24/08/2026
❝ Post တစ်ပုဒ်နောက်က မမြင်ရတဲ့ Teamwork 💪🏻❞
Marketing Capsule Team ကဖန်တီးပေးလိုက်တဲ့ Post တစ်ပုဒ်နောက်မှာ လူတစ်ယောက်တည်းရှိနေတာမဟုတ်ပါဘူး။ Customer ဆီပို့လိုက်တဲ့ Final Work ကတော့ Content တစ်ခု Design တစ်ပုံ Ads တစ်ခုပါပဲ။ ဒါပေမဲ့ Post တစ်ပုဒ်မဖြစ်ခင်မှာ ကိုယ်စီအစွမ်းကုန်တာဝန်ထမ်းဆောင်ပေးတဲ့ ဒီလို Team အသီးသီးရှိနေပါတယ်ခင်ဗျာ။
✍🏻နံ ပါတ်တစ်အရေးကြီးဆုံးက Content Team
စာတစ်ကြောင်းချင်းစီ Hook တစ်ခုစီတိုင်းကို နာရီနဲ့အမျှ ဦးနှောက်အခြောက်ခံပြီး ဖန်တီးပေးတဲ့ Team ကတော့ Content Team ပါ။
ရေးလိုက်
ဖျက်လိုက်
ပြန်စဉ်းစားလိုက် နဲ့ ဖတ်ရတဲ့ Customer ဝယ်ချင်စိတ်ပေါက်နိုင်တဲ့အထိ အိုင်ဒီယာထုတ်ပြီး Content တစ်ပုဒ်ကိုဖန်တီးပေးနေတဲ့ Team ဆိုလည်းမမှားပါဘူးဗျ။
💻 မရှိမဖြစ်ကတော့ Design Team
Content Team က စာနဲ့ပြောလိုက်သမျှကို Visual ရုပ်လုံးပေါ်လာအောင် ဖန်တီးပေးရတာကတော့ ကျွန်တော်တို့ရဲ့ Design Team ပါ။ Font တစ်ခုရွေးတာကအစ .. Layout ချ .. Visual ဖန်တီးတာထိ အသေးစိတ်လေးတွေကအစ လိုက်ဂရုစိုက်ပေးရတဲ့ Team ဆိုလည်းဟုတ်ပါတယ်။
📈 Data တွေနဲ့ တိုက်ပွဲဝင်ပေးမယ့် Media Buying Team
Content နဲ့ Design ကတော့ထွက်လာပါပြီရဲ့ .. Target Audience ဆီအရောက်ပို့ဖို့ဆိုရင်တော့ အားကိုးရမှာက Media Buying Team ပါ။ Audience Testing, Budget Allocation, Campaign Setup ကနေ Performance Monitoring အထိ ..
Dashboard ကို မျက်စိဒေါက်ထောက်ကြည့်ပြီး Data တွေနဲ့ တိုက်ပွဲဝင်ပေးနေတာက ကျွန်တော်တို့ရဲ့ Media Buying Team ပါပဲခင်ဗျ။
🤝 အားလုံးကိုချိတ်ဆက်ပေးတဲ့ Client Care Team
Marketing Capsule ရဲ့ အရေးကြီးဆုံး Team ဆိုလည်းဟုတ်ပါတယ်။ Client ဘက်ကို ဂရုစိုက်ပေးရတယ်။ Content, Design, Media Buying တွေနဲ့ Brief ပြန်ပေးရတယ်။ Coordinate လုပ်ရတယ်။
Result တွေကို Follow up လိုက်ရတယ်။ Client အခက်အခဲမှန်သမျှကို ဖြေရှင်းပေးရတယ်။ ဒီလို Client နဲ့ Team ကြားမှာ Communication မပြတ်အောင် ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်းက Client Care Team ပါပဲံ။
ဒီလို Team တွေအသီးသီးရဲ့ Effort တွေက Post တစ်ပုဒ်ဖန်တီးမှုရဲ့ နောက်ကွယ်မှာရှိနေပါတယ်။ Post တစ်ပုဒ်ကို လူတစ်ယောက်တည်းက မဖန်တီးပါဘူး။ တစ်ယောက်ရဲ့အလုပ်ကိုတစ်ယောက်က ဆက်ယူပြီး Result တစ်ခုဖြစ်လာအောင် Team တစ်ခုလုံးက အတူတူဖန်တီးပေးတာဖြစ်ပါတယ်။
ဒါကတော့ ကျွန်တော်တို့ Marketing Capsule ရဲ့ Post တစ်ပုဒ်နောက်က မမြင်ရတဲ့ Teamwork ပဲဖြစ်ပါတယ် .. 💪🏻