Media Win Group of Marketing

Media Win Group of Marketing Stay Ahead . Win More

Content ရေးတယ်ဆိုတာကို သိနေတာကြာပြီ။ ကိုယ်တိုင်လည်း စိတ်ဝင်စားလို့ ဒီလမ်းကြောင်းကို လျှောက်လှမ်းကြည့်ချင်ပေမယ့်...👉 သင်တ...
17/07/2026

Content ရေးတယ်ဆိုတာကို သိနေတာကြာပြီ။ ကိုယ်တိုင်လည်း စိတ်ဝင်စားလို့ ဒီလမ်းကြောင်းကို လျှောက်လှမ်းကြည့်ချင်ပေမယ့်...

👉 သင်တန်းတက်ဖို့ အချိန်မပေးနိုင်သေးဘူး
👉 ငွေကြေးအခက်အခဲ ရှိနေတယ် ဆိုပြီး စိုးရိမ်နေမိလား။

ဒီမေးခွန်းအတွက် စိုးရိမ်စိတ်တွေကို လျှော့ချပြီး အဖြေတစ်ခု ရသွားစေဖို့ ဒီ post လေးကို ဖတ်ကြည့်ပေးပါ။
တကယ်တော့ Content Writer အများစုဟာ သင်တန်းမတက်ရသေးခင် ကိုယ်တိုင်လေ့လာပြီး လုပ်ငန်းခွင်ထဲ ရောက်လာကြတာပါ။ Content Writing နယ်ပယ်မှာ Certificate ထက် ကိုယ့်ရဲ့ အရည်အချင်းကို ပြသနိုင်မယ့် Portfolio က ပိုအရေးကြီးပါတယ်။

ကိုယ်တိုင်လည်း ဒီလမ်းကြောင်းပေါ်မှာ မြေစမ်းခရမ်းပျိုးရင်းကနေ Senior တွေရဲ့ လမ်းညွှန်မှုနဲ့အတူ Content Writer တစ်ယောက် ဖြစ်လာခဲ့တာပါ။ ဒါကြောင့် Beginner တွေအတွက် ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ရိုးရိုးရှင်းရှင်း မျှဝေပေးချင်ပါတယ်။

၁။ နေ့တိုင်း စာဖတ်ပါ၊ နေ့တိုင်း စာရေးပါ ✍️

စာအုပ်ဖတ်တာတင်မကဘဲ Facebook, Blogs နဲ့ Website တွေက ကောင်းနိုးရာရာ Content တွေကို စုံနေအောင် ဖတ်ပါ။ ပြီးပြီးရော မဖတ်ဘဲ "သူတို့က Headline ကို ဘယ်လိုဆွဲဆောင်ထားလဲ"၊ "Flow ဘယ်လိုသွားလဲ" ဆိုတာ ဆန်းစစ်ပါ။ ပြီးရင် ကိုယ်စိတ်ဝင်စားတဲ့ Topic တစ်ခု (ဥပမာ - Personal Development, Skincare) ကို ရွေးပြီး နေ့တိုင်း Content တစ်ပုဒ် ပုံမှန်ရေးသား လေ့ကျင့်ပါ။

၂။ အခမဲ့ Resources တွေကို အသုံးချပါ 💻

ဒီနေ့ခေတ်မှာ တန်ဖိုးရှိတဲ့ ပညာရပ်တွေကို အင်တာနက်ပေါ်မှာ Free လေ့လာလို့ ရပါတယ်။ YouTube မှာ Copywriting နဲ့ Content Writing ဆိုင်ရာ Tutorial တွေ အများကြီး ရှိသလို၊ HubSpot Academy လိုမျိုး Website ကနေလည်း Content Marketing ပညာရပ်တွေကို Free Certificate ရတဲ့အထိ လေ့လာနိုင်ပါတယ်။

၃။ Portfolio နဲ့ CV ကို အဆင်သင့်ပြင်ထားပါ 📁

သင်တန်းမတက်ထားတဲ့အတွက် ကိုယ့်ရဲ့ အရေးအသားကို သက်သေပြဖို့ "Portfolio" က အသက်ပါ။ ကိုယ်ပိုင် Account မှာဖြစ်စေ၊ Page ဖွင့်ပြီးတော့ဖြစ်စေ ရေးထားတဲ့ Content တွေကို တစိုက်မတ်မတ် တင်ထားပါ။ ဒါမှ အလုပ်လျှောက်တဲ့အခါ ပြသစရာ Work Sample ရှိမှာပါ။

