  • Home
  • Myanmar
  • Maymyo
အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)ရဲ့ ညအလှကို အောက်တိုဘာလ (၃) ရက်ကနေ (၇) ရက်နေ့ အထိ  လာရောက်ခံစားဖို့ ဖိတ်ခေါ်ပါရစေ...
02/10/2025
အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)ရဲ့ ညအလှကို အောက်တိုဘာလ (၃) ရက်ကနေ (၇) ရက်နေ့ အထိ လာရောက်ခံစားဖို့ ဖိတ်ခေါ်ပါရစေ။ ညဖက်အလှကိုတမူထူးခြားစွာခံစားစေဖို့ဥယျာဉ်အတွင်းမှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားတာကြောင့် နေ့ခင်းဘက်နဲ့မတူတဲ့ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတွေကို တွေ့မြင်ကြရမှာပါ။ ညအလှကို ခံစားရင်း ဓာတ်ပုံလှလှလေးတွေလည်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
“Thadingyut's Night Poem” ပွဲတော် ကာလအတွင်း ညနေ (၂) နာရီမှစတင်၍ ည (၉) နာရီအထိ နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသော ဟဲလေး၊ ထွန်းထွန်း ၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့ နှင့်ပြင်ဦးလွင်မြို့မှတေးသံရှင်များတို့ရဲ့ သီဆိုဖျော်ဖြေမှုများကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ လူငယ်များအကြိုက် DJများဖြစ်ကြသော Axel, 9Nine, Kylo, Diary, Joely, Barani , Zorro, Valatino, AXN တိုနှင့်အတူ MC HULK ရဲ့ ပူးပေါင်းတင်ဆက်မှုများဖြင့် မြူးကြွတဲ့ DJ တီးလုံးများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။
အနားယူရင်းအဆာပြေ စားသုံးနိုင်ဖို့အတွက်စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် Night Bazaar လေးကိုလည်း ဥယျာဉ်အတွင်းမှာ စီစဉ်ပေးထားပါတယ်။
တောင်ပေါ်မြို့ရဲ့ အေးချမ်းလှတဲ့ညမှာ လှပတဲ့မြင်ကွင်းတွေနဲ့ ဖျော်ဖြေမှုတွေကို ခံစားနိုင်ဖို့ အောက်တိုဘာလ (၃) ရက်ကနေ (၇) ရက်နေ့ အထိ “Thadingyut's Night Poem “ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
Photo By - U Cherry (Cherry Studio)
ပြင်ဦးလွင်၊ ရပ်ကွက်ကြီး(၁၁)​ရေငယ်မှာ ​ပေကျယ်ကျယ်၊ အိမ်ကြီးအိမ်​ကောင်း​​တွေကြား ရချင်သူများအတွက်...မန္တ​လေး-လားရှိုးလမ်း...
25/09/2025
ပြင်ဦးလွင်၊ ရပ်ကွက်ကြီး(၁၁)​ရေငယ်မှာ ​ပေကျယ်ကျယ်၊ အိမ်ကြီးအိမ်​ကောင်း​​တွေကြား ရချင်သူများအတွက်...
