Digital Marketing By Ei Phyu

Digital Marketing By Ei Phyu Like Page

အများကြီးရောင်းရချင်ရင် လူတိုင်းကိုမရောင်းပါနဲ့ 🚫Copy Writing တွေရေးပြီး စျေးတွေရောင်းနေတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဘယ်သူ...
03/06/2023

အများကြီးရောင်းရချင်ရင် လူတိုင်းကိုမရောင်းပါနဲ့ 🚫

Copy Writing တွေရေးပြီး စျေးတွေရောင်းနေတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဘယ်သူ့ကိုရောင်းနေတာလဲ???

စျေးရောင်းပါတယ်ဆိုနေမှ ဝယ်တဲ့လူတိုင်းကိုရောင်းမှာပေါ့ လို့တော့ မပြောပါနဲ့နော်။
Digital Marketing မှာတော့ စျေးထဲမှာထိုင်ပြီး အော်ရောင်းသလို ဘယ်သူဝယ်ဝယ်ပြီးရော ရောင်းလို့မရပါဘူး။

ဘာကြောင့်လဲဆိုရင် Audience ကို မသိဘဲ ရောင်းနေတာဟာ သင်ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေ ရရှိတော့မှာ မဟုတ်လို့ပါပဲ။

ဒါကြောင့် စျေးရောင်းတော့မယ်ဆိုရင်
>> ဘယ်နေရာက လူတွေကိုရောင်းမှာလဲ။
>> ဘယ်ရာသီဥတုကလူတွေကိုရောင်းမလဲ။
>> ဘယ်အသက်အရွယ်တွေကိုရောင်းမလဲ။
>> ဘယ်လိင်အမျိုးအစားကိုရောင်းမလဲ။
>> ဘာအလုပ်အကိုင်လုပ်နေတဲ့ လူတွေကိုရောင်းမလဲ။
>> ငွေဘယ်လောက်သုံးနိုင်မယ့် လူတွေကိုရောင်းမလဲ။
စသဖြင့် ကိုယ်ရောင်းမယ့်လူကို သေချာသိအောင်လုပ်ပါ။

Target ချိန်ပြီး ရောင်းတဲ့အခါအရင်ကထက်ပိုကောင်းတဲ့ Results ကိုရပါလိမ့်မယ်။ ဒီတစ်ခါရေးရင် ဂရုစိုက်ပြီး ရေးကြည့်ကြနော်။

ဒီနေ့မှာ Page တွေ တော်တော်များ"Unpublished တွေဖြစ်တာတွေရှိတယ်Unpublished ဖြစ်သွားရင်စိတ်မပူကြပါနဲ့See Details ကိုနှိပ်ပြ...
02/06/2023

ဒီနေ့မှာ Page တွေ တော်တော်များ"
Unpublished တွေဖြစ်တာတွေရှိတယ်
Unpublished ဖြစ်သွားရင်စိတ်မပူကြပါနဲ့

See Details ကိုနှိပ်ပြီး
Disagreedကို ရွေးပေးပါ

ကိုယ့် Page က Policyအရမ်းမငြိထားရင်

24 hours စောင့်ပြီးတာနဲ့တန်းရပါပြီ

Marketing မှာ မလုပ်ရမဲ့ အရာနှစ်ခုရှိတယ်။1. အဆင်ပြေနေသ၍ဘာမှမပြင်ဖို့2.အသစ်တွေနောက်ကို မလိုက်ဘဲမနေဖို့။အဆင်ပြေနေရင် ဘာမှမပ...
01/06/2023

Marketing မှာ မလုပ်ရမဲ့ အရာနှစ်ခုရှိတယ်။

1. အဆင်ပြေနေသ၍ဘာမှမပြင်ဖို့
2.အသစ်တွေနောက်ကို မလိုက်ဘဲမနေဖို့။

အဆင်ပြေနေရင် ဘာမှမပြင်နဲ့ဆိုတာက အမြဲတမ်းပြင်လွန်း ဖင်ချွန်းနေတဲ့လူတွေအတွက် မှာရတာ။ အသစ်အဆန်းတွေလုပ်ရင်းကနေ လွယ်လွယ်လေးနဲ့ပြီးရမဲ့ အရာတွေက လွယ်လွယ်နဲ့မပြီးတော့ဘူး။
ပြီးတော့ ကိုယ်နဲ့အဆင်ပြေနေပြီးသား လုပ်ငန်းစဥ်
တစ်ခုကို ဒီတိုင်းလေးထားဖို့လိုတယ်။

