Thet Naing Oo

Thet Naing Oo customer service

"ကျားတစ်ကောင်လို နေထိုင်ပါ၊   ဘယ်သူ့ကိုမှ ဒုက္ခမပေးပါနဲ့"ကျားတစ်ကောင်ဟာအချိန်တိုင်း ဟိန်းဟောက်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ...
20/09/2025

"ကျားတစ်ကောင်လို နေထိုင်ပါ၊
ဘယ်သူ့ကိုမှ ဒုက္ခမပေးပါနဲ့"

ကျားတစ်ကောင်ဟာ
အချိန်တိုင်း ဟိန်းဟောက်နေဖို့ မလိုပါဘူး။
ဒါပေမဲ့ သူ့ရဲ့ ...
တိတ်ဆိတ်ခြင်းထဲမှာ အာဏာရှိတယ်၊
တည်ငြိမ်ခြင်းထဲမှာ သိက္ခာရှိတယ်၊

ပြီးတော့ "ကိုယ်က ကြီးမြတ်တယ်" ဆိုတာကို သက်သေပြဖို့ ဘယ်သူ့ကိုမှ လိုက်နှိပ်စက်ပြနေစရာ မလိုဘဲ သူ့ရပ်တည်ချက်နဲ့သူ ရှိပါတယ်။

လူတွေလည်း ဒီလိုပါပဲ။

ဘယ်လောက်ပဲ ခွန်အားကြီးပါစေ၊ တော်ပါစေ၊ ရဲရင့်ပါစေ၊ အဲဒီစွမ်းအားကို ဘယ်သူ့ကိုမှ ထိခိုက်အောင်၊ ဒုက္ခရောက်အောင် မသုံးပါနဲ့။

ကျားတစ်ကောင်လို နေထိုင်တယ်ဆိုတာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေခြင်း ဖြစ်ပါတယ်။
ကြွားလုံးထုတ်တာ မရှိဘူး၊ ရှုပ်ထွေးအောင် မလုပ်ဘူး၊

တကယ် ခွန်အားကြီး တဲ့သူ က..
အသံကျယ်ကျယ် လုပ်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ တည်ငြိမ်ပြီး ခိုင်မာတဲ့ လုပ်ရပ် တွေကနေတဆင့် တခြားသူတွေက "ခံစားမိနိုင်ပါတယ်"။

ကျားတစ်ကောင်လို နေထိုင်ပါ... ကိုယ့်ကိုယ်ကို သိပါ၊ တာဝန်ကို သိပါ၊ ဘယ် အချိန်မှာ ငြိမ်သက်သင့်တယ်ဆိုတာကို သိပါ။

ဒါဟာ သိက္ခာရှိတဲ့လူတစ်ယောက်ရဲ့
စစ် မှန်တဲ့ စွမ်းအား ပါပဲ။

အလုပ်မလုပ်ဘဲ အရေးပါချင်လို့မရဘူးမိသားစုထဲမှာအရေးပါချင်ရင် မိသားစုအတွက်ပေးဆပ်ရတယ် အနစ်နာခံရတယ် အလုပ်ထဲမှာအရေးပါချင်ရင် အလ...
05/02/2025

အလုပ်မလုပ်ဘဲ အရေးပါချင်လို့မရဘူး

မိသားစုထဲမှာအရေးပါချင်ရင်
မိသားစုအတွက်ပေးဆပ်ရတယ် အနစ်နာခံရတယ်

အလုပ်ထဲမှာအရေးပါချင်ရင်
အလုပ်အများကြီးလုပ်ရတယ်
results ကောင်းရမယ်
ကိုယ့်ကြောင့်ကိုယ့်အလုပ်ကတိုးတက်ရမယ်

သူငယ်ချင်းမိတ်ဆွေတွေထဲမှာအရေးပါချင်ရင်
အနစ်နာခံရမယ်
ရက်ရောမှုရှိရမယ် မျှတမှုရှိရမယ်
ဦးဆောင်ဦးရွက်ပြုနိုင်ရမယ်

ဘာမှအားမစိုက်ထုတ်ဘဲနဲ့ အရေးပါချင်လို့မရဘူး

ဘာရလာဒ်မှထွက်မလာဘဲနဲ့
အရာရောက်ချင်နေလို့မရဘူး

လူအများစုဖြစ်နေတဲ့ပြဿနာက
ဘာမှမလုပ်ဘဲ အရေးပါအရာရောက်ချင်နေတာ

လေနဲ့ပဲအလုပ်လုပ်နေပြီး
ဘာ results မှထွက်မလာတဲ့လူဟာ
အလိုလိုနောက်ရောက်သွားမှာပဲ။

မှန်မှန်ကန်ကန်အလုပ်လုပ်
စေတနာပါပါအလုပ်လုပ်
Attitude ကောင်းကောင်းနဲ့ပြုမူဆက်ဆံ
အနစ်နာခံစရာရှိရင် အနစ်နာခံ
ဒီလိုလူမျိုးဟာ အချိန်တစ်ခုရောက်ရင်
တစ်နေရာရာမှာ အရေးပါအရာရောက်လာမှာပဲ ။


#လူငယ်တွေအောင်မြင်ဖို့
#လေးစားစွာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

တော်လွန်းတဲ့လူတွေ အဖွဲ့အစည်းမှာ နေရာမရတတ်တာ ဘာကြောင့်လဲ။တခါတရံမှာ တအားတော်နေတဲ့သူတွေ၊ ဘွဲ့ရတော့ထိပ်ဆုံးကနေအောင်တဲ့သူတွေ ...
11/06/2024

တော်လွန်းတဲ့လူတွေ အဖွဲ့အစည်းမှာ နေရာမရတတ်တာ ဘာကြောင့်လဲ။

တခါတရံမှာ တအားတော်နေတဲ့သူတွေ၊ ဘွဲ့ရတော့ထိပ်ဆုံးကနေအောင်တဲ့သူတွေ အလုပ်လျှောက်တဲ့အခါ အလုပ်မရတတ်တာ၊ အလုပ်မှာ ရေရှည်အဆင်မပြေတာ၊ စိတ်ဓါတ်ကျရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကြုံရတဲ့ အကြောင်းရင်းတွေအများကြီးထဲက တချို့ကို ဖေါ်ပြလိုက်ပါတယ်။

“Insecure ဖြစ်တဲ့ အထက်အရာရှိ”

တခါတလေ မန်နေဂျာ၊ အထက်အရာရှိတွေက ကိုယ့်ထက်သာတဲ့လူဝင်လာမှာ ကြောက်ကြပါတယ်။ အထူးသဖြင့် traditional ဆန်တဲ့ အဖွဲ့အစည်းတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ့်အောက်ကလူက ကိုယ့်ထက်တော်သွားမှာ၊ ကိုယ့်ထက် နေရာရသွားမှာကြောက်လို့ အလုပ်မခန့်တာ၊ ရာထူးတိုးမပေးတာ၊ ဖိနှိပ်ထားတာ၊ ပညာပြတာ အစုံပါပဲ။

အမှန်တော့ ကိုယ့်အောက်မှာ လူတော်တွေရှိမှ အဖွဲ့အစည်းက တိုးတက်မှာပါ။ ကိုယ့်ထက်ညံ့တဲ့သူပဲရှိရင် တဖြည်းဖြည်း ပိုပိုညံ့လာမှာပါပဲ။ ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းက ကိုယ့်ထက်ပိုတော်တဲ့လူတွေ ခန့်ထားပြီး သူတို့အကျွမ်းကျင်ဆုံးအလုပ်တွေကို တာဝန်ပေးတာ၊ သူတို့ရဲ့ အားသာချက်တွေကို အသုံးချပြီး ပိုကောင်းတဲ့ ဌာနတစ်ခု၊ အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် တည်ဆောက်တာပါ။

