BFF Design & Printing House

BFF Design & Printing House တစ်သက်တာ အမှတ်ရစေဖို့ လက်ဆောင်ပေးမယ်ဆို BFFကို သတိရလိုက်ပါ။�

အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။aung yu ki japanese. langusage centre
25/07/2022

အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

aung yu ki
japanese. langusage centre

အားပေးမှုအတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။   design and printingဘောင်ချာ၊ လိပ်စာကတ် ၊ printing
24/06/2022

အားပေးမှုအတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။



design and printing

ဘောင်ချာ၊ လိပ်စာကတ် ၊ printing

29/05/2022

.

မျိုးဆက်သစ်ကို လက်ဆင့်မကမ်းပါနှင့်။ မေတ္တာတရားနှင့် ကြီးပြင်းပါ​စေ။ ဆုံးမမှုသည် စိတ်ဒဏ်ရာရလောက်အောင် ပြင်းထန်လျှင် စေတနာ...
06/05/2022

မျိုးဆက်သစ်ကို လက်ဆင့်မကမ်းပါနှင့်။ မေတ္တာတရားနှင့် ကြီးပြင်းပါ​စေ။ ဆုံးမမှုသည် စိတ်ဒဏ်ရာရလောက်အောင် ပြင်းထန်လျှင် စေတနာမှ ဝေဒနာဖြစ်တတ်ပါသည်။

29/04/2022

မီနူးစာရွက် design, နဲ့ ပုံနှိပ် အမြဲအားပေးသော
☕ ရွှေမန္တလေး လက္ဘက်ရည်နန်းတော် အား
အထူးကျေးဇူးတင်ပါတယ်ဗျ။🙏

အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်ဗျ။april 2022Grand Royal Group
07/04/2022

အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်ဗျ။

april 2022
Grand Royal
Group

အလုပ်ရှင်တွေအနေနဲ့ဘယ်လိုမှ ထင်မှတ်မထားတဲ့အရာတစ်ခုကတော့ သူ့ ဆီက ဝန်ထမ်းကောင်းတွေအလုပ်ထွက် မယ့်ကိစ္စပါပဲ။ ဒီဝန်ထမ်းကတော့ က...
03/04/2022

အလုပ်ရှင်တွေအနေနဲ့ဘယ်လိုမှ ထင်မှတ်မထားတဲ့အရာတစ်ခုကတော့ သူ့ ဆီက ဝန်ထမ်းကောင်းတွေအလုပ်ထွက် မယ့်ကိစ္စပါပဲ။ ဒီဝန်ထမ်းကတော့ ကိုယ့် ကုမ္ပဏီကမခွာလောက်ပါဘူး။ ဒီမှာပဲ အသားကျနေလောက်ပါပြီလို့ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ပြင်ပလောကကိုမျက် စိဖွင့်၊ နားစွင့်မကြည့်ဘဲ ဒီလိုထင်နေတဲ့ အလုပ်ရှင်တွေလည်းအများကြီးရှိပါလိမ့် မယ်။ မထင်မှတ်ထားတဲ့အချိန်မှာ ကိုယ့်ရဲ့ အားကိုးရတဲ့ ဝန်ထမ်းကောင်းက အလုပ် ထွက်တော့မယ်လို့ဆိုလာတဲ့အခါကျတော့ မှတုန်လှုပ်သွားတတ်ကြပါတယ်။ အဲဒီ တော့မှ လစာတိုးပေမယ်တို့၊ ရာထူး၊ အခွင့် အရေးပိုပေးမယ်တို့စတဲ့ ဆွဲဆောင်မှုတွေ ကအရာမထင်တော့ပါဘူး။

