Ko aung aung Taxi mandalay 0943061875 / 09787508273

Ko aung aung Taxi mandalay 0943061875 / 09787508273 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko aung aung Taxi mandalay 0943061875 / 09787508273, Advertising/Marketing, 69st conor39st, Mandalay.

မန္တ​လေးမှပြည်​သို့အပို့ခရီးစဉ်​​လေး
06/06/2020

မန္တ​လေးမှပြည်​သို့အပို့ခရီးစဉ်​​လေး

02/06/2020

အားလုံးမဂ့လာနံနက်​ခင်း​လေးဖြစ်​ကြပါ​စေ ခရီးသွားလို့ရပြီဆို​တော့ ကား​လေးဖုန်းဆက်​ငှါးရမ်းနိုင်​ပါပြီလို့အသိ​ပေးတာပါခင်​ဗျ အားလုံး​ကျေးဇူးအထူးပဲတင်​ပါတယ်

ခေတ်​မီ လှပပြီး ဇိမ်​ကျ တဲ့ VIP class 2+1 ၄၃ ​ယောက်​စီးကားကြီးဖြင့်​ ခရီးသွားမယ်​ဆို ဖုန်း​လေးဆက်​ပြီးငှါးရမ်းနိုင်​ပါ...
20/05/2020

ခေတ်​မီ လှပပြီး ဇိမ်​ကျ တဲ့ VIP class 2+1 ၄၃ ​ယောက်​စီးကားကြီးဖြင့်​ ခရီးသွားမယ်​ဆို ဖုန်း​လေးဆက်​ပြီးငှါးရမ်းနိုင်​ပါတယ်​ခင်​ဗျာ🙏🙏🙏

Mark2 ​လေးနဲ့ငြိမ့်​ငြိမ့်​​ညောင်း​ညောင်း ခရီးသွားချင်​ရင်​ ဖုန်းဆက်​ငှါးရမ်းနိုင်​ပါတယ်​ခင်​ဗျာ🙏🙏🙏
20/05/2020

Mark2 ​လေးနဲ့ငြိမ့်​ငြိမ့်​​ညောင်း​ညောင်း ခရီးသွားချင်​ရင်​ ဖုန်းဆက်​ငှါးရမ်းနိုင်​ပါတယ်​ခင်​ဗျာ🙏🙏🙏

Morning
20/05/2020

Morning

15/05/2020

မန္တ​လေးမြို့တွင်း မြို့ပြင်​ ​ဈေးနှုံးချိုသာစွာကားငှါးရမ်းနိုင်​ပါသည်​ခင်​ဗျာ 0943061875

11/05/2020

ကားမျိုးစုံ ငှါးရမ်းနိုင်​ပါသည်​ခင်​ဗျာ

Skinny Buddha (Mandalay City)
03/12/2018

Skinny Buddha (Mandalay City)

copyမြန်မာ့အနုပညာလက်ရာအမွေအနှစ်များနှင့် ပြည့်လျှမ်းနေသည့် စလေရုပ်စုံ ကျောင်းတော်ကြီး🔹🔹🔹🔹🔹🔹🔹🔹🔹🔹မြန်မာ့ယဉ်ကျေးမှုအနုပညာဖြစ...
13/10/2018