ကိုယ်က ဖိနှိပ်ခံရတဲ့သူဆိုရင်တော့ သူကိုယ့်ကို ယုံကြည်လာအောင် လုပ်တာမျိုး၊ Job Rotation နဲ့ တခြား ဌာနကို ပြောင်းတာမျိုး၊ HR ကောင်းရှိတယ်ဆိုရင် အကြံဥာဏ်တောင်းကြည့်တာမျိုး လုပ်လို့ရပါတယ်။ နည်းနည်းလေး ခက်ခဲတာနဲ့ ထွက်တာမျိုးကိုတော့ အားမပေးပါဘူး။ ခဏခဏအလုပ်ပြောင်းရင် ကိုယ့် CV လည်း ထိခိုက်ပါတယ်။ အလုပ်တိုင်းမှာ အခက်အခဲဆိုတာ ရှိစမြဲမို့ ကိုယ်က ပြေလည်အောင် အစွမ်းကုန် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အရင်ကြိုးစားကြည့်ဖို့တော့လိုပါတယ်။

“ကိုယ့်ရဲ့ EGO”

တော်တဲ့ ထက်မြက်တဲ့သူတွေဆိုတာ အင်တာဗျူးမှာတည်းက သူများနဲ့ ကွဲပြားပြီး သိသာနေတတ်ပါတယ်။ ထက်မြက်တော့ တဖက်လူဘာလိုချင်တယ်ဆိုတာကို သိနေပြီး နေရာကောင်းကောင်းလည်း ရတတ်ပါတယ်။

သို့သော် လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ဒီအလုပ်ရဲ့ culture ယဉ်ကျေးမှု၊ processes လုပ်ပုံကိုင်ပုံတွေကို မလေ့လာမိဘဲ ကိုယ့်အတွေးသာမှန်တယ်၊ ငါကြိုက်တာပဲ လုပ်မယ်၊ ငါသိတာက ပိုကောင်းတယ်၊ ငါက ပိုတတ်တယ်ဆိုတာမျိုး လုပ်မိတတ်ပါတယ်။ အဲဒီအခါ အလကားနေရင်း မာနကြီးနေတဲ့၊ ထောင့်မကျိုးတဲ့၊ ယဉ်ကျေးမှုမရှိတဲ့လူအဖြစ် အမြင်ခံရတတ်ပါတယ်။ ကံမကောင်းရင် အစမ်းခန့်ဘဝမှာတင် ဇာတ်သိမ်းနိုင်ပါတယ်။

ကိုယ်က ဘယ်လောက်တော်နေနေ၊ ဘယ်လောက် ပိုသိနေနေ လူတွေရဲ့ ယုံကြည်လက်ခံမှုကို မရသေးဘဲ ပြုပြင်ပြောင်းလဲလို့ မရဘူးဆိုတာကို သတိရစေချင်ပါတယ်။ တစ်လနှစ်လအချိိန်ယူပြီး ကိုယ့်ကို ခင်မင်ရင်းနှီးအောင်နေမယ်၊ humble ဖြစ်မယ်၊ လုပ်ငန်းရဲ့ culture တွေကို သိအောင်လုပ်မယ်ဆိုရင် ပိုကောင်းတဲ့နည်းစနစ်တွေကို ချပြတဲ့အခါ လူတွေ နားထောင်ပေးပါလိမ့်မယ်။

“Image Building အားနည်းတာ”

ကိုယ်ကတော်နေပေမဲ့၊ အရည်အချင်းရှိပေမဲ့ ဘယ်သူမှ မသိဘူးဆိုရင် သင့်ရဲ့ presentation skills မှာ အားနည်းချက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ တချို့တွေက အလုပ်ကောင်းကောင်းမလုပ်ဘဲ အပြင်ပန်း expression အရမ်းကောင်းတတ်ပါတယ်။ တချို့က အလုပ်တအားလုပ်ပေမဲ့ express မလုပ်တတ်ကြပါဘူး။

နှစ်သစ်ကူးလက်ဆောင်ဝယ်ဖို့ စူပါမားကက်ကို သွားတဲ့အခါ အပြင်ပါကင် တအားလှပြီး အတွင်းက ပုပ်နေတာမျိုး ကျွန်မတို့ မလိုချင်သလို အတွင်းက အရမ်းကောင်းပေမဲ့ ထုတ်ပိုးမှု စုတ်ပြတ်နေရင်လည်း ဘယ်သူမှ လိုချင််မှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံ၊ ပြုမူပြောဆိုပုံ၊ နေထိုင်စားသောက်ပုံတွေက ကိုယ့်ကို ရာထူးအဆင့်ဆင့်အထက် ဆက်တက်နိုင်စေဖို့ အထောက်အကူပြုသလား ပြန်မေးကြည့်ပါ။ အကောင်းစားတွေဝတ်ပြီး အကောင်းစားအိတ်ကိုင်ဖို့ မလိုပါဘူး။ သို့သော် ကိုယ့်ရာထူး၊ ကိုယ့်ဂုဏ်သိက္ခာကို လေးလေးစားစား ဝတ်စားနေထိုင်တတ်ဖို့တော့ လိုပါတယ်။ အလုပ်လုပ်နိုင်တဲ့ အရည်အချင်းကိုလည်း ဖေါ်ပြ express လုပ်တတ်ဖို့ လိုပါတယ်။ ငါ့အထက်လူကြီးက automatic သိရမယ်လို့ တွေးလို့မရပါဘူး။ ကိုယ့်အနာဂါတ်ကို ကိုယ်ပဲ ပုံဖေါ်ရတာပါ။

“Soft skills အားနည်းတာ”

အလုပ်မှာတအားတော်နေတာနဲ့ မလုံလောက်ပါဘူး။ ရာထူးငယ်တဲ့အချိိန်မှာ မသိသာပေမဲ့ ရာထူးကြီးလာလေလေ လူတွေကို ခေါင်းဆောင်နိုင်တဲ့ leadership စွမ်းရည်၊ ဆက်ဆံရေးစွမ်းရည် communication၊ ညှိနှိုင်းလုပ်ဆောင်နိုင်မှုစွမ်းရည် negotiation၊ ပူးပေါင်းလုပ်ဆောင်နိုင်မှု teamwork၊ နားထောင်ခြင်း listening skills စတာတွေက အများကြီး စကားပြောလာပါပြီ။

ဒါတွေမရှိရင် တစ်ယောက်တည်းတော်နေပြီး ဘယ်သူ့ကိုမှ ဦးမဆောင်နိုင်ပါဘူး။ ဘယ်တော့မှ ရာထူးတက်မှာလည်းမဟုတ်ပါဘူး။

ကိုယ်က တအားတော်နေပြီး အလုပ်မှာ လိုချင်သလောက် ရလဒ်မရသေးဘူးဆိုရင် ထိုင်ပြီး တလောကလုံးကို အပြစ်တင်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၊ အထက်လူကြီးကို အပြစ်တင်တာမျိုးတွေ မလုပ်ဘဲ ဒီအချက်တွေထဲက တစ်ခုခု သို့မဟုတ် တခြား အချက်တွေရော ဖြစ်နိုင်လား ပြန်ဆန်းစစ်ပြီးလိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ရာ အကြံပြုလိုက်ရပါတယ်။