ဒါပေမဲ့လေ အကုန်လည်းသိနေတဲ့ နိုကီရာလိုပဲ။ နိုကီရာက အမှားဘာမှမလုပ်ဘူး ဒါပေမဲ့ကျရှုံးခဲ့တယ်တဲ့။ ကျွန်တော်ကတော့ သူတို့အမှားလုပ်ခဲ့တယ်လို့ပဲပြောချင်တယ်။ အဆင်ပြေမနေတော့ရင် ပြင်ဆင်ရမယ်။ Reboot ပြန်လုပ်ရမယ်။ မလုပ်ဘဲဒီတိုင်းဆက်သွားနေရင် ဒါ အမှားပဲ။

အရင်ကဆို ဘောလုံးပွဲပြတဲ့ လက်ဖက်ရည်ဆိုင်နဲ့ ဘောလုံးပွဲမပြတဲ့ဆိုင်ဆို ဘယ်ဆိုင်ပိုရောင်းကောင်းမလဲ။ ပြတဲ့ဆိုင်ရောင်းကောင်းမယ်။

ဒီလိုပဲ ။ ဒီနေ့ခေတ်မှာလည်း Wifi တပ်ပေးရတယ်။ Decoration တွေရိုးရင်ပြောင်းပေးရတယ်။ ဒါတွေက လုပ်ငန်းကို ခေတ်နဲ့လိုက်လျောညီထွေအောင်ပြင်ဆင်နေတဲ့ Marketing တွေပဲ။

Facebook ပေါ်ကလုပ်ငန်းတွေဆိုလည်း Payment တွေအစုံထားပေးရတယ်။ Live ဆိုလည်းလွှင့်ရတယ်။ Reel ဆိုတော့လည်း Vd တွေလုပ်ရပြန်ရော။ အသစ်အဆန်းဆိုတင်ရပြန်ရော။

ဒီစာကိုဖတ်ပြီးရင်မှတ်ထားရမှာ နှစ်ခုရှိတယ်။ တစ်ခုက အဆင်ပြေနေသ၍ဘာမှမပြင်ဖို့နဲ့ နောက်တစ်ခုက အသစ်တွေနောက်ကို မလိုက်ဘဲမနေဖို့။

❝ Sale Promotion အတွက်ခေါင်းစားနေရင် စျေးထဲတစ်ပတ်လောက် ပတ်ပစ်လိုက်တာပဲ ❞ဟုတ်တယ်လေ၊ ခင်ဗျားတို့ပဲ ကြည့်ပါလား။▪ "သမီးရယ်.....
29/05/2023

❝ Sale Promotion အတွက်ခေါင်းစားနေရင် စျေးထဲတစ်ပတ်လောက် ပတ်ပစ်လိုက်တာပဲ ❞

ဟုတ်တယ်လေ၊ ခင်ဗျားတို့ပဲ ကြည့်ပါလား။

▪ "သမီးရယ်...အမေအိမ်ပြန်ချင်လို့ပါ။ ဒါတွေအကုန်ပေးလိုက်မယ် တစ်ထောင်ပဲပေးခဲ့၊ ပုံမှန်ဆို သုံးထောင်လောက်ရောင်းတာ" ။ ဟော...ဒါဆိုရင် Discount Sale Promotion.

▪ "မြန်မြန်ဝယ်ကြနော်၊ ကျုပ်ကစေတနာရှိတုန်းပေးတာ၊ ငရုတ်သီးတစ်ဆယ်သားဝယ်ရင် နံနံပင်ပါမေတ္တာစာ ထည့်ပေးနေတယ်တော်ရေ..."။ ဒါဆိုရင် သေချာတယ်။ Buy 1 and Get a Gift ဆိုတဲ့ ပုံစံမျိုး။

▪ နောက်တစ်မျိုးဆို အဆင့်တောင်မြင့်သွားပြီ။ " ငါ့တူမရေ... ၊နောက်လည်းလာဝယ်သိလား။ဒေါ်ကြီးလျှော့ပေးလိုက်တယ် ရော့ ငါးရာပြန်ယူသွား၊ နောက်လည်းလာခဲ့နော်၊ကြားလားး ငါ့တူမ.."။ ဒါဆိုရင် Rebates Sales Promotion ပဲ။အလွယ်ခေါ်ရင်တော့ Cashback ပေးတာပေါ့။