copy
မြန်မာ့အနုပညာလက်ရာအမွေအနှစ်များနှင့် ပြည့်လျှမ်းနေသည့် စလေရုပ်စုံ ကျောင်းတော်ကြီး
🔹🔹🔹🔹🔹🔹🔹🔹🔹🔹
မြန်မာ့ယဉ်ကျေးမှုအနုပညာဖြစ်သော ပန်းဆယ်မျိုးစာရင်းဝင် ပန်းပုပညာသည် ယနေ့တိုင် နေရာရနေဆဲ အတတ်ပညာလည်း ဖြစ်သည်။ အတတ်ပညာနှင့် နည်းပညာများ မည်သို့ပင် တိုးတက်ပြောင်းလဲပါစေ မြန်မာ့ပန်းဆယ်မျိုး အပါအဝင် လက်မှုအနုပညာများမှာ မှေးမှိန်သွားခြင်းမရှိဘဲ ဆက်လက် ရှင်သန်နေဆဲဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ မြေလတ်ပိုင်းဒေသ စလေမြို့မှ ရုပ်စုံကျောင်းတော်ကြီးတွင် မြန်မာတို့၏ အနုပညာလက်ရာများဖြင့် ထုံမွမ်းထားသည့်အပြင် ပန်းဆယ်မျိုးစာရင်းဝင် အတတ်ပညာများဖြင့် ကျောင်းတော်ကြီးကို တန်ဆာဆင်ထားသောကြောင့် ထိုကျောင်းတော်ကြီးကို စလေ ရုပ်စုံကျောင်းတော်ကြီးဟု ခေါ်တွင်ခဲ့သည်။

အနုပညာရှင်များစွာနှင့် အံ့မခန်းလက်ရာများကို အနုစိတ်ထုထွင်း တည်ဆောက်ခဲ့သော ကျောင်းတော်ကြီးအား ဂဃနဏကြည့်ရှု လေ့လာမည် ဆိုလျှင် မြန်မာ့ယဉ်ကျေးမှု ပန်းဆယ်မျိုး၏ မြင့်မားလှသော အနုပညာ အရည်အသွေးကို ဂုဏ်ယူဖွယ်ရာတွေ့မြင် နိုင်မည်ဖြစ်သည်။ အတိတ်ဆိုသောအချိန်များက မြန်မာမှုအနုပညာ မြောက်မြားစွာထဲမှထိပ်တန်းစာရင်းဝင်ဖြစ်ခဲ့သည်မှာ သေချာနေပါသည်။ဆက်လက် ထိန်းသိမ်း ရန် လည်း အရေးကြီးသည်။

ယနေ့တိုင်မပျက်မစီး ကျန်ရစ်တည်ရှိနေသော ရှေးမြန်မာတို့၏ အမွေအနှစ် ရှေးဟောင်းစလေရုပ်စုံ ကျောင်းတော်ကြီးသည် မြန်မာတို့ အတွက်သာမက နိုင်ငံအတွက်၊ မြန်မာ့အနုပညာအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာပင်ဖြစ်သည်။

စလေမြို့သည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ထင်ရှားသောမြို့တစ်မြို့ ဖြစ်ကာ မြို့သက်တမ်း ရှည်ခဲ့သောကြောင့် ပုဂံခေတ် အခါကပင် စည်ပင်ဖွံ့ဖြိုးခဲ့သည့် မြို့အဖြစ် သမိုင်းမှတ်တမ်းများက ဆိုထားပါသည်။ စလေမြို့အမည်သည် ရှမ်းဘာသာဖြင့် အရောင်းအဝယ်ကောင်းသောမြို့ဟု အဓိပ္ပာယ်ရသည်။

စလေမြို့ရှိ ရုပ်စုံကျောင်းတော်ကြီးကို သုဓမ္မာဂိုဏ်းထောက် ဆရာတော်ကြီး ဦးဂုဏ အတွက် ဒါယကာအဖြစ်ခံယူသူ သူဌေးကြီး ဦးဘိုကြည်က သက္ကရာဇ် ၁၈၈၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့၏။ ကျောင်းဆောက်လုပ်ခဲ့သော ခုနှစ်ကို အလွယ်တကူမှတ်သားနိုင်ရန် လင်္ကာလည်း ပေါ်ထွန်းခဲ့သည်။ ထိုလင်္ကာမှာ ''အောင်ကျော်လှဝင်း ရုပ်စုံခင်း''ဟု ဖြစ်သောကြောင့် မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်ဟု ဒေသခံများက အမှတ်အသား ပြုထားပါသည်။ ရုပ်စုံခင်းဆိုသော လင်္ကာအရ ကျောင်းတော်ကြီးကို ပန်းပုရုပ်တု၊ ရုပ်လုံး၊ ရုပ်ကြွများဖြင့် တန်ဆာဆင်ခဲ့သည်ကို အကြောင်းပြုကာ အမည်နာမတွင်ခဲ့သည်။