ထက်ရည်
15.1.2023


 #လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်...
19/11/2023

#လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်းနေဖို့ မလိုပါဘူး။

#ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကသာ နောက်ဆုံးမှာ အောင်မြင်မှုတွေနဲ့ပျော်ရွှင်စွာ ဘဝဖြတ်သန်းရမှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူ
က​​တော့ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို
ပြစ်တင်ဝေဖန်ရင်း ဇာတ်သိမ်းသွားကြရမှာပါ။

#လူ့ဘဝကတိုတိုလေးပါ။
#သူများနဲ့လိုက်ပြိုင်ပြီး အချိန်ကုန်မခံကြပါနဲ့။
#ကိုယ့်အလုပ်ကိုကိုယ်အာရုံစိုက်ရင်း မနေ့ကထက်
ဒီနေ့ ပိုသာအောင် ၊ပိုတိုးတက်အောင်၊
မိမိကိုယ်မိမိဘဲ ယှဥ်ပြိုင်သင့်ပါတယ် ။

Photo Credit

Organization တစ်ခုမှာ Change လုပ်တဲ့အခါဖြစ်ပေါ်လေ့ရှိတဲ့ Resistance လို့ခေါ်တဲ့ ဆန့်ကျင်တင်းခံတဲ့အရာတွေ လျော့ကျသွားအောင်...
14/11/2023

Organization တစ်ခုမှာ Change လုပ်တဲ့အခါ
ဖြစ်ပေါ်လေ့ရှိတဲ့ Resistance လို့ခေါ်တဲ့
ဆန့်ကျင်တင်းခံတဲ့အရာတွေ လျော့ကျသွားအောင်၊ ပေါ်ပေါက်မလာအောင် ဘယ်လိုတားဆီးသင့်ပါသလဲ။ ဘယ်လိုအချက်တွေက Change တစ်ခုကို
Fail ဖြစ်စေနိုင်ပါသလဲ
--------------------------------------------
Change လုပ်တဲ့အခါမှာ Resistance လို့ခေါ်တဲ့
ဆန့်ကျင်တင်းခံတဲ့ Response ငါးမျိုး
ဖြစ်လေ့ရှိပါတယ်။
အဲဒါတွေကတော့ . . .

၁။ Denial : Change
တစ်ခုခုလုပ်ပြီဆိုရင် လူ့သဘာ၀အရ
အလွယ်တကူလက်မခံဘဲ (Denial)
ငြင်းဆန်လေ့ရှိပါတယ်။
သိသိသာသာပဲဖြစ်ဖြစ်၊ မသိစိတ်ကပဲဖြစ်ဖြစ် အလွယ်တကူလက်မခံကြပါဘူး။
ဖြစ်လာမှာမဟုတ်ပါဘူးလို့
အရင်ယူဆလေ့ရှိပါတယ်။

၂။ Resistance :
အဲဒီ Response ကနေ နောက်ဆန့်ကျင်တဲ့အထိ
ဖြစ်လာတယ်။
ပထမစိတ်ထဲမှာ၊ ဒါမှမဟုတ် ကွယ်ရာမှာ
မဖြစ်နိုင်ပါဘူးဆိုပြီး ဆန့်ကျင်စိတ်ကနေ
ပေါ်ပေါ်ထင်ထင်ပဲ ဆန့်ကျင်တင်းခံလာတတ်တာကို
တွေ့ရပါလိမ့်မယ်။

၃။ Acceptance :
ဆန့်ကျင်တင်းခံမှုတွေကိုမှ အဖွဲ့အစည်းမှာရှိတဲ့ Management က နည်းလမ်းအမျိုးမျိုးနဲ့
ကိုင်တွယ်တဲ့အခါမှာ လက်မခံချင်၊ လက်ခံချင်နဲ့
လက်ခံတတ်လာတဲ့ Response တွေလည်း
တွေ့ရမှာ ဖြစ်တယ်။

၄။ Exploration :
Acceptance ထက် ပိုကောင်းသွားတဲ့
အခြေအနေက Exploration လို့ခေါ်တယ်။
ဒီပြောင်းလဲမှုကတော့ ငါတို့အတွက်ကတော့
အဆင်ပြေနိုင်လောက်တယ် ၊
ဖြစ်နိုင်တယ် ထင်တယ်ဆိုတဲ့ အခြေအနေကို
ရောက်လာတယ်။
အောင်မြင်မှာပါလို့လည်း ယူဆလာတယ်။

၅။ Commitment :
အဲဒါထက် ပိုကောင်းတဲ့အခြေအနေကတော့ Commitment ရှိလာတယ်။
Commitment ရှိလာတယ်ဆိုတာ
Change လုပ်ဖို့ကို သူတို့ကိုယ်တိုင်ကပါ
စိတ်ရောကိုယ်ပါ ပူးပေါင်းပါ၀င်တဲ့
Response အဆင့်ထိ ရောက်သွားတာလည်း
ရှိပါတယ်။

အရှေ့ဆုံးငြင်းဆန်တဲ့အဆင့်ကနေ
Commitment လို့ပြောတဲ့ နောက်ဆုံးစိတ်ရော
ကိုယ်ပါ လုပ်ဆောင်ချင်စိတ်ရှိသွားတဲ့
အခြေအနေထိရောက်ဖို့ဆိုရင် ပြင်ဆင်ရမယ့်
အချက်က ကိုးချက်ရှိတယ်။
ဒီကိုးချက်ကို လုပ်ဆောင်သွားမယ်ဆိုရင်
Change Management Process က
အောင်မြင်မှာဖြစ်ပါတယ်။
အဲဒါတွေကတော့ . . .

၁။ Preparation :
Change လုပ်ဖို့အတွက် Preparation
ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ပါ။
ဘယ်သူတွေကို Change လုပ်ချင်တာလဲ၊
ဘယ်အတိုင်းအတာအထိ Change လုပ်ချင်တာလဲ၊ ဘယ်တော့အကောင်အထည် စဖော်မှာလဲ၊
ဘယ်လို Approach နဲ့ Change လုပ်ဖို့
ဆိုတာတွေကို ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။

၂။ Communicate :
ပြင်ဆင်ပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ Communicate လုပ်ဖို့လိုတယ်။
အပြောင်းအလဲတွေလုပ်တော့မယ်ဆိုတာကို
၀န်ထမ်းတွေကို အသိပေးရပါတယ်။
ကိုယ်လုပ်မှာတွေကို သိရှိရဲ့လား၊ နားလည်ရဲ့လား
ဆိုတာကို သေချာအောင်လုပ်ရပါမယ်။

၃။ Opinion Leader :
တတိယအဆင့်အနေနဲ့ Opinion Leader တွေ
ထားရပါမယ်။ သူတို့က ကိုယ်ဖြစ်ချင်တဲ့
အခြေအနေတွေကို လူတွေကို Persuade
လုပ်ပေးမယ့်သူတွေပါ။
အဲဒီလူတွေကို ကိုယ်ပြောင်းလဲချင်တဲ့နေရာကို
ပါလာအောင် ဆွဲဆောင်မှုတွေလုပ်ပါတယ်။
Directly ပဲဖြစ်ဖြစ်၊ Indirectly ပဲဖြစ်ဖြစ်
ဆွဲဆောင်မှုတွေလုပ်မယ့်
Opinion Leader တွေထားရမယ်။
Change လုပ်မယ်ဆိုရင် ဒီလိုကောင်းကျိုးတွေ
ရလာမယ်၊ ဒါတွေတော့ ဖြစ်လာမယ်ဆိုတာကို
ပြောင်းလဲခြင်းမှာ ပါ၀င်မယ့်သူတွေ သိအောင်
လုပ်ဖို့လိုတယ်။