မန္တ​လေး-လားရှိုးလမ်းမကြီးမှ ​ပေ(၃၀၀)ခန့်အကွာ​။ လမ်းမကြီးဒဲ့​ပေါက်ပြီး Hotel Merry Land၊ ​ရွှေမူဆယ်စား​သောက်ဆိုင်၊ ပုလဲဖြူဆွယ်တာဆိုင်အနီး။ အိမ်ကြီးအိမ်​ကောင်းများကြား။ ကားကြီးကွင်းသို့ ၇ မိနစ်ခန့်၊ မြို့လယ်​စျေး​လေးမီးပွိုင့်သို့ ၈မိနစ်ခန့်သာ သွားရ​သော ​နေရာ​ကောင်း​လေး ​ရောင်းချ​ပေးပါမယ်ခင်ဗျာ။
👉 ​မြေအကျယ်- (၃၉×၁၂၇)​ပေ
👉 အိမ်​သေးတစ်လုံး၊ ခြံ​စောင့်အိမ်တစ်လုံးပါပြီး
မူလရွာ​မြေစစ်စစ်ကို
သိန်း (၅၅၀၀)ညှိနှိုင်းနဲ့ ​ရောင်းချ​ပေးမှာဖြစ်ပါတယ်။
စိတ်​ဝင်စားပါက👇
#ပါရာဒိုက်စ် ပြင်ဦးလွင် အိမ်ခြံ​မြေ
0943170410
09451229113
အရာရာ​စျေးတက်​နေဆဲကာလမှာ ဒီအိမ်​လေး အဲဒီ​စျေးနဲ့ ရပါဦးမယ်ဗျ
24/08/2025
အရာရာ​စျေးတက်​နေဆဲကာလမှာ ဒီအိမ်​လေး အဲဒီ​စျေးနဲ့ ရပါဦးမယ်ဗျ
18/08/2025
# # #မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်။)
————————————————————————
🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်း များစွာရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုး ရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။
🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။
🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာ ဆောက်လုပ်ခွင့်မှအပ အခြားစီးပွားရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။
🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန်သိမ်းနိုင်သည်။
🔹 စက်မှုဇုံ ဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။
🔹 လူနေထိုင် အိမ်ဂရံ 🔹
ထိုဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ် ပြုရန်သော်၄င်း လုံးဝ ကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်။ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ များသောဂရံမြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါက သိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေးပြန်ရပါသည်။)
🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး ခိုင်မာမှု့ ရှိသောမြေပါ သို့သော် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံး ရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင် ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။
🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။
🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။
🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစု နေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။
🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။
🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များ ဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်ရိုက် ရောင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။
🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ။)
🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ၊ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍မရနိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ်မှု့မျိုး အရှင်းမရှိပါ။
🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြားမြေအမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည် လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန် သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်ပါသည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။
🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင် အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင် စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။
🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင်ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ( 7) သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။
🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ် ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။ သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံးပါမည်။
စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည်။ လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ။ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။
: သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ
နိုင်ငံသားတိုင်း အိမ်ယာပိုင်ဆိုင်ဖို့ ပါရာဒိုက်စ်နဲ့ဆက်သွယ်စို့
မေမြို့(ပြင်ဦးလွင်)ရဲ့ ရပ်ကွက်ကြီးများရပ်ကွက်ကြီး(၁) ✅-----------------------ညံကွဲ၊ ယူဂိုဆလပ် စသဖြင့် လူအများသိကြသော ရပ...
03/05/2025
မေမြို့(ပြင်ဦးလွင်)ရဲ့ ရပ်ကွက်ကြီးများ
ရပ်ကွက်ကြီး(၁) ✅
-----------------------
ညံကွဲ၊ ယူဂိုဆလပ် စသဖြင့် လူအများသိကြသော ရပ်ကွက်။ မြို့လယ်ခေါင် မြို့ဟောင်းနေရာ။
ရပ်ကွက်ကြီး (၂)✅
-----------------------
မြမာလာ. သုမင်္ဂလာ။ မြို့ဟောင်း ... သို့ပေမယ့် မြို့သစ်နဲ့ကပ်လျက်တစ်ဆက်တည်းရှိသော ရပ်ကွက်။ စျေး၀ယ်လို့ကောင်းတဲ့ ဇရပ်ကတုံးစျေး(အရင်က) တည်ရှိရာ ရပ်ကွက်။
ရပ်ကွက်ကြီး(၃)✅
---------------------
ဟော်ကုန်း။ မြို့ဟောင်းစစ်စစ်.. ပုလဲဖြူဆွယ်တာ၊ ရှမ်းမလိုင်တို့လို့ ပြင်ဦးလွင်ရဲ့ လူသိများသောဆိုင်များရှိရာ ရပ်ကွက်။
ရပ်ကွက်ကြီး(၄)✅
------------------------
ရပ်ကွက်ကြီး(၂) နဲ့ မျက်နှာချင်းဆိုင်.. မန်း-လားရှိုးလမ်း ဟိုဘက် သည်ဘက်။ မင်မင်ကြိုက်တဲ့ may myo coffee ဆိုင်ရှိတဲ့ ရပ်ကွက်။ မြို့လည်ခေါင် စစ်စစ်။
ရပ်ကွက်ကြီး(၅)✅
--------------------------
နာမည်ကျော် နန်းမြိုင်လမ်း၊ စန္ဒာလမ်းတို့ ရှိရာရပ်ကွက်။ နာရီစင်၊ မြို့မစျေး၊ ဆေးရုံကြီးတို့ တည်ရှိရာ ... မြို့ကို ၀င်လိုက်တာနဲ့ WE ❤️ PYIN OO LWIN (လမ်းညာဘက်ခြမ်း) မှာ မြင်ရတဲ့ ရပ်ကွက်။
ရပ်ကွက်ကြီး(၆)✅
-------------------------
လတ်တလော လူကြိုက်အများဆုံး ရပ်ကွက်တွေထဲက တစ်ခု။ ဂရမ်မြေ မြို့ဟောင်းဆို ရပ်ကွက်ကြီး(၆) ကို အရွေးများကြတယ်။ ပြင်ဦးလွင်ရသ အပြည့်အ၀ ရတယ်၊ ရပ်ကွက်သန့်ပြီး VIP ဆန်တယ်။ ကန်တော်ကြီး၊ ကန်တော်လေး ၊ ရုက္ခဗေဒဥယျာဥ်ရှိရာ ရပ်ကွက်ပေါ့။
ရပ်ကွက်ကြီး(၇)✅
------------------------
ရွာသစ်ကလေး။ ရပ်ကွက်ကြီး (၁) နဲ့ (၃) တို့ရဲ့ အနောက်ကပ်လျက်။
ရပ်ကွက်ကြီး (၈) နဲ့ (၁၀) ✅
-------------------------------