ကျောင်းတော်ကြီး တည်ဆောက်စ အချိန်ကာလသည် မန္တလေးရတနာပုံ နေပြည်တော်၌ တိုင်းရေးပြည်ရာ မငြိမ်သက်သော အချိန်ဖြစ်ပြီး အဖြစ်ဆိုးများနှင့် ရင်ဆိုင်နေရသော အချိန်ဖြစ်ကာ ကနောင်မင်းသားအား မြင်းကွန်း၊ မြင်းခုံတိုင် တူတော်နှစ်ပါးက လုပ်ကြံခြင်း၊ စလေဦးပုညကို အခါတော်ပေးမှုဖြင့် ကွပ်မျက်ခံရချိန်နှင့် ကြုံကြိုက်လျက်ရှိသည်။ ထိုအချိန်မှာ ပဒေသရာဇ် ခေတ်ကုန်ဆုံးခါနီးအချိန်လည်း ဖြစ်သောကြောင့် စလေမြို့သည် ငြိမ်းချမ်းစရာလမ်း မရှိဖြစ်ခဲ့၏။ သို့သော် ခေတ်ကာလ မငြိမ်သက်သော်လည်း ၁ဝ နှစ်ကြာသည်အထိ ဇွဲကြီးစွာ တည်ဆောက်ခဲ့သော စလေရုပ်စုံ ကျောင်းတော်ကြီးမှာ ဂုဏ်ယူဖွယ်အတိတ် မှတ်တမ်းပင်ဖြစ်သည်။

အင်္ဂလိပ်မျက်နှာဖြူများ ခြေရှုပ်စဉ်ကာလနှင့် ရင်ဆိုင်ခဲ့ရသောအချိန်တွင် ကျောင်းတော်ကြီး တည်ဆောက်မှုများသည် စိတ်နေစိတ်ထား စေတနာကောင်းတို့ကို အခြေတည်ကာ အံ့မခန်းလက်ရာများဖြင့် ပြီးဆုံးအောင် ဆောက်ခဲ့သောကြောင့် ဒေသခံများသည် အလှူရှင်နှင့်ထပ်တူ ကြည်နူးမဆုံးဖြစ်ခဲ့ရသည်။ နောင်အရှည်တည်မည့် ဤကျောင်း တော်ကြီးသည် စလေမြို့အတွက် ဂုဏ်ယူဖွယ်ရာပြယုဂ်အဖြစ် တည်ရှိနေ မည်ဖြစ် သည်။

ကျောင်းတော်ကြီးကို ဆရာတော်က လှေကားလေးစင်းတပ် အိမ်တော်ပုံကျောင်း အဖြစ်ဆောက်ပါဟု ဆိုမိန့်ခဲ့သည့်အတိုင်း လူတစ်ဖက်စာနီးပါးရှိ တိုင်အလုံးကြီး ၁၅၄ တိုင်ကို အသုံးပြု၍ အလျား ၁၅၂ ပေ၊ အနံ ၇၆ ပေနှင့် ကျောင်းဦးပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်ပု၊ ဆောင်လှ(ဇေတဝန်ဆောင်)၊ ဆောင်မ(ထွန်းဆောင်)၊ ခုံးဆောင်၊ အနောက်ဆောင် (ရေလယ်ဆောင်)များနှင့် အလွန်ခမ်းနား ကျယ်ဝန်းသော အဆောင်တော်များကို ထည့်သွင်းဆောက်လုပ်ခဲ့သည်။

