22/03/2023
Adobe က အသစ်မိတ်ဆက်လာတဲ့ Firefly AI Tools
AI Generated Art/Images တွေဖန်တီးနိုင်တဲ့ Tools တွေ ဒီနှစ်မှာ တော်တော်ခေတ်စားလာတာကို လူတိုင်းသိကြမှာပါ။ ခေတ်အခြေအနေရ AI စျေးကွက်ခေတ်စားလာတာနဲ့အမျှ Adobe ကလည်း AI စျေးကွက်ထဲကို Firefly ဆိုတဲ့ အမည်နဲ့ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
Firefly ဆိုတာ Adobe က ဖန်တီးထားတဲ့ AI တစ်ခုဖြစ်ပြီးတော့ Text to Image, Text Effect, Text to Pattern, 3D to Image, Text to Brush စတဲ့ feature တွေအစုံပါဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ Text to Image နဲ့ Text Effect ၂မျိုးကိုဘဲ သုံးလို့ရပါအုံးမယ်။
Adobe Firefly ဟာ ကျနော်တို့လက်ရှိသုံးနေတဲ့ Midjourney, DALL-E2 တို့ထက် Rendering Speed ပိုမြန်ပါတယ်။ Midjourney တို့ DALL-E2 တို့ထက် Prompt Option တွေကို ရွေးချယ်ရတာ ပိုကောင်းပါတယ်။
Firefly မှာ လိုချင်တဲ့ effect, art style တွေကို ကလစ်ထောက်ပြီးရွေးချယ်လို့ရသလို camera view, angle, position, lighting, composition တွေကိုလည်း ကလစ်ထောက်ပြီး ရွေးလို့ရပါတယ်။ Midjourney, DALL-E2 တို့ကျတော့ Output result ကောင်းဖို့ prompt ထဲမှာ အပြည့်အစုံထည့်နိုင်မှ Result ကောင်းတာဖြစ်ပါတယ်။
ကျနော်တို့ Myanmar Design Channel က Adobe Firefly ကို စမ်းသပ်အသုံးပြုခွင့်ရထားတာကြောင့် ပုံအနည်းငယ်ကို စမ်းသပ်ဖော်ပြထားပါတယ်။
Adobe ရဲ့ ထုတ်ပြန်ချက်အရ Firefly က ဖန်တီးပေးတဲ့ Artworks တွေက Artist တွေရဲ့ လက်ရာတွေ၊ ဒေတာတွေကို အသုံးချထားတာ မဟုတ်ဘူးလို့ သိရပါတယ်။
Result တွေကတော့ ကျေနပ်အားရမှုရှိပါတယ်။ AI တွေရဲ့ ထုံးစံအတိုင်း လူတွေရဲ့ လက်ချောင်းတွေကို ဖန်တီးဖော်ပြတဲ့အခါ အားနည်းချက်ရှိနေပါသေးတယ်။
သဘောအကျဆုံးအချက်ကတော့ Firefly ရဲ့ Photo Style Result တွေဘဲ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်မယ်ဆိုရင် ဓာတ်ပုံရိုက်ထားသလားလို့တောင် ထင်ရပါတယ်။
လက်ရှိမှာတော့ Firefly Beta Program ကို Public တန်းသုံးလို့ရအုံးမှာမဟုတ်ဘဲ Joinlist အရင်တင်ပြီး Adobe ဘက်က Approve လုပ်ပေးမှ သုံးလို့ရအုံးမှာ ဖြစ်ပါတယ်။
လောလောဆယ် MDC အနေနဲ့ AI Generated Tools တွေထဲမှာ သဘောအကျဆုံးဆိုရင် Midjourney Version 5, Adobe Firefly နဲ့ DALL-E2 တို့ဘဲ ဖြစ်ပါတယ်။