MLM UDE Entrepreneur Club

MLM UDE Entrepreneur Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MLM UDE Entrepreneur Club, Advertising/Marketing, Mawlamyine University, Mawlamyine.

Coffee & Cold Drink Online Course- ငွေကျပ်နှစ်သိန်းဖြင့် နာမည်ကြီး Milik teaဆိုင်/Coffeeဆိုင် ဖွင့်လှစ်လိုပါသလား- ဒါမှမဟ...
13/04/2021

Coffee & Cold Drink Online Course

- ငွေကျပ်နှစ်သိန်းဖြင့် နာမည်ကြီး Milik teaဆိုင်/Coffeeဆိုင် ဖွင့်လှစ်လိုပါသလား

- ဒါမှမဟုတ် သင်ရဲ့ လက်ရှိဆိုင်မှာ ကော်ဖီ နဲ့ပတ်သက်တာ ထည့်သွင်းချင်လိုပါသလား
- ကိုယ်တိုင်ဖျော်တတ်လိုပါသလား
ဒီလိုမျိုး ဆန္ဒတွေရှိခဲ့ရင် သင်တန်းတက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။
သင်တန်းမှာပါဝင်တဲ့သင်ခန်းစာတွေက
-Bubble Tea
1.Thai milk Tea
2.Green Tea
3.Rose Milk Tea
4.???
- Hot Drink အမျိုးအစား (၁၃)မျိုး
1.Espresso
2.Espresso Macchiato
3.Coffee Latte
4.Flatt White
5.Coffee Breve
6.Cappuccino
7.Coffee Mocha
8.Americano
9.Black Coffee
10.Drip Coffee
11.Palace Coffee
12.Coconut Cappuccino
13.Jeggery Cappuccino
- Cold Drink အမျိုးအစား (၆)မျိုး
1.Ice Espresso coffee
2.Ice Cappuccino
3.Ice Mocha
4.Ice Blank Coffee
5.Ice Latte
6.Ice Jeggery Cappuccino
- Milkshake ဖျော်နည်းတွေ
1.Blueberry Milkshake
2.Kiwi Milkshake
3.Strawberry Milkshake
- Smoothies ဖျော်နည်း
1.Banana Yougurt
2.Banana
3.Papaya Yougurt
4.Papaya
5.Kiwi
6.Raspberry
7.Strawberry
8.Mango
9.Pineapple
- Juices ဖျော်နည်းအစုံ
1.Orange Juice
2.Watermelon Juice
3.Banana Juice
4.Pineapple Juice
5.Apple Juice
6.Apple+Carrot Juice
7.Budina+Lime Juice (ပူစီနံသံပုရာဖျော်ရည်)
8.Lime Juice
9.Carrot Juice
10.Avocado Juice
11.ကျောက်ကျောဖျော်ရည်
- Soda ဖျော်နည်းများ
1.Coffee Soda
2.Strawberry Soda
3.Kiwi Soda
4.Blueberry Soda
5.Raspberry Soda
- ဒိန်ချဉ်ဖျော်နည်းများ
1.Yougurt
2.Fruit Yougurt
3.Yougurt Espresso
အပြင် အမျိုးအစားပေါင်း ၆၀ ကျော်ကို သင်ကြားပေးမှာဖြစ်ပါသည်။
အကျိုးအမြတ်ဖြင့် ဖွင့်လှစ်သည့်သင်တန်းမဟုတ်ပဲ ဆိုင်ဖွင့်လှစ်နိုင်သည်အထိ စီစဉ်ပေးပါမည်။
သင်တန်းကြေး ယခင် 30000သတ်မှတ်ထားရာ
သင်တန်းကြေး တစ်ဦးလျှင် 20000ကျပ်နှုန်းဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင့်။အဝေးသင်ကျောင်းသား/သူ(_ D _ )များအတွက် သင်တန်းကြေး အခမဲ့
သင်တန်းတက်လိုပါက - 09972773347 သို့ ဆက်သွယ်ပေးပါရန်

* Online Course ဆိုသော်လည်း မော်လမြိုင်မြို့အနီးပတ်ဝန်းကျင် ကျောင်းသား/သူ များ အတွက် မော်လမြိုင်မြို့တွင်လက်တွေ့သင်ကြားပေးပါမည်ါ