ပဒေသာမြို့သစ်။ မန်း-လားရှိုးလမ်းနဲ့ နီးသော ၊ ကားကြီး၀င်းနဲ့ သီရိရတနာစျေး ရှိသော ရပ်ကွက်က ရပ်ကွက်ကြီး (၁၀)... အဲ့ဒီ့ကမှ ဆက်သွားလို့ချယ်ရီလမ်းကျော်သွားရင် ရပ်ကွက်ကြီး (၈)..
မြို့သစ် .. ဂရန်၊ မြေပေးမိန့် မြေအမျိုးအစားထဲက အရောင်းအ၀ယ်အသွက်ဆုံး ရပ်ကွက်။
ရပ်ကွက်ကြီး (၉)✅
------------------------
နန္ဒ၀န် ။ မြို့အ၀င် .. ဌေးဌေးကြွယ်ဆီဆိုင်ရှိတဲ့ရပ်ကွက်။ စတော်ဘယ်ရီ၊ ဝိုင်နဲ့ မေမြို့လက်ဆောင်တွေ ရောင်းကြတဲ့ နေရာ။
🚩 ရပ်ကွက်ကြီး (၁) ကနေ (၁၀) အထိက ပြင်ဦးလွင်ရဲ့ စည်ပင်နယ်နိမိတ်ထဲပါတာဖြစ်လို့ ဂရန်မြေ၊ မြေပေးမိန့် တို့ အများဆုံးရှိသော ရပ်ကွက်များ ( ချွင်းချက်တစ်ချို့ရှိပါသည် )
ရပ်ကွက်ကြီး ( ၁၁ )✅
---------------------------
ရေငယ်။ မဟာအံ့ထူးကံသာဘုရားကြီး (ပြည်ချစ်ဘုရား ) တည်ရှိရာရပ်ကွက်။ လမ်းကျယ်တယ်၊ ရပ်ကွက်သန့်တယ်လို့ လူသိများတဲ့ ရပ်ကွက်။
ရပ်ကွက်ကြီး ( ၁၂ )✅
----------------------------
ရေချမ်းအိုး။ ပဒေသာမြို့သစ်နဲ့ ကပ်နေသော ရပ်ကွက်။ လူစည်တယ်- အိမ်ခြေစိပ်တယ်_မြို့ရှောင်လမ်း နဲ့ မန်း- လားရှိုးလမ်းကို တိုးလျှိုပေါက်သွားနိုင်သော ရပ်ကွက်။
ရပ်ကွက်ကြီး ( ၁၃ )✅
----------------------------
ဆင်ခေါင်းလေး။ မန္တလေးဘက်ကလာရင် မြို့ထဲကို မ၀င်ဘဲ မြို့ရှောင်လမ်းအတိုင်းသွားရင် လမ်းညာဘက်မှာ တည်ရှိတဲ့ ရပ်ကွက်။ သီးသန့် အေးဆေး တောရိပ်တောင်ရိပ်နဲ့ စိမ်းစိမ်းလမ်းလမ်း ကျယ်ကျယ်၀န်း၀န်း နေချင်သူများ သဘောကျတဲ့ ရပ်ကွက်။
ရပ်ကွက်ကြီး (၁၄) ✅
----------------------------
ညောင်နီ။ VIP ရပ်ကွက်။ ရပ်ကွက်သန့်၊ အိမ်ကြီးအိမ်ကောင်းများရှိပြီး မြို့ထဲ ကန်တော်ကြီး ဘက်နှင့် မြို့ရှောင်လမ်းဘက် နှစ်ဘက်စလုံးနှင့် နီးသော ရပ်ကွက်။
ရပ်ကွက်ကြီး (၁၅) ✅
----------------------------
ဖောင်းတော။ မြို့ရှောင်လမ်း နှင့် ကျောက်ဆည်လမ်း နှစ်ခုပေါ်မေးတင်ထားသော ရပ်ကွက်။
ရပ်ကွက်ကြီး (၁၆) (၁၇) (၁၈)✅
----------------------------------
စည်သာ၊ ကံကြီးကုန်း၊ အနီးစခန်း၊ နွယ်နှင်း၊ စျေးကုန်း၊ ဆင်ခေါင်းကြီး၊ ဒိုးကွင် ။ အနီးစခန်းလေယာဥ်ကွင်း အနီးတစ်ဝိုက်မှ ပြင်ဦးလွင်မြို့အ၀င် ဒိုးကွင်ဆည်အထိ ရပ်ကွက်များ။ ပြင်ဦးလွင်နဲ့ မန္တလေးကြား မန်း- လားရှိုး လမ်းဘေး ရပ်ကွက်များဖြစ်တာကြောင်း မန္တလေးမြို့ခံများ အကြိုက်ဆုံး ရပ်ကွက်။
ရပ်ကွက်ကြီး (၁၉) (၂၀)✅
-------------------------------
ငါးရံ့ချောင်း၊ နောင်ခမ်းကြီး။ လမ်းသာပြီး မြေကွက်စျေးသင့်၊ နေထိုင်ရန် သင့်လျော်တာကြောင့် စိတ်၀င်စားခံလာရသော ရပ်ကွက်များ။
ရပ်ကွက်ကြီး (၂၁)✅
---------------------------
မိုးကြိုး၊ သဲဖြူချောင်း။ မိုးကုတ်လမ်းကို မေးတင်ထားပြီး၊ မန်းလားရှိုးလမ်းနှင့်သော်လည်းကောင်း၊ မြို့ထဲနှင့်လည်းကောင်း နီးသော ရပ်ကွက်။ စျေးနီး၊ ကျောင်းနီး၊ လမ်းခရီးသာတာကြောင့် နှစ်အနည်းငယ်အတွင်း လူနေထူထပ်လာသော ရပ်ကွက်။
🤗 ပြင်ဦးလွင်_မေမြို့ ကို စိတ်၀င်စားကြသူများအတွက် _ မြို့လေး၏ ရပ်ကွက်များကို ယေဘုယျသဘော သိရှိစေရန် ရည်ရွယ်ရေးသားထားသော post လေး ဖြစ်တာကြောင့် အသေးစိတ်လိုအပ်များရှိပါက နားလည်ပေးကြပါရန် 🙏
Credit - AMFamily
ပြင်ဦးလွင်၊ ရပ်ကွက်ကြီး၁၁(​ရေငယ်)မန်း​လေး-လားရှိုးလမ်းမှ ၁ မိနစ်၊ ဘိုးဘွားရိပ်သာ​နောက်၊ ဘုရားကြီးအတက်လမ်း မူလရွာ​မြေအကျ...