CV ကိုလည်း အမြဲ Update ဖြစ်အောင် ပြင်ထားပါ။ Hiring Post တစ်ခုတင်ပြီး နာရီပိုင်းအတွင်း CV ရာနဲ့ချီ ရောက်လာတတ်လို့ အခွင့်အရေးရှိတုန်း အမြန်ဆုံး လျှောက်နိုင်အောင် အဆင်သင့် ပြင်ထားသင့်ပါတယ်။

💡ကိုယ်တိုင်လည်း သင်တန်းကြီးတွေ မတက်ခဲ့ပေမယ့် Free ရတဲ့ လက်တွေ့ Training နဲ့ Webinar တွေကို စဉ်ဆက်မပြတ် တက်ခဲ့ပါတယ်။ Senior တွေဆီကနေ မသိတာတွေကို မေးမြန်းသင်ယူပြီး ကိုယ်ရေးထားတဲ့ Content တွေကို Feedback တောင်း၊ ပိုကောင်းအောင် ပြန်ပြင်ရင်းနဲ့ပဲ တိုးတက်လာခဲ့တာပါ။

ဒါကြောင့် သင်တန်းမတက်ဘဲ Content Writer ဖြစ်နိုင်လား ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ သေချာပေါက် ဖြစ်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

တစ်ယောက်တည်း လမ်းပျောက်မနေရအောင်တော့ အတွေ့အကြုံရှိသူတွေဆီ ချဉ်းကပ်ဖို့၊ Network တည်ဆောက်ဖို့နဲ့ Content Writing Community တွေထဲကို ဝင်ရောက်ထားဖို့ ထပ်လောင်း အကြံပြုလိုက်ပါရစေ။

Today, we celebrate not only our COO but also a valued member of the Media Win family.Happy Birthday MYO Myo Thinxar Lyn...
10/07/2026

Today, we celebrate not only our COO but also a valued member of the Media Win family.

Happy Birthday MYO Myo Thinxar Lynne

Thank you for your dedication, leadership, and the energy you bring to our team every day.

Wishing you happiness, good health, and continued success. Let's achieve even greater milestones together.
� ’sday

လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် ဘာက အရင်ဆုံး ခေါင်းထဲ ရောက်လာတတ်လဲအရင်းအနှီး၊ ဆိုင်နေရာ၊ ကုန်ပစ္စည်း ဒါတွေအားလုံး ပြင်ဆ...
02/07/2026

လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် ဘာက အရင်ဆုံး ခေါင်းထဲ ရောက်လာတတ်လဲ

အရင်းအနှီး၊ ဆိုင်နေရာ၊ ကုန်ပစ္စည်း ဒါတွေအားလုံး ပြင်ဆင်ပြီးသွားတဲ့အခါ "ငါ့ Brand ကို လူတွေမြင်တာနဲ့ တန်းမှတ်မိစေမယ့် Logo လေးတစ်ခုတော့ လိုပြီ" ဆိုပြီး တွေးမိကြလား။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို တိတိကျကျမသိတာ၊ စိတ်ကြိုက် Designer မတွေ့တာ ဒါမှမဟုတ် တခြားအလုပ်တွေ ရှုပ်နေတာနဲ့ပဲ ပစ်ထားမိရင်း နောက်ဆုံးတော့ ဖြစ်သလိုပဲ လုပ်လိုက်ရတဲ့ အခိုက်အတန့်တွေ သင်တို့မှာ ရှိခဲ့ဖူးလား။

အပြင်ပန်းကြည့်ရင် ရိုးရှင်းပါတယ်ဆိုတဲ့ မျဉ်းကြောင်းတစ်ကြောင်း၊ စာသားတစ်ခုက သင်တို့လုပ်ငန်းရဲ့ သက်တမ်းတစ်လျှောက် အရိပ်လို လိုက်ပါမယ့် Brand Identity တစ်ခု ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုမိတဲ့အခါ Logo အကောင်းစားတွေ ဖန်တီးပေးနေတဲ့ Media Win ကိုသာ နောက်လှည့်ပြီး ကြည့်ပေးပါ။