18/01/2021

မအောင်မြင်သောဈေးဆိုင်များ ၏ အလွဲများ
⛔⛔⛔⛔⛔

(၁)..........ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည်
လိုက်လျောညီထွေ မှုမရှိခြင်း။
ဥပမာ။ ။ဆောက်လုပ်ရေး ပစ္စည်း ဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။
တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသား
လက်လုပ်လက်စား ရပ်ကွက်မှာ ဖွင့်လှစ်ခြင်း။

(၂)............ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း
စိတ်မရှည်ခြင်း။ ရှင်းမပြချင်ခြင်း ၊ တခုမှ နှစ်ခု မပြ လိုခြင်း။ ဒီဟာက ဈေးကြီးတယ် စသဖြင့် ဈေးဝယ် အား နှိမ့်ချပြောဆိုခြင်း။

(၃)...........ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်း

(၄).......... မိမိရောင်းချသော ကုန်စည်များအား
မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိနားလည်မှု မရှိခြင်း။

(၅)...........ဈေးဝယ်သူ မှ မြင်နိုင်သောနေရာတွင်
အချိန်ပြည့်မနေထိုင်ခြင်း။
ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည် ပြောဆိုနေခြင်း။ အခြားအလုပ် တခုခု လုပ်ကိုင်နေခြင်း။
TV ကြည့်နေခြင်း။

(၆)...........လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက ဝန်ထမ်းအား ကြပ်မတ်စစ်ဆေးမှု မပြုခြင်း။
ဝန်ထမ်းများ အားလပ်နေသော အချိန်များတွင် လုပ်ငန်းအကြောင်း နားလည်သထက် နားလည်စေရန် သင်ကြားပြသပေးမှု ၊ လေ့ကျင့်ပေးမှု မရှိခြင်း။

(၇).............စာရင်းအင်း မထားရှိခြင်း ၊သို့မဟုတ် စာရင်းအင်း
အချိန်မှန်မှန်မပြုလုပ်ခြင်း ။

(၈)...............ဒေသအတွင်းရှိ ရပ်ကွက်အတွင်းရှိ အခြားသော အရောင်းဆိုင်များ ၏ အခြေအနေ လုပ်ပုံကိုင်ပုံအား
လေ့လာမှု မပြုခြင်း။

(၉).............ဈေးဝယ်များ တနည်း ဝယ်ယူသူများ၏ အသံများ တောင်းဆိုချက်များ ကို လျစ်လျူရှုခြင်း။ မည်သည့်ကုန်စည်
ကို အမေးအမြန်းများနေသည်ကို မှတ်သားမထားခြင်း။

(၁၀).............မိမိ သာ မှန်သည် ဟုထင်မြင်ခြင်း
မိမိ၏ စီးပွားရေးမှာ အတန်ငယ်
တိုးတက်မှုရသည်ကိုပင်လျှင် ရောင့်ရဲနေခြင်း။
အနာဂါတ်ကို မျော်မှန်းကြည့်ရှုမှု မပြုလုပ်ခြင်း။
နောင်ဖြစ်လာမည့် ဈေးကွက် အနေအထားကို
သိရှိရန် လေ့လာမှု ၊ ဆင်ခြင်သုံးသပ်မှု မပြုလုပ်ခြင်း။

(၁၁)..............ပြိုင်ဘက်များကို အထင်အမြင်သေးခြင်း။

(၁၂)..............မတော်တဆ ပေါ်ပေါက်လာနိုင်သည့်
ပြဿနာ အမျိုးမျိုးအတွက် အရံငွေကြေး စုဆောင်းမှု
မရှိခြင်း။

(၁၃)............ပိုမိုစုံလင်သော ကုန်စည်များကို ရောင်းချပေးနိုင် စေရေး အသစ်အသစ်သော လက်ကားရောင်းချသူ များ ကို ရှာဖွေမှု မရှိခြင်း။

အခုတလော ဖေ့ဘုတ် messenger တွေကနေ "I am send you a surprise message. Open this." ဆိုပြီး စာအိတ်ပုံစံနဲ့ လာလာပို့တာကို တွေ...
03/01/2021

