11/09/2019
Apple က ၂၀၁၉ ခုနှစ်ထုတ် iPhone မော်ဒယ်သစ်တွေအဖြစ် iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max စတဲ့ iPhone မော်ဒယ်သစ် ၃ မျိုးကိုမိတ်ဆက်လိုက်ပါပြီ။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
iPhone 11 Pro က Screen size 5.8 လက်မ , 11 Pro Max က Screen size 6.5 လက်မအရွယ် OLED Panel တွေကိုတပ်ဆင်ထားပြီး ယခင် iPhone XS, XS Max တွေမှာသုံးခဲ့တဲ့ OLED Panel ပိုပြီးရုပ်ထွက်ကောင်းမွန်တဲ့ OLED Panel ကိုပြောင်းသုံးထားပါတယ် ။ iPhone 11 Pro မော်ဒယ်တွေမှာသုံးထားတဲ့ OLED Panel ကို Apple က Super Retina XDR Display လို့နာမည်ပေးထားပါတယ်။
iPhone 11 မှာ Dual Camera ပါဝင်ပြီး 12MP Wide Angle Camera နဲ့ 12MP Ultra Wide Angle Camera တွေကိုတပ်ဆင်ပေးထားတာပါ။ 2X Optical Zoom ပါဝင်ပါတယ်။ ရှေ့ဘက်ခြမ်းမှာတော့ 12-megapixel truedepth wide-angle camera ကိုတပ်ဆင်ပေးထားပါတယ်။ မြင်ကွင်းကျယ်ပုံရိပ်တွေရိုက်ကူးနိုင်တဲ့ Wide Angle Camera , ညအချိန်မှာ (သို့) Low-light အနေအထားမှာပါ ကောင်းမွန်စွာပုံရိပ်ဖမ်းရိုက်ကူးနိုင်မယ့် Night mode စတဲ့ feature တွေပါဝင်လာပါတယ်။ နောက်ဘက်ခြမ်း Camera တင်မက ရှေ့ဘက် Selfie Camera ကပါ 4K video ကို 60fps နဲ့ရိုက်ကူးနိုင်တာ ၊ ရှေ့ Selfie Camera နဲ့ Slo-mo video (Apple အခေါ် Slofies) အနေနဲ့ရိုက်ကူးနိုင်တာ စတဲ့အပြောင်းအလဲတွေပြုလုပ်ပေးထားတာတွေ့ရပါတယ်။
iPhone 11 Pro မှာတော့ Triple Camera ပါဝင်ပြီး 12MP Wide Angle Camera နဲ့ 12MP Ultra Wide Angle Camera နဲ့ 12MP Telephoto Camera တွေကိုတပ်ဆင်ပေးထားတာပါ။ 12MP Wide Angle Camera နဲ့ 12MP Telephoto Camera တွေမှာ Optical Image Stabilization စနစ်ပါဝင်ပါတယ်။
iPhone 11 မော်ဒယ်တွေအကုန်လုံးမှာပါဝင်တဲ့ Ultra Wide Angle Camera က 120 ဒီဂရီမြင်ကွင်းကျယ်အနေအထားနဲ့ပုံရိပ်တွေကိုရိုက်ကူးပေးနိုင်ပါတယ်။
Pro မော်ဒယ်တွေမှာပဲ Triple Camera တပ်ဆင်ထားပါတယ်။ ရိုးရိုး 11 မော်ဒယ်မှာတော့ Dual Camera ပဲပါဝင်ပါတယ်။
iPhone 11 , iPhone 11 Pro , iPhone 11 Pro Max တွေမှာ CPU အနေနဲ့ A13 Bionic Chip ကိုအသုံးပြုထားပါတယ်။ စမတ်ဖုန်းတွေမှာအသုံးပြုထားတဲ့ CPU တွေထဲမှာတော့ A13 Bionic Chip က Powerful အဖြစ်ဆုံးလို့ဆိုပါတယ်။
iPhone 11 ဖုန်းမော်ဒယ်တွေအကုန် Lightning Port ပဲဆက်သုံးထားပါတယ်။ iPhone 11 ဟာ iPhone XS ထက် ၄ နာရီလောက်ဘက်ထရီအားပိုခံပါတယ်။ iPhone 11 Pro ကတော့ iPhone XS Max ထက် ၅ နာရီလောက်ဘက်ထရီအားပိုခံပါတယ်။ iPhone 11 Pro မော်ဒယ်တွေမှာတော့ အမြန်အားသွင်းနိုင်တဲ့ 18W USB TYPE-C charger တွေကိုသီးသန့်ထပ်ဝယ်ဖို့မလိုဘဲ ဗူးထဲမှာတစ်ပါတည်းထည့်သွင်းပေးထားမှာပါ။
