Soshal Lulyn

Soshal Lulyn Soshal Lulyn(ဆိုရှယ်လုလင်)

Social media marketing and page Manage

12/05/2020

Online shop များနှင့် My day ဥပမာ
Personal account မှာဈေးရောင်းမလား?
Page ထောင်ပီးဈေးရောင်းမလား?
အားသာချက် Vs အားနည်းချက်

အခုရက်ပိုင်းအတွင်း Facebook မှာ online shopping(Personal account)တွေ၊ start up လုပ်ငန်းအသေးလေးတွေရဲ့ page တွေ မှိုလိုပေါက်လာတာတွေ့ရတယ်။ Delivery service အသစ်တွေပေါ်လာတာကလည်း ကောင်းသော ပြောင်းလဲခြင်းတစ်ခုလို့ပဲမြင်တယ်။

Online shop တွေကို Personal account မှာ ရောင်းခြင်းဖြင့် အားနည်းချက်အနေနဲ့

၁. Newfeeds မှာ ဈေးရောင်းပို့စ်တွေပဲ တင်နေတော့
ကိုယ့်account ထဲမှာ ရှိနေတဲ့ Fri တွေရဲ့ အငြိုငြင်ခံရနိုင်
တယ်

၂.ကိုယ်တင်တဲ့ အရောင်းပိုစ့်ကို လူဘယ်နှစ်ယောက်တွေ့တယ်
ဘယ်လိုလူတွေတွေ့တယ်ဆိုတာကို ဆန်းစစ်လို့ မရနိင်ခြင်း

တွေကြုံရနိုင်ပါတယ်။

အားသာချက်အနေနဲ့က‌တော့

၁.ကိုယ်က personal branding ကောင်းတယ် ၊
လူချစ်လူခင်ပေါတယ် ဆိုရင် အထိုက်အလျောက် market
share ကို ရနိုင်မယ်

၂.ဈေးအရောင်းပိုစ့်ကို My day မှာ တင်ခြင်းဖြင့် ဘယ်သူက
စိတ်ဝင်စားလဲ ဆိုတာကို မှတ်သားထားနိုင်မယ်

စသည့်အကျိုးကျေးဇူးတွေရနိုင်ပါတယ်။

Page ထောင်ပီး ဈေးရောင်းရင် တော့
အားသာချက်အနေနဲ့

၁.reach ကိုယ်တင်တဲ့ post ကို လူဘယ်လောက်မြင်လဲ, ကိုယ့်
တင်တဲ့ ပို့စ်က engagement ကောင်းမကောင်းကို ကြည့်လို့
ရမယ်

၂.personal account မှာ Fri 5000သာ လက်ခံနိုင်ပေမဲ့
Pageမှာကျ‌တော့ Likeလုပ်ထားသလောက်ကို လက်ခံနိုင်
တယ် ။ကိုယ့်အရောင်း ပိုစ့်ကို ပြလို့ရတယ်။

၃.ကိုယ့် pageကို စိတ်ဝင်စားတဲ့ သူတွေသာ Like လုပ်ထား
ခြင်းဖြစ်တဲ့ အတွက် မလိုအပ်တဲ့သူတွေကို အနှောက်အယှက်
မဖြစ်စေဘူး

အားနည်းချက်အနေနဲ့က‌တော့

၁.မော်လမြိုင်မြို့ မှာ Facebook အသုံးပြုသူ သုံးသိန်းရှိတယ် ဆိုပါစို့ သုံးပုံနှစ်ပုံလောက်က အကောင့်အတု ၊ အစစ်အမှန်မဟုတ်သော profile တွေ နဲ့ user တွေကို တွေ့ရတယ် ။
ပြောချင်တာ က သင့်page မှာ like များတိုင်းလဲ ရောင်းအားတက်ခြင်မှ တက်မှာ ။

Personal account တွေနဲ့ ဈေးရောင်းသင့်လား ?
Page နဲ့ ဈေးရောင်းသင့်လား?
ဆိုတာကို အနည်းငယ်မျှ ဆွေးနွေးပေးထားပါတယ်။

မိတ်ဆွေတို့အနေနဲ့ ရော ဘယ်လိုမြင်လဲ ဘယ်လိုရောင်းရင် ပိုရောင်းရ မလည်း ဆိုတာ ဆွေးနွေးပေးခဲ့ပါဦး ....

အားလုံးပဲ အရောင်းအဝယ်တွေ တိုးတက်ကျပါစေ ...

ဒိုင်းနီ

"Happy Mother's Day"
10/05/2020

"Happy Mother's Day"

Work From HomeMay Day
01/05/2020

Work From Home
May Day



မလိုင်ခပ်စားခြင်းအနုပညာဆိုရှယ်လုလင်လေ့လာရသလောက်‌တော့ သူဌေးအများစုက မလိုင်ခပ်စားပြီး(အမြဲမစားရသည့်တိုင်အောင်စား‌တော့စားနေ...
30/04/2020

မလိုင်ခပ်စားခြင်းအနုပညာ

ဆိုရှယ်လုလင်လေ့လာရသလောက်‌တော့ သူဌေးအများစုက မလိုင်ခပ်စားပြီး(အမြဲမစားရသည့်တိုင်အောင်စား‌တော့စားနေကျ စားနေရတာပဲ) ချမ်းသာလာကြတာ

မလိုင်ခပ်စားတယ်ဆိုတာ Skimming strategy ကို မြန်မာမှုပြုထားတာပေါ့နော်

သူတစ်ပါးထက်အခွင့်အလမ်းကို ပိုမြင်တတ်တယ် (အထူးသဖြင့်အခက်အခဲဖြစ်နေတဲ့ကာလတွေမှာပေါ့)

ဥပမာ.ဆိုရှယ်လုလင် လေးစားအားကျရဲ့တဲ့ သူဌေးကြီးဦးဇော်ဇော် ဆိုရင် ကားအရောင်းအဝယ် ခေတ်ကောင်းကို မှီတယ် မလိုင်စားခဲ့ရတယ်ပေါ့နော်

ဆိုရှယ်လုလင် မိတ်ဆွေအကို တစ်ယောက်ဆိုရင်
မိုဘိုင်းဖုန်းလောက အစ မှာ Nokia ဖုန်းတစ်လုံးရောင်းရင် လေးငါးခြောက်သောင်းမြတ်တဲ့ (မလိုင်စားရတဲ့ခေတ်ကိုမှီပြီး အခွင့်အလမ်းကို လက်တွဲခဲ့လို့ အခုဆို ဘောစိဖြစ်နေလေရဲ့

ဆိုရှယ်လုလင် ရဲ့ မိတ်ဆွေတွေလည်း အခုလက်ရှိ COVID_19 ကာလ မှာ အခက်အခဲတွေကြားထဲက အခွင့်အလမ်းတွေများများရှာပြီး မလိုင်များများစားနိုင်ကြပါစေ...

ဒိုင်းနီ
ဆိုရှယ်လုလင်

Address

Mawlamyaing

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

+959951493901

Website

Alerts

Be the first to know and let us send you an email when Soshal Lulyn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soshal Lulyn:

Share