အခုတလော ဖေ့ဘုတ် messenger တွေကနေ "I am send you a surprise message. Open this." ဆိုပြီး စာအိတ်ပုံစံနဲ့ လာလာပို့တာကို တွေ့ကြမှာပါ။ နှစ်သစ်နှုတ်ခွန်းဆက်စကားဆိုတော့ အမှုမဲ့ အမှတ်မဲ့ ကလစ်နှိပ်လိုက်မိတတ်ကြပါတယ်။ လုံးဝ မနှိပ်မိပါစေနဲ့။ အဲဒါက တစ်ကယ်တော့ Virus တစ်မျိုးပဲ ဖြစ်ပါတယ်။

Link ကို နှိပ်မိလိုက်ရင် နှစ်သစ်ဆုတောင်းစကားလေး ပေါ်လာပါလိမ့်မယ်။ အဲဒီအောက်မှာ နာမည်ရိုက်ထည့်လိုက်တာနဲ့ သူကို ကိုယ်က ကိုယ့်ရဲ့ friend တွေကို ရယူဖို့ ခွင့်ပြုလိုက်သလို ဖြစ်တာမို့လို့ သူက ပို့မှာပဲ ဖြစ်ပါတယ်။

နောက်ပြီး ဒီ virus က browser ကနေ သွားတာ ဖြစ်တဲ့အတွက် browser မှာ ဝင်ထားတဲ့ ကိုယ့်ရဲ့ အကောင့် (gmail, youtube, facebook, instagram, bank account အစရှိတာတွေ) ရဲ့ password ကို ချက်ခြင်း ပြန်ပြောင်းဖို့လိုအပ်ပါလိမ့်မယ် ။ ချက်ခြင်းနော် ..

နောက်ပြီး အဲဒီ browser ကိုလည်း reset ပြန်လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင် password ပြောင်းလည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။

Brower reset ပြုလုပ်မယ်ဆိုရင်
setting -> reset setting ကို ရှာပြီး reset လုပ်လိုက်ရုံပါပဲ။

Photo Credit

26/12/2020

Jackie Chan's interesting interview

Pull Strategy ဆိုတာဘာလဲ။Pull ဆိုတာဘာလဲ။ မြန်မာလိုကတော့ ဆွဲတာပါ။ Pull = ဆွဲပါ။ Marketing မှာ Pull ဆိုတာလည်း ဆွဲ ဆိုတဲ့ အဓ...
24/12/2020

Pull Strategy ဆိုတာဘာလဲ။

Pull ဆိုတာဘာလဲ။ မြန်မာလိုကတော့ ဆွဲတာပါ။

Pull = ဆွဲပါ။

Marketing မှာ Pull ဆိုတာလည်း ဆွဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါဆို ဘာကို ဆွဲရမှာလဲ။

Customer, Consumer တစ်နည်း တကယ်သုံးမယ့်လူကို ဆွဲရမှာပါ။ သူ့ကို တိုက်ရိုက်အကျိုးသက်ရောက်စေမယ့် စကားလုံးတွေ သုံးပြီးဆွဲရမှာပါ။

Pull နဲ့ Push ကို အများအားဖြင့် နေ့စဉ်သုံးထုတ်ကုန်တွေမှာ သုံးကြပါတယ်။ FMCG Product တွေပေါ့။

Pull ဆိုတာသည် တကယ့်သုံးမယ့်လူကို ဆွဲခြင်းဖြစ်သည်။ (ပြန်ရောင်းမယ့်လူကို ဆွဲဖို့ မဟုတ်ဘူးနော်။ သုံးမယ့်လူကို ပြောတာ)

ရှင်းသွားအောင် ဥပမာလေးပေးမယ်နော်။

သွားတိုက်ဆေးတစ်ဗူး

အဓိကကတော့ Promotion Mix ထဲက Sale Promotion လုပ်ရင် Pull & Push Strategy တွေကို အခြေခံပြီး သုံးရပါတယ်။