02/05/2025
ပြင်ဦးလွင်၊ ရပ်ကွက်ကြီး၁၁(​ရေငယ်)
မန်း​လေး-လားရှိုးလမ်းမှ ၁ မိနစ်၊ ဘိုးဘွားရိပ်သာ​နောက်၊ ဘုရားကြီးအတက်လမ်း မူလရွာ​မြေ
အကျယ် - ၆၃*၄၅ ၆၂*၈၂ (3880 sqft)
သိန်း ၁၇၀၀ ညှိနှိုင်း
#ပါရာဒိုက်စ် ပြင်ဦးလွင် အိမ်ခြံ​မြေ
0943170410
09451229113
ရေမီးအစုံနဲ့ အသင့်နေရုံ ရပ်ကွက်ကြီး(၂၁)က RC တိုက်သစ်လေး 👉ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၂၁ မိုးကြိုးရွာမ ၂ခြံအကျယ်👉 ပေ ၄...
03/04/2025
ရေမီးအစုံနဲ့ အသင့်နေရုံ ရပ်ကွက်ကြီး(၂၁)က RC တိုက်သစ်လေး
👉ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၂၁
မိုးကြိုးရွာမ ၂
ခြံအကျယ်👉 ပေ ၄၀ × ၆၀
အရပ်မျက်နာ👉 အရှေ့လှည့်
အိမ်အကျယ်👉 ပေ ၃၅ × ၃၇
ခြံစည်းရိုးဘလိတ်ဆူးကြိုးတပ်ဆင်ပြီး
👉 အခန်းဖွဲ့
မာစတာခန်း ၁ ခန်း
ရိုးရိုးအိပ်ခန်း ၂ ခန်း
အခန်းတိုင်း သံပန်းသံတခါးပါပြီး
ကြမ်းခင်းများ ကိုရီးယားပါကေးခင်းပြီး
ဘုရားခန်းသီးသန့်
မီးဖိုထမင်းစားခန်း၊ ဧည့်ခန်းကျယ်
ဘုံသုံးရေချိုးခန်းအိမ်သာ
ကားပါကင်ကျယ်ကျယ်
ကွန်ပရပ်ဆာ၊ မော်တာ၊ ပရပ်ရှာပန့်
ရေမီးအစုံ အသင့်တက်နေရုံ
​စျေးနှုန်း - 1️⃣9️⃣0️⃣0️⃣ သိန်း (ညှိနှိုင်း)
#ပါရာဒိုက်စ် ပြင်ဦးလွင် အိမ်ခြံ​မြေ
- 0943170410
- 09451229113
ပြင်ဦးလွင် မိုးကြိုး(အထက)အနီးက RCတိုက်အသစ်လေး ၂၂၀၀သိန်းနဲ့ အရောင်းဖွင့်ပါတယ်နော်..မိုးကြိုးအထက်တန်းကျောင်းကို ၅မိနစ်အတွ...
28/02/2025
ပြင်ဦးလွင် မိုးကြိုး(အထက)အနီးက RCတိုက်အသစ်လေး ၂၂၀၀သိန်းနဲ့ အရောင်းဖွင့်ပါတယ်နော်..