ဝန်ထမ်းကောင်းတစ်ယောက်အ လုပ်ထွက်မယ်ဆိုကာမှ သွေးရူးသွေးတမ်း နဲ့ လုပ်မိလုပ်ရာ၊ ပြောမိပြောရာပြောတတ် ကြပါတယ်။ ထွက်မယ်ဆိုမှ လစာတိုးပေး မယ်၊ ရာထူးတိုးပေးမယ်၊ လုပ်ပိုင်ခွင့်ပိုပေး မယ်စတဲ့အပြောမျိုးတွေနဲ့စည်းရုံးသိမ်းသွင်း လည်းအလကားဖြစ်သွားပါပြီ။ မထွက်ခင် ကတည်းက ကိုယ့်ရဲ့ဝန်ထမ်းကိုရသင့်ရ ထိုက်တဲ့လစာနှုန်းထားတစ်ခုခု၊ ရာထူးတစ် ခုခုကိုပေးအပ်ထားရမှာပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ကိုယ့်လက်ခုပ်ထဲကရေ သွန်လိုသွန်၊ မှောက်လိုမှောက်လုပ်လို့ရ တယ်ဆိုတဲ့သဘောမျိုးနဲ့ ပြင်ပကဝန်ထမ်း ဈေးကွက်ကိုလည်း မျက်ခြည်ပျက်နေခဲ့ကြ ပါတယ်။

ပြင်ပကုမ္ပဏီတွေမှာ ဒီလိုအရည် အချင်း၊ ဒီလိုစွမ်းရည်မျိုးဆို လစာဘယ် လောက်၊ ခံစားခွင့်ကဘယ်လိုစတဲ့အချက် တွေကိုလည်း လျစ်လျူရှုထားခဲ့ပါတယ်။ နောက်ဆုံးတော့ အခွင့်အရေးပိုပေးနိုင် မယ့်နေရာကို ကိုယ့်ရဲ့ဝန်ထမ်းကပြောင်း ရွှေ့သွားမှာအသေအချာပါပဲ။ ကိုယ်က တခြားသူတွေလိုမပေးနိုင်လျှင် ပိုပေးနိုင်တဲ့ ဆီကိုသွားကြမှာပါပဲ။ ဘာကြောင့်အားကိုး ရတဲ့ ဝန်ထမ်းတွေအလုပ်ထွက်ကုန်ကြသ လဲဆိုတဲ့ အဓိကကျတဲ့ဝေဖန်သုံးသပ်ချက် ကိုဖော်ပြပေးချင်ပါတယ်။

#တန်ဖိုးမထားတတ်တာ

ကိုယ့်မှာဝန်ထမ်းကောင်းတွေပိုင် ဆိုင်ထားရပါလားဆိုပြီး တန်ဖိုးထားရ ကောင်းမှန်းမသိတာကလည်း ဝန်ထမ်း တွေအလုပ်ကထွက်ကြပါတယ်။ သူ့ရဲ့အ ချိန်တွေ၊ သူ့ရဲ့စွမ်းဆောင်ရည်တွေ၊ သူ့ရဲ့ အရည်အချင်းတွေကို ဒီအလုပ်မှာမြှုပ်နှံ ထားပေမဲ့ အလုပ်ရှင်ဘက်က အဲဒီအရာ တွေကိုတန်ဖိုးမထားတဲ့အခါ ဝန်ထမ်းတွေ က အလုပ်ထွက်ဖို့စဉ်းစားလာကြပါတယ်။ ဒီအလုပ်အတွက်ကိုယ့်ဘက်ကပေးဆပ် သလောက် အလုပ်ရှင်ဘက်ကကိုယ့်အ ပေါ်ပြန်မကြည့်တဲ့အခါ ဘယ်လောက်ပဲ ပျော်ပါတယ်ဆိုတဲ့အလုပ်ကနေတစ်နည်း မဟုတ်တစ်နည်းတော့ထွက်ဖို့စဉ်းစားလာ ကြတာပါပဲ။

