MinHtet Delivery Mandalay

MinHtet Delivery Mandalay Don’t let yesterday up too much of today �

လိုအပ်ရင် ရှာမရဖြစ်နေတယ်ဆို . . .
15/10/2022

လိုအပ်ရင် ရှာမရဖြစ်နေတယ်ဆို . . .

09/07/2022

အသားအီးဒ် (ခေါ်) အီးဒ်ကြီး ကို အစ္စလာမ်ဘာသာဝင်တွေ ဘာကြောင့်လုပ်ကြတာလဲ ….

(အစ္စလာမ်ဘာသာဝင် မဟုတ်သူများ နားလည်ရ လွယ်ကူစေရန် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါသည်)

ချစ်ရတဲ့ မိတ်ဆွေတို့ရေ ….
အသားအီးဒ်လို့ လူသိများတဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ “ကုရ်ဘာနီ အီးဒ်” (Eid Al-Adha) နေ့က ဒီနှစ်မှာ ဂျုလိုင် ၁၀ရက်နေ့မှာ ကျရောက်မှာပါ။ မုန့်အီးဒ်နဲ့ တွက်ရင် ရက် ၇၀ ခြားတယ်။ တရားဝင်ရုံးပိတ်ရက်လည်းဖြစ်တော့ ပျော်တာပေါ့။ ရုံးမတက်ရတော့ဘူး။ ဒါပေမဲ့ တချို့လူတွေက တိရိစ္ဆာန်ကို သတ်ဖို့အားပေးတဲ့ ဘာသာဆိုပြီး ထင်ကြတယ်။ ဘာကြောင့် အီးဒ်နေ့ကို လုပ်ရလဲ နောက်ကွယ်က အကြောင်းရင်းကိုကော သိပါသလား …။

ကုရ်ဘာနီ လို့ ပြောလိုက်ရင် နွား တစ်မျိုးတည်းကိုပဲ သုံးတယ်ပဲ တချို့က ထင်ကြတယ်။ စားမယ်ဆိုရင် တခြား စားမြုံပြန်နိုင်တဲ့ လည်ပြွန်ရှိ၊ ခွာပါတဲ့ တိရိစ္ဆာန်မှန်သမျှ စားပါတယ်။ ကျွဲ၊ နွား၊ ဆိတ်၊ ကုလားအုတ်၊ သိုး၊ နွားနောက်က အစ စားတယ်။ ကုရ်ဘာနီအတွက်ဆိုရင် မြန်မာနိုင်ငံမှာ နွားက ဝယ်ရလွယ်တာရယ်၊ အသားပိုထွက်တော့ ဝဝလင်လင် အသားစားရလို့ များများလှူလို့ရလို့ ရွေးချယ်ကြတယ်။ တိရိစ္ဆာန်ရွေးခြယ်တဲ့နေရာမှာလဲ စည်းကမ်းရှိတယ်။ ကျွဲ၊ နွားဆို အသက်ပြည့်ရတယ် (၂)နှစ်ပြည့်မှ။ သိုး၊ ဆိတ်ဆိုရင်တော့ (၁)နှစ်။ ကုလားအုပ်ဆို ငါးနှစ်။ အို၊ နာ၊ ကျိုး၊ ကန်း၊ ဂျိုကျိုး၊ နားရွက်ပဲ့၊ အမြီးပြတ်၊ သွားကျိုး၊ ပိန်လှီ၊ ဒဏ်ရာရနေရင်လည်း အကျုံးမဝင်ပါဘူး။ ကိုယ်ဝန် (ဇီး)ရှိနေရင်လည်း ကုရ်ဘာနီ မလုပ်ရပါဘူးနော် ..။

“ကုရ်ဘာနီ” အဓိပ္ပာယ်က “စွန့်လှူခြင်း”တဲ့။ ဖန်ဆင်းခံလူသားလို့ ခံယူထားတဲ့ အစ္စလာမ်ဘာသာဝင်များ ကိုးကွယ်ဦးချရတဲ့ အလ္လာရှင်မြတ်က သူ့အတွက်ရည်စူးပြီး ခန္ဒာကိုယ်၊ အသက်ဇီဝိန်၊ မိသားစု၊ မိဘ၊ မောင်နှမ၊ ပိုင်ဆိုင်တဲ့ပစ္စည်းကို စွန့်လွှတ်စတေးရင် တအားသဘောကျတာ။ အစ္စလာမ်ဘာသာမှာတော့ အလ္လာရှင်မြတ်ရဲ့ နှစ်သက်မှုရအောင် စွန့်လှူခြင်း ဆိုတာပါပဲ။ ဖြစ်ပေါ်လာပုံ ပုံပြင်/ရာဇဝင်ကတော့ နောက်ထပ် စာအရှည်ကြီးမို့ မီရှဲ သပ်သပ်ရေးပေးမယ်နော်။

