Ad idea Creative

Ad idea Creative "လူတွေသတိထားမိဖို့၊ သူများထက် ထူးခြားဖို့လိုတယ်။"
Let's Be Different! 🔥

နှစ်သစ်အတာ သင်္ကြန်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတိုနှင့် ပြည့်စုံပြီး ပျော်ရွှင်စရာ အချိန်ကောင်းများစွ...
13/04/2026

နှစ်သစ်အတာ သင်္ကြန်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတိုနှင့် ပြည့်စုံပြီး ပျော်ရွှင်စရာ အချိန်ကောင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Adidea Creative မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။


ရေပန်းစားနေတဲ့ Digital ခေတ်ကြီးထဲမှာ ကိုယ်ပိုင်ဖန်တီးမှုအစွမ်းကို ထုတ်ပြဖို့ နေရာရှာနေသလား?🚀 Ad idea Creative က သင့်ကို ...
09/03/2026

ရေပန်းစားနေတဲ့ Digital ခေတ်ကြီးထဲမှာ ကိုယ်ပိုင်ဖန်တီးမှုအစွမ်းကို ထုတ်ပြဖို့ နေရာရှာနေသလား?

🚀 Ad idea Creative က သင့်ကို စောင့်ကြိုနေပါတယ်!

Digital Marketing ခေတ်ရေစီးကြောင်းကို အမီလိုက်ဖို့၊ သင့်တီထွင်ဖန်တီးနိုင်စွမ်းကို အပြည့်အဝ အသုံးချနိုင်မယ့် နေရာမျိုးကို ရှာဖွေရ ခက်ခဲနေပါသလား? သင့်အစွမ်းအစကို တန်ဖိုးထားတဲ့ နေရာမှာ အလုပ်လုပ်ချင်သူလား?

ကိုယ်ပိုင် Idea တွေနဲ့ တကယ့် Content တွေကို အကောင်အထည်မဖော်နိုင်လို့ စိတ်ပျက်နေသလား?
ကိုယ့်အလုပ်က တကယ့် Digital World မှာ ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ ဆိုတာ သိချင်နေသလား?

ဒါဆိုရင်တော့ Ad idea Creative Digital Marketing Agency မှာ သင့်အရည်အချင်းကို စိန်ခေါ်ပြီး အတူတကွ ကြီးထွားဖို့ အဖွဲ့သားအသစ်ဖြစ်လာဖို့ ဖိတ်ခေါ်ပါတယ်။ 👇

ဝင်ရောက်လုပ်ကိုင်နိုင်မယ့် လစ်လပ်နေရာများ👇

📌 ကြော်ညာ Video ရိုက်ကူးရေးများတွင် ကူညီလုပ်ကိုင်ခြင်း

📌 ကြော်ညာပို့စ်များအတွက် စာသားများရေးသားရာတွင် လုပ်ကိုင်ခြင်း

📌 ကြော်ညာပို့စ်များအတွက် ကြော်ညာပုံများဖန်တီးရေးဆွဲခြင်းတွင် လုပ်ကိုင်ခြင်း

📌 ရုံးတွင်း Internal Team များအား ချိတ်ဆက်အားကောင်းမွန်အောင် ကူညီပေးခြင်း

📌 ဒေသတွင်းစီးပွါးရေးလုပ်ငန်းများအတွက် Marketing idea များ အကောင်အထည်ဖော်သည့်နေရာတွင် ကူညီလုပ်ကိုင်ခြင်း

📌 Digital Product များ ဖန်တီးရာတွင် ကူညီလုပ်ကိုင်ခြင်း

📌 Professional Skillset ဆိုင်ရာ သင်တန်းများ သင်ကြားရာတွင် ဆရာနှင့်အတူ ကူညီပေးခြင်း

မိမိဝါသနာပါရာ လစ်လပ်နေရာများတွင် ရွေးချယ်ပြီး ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

(မွန်စာနဲ့ မွန်စကား ရရှိသူများလည်း ဦးစားပေးလျှောက်ထားနိုင်ပါသည်)

(What we offer) ✨

✅ တီထွင်ဖန်တီးမှုကို အားပေးတဲ့ Flexible Work Culture။

✅ Agency ရဲ့ ကြီးထွားမှုနဲ့အတူ ကိုယ်ပိုင်တိုးတက်မှု အခွင့်အရေးများ။

✅ မတူညီတဲ့ လုပ်ငန်းနယ်ပယ်ပေါင်းစုံက Client တွေနဲ့ လက်တွဲလုပ်ကိုင်ရမယ့် အတွေ့အကြုံ။

