23/05/2023
လူတွေ အထင်ကြီးနေကြတာက
အကာတွေပါ။
လောကမှာ လူတွေအများက
ဘာတွေအထင်ကြီးသလဲဆိုရင်
ရှိတဲ့ ပစ္စည်းဥစ္စာတွေပေါ်မှာ
အထင်ကြီးကြတယ်။
ရာထူးပေါ်မှာ အထင်ကြီးကြတယ်။
အာဏာပါဝါပေါ်မှာ အထင်ကြီးကြတယ်။
ရာထူးဆိုတာလဲ တစ်ခဏပဲ။
အာဏာပါဝါဆိုတာလဲ တစ်ခဏပဲ။
စည်းစိမ်ဥစ္စာဆိုတာလဲ တစ်ခဏပဲ။
အကန့်အသတ်တွေနဲ့ ချည်းပဲ။
အကုန်လုံး ဘယ်အရာမှ ခိုင်မြဲတာမရှိဘူး။
အဲဒါတွေအပေါ်မှာ လူတွေ နေ့စဉ်နဲ့အမျှ
ရှာဖွေပြီး တပ်မက်နေကြတာ။
လက်လွတ်မခံနိုင်ကြတာ ဒါတွေအတွက်ပဲ။
သဒ္ဓါတရားပျက်သွားလို့၊
ကိုယ်ကျင့်တရားပျက်သွားလို့ ဆိုတာမျိုးကို
စိုးရိမ်သောကရောက်ရမှာကို မသိဘူး။
တကယ်စိုးရိမ်သင့်တာက-
ကိုယ်ကျင့်တရားပျက်ခြင်း
အသိအမြင်ပျက်စီးခြင်း
ဒါတွေကမှ စိုးရိမ်စရာကောင်းတာ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