iPhone 11 မော်ဒယ်တွေအကုန်လုံးမှာ ရေအနက် ၂ မီတာအထိရေစိမ်ခံနိုင်တဲ့ IP68 Water Resistance feature ပါဝင်ပါတယ်။ iPhone 11 မော်ဒယ်တွေမှာ Face ID စနစ်ကိုလည်းပိုကောင်းအောင် Upgrade လုပ်ပေးထားပါတယ်။
iPhone 11 Pro နဲ့ 11 Pro Max တွေကိုအရောင်အနေနဲ့ Space Grey , Silver , Midnight Green,Gold စတဲ့အရောင် ၄ မျိုးနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Storage အနေနဲ့ 64GB , 256GB , 512GB စတဲ့ Storage ၃ မျိုးနဲ့ဝယ်ယူရရှိနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ iPhone 11 Pro Max ဆိုရင် 64GB (၁၉ သိန်းဝန်းကျင်) , 256GB (၂၂ သိန်းဝန်းကျင်) , 512GB (၂၅ သိန်းဝန်းကျင်) ဖြစ်ပါမယ်။ iPhone 11 Pro ဆိုရင် 64GB (၁၆ သိန်းဝန်းကျင်) , 256GB (၁၉ သိန်းဝန်းကျင်) , 512GB (၂၁ သိန်းဝန်းကျင်) ဖြစ်ပါမယ်။
iPhone 11 ကိုတော့ အရောင်အနေနဲ့ White , Black , Green , Yellow , Purple , Red စတဲ့အရောင် ၆ မျိုးနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Storage အနေနဲ့ 64GB , 128GB , 256GB စတဲ့ Storage ၃ မျိုးနဲ့ဝယ်ယူရရှိနိုင်မှာပါ။ iPhone 11 မော်ဒယ်ကတော့ ယခင် iPhone XR မော်ဒယ်နေရာမှာအစားထိုးလိုက်တဲ့သဘောပါပဲ။ ဈေးနှုန်းအနေနဲ့ 64GB (၁၂ သိန်းဝန်းကျင်) , 128GB (၁၃ သိန်းခွဲဝန်းကျင်) , 256GB (၁၅ သိန်းဝန်းကျင်) ဖြစ်ပါမယ်။
iPhone မော်ဒယ်သစ်များကို လာမယ့်စက်တင်ဘာလ ၂၀ ရက်နေ့ဆို Apple store များမှာစတင်ဝယ်ယူရရှိနိုင်မှာပါ။ (စက်တင်ဘာ ၂၀ ရက်နေ့မှာဦးဦးဖျားဖျားဝယ်ယူချင်သူ ၊ ကိုင်ချင်သူတွေအနေနဲ့လည်း Messenger မှာသီးသန့်လာမေးနိုင်ပါတယ်။)
၂၀၁၉ ခုနှစ်ထုတ် iPhone အသစ်တွေကတော့ Camera ပိုင်းနဲ့ CPU ပိုင်းကိုပဲအဓိက Upgrade လုပ်ထားတာကိုတွေ့ရပါတယ်။ Camera ပိုင်းအနေနဲ့ ရှေ့ဘက်ခြမ်း Selfie Camera အနေနဲ့ရော နောက်ပိုင်းခြမ်း Dual/Triple Camera တွေအနေနဲ့ပါ ယခင် iPhone XS တွေထက်အများကြီးသိသာတဲ့ပြောင်းလဲမှုတွေပြုလုပ်ပေးထားတာတွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာတော့ ယခင် iPhone XS တွေထက် ၄ နာရီ/၅ နာရီလောက်သိသိသာသာအားပိုခံလာတာကိုလည်းတွေ့ရပါတယ်။ ကျန်တဲ့ Design သွင်ပြင်ပိုင်းမှာတော့အရမ်းကြီးသိသာထင်ရှားတဲ့ပြောင်းလဲမှုမရှိဘဲ Camera နေရာအနေအထားနဲ့ ဖုန်းကိုယ်ထည်အရောင်အသစ်အချို့ပါဝင်လာခြင်းလောက်ကိုသာ ယခင် iPhone XS စီးရီးထက်သိသာတဲ့ပြောင်းလဲမှုအဖြစ်တွေ့မြင်ရပါတယ်။