ကိုယ်က Pull Strategy သုံးမယ်ဆိုရင် ၀ယ်သူ၊ တကယ်သုံးမယ့်လူကို ဆွဲရမယ်။

ဘယ်လိုဆွဲမလဲ။👇👇

👉ဒီကာလမှာ တစ်ဗူး၀ယ်ရင် တစ်ဗူးလက်ဆောင်ပေးပါတယ်။
👉ခဲခြစ်ကံစမ်းမဲလေး ပါပါတယ်။
👉ဗူးခွံလေးတွေ သိမ်းထားပြီး ၁၀ ဗူးပြည့်တိုင်း တစ်ဗူးနဲ့ ပြန်လဲပေးပါတယ်။
👉၃ဗူးတစ်ခါထဲ ၀ယ်ပါက ဘယ်လောက်ပြန်ပေးပါတယ်။
👉ဒီသွားတိုက်ဆေးနဲ့ ဒီသွားတိုက်တံလေးအတူတူ၀ယ်ပါက ၅၀% ဈေးလျှော့ပေးပါတယ်။
👉ဒီသွားတိုက်ဆေး၀ယ်ရင် ဒီသွားတိုက်တံပါ အလကားယူပါ။

အပေါ်က ကြော်ငြာစာသားတွေကို ကြည့်လိုက်ပါ။ တကယ့်သုံးမယ့်လူတွေကိုပဲ ရည်ညွှန်းထားပါတယ်။

ပြန်ရောင်းမယ့် လူကို မရည်ညွှန်းပါဘူး။ ပြန်ရောင်းမယ့် လက်လီဆိုင်လေးတွေကို မဦးတည်ပါဘူး။

တကယ့်၀ယ်သုံးမယ့်လူကိုပဲ ဦးတည်ထားပါတယ်။ အဲဒါ Pull Strategy ပဲဖြစ်ပါတယ်။

Pull Strategy မှာ လက်နက်တွေ အများကြီးရှိပါတယ်။

အများစုသုံးတဲ့ လက်နက်တွေကတော့

အပိုပေးခြင်း၊
Coupon (ဒီကဒ်နဲ့လာ၀ယ်ရင် ဘယ်လောက်ဖိုးလျှော့ပေးမယ်။)
နမူနာပေးခြင်း၊
ပြန်ငွေပေးခြင်း၊
လက်ဆောင်ပေးခြင်း၊
ဈေးလျှော့ပေးခြင်း၊ .....

အပေါ်က နမူနာ ကြော်ငြာ‌လေးတွေနဲ့တင် Pull ဆိုတာကို နားလည်မယ်ထင်ပါတယ်။

ရိုးရိုးရှင်းရှင်းကတော့ တကယ်သုံးမယ့်လူကို ဆွဲဆောင်ခြင်းဖြစ်တယ်။

တကယ်သုံးမယ့်လူကိုဦးတည်တာက Pull (Customer, Consumer ကို ဆွဲ)
ပြန်ရောင်းမယ့်လူကို တွန်းအားပေးတာက Push (အလယ်လူကို တွန်းအားပေးခြင်း)

Pull for Consumer, Customer.
Push for Middle Man (Whole Sale, Dealer, Retail,....)

ဆရာ ၀င်းနောင်လတ် ရေးသားခြင်းကိုပြန်၍ မျှဝေသည်။

20/12/2020
Project. Management. သင်တန်း Day 3😘😘😘နောက်ဆုံးနေ့လေး
18/12/2020

Project. Management. သင်တန်း
Day 3
😘😘😘
နောက်ဆုံးနေ့လေး

Project. Management. သင်တန်း Day 2 16.12.2020 😘😘
16/12/2020

Project. Management. သင်တန်း
Day 2
16.12.2020
😘😘

Project Management. သင်တန်း Day 1 15.12.2020 😘
16/12/2020

Project Management. သင်တန်း Day 1
15.12.2020
😘

အောင်မြင်ဖို့အတွက် သင့်ဆီမှာ ရှိသင့်တဲ့ အချက်ငါးချက်-------------------------------------------------၁။ ပထမအချက်အိပ်မက်ရ...
16/12/2020

အောင်မြင်ဖို့အတွက် သင့်ဆီမှာ ရှိသင့်တဲ့ အချက်ငါးချက်
-------------------------------------------------