စိတ်ကူးထဲကအတိုင်း ကွက်တိထွက်မလာမှာကို စိတ်ပူစရာမလိုပါဘူး။ Media Win ရဲ့ ကန့်သတ်ချက်မရှိတဲ့ ဖန်တီးမှုတွေကနေ အသေအချာ စိတ်ကူးပုံဖော်ပေးထားတဲ့ Modern & Premium ဖြစ်တဲ့ Logo ဒီဇိုင်းသစ် Collection (3) ခုရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို မျှဝေပေးလိုက်ပါတယ်။

သစ်လွင်တဲ့ စိတ်ကူးတွေနဲ့ ကောင်းမွန်တဲ့ ဖန်တီးမှုတွေကြောင့် ဒီဇိုင်းတစ်ခုချင်းစီတိုင်းမှာ လုပ်ငန်းရှင်တွေရဲ့ ရည်မှန်းချက်ကို အမိအရပုံဖော်ပြီး အမြင်ရှင်းရှင်းနဲ့ Premium ဆန်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်လုပ်ငန်းအတွက်လည်း အနာဂတ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အသုံးပြုနိုင်မယ့် အကောင်းစား Logo ဒီဇိုင်းတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နောက်လှည့်ကြည့်ဖို့ မမေ့ပါနဲ့။ ကျွန်တော်တို့ Media Win က သင့်နောက်မှာ အဆင်သင့်ရှိနေပါတယ်ခင်ဗျာ။

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻
𝗦𝘁𝗮𝘆 𝗔𝗵𝗲𝗮𝗱, 𝗪𝗶𝗻 𝗠𝗼𝗿𝗲🏆

☎ Phone No. - 09771793957
09780122042

📩 Email - [email protected]

18/06/2026

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗮𝗶𝗹𝘆 𝗗𝗼𝘀𝗲 𝟭𝟳

📄ပြဿနာ - ပြိုင်ဘက်တွေကအရင်ဈေးကွက်ဖျက်နေတာ။

◾ အဖြေ - "Decoy Effect ကို သုံးပါ။ စျေးနှုန်း Options ခွဲတဲ့အခါ ဝယ်သူကိုကိုယ်ရောင်းချင်တဲ့ Premium Option ကိုပဲ တန်တယ်လို့ထင်သွားအောင်ကြားထဲကနေစျေးနှုန်းမကွာခြားဘဲ အချက်အလက်နည်းတဲ့ Decoy Option ကို ညှပ်ပြထားပါ။

📄ပြဿနာ - Logo တွေ၊ Slogan တွေ လုပ်ထားပေမယ့်ကိုယ့် Brand နာမည်ကို လုံးဝမှတ်မိနေကြတာ။

◾ အဖြေ - လူ့ဦးနှောက်ကအလွယ်တကူကာရန်ညီပြီး ရွတ်ဆိုရလွယ်ကူတာတွေကို ပိုပြီးမှတ်မိလွယ်ပါတယ်။ မြန်မာလိုကာရန်ညီတဲ့ စာသားတိုလေးတွေပြောင်းပါ။

📄ပြဿနာ - ဝန်ထမ်းတွေ Target မထိတာ။

◾ အဖြေ - ပန်းတိုင်ချမှတ်တဲ့အခါ "SMART Goal" စနစ်ကိုသုံးပါ။ တိကျရမယ် (Specific)၊ တိုင်းတာလို့ရရမယ် (Measurable)၊ လက်တွေ့ဖြစ်နိုင်ရမယ် (Achievable)၊ ကိုက်ညီမှုရှိရမယ် (Relevant)၊ အချိန်ကာလသတ်မှတ်ချက်ပါရမယ် (Time-bound)။ ဒါမှသာ ဝန်ထမ်းတွေ လျှောက်ရမယ့်လမ်းကြောင်းရှင်းလင်းမှာဖြစ်ပါတယ်။