လှူရတယ်ဆိုကတည်းက ကိုယ့်အကျိုးထက် သူများအတွက်ကို ရည်စူးပါတယ်။ ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး အီးဒ်ကို သုံးရက်အတွင်း လုပ်ရပါတယ်။ အသားရလာရင် သုံးပုံ ပုံ။ တစ်ပုံကို အိမ်အတွက်၊ ဒုတိယပုံကို ဆွေမျိုးအတွက်၊ တတိယပုံကို အလှူလုပ်ပါတယ်။ ကိုယ့်အတွက် သိပ်မယူပဲ ပိုလှူနိုင်ရင် ပိုကောင်းပါတယ်။ အဲ့ဒီအချိန်ကျရင် ဘာသာခြားကိုလည်း လှူခွင့်ရှိလို့ အသားဝယ်စားဖို့ ခက်ခဲတဲ့ ချို့တဲ့သူတွေအတွက် ဒီအချိန်မှ အသားဟင်းကို ဝလင် စုံလင်စွာ စားနိုင်ကြတာပါ။

နောက်ထပ်အမြင်မှားကြတာက လယ်ထွန်လုပ်ကျွေးနေတဲ့ နွားကို ကျေးဇူးကန်းကြတယ်ပေါ့။ တကယ်က ကုရ်ဘာနီအတွက် သီးသန့်မွေးထားတဲ့ နွားကိုပဲ တန်ရာတန်ကြေးပေးပြီး “အလှူ”လုပ်ရတာပါ။ မျိုးတုန်းအောင် အကုန်လုံးတခါတည်း ကုရ်ဘာနီလုပ်နေတာ မဟုတ်ပဲ အလှူပေးမဲ့လူဦးရေနဲ့ အချိုးချပြီး (လူ ၇ယောက်ကို နွားတစ်ကောင်)နွားဝယ်ရပါတယ်။ တစ်နှစ်ကို တစ်ခါပဲ ဝယ်ယူ အလှူလုပ်တယ်။ ဆိုတော့ မွေးမြူတဲ့ အချိုးနဲ့ ဝယ်လှူတဲ့အချိုးက ပိုပြီးတောင်နည်းတတ်ပါတယ်လို့ ပြောရမယ်။

ပြီးရင် ကုရ်ဘာနီလုပ်တဲ့အချိန်လည်း စည်းကမ်းချက်တွေ အများကြီး။ ပြီးပြီးရော နံကြားကို လှံနဲ့ထိုး ကိစ္စတုံးလိုက်လို့ မရပါဘူး။ ကြက်ကို ခြေထောက်ကကိုင် နံရံနဲ့ ရိုက် ဇီဝိန်ချုပ်လိုက်ရင်လည်း မပိုင်ဘူး။ လည်လိမ်ချိုးလဲ မရဘူး။ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲမှာဆို နဖူးကို လျှပ်စစ်တို့ လိုက်တာမျိုးလည်း မရဘူး။

စည်းကမ်းအတိုင်းဆိုရင် ဓားကို မြိနေအောင် သွေးထားရတယ်။ သတ်မှတ်ထားတဲ့ လည်ပင်းက သွေးကြောကိုပဲ တစ်ချက်နဲ့ ပြတ်အောင် ဖြတ်ရတယ်။ နာကျင်မှု့အနည်းဆုံးနဲ့ အမြန်ဆုံးလုပ်ရတယ်။ ထွက်လာတဲ့ သွေးကိုလည်း စားခွင့်မရဘူး။ (တကယ်ကဘယ်တိရိစ္ဆာန်ရဲ့ သွေးကိုမှ စားခွင့်မရှိတာ၊ ကြက်သွေး၊ ဘဲသွေး အကုန်လုံးပဲ) သွေးထွက်တာ ကုန်ပြီး လုံးဝငြိမ်ကျသွားမှ ခုတ်ထစ်ဝေခြမ်းရေး စလုပ်ရတယ်။ လည်ပင်းကို လုံးဝအကုန်မဖြတ်ရဘူး၊ ရိုက်နှက်တရွတ်တိုက်ဆွဲခေါ်နှိပ်စက်တာလည်း မလုပ်ရဘူး၊ ကြိုးတုတ်ပြီး ရှေ့တည့်တည့်မှာ ဓားမသွေးရဘူး၊ တစ်ကောင်ရှေ့မှာ နောက်တစ်ကောင်ကို လှီးဖြတ်ရင်လည်း အပြစ်ထိုက်တယ်။

အကုန်ပြီးရင် အထုပ်ထုပ်ပြီး ဝေရတော့တာပဲ။ တချို့က စားချင်တဲ့အပိုင်း တောင်းဆိုရင် ပေးလိုက်တာပဲ။ အူကြမ်း၊ အမြီး စသည်ဖြင့်ပေါ့။ မဟုတ်ရင်လည်း ချက်ပြီးမှ ဟင်းတစ်ခွက်တောင်းဆိုသေးတယ်။ ချက်တဲ့အခါ အသားဆို အတုံးကြီးကြီးကို အဆီ၊ အသားရော အကြောပါတယ်ဆိုရုံကို ဟင်းခပ်မဆလာ အစုံသုံးပြီး မီးအေးအေးနဲ့ နူးအောင်အကြာကြီးချက်၊ နူးခါနီးပြီဆိုမှ အာလူးရောလိုက်တဲ့စတိုင်ကို ကြိုက်လိုက်ကြတာ။ မီရှဲကတော့ ဒီနှစ် ငတ်ပြီပေါ့။ အသားမစားနိုင်တဲ့လူတချို့အတွက်လည်း ထမင်းစားပွဲဝိုင်းက အသားဟင်းနဲ့ ပြည့်စုံနေမှာပါ။ အသက်ရှင် နေထိုင်နိုင်ဖို့အတွက် ပရိုတင်း၊ အသားဓာတ်များကို ရရှိနိုင်ပါစေ …။