မိုးကြိုးအထက်တန်းကျောင်းကို ၅မိနစ်အတွင်းလမ်းလျှောက်သွားလို့ရမယ့်နေရာ။
စျေးနီး ကျောင်းနီး၊ လမ်းထိပ်မှာ Mini Marketနဲ့ လိုချင်တာအကုန်ရတဲ့နေရာ။
မိုးကုတ်လမ်းမကြီးမှ စက္ကန့်ပိုင်းအတွင်းရောက်မယ့်နေရာ။
အိမ်ရှေ့ ကွန်ကရစ်လမ်းကျယ်၊ အိမ်တွင်းသစ်ပင်စိုက်ဖို့ မြေပိုနဲ့ ကားပါကင်မှာ ကား၂စီးရပ်လို့ရမယ်။ Flower Box ပါမယ်။ Wifiတပ်ချင်သူများအတွက် အိမ်ရှေ့မီးတိုင်ထိ ကေဘယ်ကြိုးဆင်ပြီးပါ။
ခြံအကျယ် - မျက်နှာစာ ၄၇ပေ× နောက် ၄၀ပေ
ဘေးနှစ်ဖက် - ၆၀×၆၀ ပေ
အိမ်အကျယ် - ၃၄×၃၈ ပေ
#အခန်းဖွဲ့
-MB ၁ ခန်း (၁၂×၁၄)ပေ
-Single ၃ ခန်း (၁၁×၁၁)ပေ
-ဘုရားခန်း (၈×၁၁)ပေ
-ဧည့်ခန်း (၁၁×၁၉)ပေ
-Kitchen (၁၁×၁၉)ပေ
-ဘုံရေချိုးခန်း+အိမ်သာ
-ရိုးရိုးအိမ်သာတစ်လုံး (သီးသန့်)
-ကိုရီးယားပါကေး+ကြွေပြားခင်းပြီး
-ရေပူရေအေး၊ ကွန်ပရက်ဆာ၊ ရေမော်တာ၊ ပရက်ရှာပန့်
-ကားပါကင်ကျယ်
-အိမ်ရှေ့အပင်စိုက်ရန် မြေပိုပါပြီး
-အရှေ့လှည့်
နေရာ။ ပြင်ဦးလွင်၊ ရပ်ကွက်ကြီး(၂၁)မိုးကြိုး၊ ရွာမ(၃)
အိမ်အမှတ် - Cc 7️⃣7️⃣
စျေး 2️⃣2️⃣0️⃣0️⃣သိန်း (ညှိနှိုင်း)
ပြင်ဦးလွင်မှာ အိမ်ခြံမြေများ ရောင်းဝယ်လိုလျှင်
#ပါရာဒိုက်စ် ပြင်ဦးလွင် အိမ်ခြံမြေ
☎️0943170410
☎️09451229113
မင်္ဂလာပါ... 🏘️ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး၂၁ မိုးကြိုးရွာမ၊ ပန်းအိလမ်းမှ အိမ်လှလှလေး ရောင်းပေးပါမည်...🏘️ မိုးကြိုး အထက...
14/01/2025
မင်္ဂလာပါ... 🏘️
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး၂၁ မိုးကြိုးရွာမ၊ ပန်းအိလမ်းမှ အိမ်လှလှလေး ရောင်းပေးပါမည်...
🏘️ မိုးကြိုး အထက အနီး၊
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအရှေ့ဘက်၊
သာကြီးဆီဆိုင်ဘေး၊ ပန်းအိလမ်းထဲမှာပါ...
🏘️ ခြံအကျယ် ၄၀x၅၀ပေ၊ ခြံနံပါတ်ကျပီး...
🏘️ အိမ် ၃၄x၃၂ ပေ RC (အရှေ့လှည့်)၊ ဆောက်ပီးတာမကြာသေးတဲ့ လူမနေရသေးတဲ့ အိမ်အသစ်လေးပါ...
🏘️ ဘုရားခန်း၊ ဧည့်ခန်း၊ MB 1ခန်း၊ Single Room 2ခန်း
🏘️ ကျွန်းတံခါး၊ ကိုရီးယားပါကေး၊ မော်တာ၊ ရေပူ၊ ရေအေး၊ မီတာကျပီးပါ...
