သွေးနဲ့ရေးတဲ့ချင်းသမိုင်း

  • Home
  • Myanmar
  • Mindat
  • သွေးနဲ့ရေးတဲ့ချင်းသမိုင်း

သွေးနဲ့ရေးတဲ့ချင်းသမိုင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သွေးနဲ့ရေးတဲ့ချင်းသမိုင်း, Social Media Agency, Mindat.

02/10/2026
22/09/2026
20/09/2026

ပိုက်ဆံရှာချင်ရင် အရောင်းပညာကို အရင်သင်။
ပိုက်ဆံပိုပြီး များများရှာနိုင်ချင်ရင်တော့ ဈေးကွက်ထိုးဖောက်တဲ့ပညာ (Marketing) ကို နားလည်အောင်လုပ်။
ကိုယ်က လိုက်ရှာစရာမလိုဘဲ ပိုက်ဆံက
ကိုယ့်ဆီ အလိုလိုဝင်လာစေချင်ရင်တော့
ခိုင်မာတဲ့ နာမည်တစ်ခု (Branding) တည်ဆောက်။

လူငယ်တော်တော်များများက ပိုက်ဆံရှာချင်ကြတယ်
ဒါပေမယ့် အများစုမှားနေတာက ပိုက်ဆံနောက်ကိုပဲ
တကောက်ကောက် လိုက်ဖမ်းနေကြတာပဲ။

တကယ်တော့ ပိုက်ဆံဆိုတာ လိုက်ဖမ်းနေဖို့မလိုဘဲ၊
ပိုက်ဆံရလာမယ့် ‘စနစ်’ ကို
သေသေချာချာ နားလည်ထားဖို့ပဲ လိုတယ်။
အဲဒီစနစ်က အဆင့် (၃) ဆင့်နဲ့ သွားတယ်။

ပထမအဆင့် - အတတ်ပညာ (Skill)

ပထမဆုံးအဆင့်ကတော့ ကိုယ်ပိုင် အတတ်ပညာ ဒါမှမဟုတ် ကျွမ်းကျင်မှုတစ်ခုခု ရှိဖို့ပဲ။
လောကကြီးမှာ လူတိုင်း ပြဿနာကိုယ်စီ၊ လိုအပ်ချက်ကိုယ်စီ ရှိကြတယ်။
အဲဒီ လိုအပ်ချက်တွေကို သူတို့ကိုယ်တိုင်
ဖြေရှင်းနိုင်တာထက် ကိုယ်က ပိုပြီးမြန်မြန်ဆန်ဆန်၊
ပိုပြီးကောင်းကောင်း ဖြေရှင်းပေးနိုင်ပြီဆိုရင်
လူတွေက ကိုယ့်ကို ပိုက်ဆံပေးကြပြီ။

မုန့်ဟင်းခါးဆိုင်လေးတစ်ဆိုင်နဲ့ ဥပမာပေးကြည့်မယ်။

မုန့်ဟင်းခါးရောင်းပြီး ပိုက်ဆံရှာတော့မယ်ဆိုရင် အရင်ဆုံး ကိုယ်တိုင်က မုန့်ဟင်းခါးကို အရသာရှိအောင်၊ ဟင်းရည်ကျိုတတ်အောင်၊ အချိုးအစားမှန်အောင် ချက်တတ်တဲ့ 'Skill' ရှိနေဖို့ လိုတယ်။
ဒါမှ စားချင်တဲ့သူတွေရဲ့ လိုအပ်ချက်
(ဗိုက်ဆာတာ၊ အရသာရှိတာ စားချင်တာ) ကို
ဖြေရှင်းပေးနိုင်မှာကိုး။

ဒါကြောင့် ပိုက်ဆံစရှာတော့မယ်ဆိုရင် ဈေးကွက်ထဲမှာ လူတွေတကယ် ကြိုက်မယ့်၊ အသုံးဝင်မယ့် အတတ်ပညာတစ်ခုကို သေချာပေါက် အရင်ဆုံး တတ်အောင်လုပ်။

ဒုတိယအဆင့် - လူသိအောင်လုပ်ခြင်း (Marketing)

