17/07/2023
အလကားပေးတိုင်းမကောင်းတာ page မှာပဲရှိတာပါ။🥲
Page နဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေ Sharing
မလုပ်ပေးရတာ ကြာလာတော့ Page Owner တို့ကို စိတ်ထဲ ပြောပြပေးချင်တာလေးတစ်ခု စာလေးချရေးပြီး ရှင်းပြပေးချင်ပါတယ်ဗျို့…။✌️❤️
အလကားပေးတိုင်းမကောင်းဘူးဆိုတာ တခြားမဟုတ်ပါဘူး….🙄
Admin တို့ Page Like လိုချင်တာပဲဖြစ်ဖြစ် စေတနာပိုလာတဲ့အချိန်ပဲဖြစ်ဖြစ် လုပ်လိုက်မိတဲ့ 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 ပိုစ့်ပါပဲ။
အရင်တုန်းကတော့ အဲ့လောက်စည်းကမ်းမတင်းကျပ်ခဲ့ပေမယ့် အခုတော့ 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 post ဆိုရင် Page မှာတောင်မှ တင်လို့မရတော့ပါဘူး။တင်ရုံနဲ့ ဆိုးနေတာဆိုတော့ Boost မယ်ဆိုရင် စဉ်းစားကြည့်ပေါ့ဗျာ။
Post တင်လိုက်တာနဲ့ ရက်ပိုင်းအတွင်း Page Quality မှာ Click Bait,Engagement Bait,Low quality content ဆိုတဲ့ Reason နဲ့ Flagged Content ဖြစ်စေမှာပါ။
မြန်မာလိုကတော့ အဲ့ပိုစ့်ကြောင့် Page Quality ဝါနိုင်တယ် Page Reach ကျနိုင်တယ် ဆိုတဲ့ Warning ပြနေမှာကိုပြောတာပါပဲ။
အဲ့တာကို မသိတဲ့ admin တွေကတော့ တစ်လတစ်ခါလောက် 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 လုပ်ကြပါတယ်။
ကျွန်တော်တို့ပြောတာဟုတ်မဟုတ်ကိုတော့ 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 ပေးဖူးရင် Page Quality ရဲ့ Page recommendation ထဲမှာ စစ်ကြည့်နိုင်ပါတယ်နော်။✌️
ဘယ်အရာတွေကနေပြီး 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 post ဖြစ်ကြောင်း Click Bait,Engagement Bait တဲ့ post ဖြစ်ကြောင်း Facebook ကသိနိုင်သလဲဆိုတဲ့အချက်တွေကို ပြောပြပေးပါမယ်ခင်ဗျ။🤗
တစ်အချက်အနေနဲ့ကတော့ 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 ဆိုတဲ့
စာသားကို Facebook က သိနိုင်တဲ့ Keyboard မှာ
auto ပါပြီးသားဖြစ်သော စာလုံးနဲ့ရေးထားခြင်းပါပဲ။
(🥹ကျွန်တော်တောင် knowledge sharing လုပ်တာ fontလေးချိန်းပြီးတင်ထားရတယ်ပေါ့နော်)
နှစ်အချက်ကတော့ 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 post ဟာ
click bait ,engagement bait ဖြစ်မှန်းသိနိုင်တဲ့
စကားလုံးတွေဖြစ်တဲ့ Page ကို 𝐋𝐈𝐊𝐄 𝐀𝐍𝐃 𝐅𝐎𝐋𝐋𝐎𝐖 လုပ်ပါအုံးဆိုတဲ့ စာသားနဲ့ Post ကို 𝐒𝐇𝐀𝐑𝐄 ပေးပါအုံးဆိုတဲ့ စာသားတွေပါပဲ။
Note* normal sale ပိုစ့်တွေလောက်က Like and Follow လုပ်ပေးပါအုံးဆိုတဲ့စာသားမျိုးက riskသိပ်မရှိပါဘူးနော်*
အထက်ပါအချက်တွေကတော့ Facebook မှာ စေတနာပိုလို့ အလကားပေးလည်း Facebook ကပြန်ပေးမယ့်
ဒခုတ်(ဒုက္ခ)တွေပါပဲ။😞
အလကားလည်းပေးချင်တယ် ဇူဇူပေးတဲ့ဒုက္ခလည်းမခံချင်ရင်တော့ တစ်နည်းရှိပါတယ်နော်။✌️
အဲ့တာကတော့ ကျွန်တော်အပေါ်မှာရေးထားသလို စာသားလေးကို Bold fontချိန်းပြီး Capital Letter လေးပြောင်းလိုက်ရင် ဘေးမသီရန်မခပဲ Page လူစည်အောင်ဖြစ်စေ စေတနာတွေပေါလို့ဖြစ်စေ🤪 ပေါ့ပါးစွာ အလကား(𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 )ပေးနိုင်ပါပြီနော်။ 🤗
အဆုံးထိ ဖတ်ရှုလေ့လာပေးတာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ ။👋🤍
နောက်လာမယ့် knowledge sharing postတွေမှာလဲ အခုလိုဖတ်ရှုလေ့လာနိုင်အောင် Page ကို Like and Follow လုပ်ထားပေးပါအုံးနော်။
😍
အသေးစိတ်သိလိုတာများကိုလည်း
Ph- 09785118561,09795005451မှဖြစ်စေ
Email- [email protected] မှတဆင့်ဖြစ်စေမေးမြန်းနိုင်ပါတယ်နော်။