✅ လစာနှင့် ခံစားခွင့်များ (အရည်အချင်းနှင့် အတွေ့အကြုံအပေါ်မူတည်၍ ညှိနှိုင်း)။

✅ အတွေ့ကြုံမရှိသူများလည်းလာရောက်လျောက်ထားနိုင်ပါသည်။

Base Salary အပြင် Performance ပေါ်မူတည်ပြီး Bonus ခံစားခွင့်လည်း ထပ်မံရရှိအုန်းမှာ ဖြစ်ပါတယ်။

🌟အလုပ်ချိန်
အချိန်: 9:00 AM to 5:00 PM
ပိတ်ရက်: Sun Day & Other Holiday Off
ရုံးလိပ်စာ: No.5/A, Taung Paw Tan Street, Phat Tan Qtr, Mawlamyine, Mon State.
(မော်လမြိုင်မြို့တွင်းရုံးတက်ရမှာဖြစ်ပါတယ်)

(Call To Action - Apply Now!) 📩

🌟လျှောက်ထားရန်

စိတ်ဝင်စားသူများအနေဖြင့် CV Form (ကိုယ်ရေးအကျဉ်း) နှင့်အတူ [email protected] / 09781888981 (Viber) သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့လေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ❝Ad Idea Creativ...
04/11/2025

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့လေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ❝Ad Idea Creative Team❞ မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။💜

#တန်ဆောင်မုန်းလပြည့်

𝐀𝐝 𝐈𝐝𝐞𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐞𝐚𝐦 ရဲ့ အားကိုးရတဲ့ 𝐕𝐢𝐝𝐞𝐨 𝐄𝐝𝐢𝐭𝐨𝐫🎬 ညီလေးပြည့်စုံရဲ့ မွေးနေ့မှစပြီး ပျော်ရွှင်ချမ်းမြေ့လို့ အောင်မြင်ကြီ...
18/10/2025

𝐀𝐝 𝐈𝐝𝐞𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐞𝐚𝐦 ရဲ့ အားကိုးရတဲ့ 𝐕𝐢𝐝𝐞𝐨 𝐄𝐝𝐢𝐭𝐨𝐫🎬 ညီလေးပြည့်စုံရဲ့ မွေးနေ့မှစပြီး ပျော်ရွှင်ချမ်းမြေ့လို့ အောင်မြင်ကြီးပွားပါစေလို့ 𝐓𝐞𝐚𝐦 သူ၊ 𝐓𝐞𝐚𝐦 သားများ အားလုံးက ဆုတောင်းပေးလိုက်ပါတယ်နော်။🥳💜🙆🏻‍♀️


14/10/2025

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 ဆိုတာဘာလဲ။❓

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 လုပ်ရင်ရော ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။❓

ဒီနေ့ခေတ် ပြိုင်ဆိုင်မှုများတဲ့ စျေးကွက်ထဲမှာ 𝐁𝐫𝐚𝐧𝐝 တစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ပုံစံတစ်ခု ဖြစ်ပါတယ်။ 💫

ရိုးရိုးသာမန် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 လုပ်တာထက် 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 လုပ်လိုက်တဲ့ 𝐁𝐫𝐚𝐧𝐝 တွေဟာ ပိုပြီး သိသာထင်ရှားတဲ့ ရလဒ်တွေ ရရှိနိုင်ပါတယ်။✨

𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 လုပ်ရခြင်းရဲ့ အဓိက အကျိုးကျေးဇူး (၅) ခုကတော့ 💁‍♀️

🔰𝐁𝐫𝐚𝐧𝐝 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 (လူသိများမှု မြင့်မားလာခြင်း)
𝐁𝐫𝐚𝐧𝐝 ကို လူပိုသိလာပြီး စိတ်ထဲမှာ စွဲမြဲနေအောင် လုပ်နိုင်တာမျိုး။

🔰𝐒𝐚𝐥𝐞𝐬 (ရောင်းအားတိုးတက်လာခြင်း)
စားသုံးသူတွေကို ဝယ်ယူဖို့ ဆွဲဆောင်နိုင်တာကြောင့် ဝင်ငွေတိုးလာတာမျိုး။

🔰𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐄𝐧𝐠𝐚𝐠𝐞𝐦𝐞𝐧𝐭 (စားသုံးသူပါဝင်မှု ပိုရလာခြင်း)
𝐁𝐫𝐚𝐧𝐝 နဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ကြားမှာ နီးစပ်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်လာမယ်။

🔰𝐋𝐨𝐲𝐚𝐥 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 (အမာခံ စားသုံးသူများ တိုးပွားလာခြင်း)
ရေရှည်အားပေးမယ့် စားသုံးသူ အခြေခံကို ခိုင်မာလာစေမယ်။

🔰ပြိုင်ဘက်များကြားမှ ထိုးဖောက်အောင်မြင်နိုင်ခြင်း
ထူးခြားတဲ့ 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 တွေကြောင့် စျေးကွက်ထဲမှာ ဦးဆောင်သူ ဖြစ်လာနိုင်ပါမယ်။💪

𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 တစ်ခုအောင်မြင်သွားပြီဆိုရင် 𝐁𝐫𝐚𝐧𝐝 ရဲ့ တန်ဖိုးနဲ့ နေရာက ချက်ချင်းဆိုသလို ထိပ်ဆုံးကို ရောက်ရှိသွားနိုင်တာကြောင့် 𝐁𝐫𝐚𝐧𝐝 အများစုက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး စနစ်တကျ အစီအစဉ်တကျ လုပ်ဆောင်တတ်လေ့ရှိကြပါတယ်။🥰

ဒါဆို 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 ကို ဘာကြောင့်လုပ်သင့်လဲဆိုတာ အားလုံးသိလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် သိရုံတင်ရပ်မနေပဲ လက်တွေ့အကောင်ထည်ဖို့လည်းမမေ့နဲ့နော်။🥳💜

"လူကြီးမင်းတို့ရဲ့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ၀န်ဆောင်မှုများအတွက်
အမြဲအသင့်ရှိနေမယ့် 𝐀𝐝𝐢𝐝𝐞𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞" ✊

—---------------------------------------

[email protected]
09 781 888 981
09 778 370 065
09 759 860 653
Address: No.5/A, Taung Paw Tan Street, Phat Tan Qtr, Mawlamyine, Mon State.
အလွယ်မှတ်နည်း- ရွှေနန်းတော် လက်ဖက်ရည်ဆိုင်ဘေးလမ်းကြားကနေ ဝင်လာရင် Easy Microfinance ဘေး၊ ၅လွှာ အစိမ်းနုရောင်တိုက် ကမ်းနားဘက်အခန်း။






မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပါစေကြောင်း  “Ad Idea Creative” Teamသူ၊ Teamသားများမှ  ဆုမ...
06/10/2025

မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပါစေကြောင်း “Ad Idea Creative” Teamသူ၊ Teamသားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။💜

#သီတင်းကျွတ်လပြည့်

22/09/2025

လျှို့ဝှက်ချက်တော့ လျှို့ဝှက်ချက်ပဲ။🤜 🤛

လူတစ်ယောက်ဟာ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ
ဘယ်အရာတွေကို လုပ်တတ်ပါသလဲ။💁🏻‍♀️

—---------------------------------------
[email protected]
09 781 888 981
09 778 370 065
09 759 860 653
Address: No.5/A, Taung Paw Tan Street, Phat Tan Qtr, Mawlamyine, Mon State.

အလွယ်မှတ်နည်း- ရွှေနန်းတော် လက်ဖက်ရည်ဆိုင်ဘေးလမ်းကြားကနေ ဝင်လာရင် Easy Microfinance ဘေး၊ ၅လွှာ အစိမ်းနုရောင်တိုက် ကမ်းနားဘက်အခန်း။





ယနေ့မှာ ကျရောက်လျက်ရှိသော တော်သလင်းလပြည့်နေ့မှ စတင်၍ ကိုယ်စိတ်နှစ်ပါးစလုံး ချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့“𝐀...
05/09/2025

ယနေ့မှာ ကျရောက်လျက်ရှိသော တော်သလင်းလပြည့်နေ့မှ စတင်၍ ကိုယ်စိတ်နှစ်ပါးစလုံး ချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့“𝐀𝐝 𝐈𝐝𝐞𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐞𝐚𝐦” မှ ဆုတောင်းပေးလိုက် ရပါတယ်ရှင်။🖤🙏

#တော်သလင်းလပြည့်နေ့

05/09/2025

အက်ဒီတာများ ဘဝဟာ အရမ်းပျော်ဖို့ကောင်းတာပဲ လူတွေရယ်။🥹💻

အက်ဒီတာလုပ်ရတာ သိပ်လွယ်တာနော်။🫶🏻



ယနေ့မှာ ကျရောက်လျက်ရှိသော ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)မှာ ကိုယ်စိတ်နှလုံးရွှင်ပြုံးကာ လုပ်ဆောင်သမျှ အရာရာအဆင်ပြေချောမ...
08/08/2025

ယနေ့မှာ ကျရောက်လျက်ရှိသော ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)မှာ ကိုယ်စိတ်နှလုံးရွှင်ပြုံးကာ လုပ်ဆောင်သမျှ အရာရာအဆင်ပြေချောမွေ့ပါစေလို့ “𝐀𝐝 𝐈𝐝𝐞𝐚 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐞𝐚𝐦” မှ ဆုတောင်းပေးလိုက်ပါတယ်။🖤🙏

#ဝါခေါင်လပြည့်နေ့

Address

No (117)A , KyanSittar Street, Thirimyine Qt
Mawlamyine
12011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ad idea Creative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share