ဒါပေမယ့် အတတ်ပညာတစ်ခုကို တော်ရုံ၊ ကျွမ်းကျင်ရုံနဲ့
ပိုက်ဆံများများ ရလာမယ်လို့တော့
အာမခံလို့ မရသေးဘူး။

စဉ်းစားကြည့်။
ကိုယ်က မုန့်ဟင်းခါးချက်တာ အရမ်းတော်တယ်။ အရသာကလည်း ရှယ်ပဲ။
ဒါပေမယ့် ကိုယ်ဒီလောက် ချက်တတ်မှန်း
ဘယ်သူမှ မသိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။
လာစားမယ့်သူက ဘယ်သူတွေလဲ၊
ဘယ်လိုစကားလုံးတွေနဲ့ ဆွဲဆောင်မလဲ၊
လူသိများအောင် ဘယ်လိုကြော်ငြာရမလဲဆိုတာ မသိရင်
ကိုယ့်ရဲ့ အတတ်ပညာက မုန့်ဟင်းခါးအိုးထဲမှာတင် အောင်းနေရုံပဲ ရှိမယ်။

ဒီနေရာမှာ ဒုတိယအဆင့်ဖြစ်တဲ့ 'Marketing' ဆိုတာ လိုအပ်လာပြီ။

ဒီနေ့ခေတ်က Social Media ခေတ်ဖြစ်နေပြီ
Marketing ဆိုတာ ပစ္စည်းတစ်ခုကို ဇွတ်အတင်း ထိုးရောင်းတာမျိုး မဟုတ်ဘူး။
ကိုယ့်ဆိုင်က မုန့်ဟင်းခါးအရသာ ဘယ်လောက်ကောင်းကြောင်း၊
ငါးခူစစ်စစ်နဲ့ ဘယ်လိုချက်ထားကြောင်းကို
လူတွေသရေကျသွားအောင် TikTok မှာ ဗီဒီယိုလေးရိုက်တင်တာမျိုး၊
Facebook မှာ စားချင်စရာ ပုံလှလှလေးတွေနဲ့ သေချာချပြတာမျိုးပဲ။
ကိုယ်ပေးနိုင်တဲ့ တန်ဖိုးကို တကယ်လိုအပ်နေတဲ့သူဆီ
ရောက်အောင်သွားတာကို ခေါ်တာ။

Skill က “ငါ မင်းအတွက် ဘာလုပ်ပေးနိုင်လဲ” ဆိုတာကို ပြတာဖြစ်ပြီး၊
Marketing ကတော့ “ဒါကို လိုအပ်နေတဲ့သူတွေသိအောင် ဘယ်လိုချပြမလဲ” ဆိုတဲ့ အပိုင်းပဲ။
ဒါကြောင့် ပိုက်ဆံများများရှာချင်ရင် တော်ရုံနဲ့ မပြီးဘဲ၊
ကိုယ်တော်တဲ့အကြောင်းကို Online ပေါ်မှာ လူတွေသိအောင် ရောင်းတတ်ဖို့ လိုတယ်။

တတိယအဆင့် - နာမည်တည်ဆောက်ခြင်း (Branding)

နောက်ဆုံးအဆင့်ကို ရောက်လာပြီဆိုရင်တော့
ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားပြီ။

ဒီအဆင့်မှာ ကိုယ်က လာစားမယ့်သူတွေကို လိုက်ရှာနေစရာ မလိုတော့ဘူး။
စားမယ့်သူတွေကမှ ကိုယ့်ကို တကူးတက
လိုက်ရှာလာမယ့် အချိန်ပဲ။
ဒါကို 'Branding' လို့ ခေါ်တယ်။

ဖုန်းလေးပွတ်ရင်း Facebook ပေါ်မှာဖြစ်ဖြစ်၊ TikTok ပေါ်မှာဖြစ်ဖြစ်
မုန့်ဟင်းခါးဆိုတဲ့ စာလုံးလေး မြင်လိုက်တာနဲ့ ကိုယ့်ဆိုင်နာမည်ကို ချက်ချင်း ပြေးသတိရသွားတာမျိုး။

အဝေးကြီးရောက်နေရင်တောင်
“ဒီဆိုင်မှ ဒီဆိုင်ပဲ၊ တခြားဆိုင် မစားဘူး” လို့ တန်းပြီး တွေးမိသွားတဲ့အထိ
လူတွေရဲ့ ခေါင်းထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူလိုက်နိုင်တာပဲ။