ဝန်ထမ်းကောင်းတစ်ယောက် ကိုယ့် ရဲ့ကုမ္ပဏီမှာအလုပ်မြဲစေဖို့အဓိကအချက်ထဲ မှာ အဲဒီဝန်ထမ်းရဲ့တန်ဖိုးကိုသိပြီး တန်ဖိုး ထားတတ်ဖို့ပါပဲ။ ဝန်ထမ်းဆိုတာပိုက်ဆံရှိ လျှင် အယောက်ပေါင်းများစွာထပ်ခေါ်လို့ ရပေမဲ့ ဝန်ထမ်းကောင်းကိုတော့ ပိုက်ဆံ ပေးခေါ်လည်း ရချင်မှရနိုင်မှာပါ။ ကိုယ့် မှာရှိတဲ့ အားကိုးရတဲ့ဝန်ထမ်းတွေကို တန်ဖိုးထားပါ။ သူနဲ့ထိုက်တန်တဲ့နေရာပေး မှုရှိပါစေ။

#ဒဏ်ပေးတဲ့စနစ်ပဲရှိပြီး ဆုပေးတဲ့စနစ်မရှိတာ

ဒီအချက်ကြောင့်လည်းအားကိုးရ တဲ့ဝန်ထမ်းတွေအလုပ်မမြဲဖြစ်ကြပါတယ်။ ကိုယ့်ရဲ့အလုပ်ကဝန်ထမ်းတွေအတွက် ဒဏ်ပေးတဲ့စနစ်ပဲရှိပြီး ဝန်ထမ်းတွေရဲ့ကြိုး စားအားထုတ်မှုအတွက်ဆုလာဘ်ချီးမြှင့်တဲ့ အလေ့အထမရှိတာကလည်း ကုမ္ပဏီရဲ့ လူသားရင်းမြစ်ကိုဆုံးရှုံးစေနိုင်ပါတယ်။ ဆုပေးဒဏ်ပေးစနစ်ဆိုတာ တွဲပြီးရှိသင့်ပါ တယ်။ ကိုယ့်ရဲ့ကုမ္ပဏီကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေမလိုက်နာတဲ့အခါ အပြစ်ဒဏ်အဖြစ်သတ်မှတ်ပြီး ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာတဲ့အခါ၊ လုပ်ငန်းကိစ္စရပ်တွေမှာအောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့အခါမျိုးတွေမှာ ဝန်ထမ်း တွေကိုဆုချီးမြှင့်တာ မျိုးပြုလုပ်ပေးသင့် ပါတယ်။

ဝန်ထမ်းကောင်းတွေဆုံးရှုံးတယ်၊ မထိန်းသိမ်းနိုင်ဘူးစတဲ့အချက်တွေက ကိုယ့်ရဲ့ခေါင်းဆောင်မှုအားနည်းမှုကြောင့် ဖြစ်နိုင်သလို မူဝါဒလိုအပ်ချက်ကြောင့် လည်းဖြစ်နိုင်ပါတယ်။ ဝန်ထမ်းကောင်းဆို တာပိုက်ဆံပေးခေါ်လို့မရနိုင်ပါဘူး။ ဝန်ထမ်းတိုင်းဝန်ထမ်းကောင်းမဖြစ်နိုင်ပါ ဘူး။ ဒါကြောင့်ကိုယ့်ရဲ့စနစ်ကိုလည်းပြင် ဆင်ရပါလိမ့်မယ်။