ချစ်တဲ့
ရန်ကုန်သူမီရှဲ
(ပုံက ကျမလှလို့)








💢 လိုအပ်တဲ့အချိန်တိုင်း စိတ်ချယုံကြည်စွာအပ်နှံနိုင်ပါသည်လူကြီးမင်းတို့၏ အစားအသောက်မျိုးစုံ ၊အဝတ်အထည်များ ၊ ကုန်ပစ္စည်းမျ...
30/06/2022

💢 လိုအပ်တဲ့အချိန်တိုင်း စိတ်ချယုံကြည်စွာအပ်နှံနိုင်ပါသည်

လူကြီးမင်းတို့၏ အစားအသောက်မျိုးစုံ ၊အဝတ်အထည်များ ၊ ကုန်ပစ္စည်းများကို လွယ်ကူလျင်မြန်သက်သာစွာဖြင့် ပို့ဆောင်ပေးနေပါပြီ

✅ ငွေကြိုရှင်းပေးခြင်း

✅ Parcelများကိုအခမဲ့လာယူပေးခြင်း

✅ Parcelများကိုမြန်ဆန်စွာပို့ဆောင်ပေးခြင်း

✅ တနေ့တာစာရင်းများကိုနေ့ချင်းရှင်းပေးခြင်း

✅ ပစ္စည်းများ ပျက်စီး၊ပျောက်ရှခဲ့ပါကလဲ
တာဝန်ယူပေးမှုရှိပါတယ်ရှင့်

26လမ်း , 82 & 83 လမ်းကြား
📞 09 9600 61 999
📞 09 7 5858 9838

21/04/2022

creditငွေ ကို ဘယ်လ်ိုထားမလဲ

ငွေက်ို ပိုက်ဆံအိတ် အံဆွဲ
မီးခံသေတ္တာ စသည်မှာ
ထားပါတယ်။ ဒါပေမဲ့
ထားတဲ့နည်းစံနစ် လိုပါတယ်။
မိမိငွေ အဝင်များဖို့
အထွက်နည်းဖို့
လာဘ်ကောင်းဖို့
လုံခြုံစိတ်ချဖို့
ကံတက်စေဖို့
အဝင်ကောင်း သလို
အထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ဖုန်းရွှေ
Fung Shui ပညာက အခုလို
အကြံပြုပါတယ်။

၁ ကရဝေးရွက် နဲ့အတူထားပါ။ အက်ျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ။ ငွေပွားများ လာစေပါတယ်။
၂ အကျိုးအနာမပါတဲ့
ဆန်စေ့ ၂၁ စေ့က်ို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ။
လာဘ်ပွင့်လန်းစေတဲ့အပြင်
မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်။
၃ ပင်လယ်ဆား အနည်းငယ် က်ို ပလတ်စတစ်
အိတ်ကလေးနဲ့ ထုပ်ပြီးငွေ
နဲ့အတူထားပါ။
ငွေကြေး အရှုပ်အရှင်းကိစ္စ
ကြွေးမြီ အမှုအခင်းကိစ္စများ
ကာကွယ်ပေးပါတယ်။
၄ ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေ
အတူထားပါ။ ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်။
၅ ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ။
ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ။
၆ ပိုက်ဆံအိတ်ထဲမှာငွေ
လုံးဝ မရှိတဲ့ အဖြစ်မျိုး မပြု
မ်ိပါစေနဲ့။ ငွေကံ ညံ့သွားတတ်ပါတယ်။
၇ ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေ
ကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ။
ရော မထားပါနဲ့။
ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့။
လာဘ်တိတ်ပါတယ်။
၈ အားလုံးထည့်ထားနိုင်ရင်
ကောင်းပါတယ်။ အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့
သင့်ပါတယ်။
၉ ဝင်ငွေကောင်း ငွေမြဲပြီး
လာဘ်လာဘ ပွားများကြပါစေ။

ဆရာ ကောင်းသုခ
1 June 2021

အခုတလောမှ အရမ်းသဘောကျလာတဲ့ဘယ်တော့မှ မရိုးသွားတဲ့ Minimalist bedroomလေးတွေရဲ့ အားသာချက်လေးတွေ✔️ အပိုမရှိပဲ လိုအပ်တာလေးလော...
11/09/2021