၄။ Participation :
ဒီ Change မှာ ပါ၀င်မယ့်
အဓိက Key Person တွေကို Participate
လုပ်ခိုင်းရပါမယ်။
ဒီ Change ဖြစ်စဉ်မှာ သူတို့အတွက်လည်း
သက်သောင့်သက်သာလည်းဖြစ်မယ့်
မခက်ခဲမယ့်၊ ပျော်စရာလည်း ကောင်းမယ့်
အရာတွေကို ပါ၀င်လုပ်ခိုင်းရပါမယ်။
ဒီလိုပါ၀င်ခိုင်းလိုက်တဲ့အတွက် Change ကို
စိတ်၀င်စားလာပါလိမ့်မယ်။

ဥပမာ- Organization တစ်ခုမှာ
Handbook တစ်ခု၊ Policy တစ်ခုကို
ရေးဆွဲတယ်ဆိုရင် Management ကနေ
ရေးဆွဲလိုက်ပြီးတော့ ၊
ဒါကိုလိုက်နာဆိုပြီးချလိုက်တာမဟုတ်ဘဲနဲ့
ဒါကိုသူလိုချင်တဲ့ပုံစံနဲ့ဆွဲထားပြီးသား၊
ဒါကိုချပြဖို့၊ လိုက်နာစေဖို့က အဆင်သင့်ရှိပြီးသား။

ဒါပေမဲ့ Participation ဆိုတာပါရမယ်ဆိုတဲ့ အနေအထားနဲ့ ကျွန်တော်တို့ ဆွဲထားတာကတော့
ဒီလိုပါ၊ အဆင်ပြေသလိုတော့ရှိပေမယ့်
ကျွန်တော်တို့ မမြင်တဲ့အရာလေးတွေလည်း
ရှိနိုင်တယ်။

အဲဒီတော့ ဌာနအကြီးအကဲတွေအနေနဲ့
ကျွန်တော်တို့ မမြင်နိုင်တဲ့အရာတွေ ရှိနိုင်တဲ့အတွက် ပါ၀င်ပြီးဖြည့်စွက်ပေးပါဦး။
ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးဆွဲပေးကြပါ
ဆိုပြီး သူတို့ကိုနေရာပေးရပါမယ်။
သူတို့ကလည်း သူတို့ကို သူတို့အရေးပါတယ်လို့
ယူဆလာမယ်။
အဲဒီလိုဖန်တီးမှုမှာ သူတို့ပါတယ်ဆိုတဲ့အသိနဲ့
သူတို့အောက်မှာရှိတဲ့သူတွေက မေးလာခဲ့ရင်ပဲဖြစ်ဖြစ်၊ ဆန့်ကျင်တာမျိုးရှိလာခဲ့ရင်ပဲဖြစ်ဖြစ်
ဒါကို သူတို့ကိုယ်တိုင်ဆွဲတဲ့အထဲမှာပါတယ်၊
ကိုယ်တာ၀န်ခံရမယ်ဆိုတဲ့အသိနဲ့ သူတို့ကပါ Management ဘက်ကနေပြီးတော့ ပါ၀င်ပြီး
နားလည်အောင်ရှင်းပြတာမျိုး၊
ဒီ Policy ကို ကာကွယ်လာတာမျိုး တွေ့ရနိုင်ပါတယ်။

တကယ်လည်း Top Management က
ပြည့်စုံတယ်လို့ ယူဆထားပေမယ့်
Department Head တွေကို ပါ၀င်ခွင့်
ပေးလိုက်တယ်ဆိုရင် ကိုယ်မမြင်တာ၊
လိုတာလေးတွေ ထောက်ပြတဲ့အခါ
ပိုပြည့်စုံသွားတယ်။

အဲဒီမှာမှ မကျေနပ်ဘူး၊ ဒီအချက်တော့
အဆင်မပြေဘူးဆိုပြီး ပေါ်လာနိုင်တယ်။
အဲဒီအခါ ကြိုတင်ညှိနှိုင်းပြီးတော့
Smooth ဖြစ်အောင်လုပ်လို့ရတယ်။

၅။ Training :
Change ဖြစ်စဉ်မှာ ၀င်ပါမယ့်လူတွေအနေနဲ့ Participate လုပ်လာနိုင်အောင်
Training တွေ ပေးဖို့လိုပါတယ်။
Resistance တွေလျော့ကျအောင်၊ ဖြစ်မလာအောင်၊ Control လုပ်နိုင်အောင်
Change Management လို ဘာသာရပ်တွေ
သင်ကြားပေးရမယ်။
Change လုပ်မယ့် သူရဲ့ Characteristics ကို
အသိပေးရမယ်။

၆။ Patience :
Change လုပ်ဖို့အတွက် စိတ်ရှည်ဖို့ လိုတယ်။
ဆန့်ကျင်တာတွေ၊ တင်းခံတာတွေကရှိမှာပဲ။
အဲဒါကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီးတော့
Persuade လုပ်ရမယ်။

၇။ Supporting of the boss :
ကိုယ့်အထက်မှာရှိတဲ့ အကြီးအကဲတွေရဲ့
ကူညီပံ့ပိုးမှုလိုတယ်။
ငွေကြေးတင်မကဘူး၊ အချိန်ပေးနိုင်မှု၊
အာရုံစိုက်နိုင်မှုတွေ လိုအပ်တယ်။
တချို့အဖွဲ့အစည်းတွေမှာဆို သူတို့မအားဘူးဆိုပြီး
ပါ၀င်မှုအားနည်းတယ်။
အဲဒီလိုဆို Change က မအောင်မြင်နိုင်ဘူး။

၈။ Role Model :
နံပါတ်ရှစ်အချက်က Change လုပ်တဲ့သူက
စံပြဖြစ်နေရမယ်။
သူများတွေကို စောစောလာရမယ်လို့ပြောရင်
သူကိုယ်တိုင်ကလည်း စောစောလာရမယ်။
ယုံကြည်ကိုးစားလောက်စရာ အသွင်အပြင်၊
အပြုအမူ၊ စိတ်ဓာတ်ရှိနေရမယ်။

၉။ Be the Same Member :
နောက်ဆုံးတစ်ခုအနေနဲ့ကတော့
Be the same member ပါ။
Change လုပ်တဲ့အနေနဲ့ ကျွန်တော်တို့၊
ကျွန်မတို့ သေသေချာချာကို စိစစ်ပြီးတော့မှ
Change ကို ဆောင်ရွက်တာဖြစ်ပါတယ်။
ကျွန်တော်တို့၊ ကျွန်မတို့ကို ဒုက္ခဖြစ်စေမယ့်
Change မျိုးကို လုပ်မှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် ကိုယ့်လည်ပင်းကို
ကြိုးကွင်းစွပ်မယ့်အရာကို ဘယ်သူမှလုပ်မှာ
မဟုတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Change က အဆင်ပြေလောက်တယ်လို့ ယူဆပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်ကလည်းပဲ နည်းသစ်မှာ
အတူတူလိုက်ပါပြီး ပြောင်းလဲရမှာဖြစ်တဲ့အတွက်
ကျန်တဲ့၀န်ထမ်းတွေနဲ့ ကျွန်တော်တို့ကလည်း
အတူတူပါပဲ၊ တစ်သားတည်းပါပဲဆိုပြီး
သူတို့နဲ့အတူတစ်သားတည်း ဖြစ်ပါတယ်ဆိုတာကို
ပြဖို့လိုတယ်။

အဲဒီလိုပြတော့မှ သူတို့ကိုယ်တိုင်
တစ်သားတည်းဖြစ်တယ်လို့ ယူဆလာနိုင်တယ် ။
ဒါဆိုရင် Change လုပ်တဲ့အခါမှာ
Resistance တွေ လျော့ကျသွားပါမယ်။

Organization တွေမှာ Change လုပ်တဲ့အခါ
ကျရှုံးရတဲ့အကြောင်းရင်း ၈ ခု
----------------------------------
Organization တွေမှာ Change လုပ်တဲ့အခါ
ကျရှုံးရတဲ့အကြောင်းရင်းတွေရှိတယ်။
Resistance တွေ လျှော့မချနိုင်တာမျိုးတွေရှိတယ်။
ဘာကြောင့်ကျရှုံးရတာလဲဆိုတော့ . . .