#အလုပ်တာဝန်တွေမမျှတတာ

သူကဝန်ထမ်းကောင်းဖြစ်လို့၊ ခိုင်းလို့ ကောင်းလို့ခိုင်းတယ်ဆိုတာမျိုးကလည်း အလုပ်ရှင်တွေကဘက်က မှားယွင်းတဲ့ စီမံခန့်ခွဲမှုပါ။ သူကတော့အလုပ်တာဝန် ပေးတဲ့အခါစိတ်ချရတယ်၊ ယုံကြည်ရတယ်၊ မျက်နှာလွှဲရတယ်ဆိုတဲ့အကြောင်းပြချက် တွေနဲ့ အဲဒီဝန်ထမ်းတစ်ယောက်တည်းကိုပဲ အလုပ်တာဝန်တွေများစွာပေးမိတာကလည်း သူ့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်ရဲ့ဝန် ထမ်းတွေကိုသင့်တော်ရာအလုပ်တာဝန် တွေကိုခွဲဝေပေးနိုင်တဲ့ စီမံခန့်ခွဲမှုရှိဖို့လည်း လိုအပ်ပါတယ်။ မနိုင်ဝန်ထမ်းလာရတဲ့ အခါမှာ အဲဒီအလုပ်ကိုစွန့်ခွာချင်လာကြပါ တယ်။

အလုပ်မှာတာဝန်ကျေတယ်၊ တာဝန် သိတယ်၊ တာဝန်ယူတတ်တယ်ဆိုတိုင်း လည်း ကိုယ့်ဝန်ထမ်းကိုအလုပ်ဝန်ပိစေတာ မျိုးမဖြစ်ပါစေနဲ့။ တခြားဝန်ထမ်းတွေကို လည်းတာဝန်ခွဲဝေပေးပါ။ လူတိုင်းမှာအ လုပ်စဝင်ကတည်းက ကိုယ့်ရဲ့အလုပ်တာ ဝန်ကိုယ်စီဖြစ်လို့ ကျန်တဲ့ဝန်ထမ်းတွေကို လည်း အလုပ်တာဝန်ပေးစေချင်ပါတယ်။ စိတ်မချရလို့၊ အလုပ်မသေချာလို့စတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်တာဝန် ပေးအပ်တာမျိုးမလုပ်တဲ့အခါ အဲဒီဝန်ထမ်း ကဒုံရင်းကဒုံရင်းပဲဖြစ်နေမှာပါ။ တဖြည်း ဖြည်းသွန်သင်ရင်းနဲ့ပဲအလုပ်တာဝန်တွေ ကိုခွဲဝေပေးအပ်ရမှာဖြစ်ပါတယ်။ ဝန်ထမ်း တစ်ယောက်ထဲကိုပဲ အလုပ်တာဝန်တွေ ပုံအပ်စေခိုင်းတာက မဖြစ်သင့်သလို စနစ် ကျတဲ့အလုပ်တာဝန်ခွဲဝေပေးမှုလည်းမဟုတ် ပါဘူး။

#အသိအမှတ်ပြုမှုမရှိတာ

ဘယ်လောက်ပဲတာဝန်ကျေကျေ၊ ဘယ်လောက်ပဲအလုပ်အပေါ်တာဝန်ယူမှု ရှိရှိ ကိုယ့်ရဲ့အလုပ်ရှင်ကကိုယ့်အပေါ်အသိ အမှတ်ပြုမှုမရှိတဲ့အခါမှာလည်း ဝန်ထမ်း ကောင်းတွေကိုအလုပ်ကထွက်စေပါတယ်။ ပိုက်ဆံပေးထားတဲ့ဝန်ထမ်းပဲ သူ့တာဝန် သူလုပ်တာ အသိအမှတ်ပြုဖို့မလိုအပ်ဘူး လို့ယူဆကြပါတယ်။ ဒါကအင်မတန်မှား တယ်လို့ပဲဆိုချင်ပါတယ်။ ဝန်ထမ်းတွေ အလုပ်လုပ်ချင်စိတ်ရှိအောင်၊ တာဝန်ယူ ချင်စိတ်ရှိအောင်၊ ကြိုးစားချင်စိတ်ရှိအောင် အလုပ်ရှင်ဘက်ကအသိအမှတ်ပြုမှု၊ ချီး ကျူးမှုကလည်းအခရာကျပါတယ်။