သစ်ထွင်းပန်းပုလက်ရာစုံစွာ တည်ဆောက်ခဲ့သော စလေရုပ်စုံကျောင်းတော်ကြီး ဒါယကာသူဌေးကြီး ကျောင်းဒကာကြီး ဦးဘိုကြည်သည် စည်းစနစ်ကျနသူ၊ မှတ်တမ်း မှတ်ရာများ အသေအချာ ရေးထိုးမှတ်တမ်း တင်တတ်သူဟု ဂုဏ်သတင်းကြီးခဲ့သော်လည်း သူလှူဒါန်းခဲ့သော စလေရုပ်စုံကျောင်း တော်ကြီး၏ ရုပ်စုံများထွင်းထုခဲ့သော ပညာရှင်၏အမည်နာမကို ရေးထိုးမှတ်တမ်းတင် ခြင်းမပြုမိခဲ့သောကြောင့် မည်သူမည်ဝါ မသိခဲ့ချေ။ သို့သော် ခေတ်ကာလအခြေအနေ အရ ပျောက်ဆုံးပျက်စီးသွားခြင်းလည်းဖြစ် နိုင်သည်။

ရှာဖွေတွေ့ရှိခဲ့သော တချို့မှတ်တမ်းများတွင် ကျောင်းတော်ကြီးကို စလေမြို့နယ် စညောင်ရွာသား လက်သမား၊ ဗိသုကာပညာရှင်များဖြင့် တည်ဆောက်ခဲ့ပြီး ဇာတ်တော်များ ကို ရေစကြိုနယ်မှ ပန်းပုဆရာ အကျော်အမော်များဖြင့် ထုလုပ်တပ်ဆင်ခဲ့သည်ဟု တွေ့ရှိမှတ်သား ရကြောင်း ဆိုသည်။

ထိုခေတ်အခါက ပန်းပုပညာရှင်များသည် အလွန်ထူးချွန်ကြ၏။ ရတနာပုံခေတ် ဟုခေါ်သော ထိုအချိန်က ရေစကြိုနယ်၌ အလွန် စံထားလောက်သည့် ပညာရှင်များ၏ အနုပညာ ဖန်တီးမှုလက်ရာများသည် အံ့သြဖွယ်ကောင်းလှသည်ဟု ဒေသခံများက ဂုဏ်ယူမဆုံး စကားများဖြင့် ဆိုကြသည်ကိုလည်း မှတ်သားခဲ့ရသည်။ စလေရုပ်စုံ ကျောင်းတော်ကြီးရှိ အနုသုခုမဆန်စွာ ပုံဖော်ထွင်းထုထားမှုများကို သေသေချာချာ လေ့လာရင်း ဒေသခံ သို့မဟုတ် စာပေပညာ ကြွယ်ဝသူ သို့မဟုတ် ဒေသခံပညာဉာဏ် ရည်ရင့်သန်သူထံ မေးမြန်းပြီး ကျောင်းတော်ကြီးကို လေ့လာမှသာ အတော်အသင့်သိနိုင်မည်ဟု ထင်မိခဲ့သောကြောင့် စလေမြို့၌ ညအိပ်နေထိုင်ရင်း လေ့လာခဲ့ရသည်။

စလေရုပ်စုံကျောင်းတော်ကြီး၏ ရုပ်လုံးရှင် ပန်းပုဆရာ၏ လက်ရာများကို လေ့လာလျှင် တွေ့ရသည်မှာ ပန်းပုရုပ်များသည် ခံ့ညားလှပ ကြော့ရှင်းပြီး နုနုနယ်နယ်ပုံဟန်ဖြစ်နေ၏။ ရုပ်တုပေါင်း ၄၅ ရုပ်ရှိပြီး လူတို့၏ဘဝ အတွင်းမှ ကာမဂုဏ်အဆင်းနှင့် ဆိုင်သော ရုပ်တုများကို သတိသံဝေဂရဖွယ်ထု ဆစ်ထားသည်။ ဤကဲ့သို့ ပုံဟန်ဖြစ်စေရန် ကျောင်းကြီးတွင် တရားဘာဝနာပွားများမည့် ဆရာတော် ဦးဂုဏ ၏ညွှန်ကြားမှုဟု ဆိုကြသည်။