၁။ Change မှာ ဦးဆောင်တဲ့သူက
ပြည့်ပြည့်၀၀ ဦးမဆောင်တဲ့အခါ

၂။ Communication အားနည်းတဲ့အခါ

၃။ Change မှာ ဦးဆောင်တဲ့သူတွေအချင်းချင်း
Role တွေကို Create လုပ်တဲ့နေရာမှာ
မကွဲပြားတဲ့အခါ

၄။ Change လုပ်တဲ့အခါမှာ တစ်ပြိုင်တည်းမှာ
အများကြီး Change တဲ့အခါ

(ဥပမာ- တချို့ Organization တွေဆိုရင်
HR အနေနဲ့၊ Restructuring ၊
Re-engineering လုပ်နေတယ်။
ဒါပေမဲ့ လက်ရှိမှာ Organizational Development လည်းလုပ်တယ်။ ISO ကလည်း လုပ်နေတယ်။ တစ်ပြိုင်တည်း Change တွေ အများကြီးလုပ်တယ်
ဆိုရင် Focus လျော့ပြီး မအောင်မမြင်ဖြစ်တတ်တယ်။ စုပြုံပြီးမလုပ်သင့်ဘူး။)

၅။ Change လုပ်တဲ့အခါ Change Agent က Organization လည်ပတ်ပုံကိုနားမလည်တဲ့အခါ၊ Organization Culture ကို နားမလည်တဲ့အခါ

၆။ Change လုပ်ဖို့ ဇွဲမရှိတဲ့အခါ

(Resistance လေးနည်းနည်းရှိလာတာနဲ့
စိတ်ဓာတ်ကျတာတို့၊ လက်လျှော့အရှုံးပေးချင်စိတ်
ရှိတာမျိုး ဖြစ်လာရင်လည်း ကျဆုံးတယ်။)

၇။ Change လုပ်တဲ့နေရာမှာ
Empowerment - လုပ်ပိုင်ခွင့်၊ အခွင့်အာဏာကို
ခွဲဝေပေးမှု အားနည်းတဲ့အခါ

၈။ Change မှာ ပါ၀င်တဲ့ Key Person တွေက
Change လုပ်တာ နေ့စဉ်အလုပ်တွေကို
အနှောင့်အယှက်ဖြစ်စေတယ်၊
အပိုအလုပ်တွေဖြစ်တယ်လို့
Negative အမြင်နဲ့ကြည့်တဲ့အခါ၊
Change လုပ်ရတာ စိတ်၀င်စားစရာ ကောင်းတယ်၊ ပညာရတယ်လို့မမြင်ဘဲ Stress ဖြစ်တယ်လို့
ယူဆတာတွေဟာ Organization တစ်ခုမှာ
Change ကို ကျရှုံးစေတဲ့အရာတွေဖြစ်တယ်။

Credit
ဒေါက်တာတင်မမစိုး - HR Consultant cm MD, Billion Force Services Co Ltd

အလုပ်ထွက်တော့မယ်ဆိုရင် အပြုံးနဲ့ပဲနှုတ်ဆက်ခဲ့ပါ∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆အလုပ်ထွက်တော့မယ်ဆိုရင်.....ကျွန်တော်တို့ ဝန်...
28/09/2023

အလုပ်ထွက်တော့မယ်ဆိုရင် အပြုံးနဲ့ပဲနှုတ်ဆက်ခဲ့ပါ
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
အလုပ်ထွက်တော့မယ်ဆိုရင်.....

ကျွန်တော်တို့ ဝန်ထမ်းတွေဟာ
Company တစ်ခုထဲမှာ နှစ်ပေါင်းကြာရှည်စွာ
လုပ်ကိုင်နိူင်ဖို့ဆိုတာ အင်မတန်မလွယ်ကူတဲ့ ကိစ္စပါ...

အလုပ်ရှင် နဲ့ ဝန်ထမ်း
အပေးအယူမျှတဖို့ဆိုတာကလည်း
အင်မတန် ခက်ခဲလှပါတယ်....

အလုပ်ရှင် နဲ့ ဝန်ထမ်း
အပေးအယူမျှတခဲ့ရင်တောင်မှ
လုပ်ငန်းအခြေအနေက
အောင်မြင်နေဖို့လည်း လိုအပ်လှပါတယ်....

လုပ်ငန်းလည်း အောင်မြင်တယ်
ဝန်ထမ်းလည်း အောင်မြင်တယ်.....

နှစ်ဦးနှစ်ဖက်အတွက်လည်း အကျိုးဖြစ်ထွန်းတယ်ဆိုတဲ့
အခြေအနေကို ကြာရှည်စွာ
ထိန်းသိမ်းနိူင်ဖို့ဆိုတာလည်း
အကြောင်းအရင်းများစွာကို အခြေခံပါတယ် ...

နှစ်ပေါင်းများစွာ တည်ဆောက်နိူင်တယ်ဆိုရင်တော့
လုပ်ငန်းရော ဝန်ထမ်း‌ရော ကို
လေးစားစံထားရမယ်လို့ သတ်မှတ်မိပါတယ် ...

အကြောင်းအမျိုးမျိုးကြောင့်
အလုပ်တစ်ခုမှထွက်ဖို့
အကြောင်းပါလာခဲ့ပြီ ဆိုခဲ့ရင်တော့......

အောက်ပါ အချက်‌ ( ၅ ) ချက်ကို သေသေချာချာ
ဂရုစိုက်လုပ်ကိုင်ဆောင်ရွက်ဖို့လည်း
အရေးကြီးမယ်လို့ ထင်မြင်မိပါတယ် .....

