ်တွင် Business Page တစ်ခုဖန်တီး၍ Postတင်ကာကြေငြာခြင်း၊ Boost လုပ်ခြင်း၊ Customer များနှင့်တိုက်ရိုက် ဆက်သွယ်ပြောဆိုခြင်း များပြုလုပ်ပြီး မိမိ၏ လုပ်ငန်းအကြောင်း ဝန်ဆောင်မှုများအကြောင်းကို လူသိများအောင်/ဝယ်ယူလာအောင် Marketing ပြုလုပ်ခြင်းဖြစ်ပါသည်။

Facebook Mareting ကို ဘာကြောင့်ပြုလုပ်သင့်သလဲ့။
အခြားသော ကြေငြာ Media များထက်စာလျှင် ဘတ်ဂျက်နည်းနည်းဖြင့် များစွာသော customer များဆီသို့ အချိန်တိုတိုဖြင့် ရောက်ရှိစေနိုင်ခြင်း။ website တစ်ခုကဲ့သို့အကုန်အကျမများပဲ၊ မိမိလုပ်ငန်း
တည်နေရာ ဖုန်းနံပါတ် ရောင်းချမည့်ပစ္စည်းများနှင့် ဈေးနှုန်းအချက်အလက်များကို အလွယ်တကူ ရှာဖွေကြည့်ရှူနိုင်စေခြင်း။ Messenger အသုံးပြု၍ Customerများမှ တိုက်ရိုက်ဆက်သွယ်
ဝယ်ယူနိုင်ခြင်းကြောင့် လုပ်ငန်းပိုမိုတိုးတက်လာစေသဖြင့် ပြုလုပ်သင့်ပါသည်။

Facebook Marketing Plan တွင်ပါဝင်သော Services များ

၁. Page Create And Setting
အကောင့်အသစ်တစ်ခုဖွင့်ပြီး Page Create လုပ်ကာရှာရလွယ်စေရန် Page နာမည်ကအစသေချာစဉ်းစားပေးပြီး Company Profile၊ ဖုန်းနံပါတ်၊ လိပ်စာကအစ လိုအပ်သည့် Setting များကိုချိန်ညှိပေးခြင်း

၂. Reply Messages & Comments
customer များဖက်မှ message and comment များကို အသုံးဝင်အချက်အလက်များနှင့်အတူ ရုံးအချိန် အတွင်းနှင့် အစိုးရရုံးဖွင့်ရက်များအတွင်း ယဉ်ကျေးစွာပြန်လည်ဖြေကြားပေးခြင်း

၃. Attractive Contents
အတွေ့အကြုံရှိ copy/content writer များမှ လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များ၊ေ ကြငြာချင်သောအကြောင်းအရာများကို သတင်းဆောင်းပါး တစ်ပုဒ်လို စိတ်ဝင်စားဖွယ်ပြေပြစ်ကျနစွာရေးသားပေးခြင်း

၎. Creative Graphics
ဖန်တီးမှုအားကောင်းသော ဒီဇိုင်နာများမှ ပေ့ကိုအဆင့်အတန်းတစ်ခုအထိရောက်အောင် နိုင်ငံတကာအဆင့်မှီ Graphic Designs များဖြင့် ပံပိုးပေးခြင်း၊ (Logo, Cover Photo, Post Photo, Holiday Designs)

၅. Hit Target Customer
အတွေ့အကြုံရှိ Digital Maketer များမှ Audience နှင့် Customer များကိုသေချာလေ့လာဆန်းစစ်ပြီး ၀ယ်ယူနိုင်မည် Target ကိုသတ်မှတ်ကာ အချိန်ဇယားများရေးဆွဲပြီး ကြေငြာ Campaign များဖြင့် Boost လုပ်ကာ ကြေငြာပေးခြင်း

၆.Like & Reach In Short Time
Package များအတွင်းသတ်မှတ်ထားသည့် Like & Reach အရေအတွက်အပြင် Customer များအမြင်တွင်ယုံကြည့်စိတ်ချပြီး Rating ကောင်းများရရှိသည့် အောင်မြင်သော ရောင်းအားကောင်းသော Page တစ်ခုဖြစ်အောင် အပြည့်အဝတာဝန်ယူခြင်း....

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ...
11/02/2019

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။

မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တပေါင်းတစည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။

ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။

ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။

၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများနှင့် မြေပြန့်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်းဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။

ဘိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတစ်ရပ် သက်ဝင်သော အောင်ဆန်း - အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ် ၊ သခင်ဝတင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်ဗိုလ်ချုပ်အောင်ဆန်း နှင့်တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။[၁] [၂] ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။

Source from wikipedia.

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959400577776

Website

Alerts

Be the first to know and let us send you an email when Digital Marketing Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Marketing Myanmar:

Share