ရုပ်စုံပညာရှင်၏ ရုပ်လုံးဖော်ထုဆစ်ခဲ့သော လက်ရာများသည် ထိုခေတ်အခါက ခေတ်စားခဲ့သည့် ဇာတ်တချို့နှင့် ဗုဒ္ဓဝင် ဇာတ်တော် ၅၅ဝ နိပါတ်တော်များကို ရေး ထွင်းထုဆစ်ထားသည့် ရုပ်စုံများဖြစ်၏။ သို့သော် ယနေ့ခေတ်သို့တိုင် ခေတ်နှင့်ညီသော ရုပ်တုအဖြစ် လေ့လာသူများက ဆိုစကား ပြုသည်ကိုလည်း ကြားသိရသည်။

ထုဆစ်ထားသောပုံဟန်များသည် ၅၅ဝ ဇာတ်တော်လာ ဇာတ်ဝင်ခန်းပါပုံများ ဖြစ်၍ ဗုဒ္ဓဝင်၊ ဘုရားရှင်၏ ပါရမီဆယ်ပါးဇာတ်တော်များဖြစ်ပြီး သက်ဝင်နေသည့်အလား ထင်မှတ်မှားရလောက်အောင် ဖြစ်ခဲ့ရသည်။

ဒေသခံမိတ်ဆွေ ပန်းချီဆရာကြီးက သူကြိုတင်လေ့လာထားသော ပန်းပုရုပ်တု များအသက်ဝင်မှုကို လိုက်၍ပြသောအခါ တွေ့ရသည်မှာ ဇောတိကနှင့် အတုလကာယီ တို့၏ ကြော့ရှင်းလှပသော ရုပ်ပုံများသည် ခေတ်တစ်ခေတ်အခါက မြေဝိုင်းမင်းသမီးလေး ကကြိုးဆင်နေသည့် ဟန်နှင့် ဆင်နေပါသည်ဟု ခရီးစဉ်တွင် လိုက်ပါပို့ဆောင်သော ကျောင်းဆရာလေးက ချီးမွမ်းစကား ဆိုခဲ့သည်။

စာရေးသူအနေဖြင့် အနုပညာခံစားမှုကို သာမန်သာခံစားတတ်၍ သက်ဝင်လှုပ်ရှားမှု ဟန်များသည် ရှေးဆန်သောအဆင်တန်ဆာများဖြင့် ခံ့ခံ့ထည်ထည်နှင့် အသက် ဝင်သော ပန်းပုရုပ်များဟု ဆိုမိမည်ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းရာချီ သက်တမ်း ရှိခဲ့သည့်အတိတ်က မြန်မာတို့၏ ယဉ်ကျေးမှု အနုပညာများသည် နှောင်းခေတ်မျိုးဆက် သစ်များတိုင် ဆက်လက်တည်ရှိနေသဖြင့် ပန်းဆယ်မျိုးပညာရှင်များ လေ့လာစရာ၊ အတုယူစရာများနှင့် ပြည့်နှက်နေပေလိမ့် မည်။ ထို့ကြောင့် စလေရုပ်စုံကျောင်း တော်ကြီးသည် မြန်မာတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုအမွေဖြစ်၍ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သည်။

သမိုင်းဝင်အနုပညာ လက်ရာစုံစွာနှင့် သက်တမ်းရှည်စွာ တည်ရှိနေသော စလေ ရုပ်စုံကျောင်းတော်ကြီးနှင့် စင်ပြိုင်တည်ရှိနေသော ပခုက္ကူမြို့က ရွှေဂူကြီးဘုရားရှိ သစ်သားထွင်း ပန်းရှစ်ထပ်တံကဲတော်ကြီး၊ မုံရွာမြို့တစ်ဖက်ကမ်း ဆားလင်းကြီးမြို့ ချမ်းသာရပ်ရှိ စည်သူပန်း ဘုရားကြီးတွင် ရေးထွင်းထားသော နောက်ခံမုခ်တံကဲများ သည်လည်း ရှားပါးသော ပန်းပုလက်ရာများ ဖြစ်သဖြင့် မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံ အတွက် တန်ဖိုးရှိသော ရှေးဟောင်းအမွေအနှစ်များအဖြစ် ဂုဏ်တက်ခဲ့ရပြီဖြစ်သည်။