၁၊ Handover သေချာစွာလွဲပြောင်းပါ
မိမိတာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အကြောင်းအရာများကို စာရွက်စာတမ်း မှတ်တမ်းမှတ်ရာဖြင့် သေချာစွာ လွဲပြောင်းအပ်နှံပါ။

၂၊ မိမိ တာဝန်ယူထားသည့် အရောင်း ကုန်ကြွေး ကုန်ပစ္စည်း နှင့် စာရင်းဇယားများကို တိကျသေချာစွာဖြင့် လက်ခံမည်သူအား ရှင်းရှင်းလင်းလင်း လွဲပြောင်းအပ်နှံပါ။

၃၊ မိမိ အသုံးပြုခဲ့သော ရုံးသုံးပစ္စည်းများနှင့် ပေးရန်ရှိသော ငွေကြေးများကို တိတိကျကျ ပြန်လည် အပ်နှံပါ (ဥပမာ-မိမိအသုံးပြုခဲ့သော Computer ထဲတွင် အလုပ်နှင့်ဆိုင်သော Folder ဘယ်နှစ်ခုရှိကြောင်း၊ ဘယ် Folder ထဲတွင် ဘာ File များရှိကြောင်းကို မှတ်တမ်းဖြင့်) ပြန်လည် အပ်နှံပါ။

၄၊ Company မှ ငွေကြေးနှင့် စာရင်းဇယားများရှင်းလင်းပြီးကြောင်း clearance letter တောင်းယူပါ၊အကယ်၍ Company မှ Handover ချက်ချင်းလွဲပြောင်းမည့်သူ
မရှိပါက ကာလတစ်ခုသတ်မှတ်၍ မိမိ၏ ငွေကြေးနှင့်
စာရင်းဇယားကို ဖြေရှင်းဆောင်ရွက်ပေးနိူင်ကြောင်း ပြန်လည် ဂတိပြုပါ။

၅၊ အလုပ်ထွက်ရန် သတ်မှတ်ထားသော ကာလအတွင်း အတတ်နိူင်ဆုံး ခွင့် လုံးဝ မယူပါနှင့်။

ကျွန်တော်တို့ အလုပ်ထဲမှာ အချိန်‌တွေ အကြာကြီး
ကြိုးစားခဲ့တာတွေ......
စေတနာထားခဲ့တာတွေ.....
အနစ်နာခံခဲ့တာတွေ.....
ပေးဆပ်ခဲ့ကြတာတွေကို.....
ကာလတိုလေး အတွင်းမှာ မဖျက်စီးလိုက်ပါနဲ့ .....

အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်ရပေမယ့်
ထွက်ခဲ့တဲ့ အလုပ်က ရန်သူမဟုတ်ပါဘူး
ကိုယ်တိုင် မြတ်မြတ်နိူးနိူး စိုက်ခဲ့တဲ့ မျိုးစေ့ပါ
ဒါကို မမေ့စေချင်ပါဘူး ...

အလုပ်ထွက်တော့မယ်ဆိုတာနဲ့
ထွက်စာတင်ထားတဲ့ကာလတို အတွင်းမှာ
လုပ်အားကို လျော့ချတာမျိုး ....
ရေသာခိုတာမျိုး ....
လုပ်ငန်းခွင်ပျက်စီးစေရန် အမူအရာအပြောအဆိုမျိုး .....

အလုပ်မကောင်းကြောင်းနှင့် လုပ်ဖော်ကိုင်ဖက်များ
မကောင်းကြောင်းပြောတာမျိုး‌ .... တွေကိုလည်း
ရှောင်ကြဉ်သင့်ပါတယ် ...

ဒီအလုပ်ကနေ ထွက်လို့ အလုပ်နဲ့ရော
လူအားလုံးနဲ့ မတွေ့ရတော့ဘူးလို့ မထင်ပါနဲ့
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ။

တစ်ကွေ့ကွေ့မှာ ပြန်ဆုံခဲ့ရင်
အရင်ဆုံး ပြုံးပြနိူင်သူဖြစ်ဖို့
လမ်းကြုံရင် ဝင်လည်နိူင်တဲ့သူ ဖြစ်ဖို့
ကြိုး‌စားစေချင်ပါတယ် ...

တစ်ချိန်ချိန်မှာ တွေ့ခဲ့ရရင်
ခေါင်းမငုံ့ရသူ ဖြစ်ပါစေ
မျက်နှာမလွဲရသူပဲ ဖြစ်ပါစေ
နှုတ်မဆိတ်ရသူပဲ ဖြစ်ပါစေ
အပြုံနဲ့ပဲနှုတ်ဆက်သူပဲ ဖြစ်ပါစေလို့ ...



❝ အတွေးလွန်ခြင်းဆိုတာ စိတ်ရောဂါတစ်မျိုးပါပဲ ❞အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေတာကို အတွေးလွန်တယ်လို...
23/09/2022

❝ အတွေးလွန်ခြင်းဆိုတာ စိတ်ရောဂါတစ်မျိုးပါပဲ ❞

အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေတာကို အတွေးလွန်တယ်လို့ ခေါ်ပါတယ်။

ဖြစ်ပြီးသားကိစ္စကနေ မရုန်းထွက်နိုင်ဘဲ အတွေးလွန်နေခြင်းနဲ့ မဖြစ်ရသေးတဲ့ကိစ္စကို ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေခြင်းဆိုပြီး အတွေးလွန်တဲ့ပုံစံ နှစ်မျိုးရှိပါတယ်။ အတွေးလွန်ခြင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးပါ။

- စိတ်ဖိစီးမှု အလွန်အမင်းမြင့်တက်လာမယ်။

- မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာမယ်။

- မှတ်ဥာဏ်မကောင်းတော့ဘဲ မေ့လျော့လာမယ်။

- အားငယ်စိတ်တွေ ပိုများလာမယ်။

- ကိစ္စတိုင်းကို မကောင်းတဲ့ဘက်ကချည်း
စဉ်းစားလာမယ်။

- အရာရာကို လွယ်လွယ်ကူကူ အရှုံးပေးလာမယ်။

- အိပ်ပျော်ဖို့ ခက်ခဲလာမယ်။

- အစာစားလိုစိတ် ပျောက်ဆုံးလာမယ်။

- နှလုံးရောဂါ ရလာမယ်။

- စိတ်ရော ကိုယ်ပါ ပင်ပန်းဆင်းရဲလာမယ်။

အဆုံးမှာ သတ်သေတဲ့အထိ အခြေအနေဆိုးနိုင်ပါတယ်။

အတွေးလွန်ခြင်းဟာ ကျွန်တော်တို့ကြုံနေရတဲ့ ပြဿနာတွေအတွက် မှန်ကန်တဲ့အဖြေကို မပေးပါဘူး။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးရာရောက်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝကိုလည်း အောက်ဆုံးထိရောက်အောင် ဆွဲချနိုင်ပါတယ်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ ဘယ်ကိစ္စမှာမဆို အတွေးလွန်ခြင်းက ကျွန်တော်တို့ကို ဒုက္ခရောက်စေနိုင်ပါတယ်။

ဒါကြောင့် အတွေးလွန်တတ်တဲ့စိတ် ရှိနေပြီဆိုရင် မဖြစ်မနေ ကုသဖို့လိုအပ်ပါတယ်။ ကျွန်တော်လေ့လာထားတဲ့ အတွေးလွန်ခြင်းကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

(၁) မအိပ်ခင်မှာ ပျော်စရာအကြောင်းတွေပဲ တွေးကြည့်ပါ။ အိပ်ရာနိုးရင်လည်း ပျော်စရာကိစ္စကိုပဲ စပြီးတွေးပါ။ နေ့တစ်နေ့ရဲ့အစနဲ့အဆုံးမှာ မကောင်းတဲ့အကြောင်းတွေ လုံးဝမတွေးပါနဲ့။

(၂) အတိတ်က မကောင်းတဲ့ကိစ္စတွေကို ပြန်မတွေးမိအောင်နေပါ။ အနာဂတ်ကိုလည်း ဘယ်တော့မှ ကြိုပြီးမစိုးရိမ်ပါနဲ့။ လက်ရှိအခြေအနေမှာပဲ အကောင်းဆုံးရှေ့ဆက်ဖို့ ကြိုးစားကြည့်ပါ။