အခုတလောမှ အရမ်းသဘောကျလာတဲ့
ဘယ်တော့မှ မရိုးသွားတဲ့ Minimalist bedroomလေးတွေရဲ့ အားသာချက်လေးတွေ
✔️ အပိုမရှိပဲ လိုအပ်တာလေးလောက်နဲ့
နေထိုင်တဲ့ဘဝပုံစံဟာ အလိုရမ္မက်တွေ
လောဘတွေက်ို နည်းသထက်နည်းလာအောင်
ကူညီပေးနိုင်ပါတယ်
✔️ ငွေကြေးအကုန်ကျလဲ နည်းတယ်
✔️ လိုအပ်တဲ့ အလုပ်/ လူတွေပေါ်မှာ အာရုံပိုစိုက်နိုင်လာမယ်
✔️ Mindset လေးကိုပျော်ပျော်လေးထားလို့ရလာမယ်
✔️ သန့်ရှင်းနေရမယ့်အရာလဲနည်းတယ်
✔️ အရည်သွေးက အရည်အတွက်ထက် ပိုအသုံးဝင်ကြောင်းသိလာမယ်
✔️ သူများနဲ့ ကိုယ်နဲ့ (ဘာနဲ့နေနေ) နှိုင်းယှဉ်မှု့တွေလျော့လာမယ်
✔️ အရေးကြီးဆုံးတချက်ဖြစ်တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု့တွေပိုရှိလာမယ်

​“စိတ်ဆောင် လူနု” ဆိုသလို
ကိုယ်နေတဲ့ နေရာလေးက အမြဲရှင်းလင်းပီး သပ်ရပ်နေတာလေးက လူရော စိတ်ရောကြည်လင်နေစေပါတယ်

1.အိမ် ကိုအရင်ဝယ်ပါ။ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။2.တာရှည်သုံးရတဲ့ ပစ္စည်းဆို ဈေးကြီးကောင်းတာဝယ်။3.သူငယ်ချင်း အမျို...
04/09/2021

1.အိမ် ကိုအရင်ဝယ်ပါ။
ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။

4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစားမလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်‌တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တယောက်ထဲနေတတ်နိုင်အောင်ကြိုး စားပါ။

8.အလုပ်လုပ် ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ် ဖတ် တတ်တဲ့ အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက် ဖြစ် အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

Credit # Sale Mollar 🙂

02/02/2021

ယနေ့မှစ၍မသုံးစွဲတော့ပါ



ယစ်မျိုး
- မြန်မာဘီယာ
_ ဒဂုံဘီယာ / ဒဂုံရမ်
_ MEC Rum
_ Andaman Gold Beer

စီးကရက်/ဆေးလိပ်
_ Ruby
_ Premium Gold

ဆင်းကဒ်
- MyTel
_ MEC

စျေးဝယ်စင်တာ
_ Makro
_ Ruby Mart

စားသောက်ကုန်
_ နန်းမြိုင် ကော်ဖီမစ်
_ ရွှေဖီဦး တီးမစ်

ဖျော်ဖြေရေး
_ 7th sense

ယာဉ်လိုင်း
_ ရွှေမန်းသူ
_ ရှမ်းမလေး

စက်သုံးဆီဆိုင်
_ မြဝတီ
_ Star High

ဘဏ်
_ အင်းဝ
_ မြဝတီ

ဆေးရုံ
-ကန်သာယာ

စစ်တပ်နှင့်ဆက်နွယ်နေသည့် ဘဏ်နှင့်ငွေရေးကြေးလုပ်ငန်းများ
==============================================
Aung Myint Moh Min Insurance
Aung Thitsar Oo Insurance
Innwa Bank
Myanmar Mobile Money
Myawaddy Bank
Mytel Pay

စစ်တပ်နှင့်ဆက်နွယ်နေသည့်စီးကရက်လုပ်ငန်း
===========================

Premium Gold
Red Ruby

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသည့် ဆက်သွယ်ရေးလုပ်ငန်းများ
============================================
MECtel
Mytel

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသည့် ​ဆောက်လုပ်ရေးလုပ်ငန်းများ
=======================================

Berger Paint
Elephant King Cement (Sin Minn Cement)
Myin Pyan Cement (Flying Horse Cement)
Rhino Cement
Rhinoceros Cemec (Cement)
Sigma Cable
Tristar Steel

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသည့် ဟိုတယ်၊ စားသောက်ဆိုင်နှင့်ခရီးသွားလုပ်ငန်းများ
============================================

Central Hotel Yangon
Diamond White Restaurant Yangon
Hanthawaddy Golf Course
Indoor Skydiving
Kha Yae Pin Ballroom (Mingaladon)
Myawaddy Tours and Travel
Myawaddy Travels and Tours
Nan Myaing Café (Pwin Oo Lwin)
Okkala Golf Resort
Royal Sportainment Bowling Alley
Royal Sportainment Complex
Royal Sportainment Ice Skating
Shwe Gandamar Ballroom (Pathein)
Shwe Gandamar Grand Ballroom (Yangon)

မြန်မာစစ်တပ်ပိုင်နှင့်ဆက်နွယ်နေသည့် အစားအသောက်နှင့်အဖျော်ယမကာလုပ်ငန်း
============================================================