17/06/2026

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗮𝗶𝗹𝘆 𝗗𝗼𝘀𝗲 𝟭𝟲

📄ပြဿနာ - Customer တွေက နောက်ထပ်ပိုကောင်းတဲ့ပစ္စည်းတွေကိုထပ်မဝယ်ကြတာ။

◾ အဖြေ - "Foot-in-the-door Technique" စိတ်ပညာကိုသုံးပါ။ ပထမဆုံး စျေးနှုန်းသက်သာတဲ့ Product နဲ့ လမ်းဖွင့်ပြီးမှ၊ နောက်ကွယ်က Premium Product တွေကို မိတ်ဆက်ရောင်းချ(Upsell) ပါ။

📄ပြဿနာ - ကိုယ့်ရဲ့ Marketing Video တွေကဝယ်သူတွေရဲ့ စိတ်နှလုံးကိုမလှုပ်ခတ်နိုင်တာ။

◾ အဖြေ - တကယ့်လူတစ်ယောက်ကပစ္စည်းကိုသုံးစွဲပြီး စိတ်ကျေနပ်သွားတဲ့အမူအရာ၊ ခံစားချက်နဲ့ ပျော်ရွှင်မှုကိုထင်ဟပ်ပြပါ။

📄ပြဿနာ - ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် Feedbackပေးတဲ့အခါ ဝန်ထမ်းက စိတ်ဆိုးပြီးအလုပ်ထွက်သွားတာ။

◾ အဖြေ - အပြစ်တင်တဲ့ ပုံစံမျိုးမလုပ်ပါနဲ့။ ထိရောက်တဲ့ "Feedback Sandwich" စနစ်ကို သုံးပါ။ အရင်ဆုံးသူကောင်းအောင်လုပ်ထားတဲ့အချက်ကိုချီးမွမ်းပါ (Positive)၊ ပြီးမှပြင်ဆင်ရမယ့်လိုအပ်ချက်ကိုထောက်ပြပါ (Constructive Criticism)၊ နောက်ဆုံးမှာတော့ သူပိုကောင်းလာနိုင်ကြောင်းယုံကြည်မှုပေးပြီးအဆုံးသတ်ပါ (Encouragement)။

16/06/2026

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗮𝗶𝗹𝘆 𝗗𝗼𝘀𝗲 𝟭𝟱

📄ပြဿနာ - ကိုယ့် Brand ကကမ်းလှမ်းချက်တွေကို Customer တွေက လုံးဝအရေးမစိုက်တာ။

◾ အဖြေ - "Reciprocity (အပြန်အလှန်ပေးဆပ်ခြင်းစိတ်ပညာ)" ကို သုံးပါ။ ဝယ်သူဆီက ပိုက်ဆံကိုပဲချက်ချင်းမတောင်းပါနဲ့။ တကယ်အသုံးဝင်မယ့်ဗဟုသုတတွေ၊ အကြံပြုချက် (Free Value) တွေကိုအရင်ပေးပါ။

📄ပြဿနာ - Ad Image (ကြော်ငြာပုံ) တွေထဲမှာကိုယ့်ထုတ်ကုန်ကိုသတိမထားမိကြတာ။

◾ အဖြေ - မျက်လုံးလှုပ်ရှားမှုစောင့်ကြည့်ချက် (Eye-tracking Research) အရပုံထဲကလူရဲ့ အကြည့်ကိုကိုယ်ပြချင်တဲ့ "ကုန်ပစ္စည်း" သို့မဟုတ် "စျေးနှုန်းစာသား" ဘက်ကိုလှည့်ပြထားပါ။

📄ပြဿနာ - Team မှာစကားအဆက်အသွယ်တွေအမှားအယွင်းများနေတာ။

◾ အဖြေ - လုပ်ငန်းခွင်တွင်းဆက်သွယ်ရေးအတွက် Slack, Viber/Telegram Workplace Group စတဲ့ တရားဝင်လမ်းကြောင်းတစ်ခုတည်းကိုပဲသုံးပါ။ ဆုံးဖြတ်ချက်မှန်သမျှကို စာဖြင့် (Written Communication) အတည်ပြု မှတ်တမ်းတင်တဲ့ အလေ့အကျင့်လုပ်ယူပါ။