(၃) ဘယ်သူမှ Perfect မဖြစ်ဘူးဆိုတဲ့အသိကို ခေါင်းထဲထည့်ထားပါ။ လောကကြီးမှာ အမှားကင်းတဲ့သူ၊ အပြစ်ကင်းတဲ့သူ၊ အားနည်းချက်ကင်းတဲ့သူဆိုတာ မရှိပါဘူး။

(၄) အတွေးမလွန်ဖို့ သတိကပ်ထားပါ။ တစ်ခုခုကို ၅ မိနစ်ထက် ပိုတွေးနေမိပြီဆိုတာနဲ့ အဲ့ဒီအတွေးကို ဖြတ်တောက်လိုက်ပါ။ ပြီးရင် တစ်ခုခုလုပ်ပြီး အာရုံပြောင်းပါ။

(၅) ဘယ်အရာမဆို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားပါ။ မှားရင် ပြန်ပြင်မယ်။ လဲကျရင် ပြန်ထမယ်။ မလိုအပ်တာတွေ မစိုးရိမ်ပါနဲ့။ ကြိုမတွေးပါနဲ့။ ခွန်အားရှိသမျှသာ ကြိုးစားပါ။

(၆) ဘယ်ကိစ္စမှာမဆို အကောင်းမြင်စိတ်မွေးပါ။ အကောင်းဘက်က တမင်လှည့်တွေးပါ။ အကောင်းမြင်ခြင်းက ကြီးတဲ့ပြဿနာကို သေးစေပြီး သေးတဲ့ပြဿနာကို ပပျောက်သွားစေပါတယ်။

(၇) တစ်ယောက်တည်းမနေပါနဲ့။ မိသားစု သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိနေပါစေ။ စိတ်ညစ်စရာတွေကို ရင်ဖွင့်ပါ။ သူတို့နဲ့ တိုင်ပင်ပါ။ အကြံဥာဏ်ယူပါ။

(၈) နေ့တိုင်း ကိုယ်ဝါသနာပါတာကို အနည်းဆုံး မိနစ် ၃၀ လုပ်ပါ။ TV ကြည့်တာ၊ Game ဆော့တာ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ဘာပဲဖြစ်ဖြစ်လုပ်ပြီး စိတ်ကိုပျော်အောင်ထားပါ။

(၉) နေ့တိုင်း အားကစားတစ်ခုခုလုပ်ပါ။ Gym ဆော့နိုင်ရင် အကောင်းဆုံးပါပဲ။ အားကစားလုပ်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။

(၁၀) အစားကို အချိန်မှန်မှန်စားပါ။ ရေလည်း များများသောက်ပါ။ ညဘက် ၁၁ နာရီဆို မကောင်းတာတွေ မတွေးဘဲ အိပ်ပါ။ ၈ နာရီပြည့်အောင် အိပ်ပါ။

ကျွန်တော်လည်း အခုဆိုရင် ဘာကိစ္စကိုမှ အတွေးမလွန်တော့ပါဘူး။ အတွေးမလွန်တဲ့အခါ ဘဝကပိုပြီး ပျော်ရွှင်စရာ ဖြစ်လာပါတယ်။ အားလုံး အတွေးလွန်ခြင်းမှ ကင်းဝေးကြပါစေ။

Credit to Original Uploader.

S*x Education ကို ဘယ်က ဘယ်လိုစပြောရမလဲ မသိဘူးဆိုတဲ့ မိဘတွေအတွက်ပါ။ပထမဦးဆုံးတစ်ချက် - အဲဒီအကြောင်းပြောဖို့ စောလွန်းတယ် နေ...
19/09/2022

S*x Education ကို ဘယ်က ဘယ်လိုစပြောရမလဲ မသိဘူးဆိုတဲ့ မိဘတွေအတွက်ပါ။

ပထမဦးဆုံးတစ်ချက် - အဲဒီအကြောင်းပြောဖို့ စောလွန်းတယ် နောက်ကျ လွန်းတယ်ဆိုတာ မရှိပါဘူး၊ မီသေးတဲ့ မိဘတွေက စကားနားလည်တဲ့ ၂နှစ်က စပြောနိုင်သလို ငါတော့ နောက်ကျပြီလား တွေးနေတဲ့ မိဘတွေကလည်း ကိုယ့်ကလေး ဘယ်အသက်ဖြစ်ဖြစ် (၁၄/၁၅ ဖြစ်ဖြစ်) စပြောလို့ရပါတယ်

တခြားမှာ အများကြီးလိုက်ဖတ်လို့ရတာမို့ အတိုချုပ်ပြောရရင် ၂ချက်ပါ (၂နှစ်ကနေ ၇နှစ် / ၈နှစ်ကလေးတွေအတွက်ပါ)

၁) တစ်ကိုယ်ရည်ဆိုင်ရာ အင်္ဂါတွေ အကြောင်း ပြောပြပါ
၂) မိမိ ခန္ဓာကိုယ် မိမိသာ ပိုင်ကြောင်းပြောပါ

ဒီ၂ချက်ပါပဲ

၁) တစ်ကိုယ်ရည်ဆိုင်ရာ အင်္ဂါတွေ (private parts) အကြောင်း ပြောပြပါ

ဒီနေရာမှာ နိုင်ငံတကာမှာတော့ အတတ်နိုင်ဆုံး အခေါ်အဝေါ်တွေကို မူရင်းအတိုင်းသုံးဖို့ အားပေးကြပါတယ်၊ ဆိုလိုတာက va**na ကို မွေးလမ်းကြောင်း၊ P***s ကို လိင်တံ စသဖြင့် သုံးဖို့ပါ၊ ဘာဖြစ်လို့ နာမည်အမှန်ပဲ သုံးခိုင်းရလဲဆိုရင် ဒါမှ သူတို့ဟာ ဒီစကားလုံးတွေကို တခြားမှာ တွေ့ရင် သူတို့ရဲ့ တစ်ကိုယ်ရည်ဆိုင်ရာအင်္ဂါတွေ ဖြစ်ကြောင်းသိမှာမို့ပါ

ဒါပေမဲ့ ကျွန်မတို့ မြန်မာပြည်မှာက အခုမှစလုံးရေးစနေတဲ့ အချိန်ဆိုတော့ မိဘတွေ အဲလိုသုံးနှုံးရမှာ ဝန်လေးမှာ နားလည်ပါတယ်၊ နာမည်ပြောင်တွေ (ပိပိ၊ဂျိူဂျိုးစသဖြင့်) သုံးပြီးသင်လည်းရပါတယ်၊ အဓိကက အဲဒါတွေဟာ ရွံစရာ၊ ကြောက်စရာအဖြစ် မမြင်သွားစေဖို့ပါပဲ

ဒါကြောင့် တခြားကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်းပြောရင် ဒါကတော့ ဘယ်လိုခေါ်တယ် စသဖြင့် ပြောသွားပေးလို့ရပါတယ်။

"ဒါလေးကတော့ ဗိုက်၊ ဒါလေးက ချက်၊ ဒါလေးက ဆီးခုံ၊ ဒါလေးက ပိပိ" စသဖြင့် ပြောပြလို့ရပါတယ်၊ အဓိကက ပြောပြတဲ့ အုပ်ထိန်းသူကိုယ်တိုင်က အဲဒီအင်္ဂါတွေနားရောက်ရင် ရှိုးတိုးရှန့်တန့်မဖြစ်ဖို့၊ ဟီးဟီးဟားဟားမဖြစ်ဖို့ပါ