Adipati Rice (AAPT Rice)
Akasi Long Grain Rice
Andaman Gold Blue
Andaman Gold Special
Army Rum
Black Shield Stout
Dagon Beverages
Dagon Dairy Plant
Dagon Extra Strong Beer
Dagon Fresh Lemon Sparkling
Dagon Fresh Soda
Dagon Gin
Dagon Lager Beer
Dagon Light Lager Beer
Dagon Malta Fresh
Dagon Rum
Dagon Single Malt Lager Beer
Dagon Super Lager Beer
First Choice Tinned River Cat Fish
First Choice Tinned Beef Curry
First Choice Tinned Fried Bamboo Shoot and True Pea
First Choice Tinned Fried Fish Paste
First Choice Tinned Haricot Beans in Tomato Sauce
First Choice Tinned Mango Pickle
First Choice Tinned Chicken and Potato Curry
First Choice Tinned Butter Bean
First Choice Tinned Hilsa
Fleur Marguerite Sunflower Rice
Kirin Ichiban
Mandalay Beer
Mandalay Brewery
Mandalay Spirulina Anti-aging Beer
Mandalay Strong Beer
Mandalay Super Fresh Lager
MEC Myanmar Rice
Milky Sweetened Condensed Milk
Moon Dairy Creamer
Myanmar Beer
Myanmar Brewery
Myanmar Premium Beer
Nan Myaing Coffee
Nay Pyi Taw Water
Ngwe Pin Lei Premium Marine Products
Pyin Oo Lwin Coffee
Royal Karaweik Sugar
Seven7 Condensed Milk
Shwe Phe Oo Teamix
Sugarmec
Sun Condensed Milk
Health and Beauty Products
Dagon Hand Sanitizer
Dentomec Toothbrushes
Dentomec Toothpaste
Life Coconut Oil (moisturiser)
Padonma Soap
Thant Sin Hand Sanitizer
Star Mask Disposable Face Mask

မြန်မာစစ်တပ်ပိုင်(သို့မဟုတ်) ဆက်နွယ်နေသော ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ
===========================================================
ARJ Syringes
Defence Services General Hospital
Defence Services Liver Hospital
Defence Services Medical Research Centre
Defence Services Obstetrics, Gynaecology and Child Health Hospital
Defence Services Orthopaedics Hospital
Gas Factory (Mandalay) Oxygen Cylinders
Kan Thar Yar Hospital
Military Institute of Nursing and Paramedical Science
No.2 Military Hospital
Thamadaw Special Clinic
Industrial Estates/Offices
Indagaw Industrial Zone
Myawaddy Bank Luxury Complex
Ngwe Pinlae Industrial Estate
Pyinmabin Industrial Estate

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများ
======================================================

Ahlone International Port Terminal 1, Yangon

Container Transport and Port Clearance Yard (Ywama)

Five Star Shipping Company – ships owned: Chindwin, Coco Gyun, Sawei, Ha-Kha, Han Thar, Hpa-an, Htone-Ywa, Kengtung, Kyaukpyu, Lashio, Loikaw, Maan Aung, Mawlamyine, Myit Kyi Na, Pagan, Pha Shwe Gyaw Ywa, Shweli,Sittwe, Taung Gyi, Thanlwin, U Thar, Yaan Byae.

Hlaing Dry Port, Inland Container Depot (IDC) and Logistics Centre

Hteedan International Port Terminal, Yangon

Inland Container Depot (IDC) Hlaing Thar Yar

Lann Pyi Marine

MEC Container Transport

Thilawa Shipbreaking Yard

TMT Port Terminal, Yangon

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော ထုတ်လုပ်ရေးလုပ်ငန်းများ
======================================================
Burpat synthetic enamel paint

Burplast emulsion paint

Heaven Kitchenware (metal kitchen utensils, spoons, pots, storage)

Life Coconut Charcoal Briquettes

MEC Marble (produce a range of vases, statues and plant containers)
Ngwe Pinlae Fishmeal
Silver Sea Paper Carton Box Production
Thunder Sulphuric Acid

Tristar Tyres

Vega Plastics/Vega Plastic Factory (produces a wide range of plastic
household items including tables, chairs, tissue boxes, shelving, buckets,cups, bins, food containers, baskets and boxes)

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော မီဒီယာလုပ်ငန်းများ
======================================================

Knowledge Light Magazine
MWD Books
MWD Documentary TV Channel
MWD Education, Knowledge and Sports TV Channel
MWD Family TV Channel
MWD Media
MWD Movies TV Channel
MWD Music TV Channel
MWD Series TV Channel
MWD Shopping TV Channel
MWD Variety TV Channel
Myawaddy (MWD) TV Channel
Myawaddy Television
Myawady Daily
Myawady Magazine
Ngwe Tar Yi Magazine
Tayza (children’s cartoon magazine)
Thazin FM Radio
The Union Daily
Yandanarpon Daily

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော လက်လီရောင်းဝယ်ရေးလုပ်ငန်းများ
======================================================

547 Minimarts
Adipati Rice Mill Shops
Golden Land Duty Free Shops
Kha Yae Pin Mart (Mingaladon)
Myawaddy Petrol Shop (Station)
Ruby Mart (Yangon & Pyin Oo Lwin)
Satake Showroom
Shwe Gandamar
Starmart Mandalay
Starmart Nine Mile Showroom
Trading Companies
Adipati Agricultural Produce Trading
Myawaddy Trading Ltd
Ngwe Pinlae Cold Store
Ngwe Pinlae Fisheries Company Ltd
Ngwe Pinlae Livestock Breeding and Fisheries Company
Shwe Gandamar International Trading
Shwe Innwa Gems