၁။ ပထမအချက်

အိပ်မက်ရှိရမယ်။
ရည်မှန်းချက် အိပ်မက်ကြီးကြီးမက်ပါ။ ရဲရဲမက်ပါ။
ဘဝတစ်ခုလုံး ပြောင်းလဲနိုင်လောက်အောင်မက်ပါ။
အရင်က သင်မမက်ရဲတဲ့ မမက်ဖူးတဲ့ အိပ်မက်ကို
ဒီနေ့ပဲ မက်လိုက်ပါ။
ရည်မှန်းချက် အိပ်မက် မက်တဲ့နေရာမှာ
လက်ရှိဘဝကို ခဏမေ့ထားပါ။
သင် အမှန်တကယ်ဖြစ်ချင်တဲ့ဘဝမျိုး
သင်အမှန်တကယ် လိုချင်တဲ့ဘဝမျိုး
သင်အမှန်တကယ် ရောက်ချင်တဲ့ဘဝမျိုး ဖြစ်ဖို့လိုပါတယ်။

၂။ ဒုတိယအချက်

ယုံကြည်ရမယ်။
သင်တကယ်လိုချင်တဲ့ ဖြစ်ချင်တဲ့ အိပ်မက်ကို
သင်တကယ်သိပြီဆိုရင် သိရုံနဲ့မရသေးဘူး။
ငါ အဲ့ဒီအိပ်မက်ကို ဖြစ်ကိုဖြစ်စေရမယ်လို့ ယုံကြည်ရမယ်။
သင့်ကိုယ်သင်မှ မယုံကြည်ရင် မယုံကြည်ရဲရင်
အခြားသူက သင့်ကို ဘယ်လိုယုံကြည်မလဲ။
အခြားသူယုံယုံ မယုံယုံ သင့်ကိုယ်သင် ယုံကြည်ဖို့လိုတယ်။
သင်ဖြစ်ကိုဖြစ်ရမယ်လို့ အပြည့်အ၀ ယုံကြည်လိုက်ပါ။

၃။ တတိယအချက်

သင်ယူရမယ်။
သင့်ကိုယ်သင် ယုံကြည်ရုံနဲ့ မရသေးဘူး။
သိသင့်သိထိုက်တာ လေ့လာသင့် လေ့လာထိုက်တာ
သင်ယူရမယ်။
Little knowledge is very dangerous ဆိုသလိုပဲ
မသင်ယူပဲလုပ်ရင်တော့ ချောက်ထဲကျမှာသေချာတယ်။
ဒါကြောင့် တတိယအချက်ဖြစ်တဲ့ သင်ယူမှုအပိုင်းကို
အပြည့်အဝ သင်ယူပါ။

၄။ စတုတ္ထအချက်

လုပ်ဆောင်ပါ။
သင်ယူတတ်မြောက်ရုံနဲ့လည်းမရသေးဘူး။
သိတဲ့အတိုင်း မနားမနေလုပ်ဆောင်ရမယ်။
ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုရင်
မအောင်မြင်မချင်း တရက်မှငါမနားဘူးဆိုတဲ့ စိတ်နဲ့လုပ်ပါ။
နာရီ တစ်သောင်း (တစ်ရက် ၁၀နာရီ ၃နှစ်)
တစိုက်မတ်မတ်လုပ်ရမယ်။
လောကမှာ အလုပ်လုပ်ပြီး သေသွားတဲ့သူမရှိဘူး။
အလုပ်မလုပ်ပဲ ဆင်းဆင်းရဲရဲ ဘဝဖြတ်သန်းရမှသာ
အဲ့ဒီဆင်းရဲခြင်းကသာ သင့်ကို သတ်လိမ့်မယ်ဆိုတာ
မှတ်ပြီးလုပ်ပါ။