ဘာမှ မမြင်မကြားဖူးတဲ့ ကလေးတွေက ကျွန်မတို့ အစိုးရကျောင်းတွေမှ bio မှာ reproduction စသင်ရင် တခိခိဖြစ်သလို မဖြစ်နေပါဘူး၊ ပုံမှန်အင်္ဂါရပ်လို့ပဲ သင်ပေးရင် ပုံမှန်အင်္ဂါလို့ပဲ သဘောထားမှာပါ

ဒါပေမဲ့ ပုံမှန်အင်္ဂါထဲမှာမှ တစ်ကိုယ်ရည်အင်္ဂါဖြစ်ကြောင်း နားလည်စေရပါမယ်၊ private parts are supposed to be private တစ်ကိုယ်ရည်အင်္ဂါတွေဟာ ကိုယ့်တစ်ကိုယ်ရည်နဲ့ပဲဆိုင်တယ်ဆိုတာကို ပြောပြရမှာပါ၊

၂) မိမိ ခန္ဓာကိုယ် မိမိသာ ပိုင်ကြောင်းပြောပြပါ

S*x education ဟာ လိင်မဆက်ဆံဖို့ ဒါမှမဟုတ် လိင်ဆက်ဆံဖို့ သင်ပေးတာ မဟုတ်ပါဘူး၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘောသဘာဝကို ပြောပြတာပါ

ကလေးတွေကို အထူးသဖြင့်သိသာစေရမှာက သူတို့ခန္ဓာကိုယ်ကို သူတို့ပဲ ပိုင်တယ်ဆိုတာပါ၊ ဒါမှ အရွယ်ရောက်တဲ့အခါ လိင်ဆက်ဆံခြင်းဟာ ရွံစရာ/ရှက်စရာ နဲ့ အမြတ်ထုတ်စရာဆိုတဲ့ အစွန်း၂ဖက်က လွတ်မှာပါ

- တစ်ကိုယ်ရည်အင်္ဂါတွေကို မေမေ/ဖေဖေက သန့်ရှင်းရေး လုပ်ပေးတဲ့ အချိန်ကလွဲပြီး ဘယ်သူ့ကိုမှ ပေးမထိရဘူး (ဆေးခန်းပြရင် ဆရာဝန်က လိုအပ်ရင် ထိလို့ရတယ်၊ ဒါပေမဲ့ မေမေနဲ့ ဖေဖေ အနားရှိမှ)
- ဘယ်သူ့ကိုမှ မပြရဘူး
- ဓာတ်ပုံအရိုက်မခံရဘူး (ဒါလည်း ဒီဘက်ခေတ်မှာ ထည့်ပြောဖို့ အရေးကြီးတဲ့ တစ်ချက်ပါ)
- သူများရဲ့ တစ်ကိုယ်ရည်အင်္ဂါတွေကိုလည်း လိုက်မထိရဘူး (မိဘ တော်တော်များများက ဒီအချက်ကို ပြောဖို့မေ့ကြတယ်လို့ သုတေသနတွေက ပြောပါတယ်)
- ဒါနဲ့ပတ်သက်တာ တစ်ခုခုဆို မေမေ့ကို/ဖေဖေ့ကို ပြန်ပြောပြလို့ရတယ်၊ ဘာအကြောင်းဖြစ်ဖြစ် ပြောလို့ရတယ်

ဒီ၅ချက်ကိုပဲ အလျဉ်းသင့်သလို ပြောပြပေးသွားလို့ရပါတယ်၊ ကျွန်မဖတ်မိတဲ့အထဲ သဘောကျတဲ့ တစ်ချက်က ဒီအကြောင်းတွေ ပြောပြီးတိုင်း မေးခွန်းမေးပေးပါတဲ့၊ မေးရမှာက
"သားသားခန္ဓာကိုယ်ကို ဘယ်သူပိုင်လဲ"
"မီးမီးခန္ဓာကိုယ်ကို ဘယ်သူပိုင်လဲ" စသဖြင့်ပါ

သူတို့အနေနဲ့
"သားသားခန္ဓာကိုယ်ကို သားသားပဲ ပိုင်တယ်"
"မီးမီးခန္ဓာကိုယ်ကို မီးမီးပဲ ပိုင်တယ်" ဆိုပြီး ပြန်ဖြေတတ်အောငိ သင်ပေးရမှာပါ

ဒီလိုမျိုး s*x edu အကြောင်းပြောတိုင်း ဒီမေးခွန်းလေးနဲ့ အဆုံးသတ်ရင် သူတို့ရဲ့ တစ်ကိုယ်ရည်အင်္ဂါတွေကို သူများလာထိရင် ခံနေဖို့ တအားခဲယဉ်းသွားပါပြီ။

05/09/2022

ငြင်းလည်းအပို၊ ရှင်းလည်းအပို
===================
အထင်လွဲခံရပြီ
ဘာမှပြန်မပြောခြင်းဟာ
သဘောထားကြီးမှု တစ်မျိုးပါ။

အဖြစ်အပျက်မှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီ
ဘာမှပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းမှု တစ်မျိုးပါ။

မေတ္တာရဲ့ အအေးအနွေးဟာ
အချိန်ကသာ သက်သေပြ
သွားပါလိမ့်မယ်။

အစော်ကားခံလိုက်ရပြန်ပြီ
ဘာမှပြန်မပြောခြင်းဟာ
ခွင့်လွတ်ခြင်းတစ်မျိုးပါ။

အကျင့်ကောင်းတယ်
မကောင်းဘူးဆိုတာ
အချိန်က ရှင်းလင်း
ပေးသွားပါလိမ့်မယ်။

ဘာကိစ္စအတွက်ပဲဖြစ်ဖြစ်
စိတ်လောပြီးမငြင်းဆိုပါနှင့်။

ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနှင့်။

နားလည်ပြီးသားသူအတွက်
ရှင်းပြဖို့ မလိုအပ်သလို
နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပိုဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ ( ၂ ) နှစ်ပဲ
သင်လိုက်ရပေမဲ့
ပါးစပ်ပိတ်တတ်ဖို့ ကြိုးစားတာ
အနှစ် ( ၅၀) ပြည့်တော့မယ်။

၀မ်းနည်းစရာကောင်းတာက
အခုထက်ထိ ပါးစပ်က
လွှတ်ကနဲ ဖြစ်လို့ ကောင်းတုန်း

ဘ၀ အမြင့်ဆိုတာ
ပညာဘယ်လောက်တတ်တယ်။

ဗဟုသုတ ဘယ်လောက်ရှိတယ်
ဆိုတာနဲ့ မသက်ဆိုင်ပါ။

ဒေါင်ကျကျ ၊ ပြားကျကျ
အပြုံးအပျက်တဲ့ မဟာသဘော
ထားမျိုးကို ဆိုလိုပါတယ်။

စိတ်သဘောထားကြီးတယ်ဆိုတာလည်း
သင်လူဘယ်လောက်များများသိတယ်။

ဘယ်လောက်များများ ခင်မင်တာနဲ့လည်း
မသက်ဆိုင်ပါ။

သင်လူဘယ်လောက်များများကို
လက်ခံ ခွင့်လွတ်နိုင်တာနဲ့
ပိုမိုသက်ဆိုင်ပါတယ်။

လောကနိယာမအရ...
အနစ်နာခံတဲ့လူဟာ
နောက်ဆုံးတကယ် မနစ်နာသလို..
ငြင်းခုံမှုမှာ အရှုံးပေးတဲ့လူဟာလည်း
နောက်ဆုံးတကယ် မဆုံးရှုံးပါဘူး။

Address

Mandalay

Telephone

+959964024240

Website

Alerts

Be the first to know and let us send you an email when Thet Naing Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thet Naing Oo:

Share