မြန်မာစစ်တပ်ပိုင်နှင့် ဆက်နွယ်နေသော ပို့ဆောင်ရေးလုပ်ငန်းများ
======================================================

Adipati (AAPT) Waterway Transport
Bandoola Taxi
Bandoola Transportation
City Liner Bus Services
Parami CNG Station
Parami Express
Parami Taxi
Pathein Thu Express
Sales and Service Centre, Mingalardon Township, Yangon (vehicle repairs and spare parts)
Shan Ma Lay Express
Shwe Mann Thu Highway Bus Station
Shwe Mann Thu Express (also spelt Shwe Man Thu)
Shwe Myaing Thu Express
Than Myan Thu Express

မန္တလေး ကားဂိတ်လိပ်စာလေးတွေလိုရမယ်ရ shareထားလိုက်နော်
22/12/2020

မန္တလေး ကားဂိတ်လိပ်စာလေးတွေ
လိုရမယ်ရ shareထားလိုက်နော်

19/12/2020

🔱🔱🔱ရွှေတွက်နည်း🔱🔱🔱

⚖️အခြေခံအကျဆုံးဖြစ်တဲ့ရွှေအချိန်အတွယ်နဲ့ရွှေစျေးတွက်နည်းလေးဝေမျှပေးချင်ပါတယ်.. ⚜⚜⚜⚜

၂ ပဲ = ၁ မူး
၄ ပဲ = ၁ မတ်
၈ ပဲ = ၅ မူး
(၂ပဲကို ၁မူးခေါ်ပေမဲ့ ၈ပဲကိုတော့ ၅မူး ခေါ်ကြပါတယ်)

၁ ကျပ် = ၁၆ ပဲ
၁ ပဲ = ၈ ရွေး
၁ ကျပ် = ၁၂၈ ရွေး
၁ ကျပ် = ၁၆.၆၀၆ ဂရမ်
••••••••••••
၁ကျပ်မှာ ၁၆ပဲရှိလို့ ၁ပဲတန်ဖိုး သိချင်ရင် ရွှေစျေးကို ၁၆နဲ့ စားလိုက်ရုံပါပဲရှင်..
၁ပဲဖိုး= ရွှေစျေး÷16
ဥပမာ- ၁၆ပဲရည်စျေးနှုန်း>> 1219500/-နှုန်း
ဥပမာ ပြထားတဲ့ စျေးအရဆိုရင် ..
1219500÷16 = 76218/-
၁ပဲဖိုးသိရပြီဆိုရင်..
၂ပဲဖိုးသိချင်ရင် ၂နဲ့မြှောက်
၃ပဲဖိုးသိချင်ရင် ၃နဲ့မြှောက်ရုံပါပဲနော်..

၈ပဲ(ငါးမူးသား) ဖိုး အကြမ်းသိချင်ရင်လည်း ရွှေစျေးကို ၂နဲ့စားလိုက်ရုံပဲပေါ့..
၄ပဲ(တစ်မတ်သား) ဖိုး အကြမ်းသိချင်ရင်လည်း ရွှေစျေးကို ၄နဲ့ စားလိုက်ပါနော်..
•••••••••••

ကျပ်ပဲရွေးတွေနဲ့ အတိအကျ သိချင်ရင်လည်း တွက်ပြအုံးမယ်..

ဥပမာ- ၁၆ပဲရည်စျေးနှုန်း>> 1219500/-နှုန်း

ပုစ်ဆာ-1
ရွှေတင်ချိန်က ၁ကျပ် ၉ပဲ ၂ရွေး ဆိုကြပါဆို့..
ဒါဆိုရင် တွက်နည်းနဲ့ တွက်ကြည့်ရအောင်နော်။

ရွှေစျေးတွက်နည်း 》》
( ရွေး ÷ ၈ + ပဲ ÷ ၁၆ + ကျပ် x စျေးနှုန်း )

ရွှေတွက်နည်း ဖော်မြူလာလေး နေရာမှာ အခုရွှေချိန်လေးကို အစားထိုး တွက်မယ်ဆိုရင်
2 ÷ 8 + 9 ÷ 16 +1 × 1219500 = 1924523/- ဖြစ်ပါတယ်...

ပုစ်ဆာ-2
ရွှေတင်ချိန်က ၃ပဲ ၄ရွေး ဆိုကြပါဆို့..
ဒါဆိုရင် တွက်နည်းနဲ့ တွက်ကြည့်ရအောင်နော်။

ရွှေစျေးတွက်နည်း 》》
( ရွေး ÷ ၈ + ပဲ ÷ ၁၆ + ကျပ် x စျေးနှုန်း )

ရွှေတွက်နည်း ဖော်မြူလာလေး နေရာမှာ အခုရွှေချိန်လေးကို အစားထိုး တွက်မယ်ဆိုရင်
4 ÷ 8 + 3 ÷ 16 × 1219500 = 266765/- ဖြစ်ပါတယ်... (ကျပ်နေရာမှာ မရှိလို့ + 0 လို့ ထည့်ရိုက်မနေဘဲ တန်းပြီး စျေးနဲ့မြှောက်လိုက်တာပါ)

