22/07/2026
@အကောင့်သစ်လေးကူညီပေးပါအုန်းချစ်မိတ်ဆွေတို့
သတင်းထူး (BREAKING)
စျေးနှုန်းနဲ့အရည်အသွေးချိန်ထိုးခြင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာစပိန်နှင့်ဘီဘာအိုထူးရှယ်တောင်းပံကစားသမား
Nico Williamsကိုခေါ်ယူဖို့အတွက်လေလံဆွဲပြိုင်ပွဲထဲသို့ထဲထဲဝင်ဝင်စတင်လှုပ်ရှားဝင်ရောက်လာပြီဖြစ်ကြောင်းစပိန်သတင်းစာများကခေါင်းကြီးပိုင်းအနေနဲ့အလေးထားဖော်ပြခဲ့ပါတယ်
စပိန်သတင်းစာEl Nacionalရဲ့ဖော်ပြချက်အရယူနိုက်တက်အသင်းဟာစပိန်လက်ရွေးစင်တောင်ပံကစားသမားရဲ့ပေါင်သန်း၉၀(Release Clause)စာချုပ်ဖျက်သိမ်းကြေးကိုပေးချေရန်အသင့်ရှိနေကြောင်းသိရပါတယ်။
Nico Williamsကဘယ်သူလဲဆိုတာကမ္ဘာ့ဘောလုံးပရိတ်သတ်တွေကိုအထူးမိတ်ဆက်စရာမလိုပါဘူးထင်တယ်
Nico Williamsဟာခေတ်သစ်ဘယ်တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီးအလွန်မြန်သော အရှိန်,ထိပ်တန်း Dribbling စွမ်းရည်နှင့်တိကျကောင်းမွန်သောCross ballတွေကိုပေးပို့ရာမှာအလွန်နာမည်ကြီးတဲ့ကစားသမားပါ။
သူကဘယ်တောင်ပံမှာအဓိကကစားလေ့ရှိပြီးတစ်ဦးချင်းပြိုင်ဘက်နောက်ခံလူများကို ကျော်ဖြတ်နိုင်ကာအခွင့်အရေးဖန်တီးပေးခြင်းနှင့်ဂိုးသွင်းယူခြင်းတို့နေရာမှာအင်မတန်မှထူးရှယ်ကြမ်းတဲ့စကေလ်းနဲ့တဖက်ကမ်းခတ်အောင်ကျွမ်းကျင်တဲ့တောင်ပံကစားသမားပါ။
အရှိန်ပြင်းပြင်းနဲ့ပြေးအားနဲ့မျက်လှည့်သဖွယ်ခန္ဓာကိုယ်လှည့်စားမှုများကိုလည်းအသုံးပြုတတ်ကာနောက်ခံလူများကိုဖိအားမရှိဘဲအေးအေးဆေးဆေးကျော်ဖြတ်တတ်ပြီးဘောလုံးကိုရှေ့သို့လျင်မြန်စွာ သယ်ဆောင်ကာတန်ပြန်တိုက်စစ်များကို စတင်ဖန်တီးပေးတတ်တဲ့ကစားသမားမျိုးပါ
ဘယ်ခြေကိုအဓိကအားသန်ပြီးကစားပုံမျိုးစုံပြောင်းလဲနိုင်သောကြောင့်ပြိုင်ဘက်ခံစစ်ကစားသမားများအတွက်သူ့ရဲ့ကစားဟန်ကို ခန့်မှန်းရခက်ခဲ့ပါတယ်။ပြီးခဲ့သောLa Liga ရာသီမှာဘီဘာအိုအသင်းအတွက်
၂၅ ပွဲ ကစားပြီး၆ဂိုးသွင်း၃ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်ဒါတင်ဘယ်ကမလဲပြိုင်ဘက်နောက်ခံလူများရဲ့နေရာယူပုံကိုဇဝေဇဝါဖြစ်အောင်လှည့်စားနိုင်ပြီး ပင်နယ်တီဧရိယာအတွင်းမှာ အသင်းဖော်များထံ တိကျသောဘောလုံးပေးပို့မှုများအလွန်ကောင်းမွန်ပါတယ်
သူကစပိန်လက်ရွေးစင်အသင်းအတွက်လည်း UEFA Euro, World Cup နှင့် UEFA Nations Leagueပြိုင်ပွဲများတွင်အရေးပါသောကစားသမားတစ်ဦးအဖြစ်စွမ်းဆောင်ထားသူဖြစ်ပြီးကွာလတီမြင့်ကစားသမားတစ်ဦးဟုသတ်မှတ်ခံထားရသူပါ။မနှစ်ကလည်းဒီလိုသတင်းမျိုးထွက်ခဲ့ဖူးပေမယ့်မန်ချက်စတာယူနိုက်တက်တို့ကNico Williamsကိုခေါ်ယူသင့်လား?YES or NO
#မန်ယူသတင်းသီးသန့်တင်သည်
Disclaimer:
This content is created solely for educational, sports news, and informational purposes. The opinions, reports, and updates presented are based on publicly available information at the time of publication and are not intended to mislead, defame, or infringe upon the rights of any individual or organization.
Photo Credit: X