▪ နောက်တစ်မျိုးကတော့ ကျွန်တော်တို့အကြိုက်ဆုံးပဲ။ " အမလေး မကြိုက်ရင်မဝယ်နဲ့တော်၊ အရင်မြည်းကြည့်၊ ကြိုက်မှဝယ်...၊ ရော့...စားသွား" ဆိုတဲ့ Free Sample ပေးတာပေါ့ဗျာ။ တစ်ခါတလေဆို တစ်စျေးလုံးပတ်စားလာရတာနဲ့တင်ဘာမှဝယ်စရာမလိုတော့ဘူး။

▪ နောက်ဆုံးတစ်ခုကတော့ ရှင်းတယ်။ "ဒေါ်ရီးကရွာဘက်ကလာတာ၊နေ့တိုင်းစျေးထွက်နိုင်တာမဟုတ်ဘူး။ဒီစျေးနဲ့ရတုန်းဝယ်ထား၊ ဒီတစ်ရက်ပဲရမှာ" ။ဒါဆိုရင်တော့သေချာတယ်။ ဒါ Limited-time offers.(ကျွန်တော်တော့အဲ့လိုအော်နေ​ကျ စျေးသည်ကြီးကို အဲ့နေရာမှာတင် နေ့တိုင်းတွေ့နေရတာပဲ။)

အဲ့တာတွေကနေဆင့်ပွားပြီး "တစ်ခုဝယ်တစ်ခုရ၊နှစ်ခုဝယ်တစ်ခုလက်ဆောင်"တွေ ဖြစ်လာပြီး ကိုယ်နဲ့ကိုက်တာသုံးကြတာပေါ့ဗျာ။

အခုခေတ်စားနေတဲ့ နာမည်မှာ ဘာပါရင်ဆိုတာတွေကကျတော့ Sale Promotion မဟုတ်တော့ဘူး။ Engagement Content Type တွေဖြစ်သွားပြန်ရော။

ကျွန်တော်ပြောတဲ့စကားပြန်ဆက်ရရင်တော့ Sale Promotion Strategies တွေအစုံတွေ့ဖူးချင်ရင် စျေးသာတစ်ပတ် ပတ်လိုက်မိတ်ဆွေရေ၊ ဖေ့ဘုတ်ပွတ်နေတာထက် ပိုစုံအောင်တွေ့ရမယ်၊ကျန်းမာရေးလည်းကောင်းတယ်။

"Logo တို့၏အကြောင်း" (သို့မဟုတ်)"Logo 7 မျိုး""Logo ဘယ်လို ရွေးချယ်မလဲ"Logo ဆိုတာ brand နဲ့ customer ကို ဆက်သွယ်ပေးထားတဲ...
29/05/2023

"Logo တို့၏အကြောင်း" (သို့မဟုတ်)
"Logo 7 မျိုး"

"Logo ဘယ်လို ရွေးချယ်မလဲ"

Logo ဆိုတာ brand နဲ့ customer ကို ဆက်သွယ်ပေးထားတဲ့ တံတားလေးတစ်ခုပါ။
Brand တစ်ခု သို့မဟုတ် Product, company တစ်ခုရဲ့ feel, confidence, trust အရာအားလုံးဟာ logo တစ်ခုထဲမှာပါဝင်ပါတယ်။

ကဲ အဲ့ဆိုတော့ logo အကြောင်းလေ့လာကြည့်ရအောင်။

Logo ဆိုတာ ရှေးခေတ် (Greek) ဂရိမျိုးတွေ စတင်တီထွင်သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ Greek ဘာသာစကားအရလဲလည်း ‘The Word’, ‘The Reason’, ‘The Plan’ လို့ခေါ်ကြပါတယ်။ ယခုအခါမှာ ကမ္ဘာ အနံ့အပြားမှာသုံးစွဲနေကြပြီပဲဖြစ်ပါတယ်။ သင်ဟာ Graphic Designer သို့မဟုတ် Logo အကြောင်းစိတ်ဝင်စားရင်တော့ အောက်မှာဖော်ပြမည့် အကြောင်းတွေအားသိထားရမှာဖြစ်ပါတယ်။

Logo ကို အသေးစိတ်ခွဲထုတ်ရင်တော့ 7 မျိုးရှိပါတယ်။ ဘာတွေလဲဆိုတော့
1. Letter-mark logo
2. Word-mark logo
3. Pictorial mark logo
4. Abstract mark logo
5. Mascot logo
6. Combination logo
7. Emblem logo။