⚜ #မြန်မာ့ရွှေပေါက်စျေးတွက်နည်း⚜
(ကမ္ဘာ့ရွှေပေါက်စျေး × ဒေါ်လာပေါက်စျေး) ÷ 1.875

05/12/2020

စကားပြော ကောင်းချင်တယ်ဆို ..
================
ကျွန်တော် အတိုကောက်လေးတွေ ဖြေပေးခဲ့မယ် ဗျ ။
မှတ်လို့လဲလွယ်မယ် ... လုပ်လို့လဲလွယ်မဲ့အရာလေးတွေပေါ့။
✅ နားလည်ဖို့အတွက် နားထောင်ပါ
ပြန်ပြောဖို့ နားမထောင်ပါနဲ့
✅ တစ်ဖက်လူ စိတ်ဝင်စားတဲ့အကြောင်း
နဲ့ဆက်စပ်တာကိုပဲ ပြောပါ
✅မေးခွန်းမေးပါ
ကိုယ်နဲ့စကားပြောတဲ့သူအကြောင်းစိတ်ဝင်စားပါ
✅ နားထောင်ပါ
စိတ်ဝင်တစားနားထောင်ပါ
✅ နာမည်ကို ရံဖန်ရံခါ
သုံးသုံးပေးပါ
✅ ဘယ်တော့မှမငြင်းပါနဲ့
ကျိုးသင့်ကြောင်းသင့်နဲ့ဆွေးနွေးပါ
✅ မှားတယ် ဆိုတဲ့စကားထက်
ပိုကောင်းတဲ့စကားပဲသုံးပါ
အခြေခံ အချက်လေးတွေ
အသုံးဝင်မယ်ထင်ပါတယ် ....
Pyae Phone - GYS

💥💥💥ဝိတ်လဲကျချင် 😒😒😒အစားလဲမလျော့ချင် ❌❌❌လေ့ကျင့်ခန်းလဲမလုပ်ချင် ဆိုသူများ အတွက်✅ဘာလေ့ကျင့်ခန်းလဲ လုပ်စရာမလိုဘူး✅ဘာဆေးမှသေ...
27/11/2020

💥💥💥ဝိတ်လဲကျချင်
😒😒😒အစားလဲမလျော့ချင်
❌❌❌လေ့ကျင့်ခန်းလဲမလုပ်ချင် ဆိုသူများ အတွက်

✅ဘာလေ့ကျင့်ခန်းလဲ လုပ်စရာမလိုဘူး
✅ဘာဆေးမှသောက်စရာမလိုဘူး
✅ကျန်းမာရေးလဲမထိခိုက်ဘူး

😱 ဒီ့ထက်ကောင်းတဲ့ ပုံစံမျိုးရှိဦးမလား
👍တပတ်ကို ၃ပေါင်လောက် သိသာစေမယ့်အစားစာနည်း

နေ့စဉ်အစားအစာတွေကိုလဲ လုံးဝဖြတ်တောက်မပြစ်ပဲနဲ့
ဒီလိုအစားထိုးနည်းလေးတွေနဲ့ ဝိတ်ချကြမယ်နော်

💕ကျန်းမာလှပတဲ့ခန္ဓာ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ 💕

အလွယ်တကူ ဘဏ်အတိုးတွက်နည်း****----****-----****------*****---*****             ကျွန်တော်က ဘဏ်ဝန်ထမ်းတစ်ယောက်ပါ။ ဘဏ်ဝန်ထမ်...
17/11/2020