ဘေးပါတ်လည် လူနေအိမ်အပြည့်၊ ရွာမြေဖြစ်လို့ရွေးချယ် ဝယ်ယူသင့်သော နေရာကောင်းလေးပါ…
🏘️ စျေးနှုန်း ၂၄၅၀ သိန်း(ညှိနှိုင်း)
💁🏻‍♀️Now Contact 💁🏻‍♀️
09451229113/ 0943170410 သို့ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်...
#နိုင်ငံသားတိုင်းအိမ်ပိုင်ဖို့ပါရာဒိုက်စ်နဲ့ဆက်သွယ်စို့
Google Maps links... https://goo.gl/maps/MFHznqz7dr8piCWL9
ပြင်ဦးလွင်လာရင်တည်းဖို့ (၂)ယောက်ခန်းကို(၂၅၀၀၀)နဲ့ချစ်စရာဘန်ဂလိုအိမ်လေးများပန်းမြို့တော်ကိုအလည်လာကြမယ့်သူတွေအတွက်စျေးနှု...
01/01/2025
ပြင်ဦးလွင်လာရင်တည်းဖို့ (၂)ယောက်ခန်းကို(၂၅၀၀၀)နဲ့
ချစ်စရာဘန်ဂလိုအိမ်လေးများ
ပန်းမြို့တော်ကိုအလည်လာကြမယ့်သူတွေအတွက်စျေးနှုန်းသက်သာစွာနဲ့တည်းခိုလို့ရမယ့် ဘန်ဂလိုအိမ်လေး🏠
ပြင်ဦးလွင်ရောက်လို့ စျေးနှုန်းသက်သက်သာသာနဲ့ တည်းခိုလို့ရမယ့်နေရာရှာနေတဲ့သူတွေအတွက်ဒီနေရာလေးကိုသွားရောက်တည်းခိုကြည့်ပါနော်🏡
(၂)ယောက်ခန်းကိုတည(၂၅၀၀၀)ကျပ်တည်းနဲ့တည်းခိုလို့ရမယ့်နေရာ Harmony Haven🏠
ဆာဘူးထောင်း ဘန်ဂလိုလေးလဲ အသစ် ထပ်ဖွင့်ထားပါတယ် ဆာဘူးထောင်း ဘန်ဂလိုမှာတော့ Aircon တပ်ဆင်ပေးထားပါတယ်😍
Harmony Haven
☎️ 09250661660 / 09675656420 ကို သိလိုသမျှအသေးစိတ်စုံစမ်းနိုင်ပါတယ်
တည်နေရာ🏠
📌လိပ်စာ - စျ - ၃/၄ ၊ စံပယ်လမ်း၊ မေမြို့။ Google map - Harmony Haven လို့ ရိုက်ရှာလို့ ရပါတယ်
December Garden မျက်စောင်းထိုး ပြည်ချစ်ဘုရားနဲ့ BE Fall ရေတံခွန် အကျော်လေးမှာပါနော်
ပန်းပွဲတော်သွားကြမယ်သူတွေအတွက်အဆင်ပြေစေဖို့နောက်ထပ်ဟိုတယ်မိုတယ်တွေထပ်ညွှန်ပေးမယ်နော်😍
🎄ပြင်ဦးလွင်က အိမ်ခြံမြေရောင်းဝယ်လိုရင်တော့
#ပါရာဒိုက်စ် 0943170410 / 09451229113ကို ဆက်သွယ်ပြီး ယုံကြည်စိတ်ချစွာလက်တွဲနိုင်ပါတယ်
Popular Paoh Stars မူရင်း postcrd
Myanmar
 #အိမ်မခိုက်အောင်(1)  လမ်းဦးတိုက်(2)  နို့ညှပ်(3)  စေတေီဦးတိုက်(4)  ကြမ်းဦးတိုက်(5)  အိမ်တံစို့စတဲ့အိမ်တွေအတွက် အိမ်မခို...
29/11/2024
#အိမ်မခိုက်အောင်
(1) လမ်းဦးတိုက်
(2) နို့ညှပ်
(3) စေတေီဦးတိုက်
(4) ကြမ်းဦးတိုက်
(5) အိမ်တံစို့
စတဲ့အိမ်တွေအတွက် အိမ်မခိုက်အောင် အစီအရင်လေးတွေပါ.....................…...........….....................
မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေးတွေ ရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက် မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။ တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေနဲ့ အိမ်မခိုက်အောင် အစီအမံများကို ဖော်ပြလိုက်ပါတယ်။ ယုံကြည်သူများ လုပ်ဆောင်နိုင်ဖို့ လွယ်လွယ်ကူကူနည်းလမ်းလေးတွေပါ။
၁။ လမ်းဦးတိုက်
လမ်းကို ထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင် ဆောက်ပေးထားတာမျိုးလည်း ရပါတယ်။
၂။ နို့ညှပ်
ညီအစ်ကိုကြား၊ သားအဖကြား ရောက်နေတဲ့အိမ် ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာက အိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေ ဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။
၃။ စေတီဦးတိုက်
ဘုရားကျောင်းကန် စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာ ရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာ အဆောက်အဦးပေါတဲ့ ရန်ကုန်လို နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။
၄။ ကြမ်းဦးတိုက်
အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကို ပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ ကောဇော ဒါမှမဟုတ် တစ်ခုခု ခင်းပေးရပါတယ်။
၅။ အိမ်တံစို့
မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့ အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။
နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့ နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာဖြစ်ပါတယ်။
Crd
အိမ်ဆောက်မယ်လို့ စဉ်းစားထားရင် လေ့လာထားသင့်ပါတယ်နော်1-- 👉ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။2--👉အလင်းအမှောင်အတွက် နေဝင...
22/11/2024
အိမ်ဆောက်မယ်လို့ စဉ်းစားထားရင် လေ့လာထားသင့်ပါတယ်နော်
1-- 👉ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
2--👉အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
3 --👉အပူအအေး အတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
4--👉အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။
5--👉နောက်ဆုံးတစ်ခုအနေနဲ့ အိမ်ဆောက်နည်းအခြေခံသဘောတရားတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။
💁‍♂️ဒီလိုလေ့လာထားခြင်းက တခြားသော အကြောင်းအရာများထက်၊ အိမ်ရှင်တွေအနေနဲ့ မအ,ရရုံသာ ဖြစ်ပါတယ်။
👉အခု ဒီမှာလည်း အကြမ်းဖျဉ်း ဖော်ပြပေးပါမယ်။
🧱မြေကြီးပုံတဲ့အခါ တူးတဲ့ကျင်းရဲ့ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့တဲ့အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်း၊ ဒင်ဆောင့်ပြီး လိုအပ်တဲ့ သိပ်သည်းမှု အနေအထားရအောင် ဆောင်ရွက်ပေးရမည်။
🏬အဆောက်အဦအတွက် ပတ်တန်းရိုက်တဲ့အခါ တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ ဝင်အောင်ရိုက်ထားသင့်ပါသည်။ အဆောက်အဦ ကျင်တွယ်ဖမ်းတဲ့အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
📐ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
🧱အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။ သုံးသောရေတိုင်းသည် သန့်ရှင်းကြည်လင်သောရေ ဖြစ်စေရမည်။
🧱(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့် အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
🧱အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်၊ (၇)ရက်အထိ ရေဖြန်းပေးရပါသည်။
🧱အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။
🔨ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
🚪တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။
📉အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။
📊လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
🧱နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။
🌈ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပြတ် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။
⛓️သံချောင်းဆက်ရာတွင် အချင်း၏ လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊ အမဲဆီများ၊ မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့ (12') အမြင့်ထိသာ လောင်းသင့်ပါသည်။
🏗️အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။
#အိမ်လှလှလေးဆောက်ကြမယ်
Address
Maymyo
Opening Hours
Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00
Telephone
+959451229113
Website
Alerts
Be the first to know and let us send you an email when ပါရာဒိုက်စ် ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to ပါရာဒိုက်စ် ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေ:
Share