အကျယ်လေ့လာသွားရအောင်(အောက်မှာပါတဲ့ပုံတစ်ပုံချင်းစီ ထောက်၍လေ့လာနိုင်ပါတယ်)

1. Letter-mark logo

Letter-mark logo ဆိုတာကတော့ typography-based design ဖြစ်ပြီးတော့ စာအနည်းငယ်၊ အထူးသဖြင့် company နာမည်ရဲ့ထိပ်စည်းစာလုံးများကို ယူ၍ဖန်တီးထားခြင်းများဖြစ်တယ်။

ဥပမာအနေဖြင့် မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကွန်ပျူတာသင်တန်းကျောင်း KMD, NASA (National Aeronautics and Space Agency), Superman logo တို့ဟာ letter-mark logo များဖြစ်ပါတယ်။

2. Word-mark logo

ဥပမာ SAMSUNG, VISA, Google, Coca Cola တို့ဟာ ထင်ရှားတဲ့ work-mark logo များဖြစ်ကြပါတယ်။

Company ၏နာမည်ကိုပဲ focus လုပ်ကာ ဖန်တီးခြင်းမျိုးဖြစ်တယ်။ များသောအားဖြင့် ကွဲပြားပြီး နားဝင်ချို မှတ်မိလွယ်တဲ့ နာမည်မျိုးရှိသော company တွေအတွက်သင့်တော်ပါတယ်။

Letter-mark logo လိုမျိုးပဲ typography-based ဖြစ်တဲ့အတွက် font ရွေးချယ်ရာမှာ အထူးအရေးကြီးပါတယ်။ Company ၏ business အမျိုးအစားလိုက် font ကို ရွေးချယ် သို့မဟုတ် create လုပ်နိုင်ရပါမယ်။ ဆိုပါစို့ Power ဆိုတဲ့ company name အတွက် font ပါးပါးလေးရွေးချယ်တာဟာ မှားရွင်းနိုင်ပါတယ်။ Power ဆိုတာ အင်အား ခွန်အား ဖြစ်တဲ့အတွက် ဘယ်လို font မျိုးသုံးရမလဲ Designer တစ်ယောက်အနေနဲ့ ကောင်းကောင်းကြီး နားလည်ဖို့လိုပါတယ်။

3. Pictorial mark
(or logo symbols)

Brand marks သို့မဟုတ် Logo Symbols လို့လဲခေါ်ကြပါတယ်။

Icon တစ်ခု သို့မဟုတ် graphic-based design များသာဖြစ်ပါတယ်။

ဥပမာ Iconic Apple Logo, Nike ရဲ့ အမှန်ခြစ်ကလေးတို့ဟာ Pictorial mark
(or logo symbols) တို့ဖြစ်ပါတယ်။

ဒီလို logo type မျိုးဖန်တီးမယ်ဆိုရင်တော့ ဘယ် image, ဘယ် icon ကိုရွေးချယ်ရမလဲဆိုတာ အရေးကြီးပြီး ကိုယ်ရွေးချယ်လိုက်တဲ့ icon က ဘယ်လိုအဓိပ္ပယ်ကို ဖော်ကြူးသလဲဆိုတာ အရေးကြီးဆုံးတစ်ချက်ဖြစ်ပါတယ်။

4. Abstract mark

Abstract mark logo တွေဟာ အပေါ်မှာပြောခဲ့တဲ့ Pictorial mark (or logo symbols) တွေပဲဖြစ်တယ်။ ဘာမတူတာလဲဆိုတော့ ပန်းသီးတို့၊ twitter ရဲ့ ငှက်တို့လို မှတ်မိလွယ်တဲ့ ရိုးရိုးရှင်းရှင်း icon တွေမဟုတ်တော့ဘဲ ပိုပြီးကျစ်လစ်တဲ့အရောင်၊ စိတ္တဇဆန်တဲ့ ဒီဇိုင်းတွေပါဝင်လာပါတယ်။

နာမည်ကျော် ဥပမာအနည်းငယ်ပြောရမယ်ဆိုရင်တော့ Pepsi, bp oil and gas company, adidas ရဲ့ အစင်းကြောင်းလေးတွေပါတဲ့ ပန်း, Royal Dutch Shell တို့ဖြစ်တယ်။