အလွယ်တကူ ဘဏ်အတိုးတွက်နည်း
****----****-----****------*****---*****
ကျွန်တော်က ဘဏ်ဝန်ထမ်းတစ်ယောက်ပါ။ ဘဏ်ဝန်ထမ်းမို့ဘဏ်အတိုးနဲ့ပက်သက်ပြီး အတိုးတွက်ချက်ပေးရမူမျိုးကို အပြင်မှာမကြာခဏကြုံတွေ့ရပါတယ်။ bank အတိုး 8.25% တွေ fix အတိုး 8.5%/9%10% တွေ အကျယ်တဝံ့ ပြောပြရှင်းပြ ကျွန်တော်ကိုယ်တိုင် တွက်ပြပေးနိူင်ပေမယ့် သာမန်အရပ်သူအရပ်သားများအတွက်ကတော့ အလွယ်တကူဘဏ်အတိုး မတွက်ချက်တတ်ကြပါ။
လစဉ်ဘဏ်အတိုး(100,000)လောက်ရချင်လို့ ဘဏ်မှာအနည်းဆုံးပိုက်ဆံ ဘယ်လောက်အပ်ထားရမည်ဆိုတာကို အလွယ်တကူ မတွက်ချက်တတ်ပါ။ဒီလိုပဲ ဘဏ်မှာ ပိုက်ဆံ သိန်း100အပ်ထားလို့တစ်လ အတိုး ဘယ်လောက်ရရှိမယ်ဆိုတာလည်း သိပ်မတွက်ချက်တတ်ကြပါ။
ဒီတော့ လစဉ်ဘဏ်အတိုး သူတို့လိုချင်တဲ့ ငွေအမောက်ရဖို့ ဘဏ်မှာ ဘယ်လောက်အပ်ဖို့လိုအပ်တယ်။ပိုက်ဆံ ဘယ်လောက်အပ်ထားရင် ဘဏ်အတိုး ဘယ်လောက်ရမယ်ဆိုတာကို အမြဲတွက်ချက်ပြသပေးရပါတယ်။
ကျွန်တော်ရဲ့အလွယ်တကူ တွက်ချက်ရှင်းပြပေးမူကတော့ လူတိုင်းနားလည်လွယ်အောင် . . .
ကိုယ်လိုချင်တဲ့ဘဏ်အတိုး ပမာဏကို (145)နဲ့မြောက်ခိုင်းပြီး ဘဏ်မှာ အပ်ခိုင်းလိုက်ပါတယ်။
ဘဏ်အတိုးကို 8.25%နဲ့မြောက်ပြီး12နဲ့ပြန်စားတာတွေ အသေးစိတ် ရှင်းပြပြောပြမနေတော့ပဲ လူတိုင်းအလွယ်တကူ တွက်တတ်အောင်ပဲ ရှင်းပြပေးလိုက်ပါတယ်။
လစဉ်ဘဏ်အတိုး(50,000)လိုချင်တယ်ဆိုရင် . . .
(50,000×145=7,250,000) 72သိန်းခွဲ အခြေခံအကြမ်းမျှဉ်း ဘဏ်မှာ အပ်ရပါမယ်။
ဒီလိုပဲ လစဉ် ဘဏ်အတိုး(3သိန်းခွဲလောက်ရချင်ပါတယ်ဆိုရင်)
(350,000×145=50,750,000) သိန်းငါးရာနဲ့ခုနှစ်သိန်းခွဲလောက် ဘဏ်မှာအပ်ထားပေးရပါမယ်။ ဒီနည်းလမ်းနဲ့ပဲ ရှင်းပြပေးပါတယ်။
ထိုအတူ Customer များဘဏ်မှာအပ်ထားသည့်ငွေပမာဏကို ပြောလျှင်လည်း အလွယ်တကူ တစ်လရရှိမည့် ဘဏ်အတိုးနှုန်းကို (145)နဲ့ပဲပြန် စားလိုက်ပါတယ်။
ဥပမာ။ သိန်း100ဘဏ်မှာအပ်ထားရင် ရရှိမည့်အတိုး . . .
(10,000,000÷145=68,965)ခြောက်သောင်းရှစ်ထောင်ဝန်းကျင် သိန်း100အပ်ရင် ရရှိပါမယ်။
အကောင့်ထဲ ပိုက်ဆံ1000အပ်ထားတယ်။(1000÷145=6.89) လစဉ်ဘဏ်အတိုး 6ကျပ်နဲ့ပြား80 ဝန်းကျင်ရရှိနေပါ့မယ်။
မယုံကြည်လျှင် လူတိုင်းကျွန်တော်ပြောသလို ချတွက်ပြီး နီးစပ်ရာ ကြိုက်နှစ်သက်ရာ ဘဏ်ဝန်ထမ်းတွေ အသေးစိတ်တွက်ချက်ခိုင်းပြီး မိမိရလဒ်နဲ့ တိုက်စစ်ဆေးကြည့်ပါ။
Bank ဝန်ထမ်းများလည်း အလွယ်တကူ ကျွန်တော်နည်းဖြင့်တွက်ချက်ပြီး အတိအကျအဖြေကိုပါ ပြန်တွက်ချက်ပြီး လေ့လာဆန်းသပ်ကြည့်ပါ
အနီးစပ်အမှန်ကန်ဆုံး ရလဒ်အဖြေကို ရရှိနေပါလိမ့်မည်။
(145)က ဘယ်ကရလာတာလဲ?မမေးပါနဲ့။
(145)က ဘဏ်အတိုးတွက်ချက်တဲ့{--×(8.25%) ÷ 12} ဆိုတဲ့ဖော်မြူလာ. . .
အမြှောက်8.25%အစား 12ဆိုတာနှင့် ညီမျှသော အနီးစပ်ဆုံးကိန်းဂဏန်းတစ်ခု အစားထိုး ရလဒ်ပါ။

မှတ်ချက်။ ။
ဘဏ်အတိုးနှုန်း တစ်ဘဏ်နှင့် တစ်ဘဏ် အတိုး%အနည်းငယ် ကွဲပြားမူရှိသည့်အတွက် အစားထိုး ဂဏန်များလည်းကွဲလွဲမူရှိသွားရမည်ကို သတိပြု၍ မိမိအပ်နှံ့သော ဘဏ်မှ ပေးသော အတိုး%အလိုက် အစားထိုးဂဏန်းများလည်းပြောင်းလဲ၍ အလွယ်တကူ တွက်ချက် ကြည့်ကြပါ ခင်ဗျာ . . .
8% = 150
8.25% = 145
8.5% = 141
9% = 133
9.25% = 130
9.5% = 126
9.75% = 123
10% = 120

(ဥပမာ တွက်ချက်ပြသပေးထားသော145တို့အထက်ပါ အစားထိုးဂဏန်းများစွာတို့က အဘပေးတဲ့ 3Dအိပ်မက်ဂဏန်းများလို့တော့ ထင်မိပြီး အပီအော မချလိုက်ပါနဲ့ဗျာ)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when MinHtet Delivery Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share