15/06/2026

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗮𝗶𝗹𝘆 𝗗𝗼𝘀𝗲 𝟭𝟰

📄ပြဿနာ - Promotion တွေပေးတာတောင် စိတ်မဝင်စားကြဘူး။

◾ အဖြေ - "အခမဲ့ရခြင်း (Free)" ကို မြင်ရင်ဝယ်ယူချင်စိတ်ပြင်းပြတတ်ပါတယ် (Zero Price Effect)။ စျေးနှုန်းကိုရာခိုင်နှုန်းအလိုက်လျှော့ပေးမယ့်အစား "တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် (Buy 1 Get 1 Free)" သို့မဟုတ် "ကျပ် ၅ သောင်းဖိုးပြည့်ရင် ပို့ခအလကား (Free Delivery)" စသဖြင့် "FREE" ဆိုတဲ့ စကားလုံးကို ထင်ထင်ရှားရှားသုံးပြီး ဝယ်သူ့ဦးနှောက်ကိုတိုက်ရိုက်ဆွပေးပါ။

📄ပြဿနာ - Customer ကစိတ်ဝင်စားပေမယ့်အချိန်ဆွဲနေတာ။

◾ အဖြေ - "Scarcity Effect (ရှားပါးမှုစိတ်ပညာ)" ကို အသုံးပြုပါ။ လူတွေဟာ ပစ္စည်းတစ်ခုပြတ်လပ်တော့မယ်ဆိုရင် လိုချင်တပ်မက်စိတ်မြင့်တက်လာတတ်ပါတယ်။

📄ပြဿနာ - ဝန်ထမ်းတွေရဲ့ အရည်အချင်းကိုအကဲဖြတ်တဲ့အခါ ပုဂ္ဂိုလ်စွဲတွေပါပြီး မျက်နှာလိုက်သလိုဖြစ်ဖြစ်နေတာ။

◾ အဖြေ - စိတ်ခံစားချက်ကိုအခြေခံပြီး မဆုံးဖြတ်ပါနဲ့။ "HR Analytics" စနစ်ကို အသုံးပြုပြီး တရားမျှတတဲ့စွမ်းဆောင်ရည်စစ်ဆေးမှု (Performance Appraisal) ကိုပြုလုပ်ပါ။

14/06/2026

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗮𝗶𝗹𝘆 𝗗𝗼𝘀𝗲 𝟭𝟯

📄ပြဿနာ - Website ဒါမှမဟုတ် Messenger ထဲမှာ ရွေးချယ်စရာများပေမယ့် ဘာမှမဝယ်သွားတာ။

◾ အဖြေ - ဝယ်သူကိုရွေးချယ်စရာအများဆုံး ၃ ခုထက်ပိုမပြပါနဲ့။ အကောင်းဆုံးတစ်ခုကို "အများဆုံးဝယ်ယူကြသော Package" ဆိုပြီး သီးသန့် Highlight လုပ်ပြထားပါ။

📄ပြဿနာ - Promotion အလန်းကြီးတွေပေးနေပေမယ့် ဝယ်သူတွေဘက်ကတုံ့ပြန်မှုအေးစက်နေတာ။

◾ အဖြေ - Discount ပေးမယ့်အစား ဝယ်ယူလိုက်တာနဲ့ ချက်ချင်း ရရှိသွားမယ့် "Instant Gratification" မျိုးပြောင်းလဲကမ်းလှမ်းကြည့်ပါ။

📄ပြဿနာ - ဝန်ထမ်းသစ်တွေခန့်ပြီးတဲ့အခါ ရက်ပိုင်းအတွင်း ပြန်ထွက်သွားကြတာ။

◾ အဖြေ - ဒါဟာ "Onboarding Process (အလုပ်စတင်မိတ်ဆက်ခြင်း)" အားနည်းလို့ပါ။ ကုမ္ပဏီရဲ့ ရည်မှန်းချက်၊ သူလုပ်ရမယ့်တာဝန်တွေကိုသေချာရှင်းပြပါ၊ အဖော်ရမယ့် Buddy (သို့) Mentor တစ်ယောက်သတ်မှတ်ပေးပြီး နွေးထွေးစွာကြိုဆိုပါ။

13/06/2026

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗮𝗶𝗹𝘆 𝗗𝗼𝘀𝗲 𝟭𝟮

📄ပြဿနာ - ကိုယ့်ပစ္စည်းကတကယ်ကောင်းပေမယ့် အသစ်မို့မယုံကြတာလား?