5. Mascot logo

တစ်ခါတစ်လေ အရောင်စုံတယ်၊ တစ်ခါတစ်လေ ကာတွန်းဆန်တယ်။ များသောအားဖြင့် ချစ်စရာကောင်းကြပါတယ်။ Character တစ်ခုကို illustrate လုပ်ဖန်တီးကြပါတယ်။

အဲ့လို logo မျိုးကျတော့ company ကိုတည်ထောင်ခဲ့တဲ့သူ သို့မဟုတ် company ရဲ့အရေးပါတဲ့သူ၊ ကိုယ့်ရဲ့ company or business or type တစ်ခုခုကို ကိုယ်စားပြုမည့် အရာ သို့မဟုတ် လူတစ်ဦးတစ်ယောက်အား ရွေးချယ်နိုင်ပါတယ်။

အထင်ရှားဆုံးကို ပြောရရင်တော့ ကျွန်တော်တို့ စားနေကြဖြစ်တဲ့ KFC (Kentucky Fried Chicken) logo, Premier League’s Lion logo, Pringles တို့သာပြောရမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ အာလူးကြော်လိုမုန့်အမျိုးအစားတွေမှာ တွေ့ရနိုင်ပါတယ်။ ကလေးတွေအတွက် ချစ်စရာကောင်းတဲ့ဖန်တီးမှုမျိုးဖြစ်ကြပါတယ်။

တစ်ခုစဉ်းစားရမှာက ဒီလို logo type မျိုးက marketing material အကုန်လုံးမှာသုံးဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဥပမာ Highly detailed ဆွဲထားတဲ့ illustration မျိုးတွေကို print လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

6. Combination mark

Combination ဆိုတဲ့အတိုင်း (word-mark သို့မဟုတ် letter-mark) နဲ့ (pictorial mark, abstract mark သို့မဟုတ် mascot) တွေကို ပောင်းစပ်ဖန်တီးခြင်းမျိုးဖြစ်တယ်။ အတိုပြောရရင် စာနဲ့ပုံ ပေါ့ဗျာ။

များသောအားဖြင့် ပုံအထဲ သို့မဟုတ် ပုံအပေါ်မှာ ထပ်၍ရေးကြပါတယ်။

လူသိများတဲ့ Burger King၊ Doritos (မြန်မာနိုင်ငံတွင်မရနိုင်သေး)၊ Lacoste, Lacoste ဆိုရင်စဉ်းစားကြည့်ပါ မိကျောင်းမပါဘဲ စာချည်းပဲဆိုရင် မှတ်မိရန် ခဲရင်းနိုင်ပါတယ်။ မိကျောင်းနဲ့ စာနဲ့ တွဲပေးလိုက်တော့ Lacoste လို့ပြောလိုက်တာနဲ့ မိကျောင်းစိမ်းစိမ်းလေးကို သွားသွားမြင်တယ်မဟုတ်လား။

Combination mark ကိုတော့ ဘယ် company အမျိုးအစားမဆို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း combination mark logo အသုံးပြု company တွေအနှံ့အပြားတွေ့နိုင်ပါတယ်။

7. Emblem logo

နောက်ဆုံးအမျိုးစားကတော့ emblem ပဲဖြစ်ပါတယ်။ symbol တစ်ခုထဲအား နာမည်တစ်ခုခုကို အစီအရီ ထည့်သွင်းရေးဆွဲထားခြင်းမျိုးဖြစ်တယ်။ ဘောလုံးအသင်း logo၊ ကျောင်း logo တွေမှာတွေ့ရများပါတယ်။

Emblem အမျိုးအစား logo မျိုးကိုဆွဲဖို့စဉ်းစားနေပြီဆိုရင် symbol မှာပါမယ့်စာကို font အသေးမသုံးရပါဘူး။ ဘာလို့လဲဆိုတော့ logo တွေဟာတစ်ခါတစ်လေမှာသေးငယ်သွားနိုင်ပါတယ်။ business card လိုမျိုးမှာ print မယ်ဆိုရင် font သေးသေးလေးတွေကို မမြင်နိုင်ဘဲ ဖြစ်တဲ့ပါတယ်။ ထိုကြောင့် mascot နည်းတူ marketing material အကုံးနည်းပါးမှာ မသုံးပြုနိုင်ပါဘူး။

Credit-FUTURE NOW

Address

Martaban
12052

Alerts

Be the first to know and let us send you an email when Digital Marketing By Ei Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Marketing By Ei Phyu:

Share