၅။ ပဉ္စမအချက်

ပြန်လည်သုံးသပ်ပါ။
လုပ်ဆောင်နေရုံနဲ့ မအောင်မြင်သေးဘူးဆိုရင်
ပြန်လည်သုံးသပ်ပါ။
ကိုယ့်ရဲ့လုပ်ဆောင်ချက် ဘာချွတ်ယွင်းနေလဲ။
ဘာမှားနေလဲ ပြန်သုံးသပ်ပါ။
အားနည်းတဲ့အပိုင်း ချွတ်ယွင်းနေတဲ့ အပိုင်းကို
ပြန်လည်ပြုပြင်ပါ။ အောင်မြင်သူတွေကို ပြန်မေးပါ။ နည်းလမ်းတွေကိုပြန်သုံးသပ်ပါ။
အားနည်းနေရင် ပြောင်းလဲဖို့ လုံးဝ မတွန့်ဆုတ်ပါနဲ့။

ဒီအချက် ၅ချက် သင့်မှာရှိပြီဆိုရင်
သင်အောင်မြင်ပြီလို့ သတ်မှတ်လို့ရပါပြီ။

15/12/2020

Project. management. သင်တန်း တက်ရောက်ခွင့်ရသူများစာရင်း

Group A

(1)-အိမ့်မှူးသော်(မြန်မာစာ/ပထမနှစ်)
(2)-မောင်ပြည့်ဖြိုးမောင်(ဓာတုဗေဒ/တတိယနှစ်)
(3)-မအေးအိအိအောင်(စီးပွားစီမံအထူးပြု/နောက်ဆုံးနှစ်)
(4)-မဇူလိုင်မိုး(သမိုင်း/တတိယနှစ်)
(5)-မပွင့်ဟေဇင်စိုး(သခ်ျာ/နောက်ဆုံးနှစ်)
(6)-မချောမြတ်ခန့်(ပထဝီဝင်/ဒုတိယနှစ်)
(7)-မဇင်မိုးသူ(အဂ်လိပ်စာ/စတုတ္ထနှစ်)
(8)-နေလင်းထက်(စိတ်ပညာ/တတိယနှစ်)

Group B

(9)-မောင်မျိုးပိုင်စိုး(zoology /ဒုတိယနှစ်)
(10)-လီလီစိုး(အဂ်လိပ်စာ/ပထမနှစ်)
(11)-မမြတ်နန္ဒာဝင်း(အဂ်လိပ်စာ/ဒုတိယနှစ်)
(12)-မဇာနည်ဦး(Oriental studies/Final year)
(13)-မနေခြည်ခိုင်(-Bsc.physics)
(14)-နော်ဝင့်ရည်ကျော်(ပထဝီဝင်/တတိယနှစ်)
(15)-ရွှေဇင်ဝင်းဆွေ(ဓာတုဗေဒ/ဒုတိယနှစ်)
(16)-မသက်နှင်းစု(သချာင်္/ဒုတိယနှစ်)

Group C

(17)ရာဇာကို(10တန်းအောင်)
(18)မစန္ဒာအောင်(ပထဝီဝင်/တတိယနှစ်)
(19)သန့်ဇင်ဖြိုး(Geographical/ပထမနှစ်)
(20)မောင်ပိုင်ဇေသူ(ဥပဒေ/ပထမနှစ်)
(21)-မထက်ထက်ဝေ(မြန်မာစာ/နောက်ဆုံးနှစ်)
(22)-စိုးမင်းပိုင်(ပထဝီဝင်/တတိယနှစ်)
(23)-မောင်ဝင်းမင်းဦး(ပထဝီဝင်/ နောက်ဆုံနှစ်)
(24)-မောင်နိုင်မင်းထွန်း(ဆယ်တန်းအောင်)
(25)-ခိုင်ဇင်ထွေး(B.SC Chem)
(26)-စောအောင်သူထက်(စိတ်ပညာ/ပထမနှစ်)

Group (A) Moderator - Zin Ko Htet (ph -0909258203752)

Group (B) Moderator - July tun (ph -09663838250)

Group (C) Moderator - Khant Nyar
/Khin Htet Htet Htun (ph-09770601060)
သင်တန်းကာလအတွင်း အဆင်မပြေတာ, လိုအပ်တာများရှိရင် သက်ဆိုင်ရာ moderator များက်ို မေးမြန်းနိုင်ပါတယ်ရှင့်

Address

Mawlamyine University
Mawlamyine

Telephone

09663838250

Website

Alerts

Be the first to know and let us send you an email when MLM UDE Entrepreneur Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share