◾ အဖြေ - လူတွေရဲ့ "Social Proof (အများအုပ်စုလိုက်လိုက်လုပ်တတ်တဲ့စိတ်)" ကို သုံးပါ။ "လူဦးရေ ၁,၀၀၀ ကျော် သုံးစွဲပြီးသား" ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ဒါမှမဟုတ် နာမည်ရှိတဲ့သူတွေရဲ့ သုံးသပ်ချက် (Testimonials) တွေကိုအရှေ့ကနေအခိုင်အမာချပြပြီး လူတွေရဲ့ စိုးရိမ်စိတ်ကို လျှော့ချပေးပါ။

📄ပြဿနာ -Page က Post တွေကပျင်းဖို့ကောင်းလာတယ်။

◾ အဖြေ - အချက်အလက်တွေကို စာချည်းပဲမရေးဘဲ Infographics (ရုပ်ပုံပါဇယား) တွေနဲ့ ပြောင်းလဲတင်ပြပါ၊ ဝယ်သူတစ်ယောက်ရဲ့ ကြုံတွေ့ရပုံကိုဇာတ်လမ်းဆင်ပြီးရေးသားပါ။

📄ပြဿနာ - အားကိုးရတဲ့ဝန်ထမ်းအဟောင်းတွေမတတ်ကြွတော့တာ။

◾ အဖြေ - ဒါကို "Burnout (အလုပ်ပန်းတိုင်ပျောက်ဆုံးခြင်း)" လို့ ခေါ်ပါတယ်။ တစ်သမတ်တည်းဖြစ်နေတဲ့အလုပ်တာဝန်တွေအပြင်စိန်ခေါ်မှုအသစ်ဖြစ်မယ့် Project အသစ်တွေပေးတာ၊ သင်တန်း (Training)ပေးပြီး စိတ်ဓာတ်ခွန်အား ပြန်လည်ဖြည့်တင်းပေးပါ။

12/06/2026

𝗠𝗲𝗱𝗶𝗮 𝗪𝗶𝗻 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗗𝗮𝗶𝗹𝘆 𝗗𝗼𝘀𝗲 𝟭𝟭

📄ပြဿနာ - အရင်းအနှီးပိုကြီးတဲ့ပြိုင်ဘက်အသစ်တွေကိုရင်ဆိုင်ဖို့အားငယ်နေတာ။

◾ အဖြေ - အရင်းအနှီးကြီးတဲ့ လုပ်ငန်းတွေမှာ "နှေးကွေးခြင်း" ဆိုတဲ့ အားနည်းချက် ရှိတတ်ပါတယ်။ Customer တွေရဲ့ လိုအပ်ချက်ကို ပြိုင်ဘက်ထက် ပိုမြန်အောင်ဖြည့်ဆည်းပေးပါ။ Personalized Service ပေးပြီးယှဉ်ပြိုင်ပါ။

📄ပြဿနာ - Messenger မှာ Chatbot သုံးထားပေမယ့် Customer တွေက စက်ရုပ်ကြီးနဲ့ စကားပြောရသလိုခံစားသွားကြရတာ။

◾ အဖြေ - Chatbot ရဲ့ စာသားတွေကိုလုပ်ငန်းရဲ့ ပင်ကိုယ်ဟန် (Brand Voice) အတိုင်း လူတစ်ယောက်ကဖော်ဖော်ရွေရွေ ပြန်ပြောနေသလိုမျိုး သဘာဝကျတဲ့စာသားတွေနဲ့ ပြောင်းလဲ ပြင်ဆင်ပါ။

📄ပြဿနာ - လကုန်ခါနီးမှ လစာပေးဖို့ ငွေမလောက်ဖြစ်ဖြစ်နေတာ။

◾ အဖြေ - အမြတ်စာရင်း (Profit) နဲ့ လက်ကျန်ငွေ (Cash) ကို မရောထွေးပါနဲ့။ အသုံးစရိတ်တွေကို အပတ်စဉ်စောင့်ကြည့်စစ်ဆေးပြီး၊ ၃ လစာ လုပ်ငန်းလည်ပတ်နိုင်မယ့် အရေးပေါ် ရန်ပုံငွေ (Emergency Fund) ကို မဖြစ်မနေသီးသန့်ဖယ်ထားပါ။

Address

Mandale

Opening Hours

Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Saturday 08:00 - 18:30

Alerts

Be the first to know and let us send you an email when Media Win Group of Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share