အလုပ်ဘယ်လောက်ကြိုးစားကြိုး စားနှုတ်လေးနဲ့အသိအမှတ်ပြုဖို့တောင် မလုပ်လိုကြတဲ့အလုပ်ရှင်တွေကို ဝန်ထမ်း ကောင်းတွေစွန့်ခွာကြပါတယ်။

ဝန်ထမ်းကောင်းတွေကိုယ့်ရဲ့အလုပ် မှာထွက်ဖို့မစဉ်းစားမိအောင်ကို တန်ဖိုး ထားတတ်ကြပါစေ။ အသိအမှတ် ပြုတတ် ကြပါစေ။ အချိန်နှောင်းသွားမှ လစာတိုး ပေးမယ်ဆိုတာမျိုး၊ အခွင့်အရေး ပိုပေးမယ် ဆိုတာမျိုးနဲ့ မနှစ်သိမ့်မိကြဖို့လိုပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာရှိတဲ့ဝန်ထမ်းကောင်းတွေကိုအလုပ်ရှင်တိုင်းတန်ဖိုးသိ၊ တန်ဖိုးထား တတ်ကြပါစေ။

Credit to.. ကျော့ကေခိုင်
#ဝန်ထမ်းဘဝ
Credit

ဒီလာမဲ့အပတ်"မီးပျက်မယ်"လို့စာထွက်ထားတော့ မီးပျက်နေမယ့်ရက်တွေကို ဒါလေးတွေလုပ်ရင်း ကျော်ဖြတ်ရအောင်ဗျာ 💪💡—————မိတ်ဆွေတို့ရဲ...
12/03/2022

ဒီလာမဲ့အပတ်"မီးပျက်မယ်"လို့စာထွက်ထားတော့ မီးပျက်နေမယ့်ရက်တွေကို ဒါလေးတွေလုပ်ရင်း ကျော်ဖြတ်ရအောင်ဗျာ 💪💡

—————
မိတ်ဆွေတို့ရဲ့ဘဝမှာပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင် ကျွန်တော်နဲ့ဆွေးနွေးအဖြေရှာနိုင်ပါတယ်
(ဆယ်ကျော်သက်လူငယ်များကို "အခမဲ့" ဆွေးနွေးပေးနေပါတယ်)

အသေးစိတ်
Telegram Group > https://t.me/joinchat/ENJada9rVPJhMDRl

လေးစားစွာဖြင့်…

- Master Life Coach -
www.heinkoko.com

မေး    ။        ။            ပုံထဲမှာ ဘာမြင်လဲ?ဖြေ     ။                       အမဲစက်တစ်စက်    လူတွေကအဲ့လိုပဲ       ဒီလေ...
27/02/2022

မေး ။ ။ ပုံထဲမှာ ဘာမြင်လဲ?
ဖြေ ။ အမဲစက်တစ်စက်

လူတွေကအဲ့လိုပဲ
ဒီလောက်အဖြူတွေအများကြိး ကိုမမြင်ဘူး
ဘာမဟုတ်တဲ့ အမဲစက်လေးကို မြင်တတ်ကြတယ်။

ကောင်းတာဘယ်လောက်လုပ်လုပ်
မကောင်းတာလေးတခုတွေ့ပြီဆို
ဝေဖန်လို့ မဆုံးတော့ဘူး။ ။
Crd

ဘောင်ချာများ အားပေးမှုအတွက်ကျေးဇူးပါဗျ 😊
09/02/2022

ဘောင်ချာများ အားပေးမှုအတွက်ကျေးဇူးပါဗျ 😊

03/02/2022

အားပေးမှုအတွက်ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

03/02/2022

စဥ်ဆက်မပြတ် အမြဲအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဗျ
လုပ်ငန်းစီးပွားများ တိုးပွားပါစေဗျ

Address

Mandalay

Alerts

Be the first to know and let us send you an email when BFF Design & Printing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BFF Design & Printing House:

Share