စလေမြို့သို့ တစ်ခါတစ်ခေါက် ရောက်ကြသူများသည် စလေရုပ်စုံကျောင်းတော်ကြီးသို့ မဖြစ်မနေ သွားရောက်ကြစမြဲဖြစ်သည်။သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ မြေလတ်မြို့တော် မကွေးတိုင်းဒေသကြီး၏ ဂုဏ်ကျက်သရေ ဆောင်စလေမြို့သို့ ဝင်ရောက်၍ စလေရုပ်စုံ ကျောင်းတော်ကြီးသို့ ဂုဏ်ယူစွာ သွားရောက်သင့်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

မြမဉ္ဇူဝေ(ကျုံမငေး)
credit

ရွှေတောင်ဦးမော်စေတီသမိုင်း ==================စစ်ကိုင်းမြို့ ၊ ဧရာဝတီတံတား(ရတနာပုံ)အနီး၊ မြစ်ကမ်းဘေးရှိရွှေတောင်ဦးမော် တေ...
22/03/2018

ရွှေတောင်ဦးမော်စေတီသမိုင်း
==================

စစ်ကိုင်းမြို့ ၊ ဧရာဝတီတံတား(ရတနာပုံ)အနီး၊
မြစ်ကမ်းဘေးရှိရွှေတောင်ဦးမော် တောင်တော်ပေါ်၌
ရွှေတောင်ဦးမော်စေတီကို
သီရိဓမ္မာသောကမင်းကြီး တည်တော်မူခဲ့သည်။

စေတီပေါင်း (၈၄၀၀၀)တွင် တစ်ဆူအပါအ၀င်ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီးသည်
စေတီပေါင်း(၈၄၀၀၀)ကို သက္ကရာဇ်(၂၂၁)ခုနှစ်
တွင်တည်တော်မူ၍ သက္ကရာဇ်(၂၂၄)ခုနှစ်တွင် စေတီအားလုံးပြီးစီးအောင်မြင်သည်ဟု
ကျောက်စာသမိုင်းတွင် ရေးထိုးထားပါသည်။

အရိမဒ္ဒနပူရ ပုဂံပြည်ကြီးရှင် ဘုရင်အနော်ရထာ၏
ဆရာ ဓမ္မဒသ၁ီဘွဲ့ ခံ အရှင်အရဟံသည်
သက္ကရာဇ်(၄၀၀)ကျော်တွင် ကြပ်မ(ကြည့်ရှု့ )
ပြင်ဆင်တော်မူခဲ့သည်။

ဤ တောင်သည် ဘုရားရှင် ကြွရောက်တော်မူစဉ်က
ရေကြည်တော်မွတ်သိပ်တော်မူသဖြင့် ဦးခေါင်းတော်ကို “မော်” ၍ ကြည့်ရှု့ တော်
မူရာ အရပ်ဖြစ်သဖြင့် “ရွှေခေါင်းဦးမျှော်” မည်၏။

နောက်မှကာလရွေ့ သော် “ရွှေတောင်ဦးမော်”
ဖြစ်သည်ဟု ဆိုရိုးရှိကြောင်း မှတ်သားရပါသည်။

ရွှေတောင်ဦးမော်စေတီတော်ရင်ပြင် တောင်ကုန်းမြေတွင် ဂျပန်နိုင်ငံ တိုကျိုမြို့တောင်ဘက် ကမာကူရ အရပ်ဒေသမှာရှိတဲ့ ကမာကူရ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ပုံတူတော်အဖြစ် တည်ထားတဲ့ ဥာဏ်တော်အမြင့် ၃၁ ပေရှိ ကမာကူရ ဂျပန်ဘုရားကြီး တည်ရှိပါတယ်။

Credit

#ရွှေတောင်ဦးမော်
credit

03/10/2017
21/06/2017

Address

69st Conor39st
Mandalay

Telephone

+95943061875

Website

Alerts

Be the first to know and let us send you an email when Ko aung aung Taxi mandalay 0943061875 / 09787508273 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share