ဒီအခြေအနေကို ရောက်သွားပြီဆိုရင်
နေ့တိုင်း လူတွေစိတ်ဝင်စားအောင် Facebook ပေါ်မှာ အသည်းအသန် လိုက်လုပ်ပြနေစရာ၊ လိုက်အော်ရောင်းနေစရာ မလိုတော့ဘူး။
အချိန်ယူပြီး တည်ဆောက်ခဲ့တဲ့ ကိုယ့်ရဲ့ 'နာမည်ကောင်း' (Brand) က ကိုယ့်ကိုယ်စား အလုပ်လုပ်ပေးသွားပြီ။

“မုန့်ဟင်းခါးဆို ဒီဆိုင်ပဲ” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုကြောင့်
ပိုက်ဆံက ကိုယ့်ဆီ အလိုလို စီးဝင်လာတာပဲ။

ဒီအဆင့် (၃) ဆင့်လုံးကို သေချာနားလည်သွားပြီဆိုရင် မေးစရာတစ်ခု ရှိလာလိမ့်မယ်။
"ငါ့မှာ Skill လည်းရှိပြီ၊
Marketing လည်း လုပ်ချင်တယ်၊
Branding လည်း တည်ဆောက်ချင်တယ်၊
ဒါဆို Social Media ပေါ်မှာ
အဲဒါတွေကို ဘယ်ကနေ စလုပ်ရမလဲ" ဆိုတဲ့ မေးခွန်းပဲ။

ဒီနေရာမှာ ခုနကပြောခဲ့တဲ့ အဆင့် ၃ ဆင့်လုံးကို လက်တွေ့အကောင်အထည်ဖော်ပေးမယ့်၊
တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးမယ့်
အဓိက တံတားတစ်စင်း လိုလာပြီ။
အဲဒါက တခြားမဟုတ်ဘူး
'Content' ပဲ။
Content ဖန်တီးတာက
ဘာလို့ ဒီလောက် အရေးကြီးနေတာလဲ

Skill ရယ်၊
Marketing ရယ်၊
Branding ရယ်ဆိုတဲ့ အဆင့် ၃ ဆင့်လုံးကို အသက်သွင်းပေးမယ့် အဓိက လောင်စာက 'Content' ပဲ။
ကိုယ်က ဘယ်လောက်ပဲ တော်တော် (Skill)၊ ဘယ်လောက်ပဲ ကြော်ငြာချင် ကြော်ငြာချင် (Marketing)၊
ဘယ်လောက်ပဲ နာမည်ကြီးချင် နာမည်ကြီးချင် (Branding)...
လူတွေဆီကို ရောက်အောင် သယ်သွားပေးမယ့် ကြားခံနယ်က Content ပဲ။

✅ကိုယ့်မှာ တကယ် Skill ရှိတယ်ဆိုတာ လူတွေယုံသွားဖို့ Content လိုတယ်

ကိုယ်က မုန့်ဟင်းခါးချက် အရမ်းတော်တယ်ဆိုတာ စာနဲ့ အော်ပြောနေလို့ မရဘူး။
မုန့်ဟင်းခါး ဟင်းရည်ပွက်ပွက်ဆူနေတာ၊ ငါးဖယ်ကြော် လှီးထည့်နေတာတွေကို
TikTok မှာ ဗီဒီယိုလေး (Video Content) နဲ့ တင်ပြမှ
လူတွေက "ဒီဆိုင် ချက်တာ တော်တော်မိုက်တယ်" ဆိုပြီး
ကိုယ့်ရဲ့ Skill ကို ယုံကြည်သွားမှာ။

✅Marketing ထိရောက်ဖို့ Content လိုတယ်

Social Media ပေါ်မှာ Marketing ဆင်းတော့မယ်ဆိုရင် ဘာနဲ့ဆင်းမလဲ။
လက်ဗလာနဲ့ သွားလို့မရဘူး။
စားချင်စရာ ဓာတ်ပုံလှလှလေးတွေ (Photo Content)၊
ဖတ်လိုက်တာနဲ့ သွားရည်ကျသွားစေမယ့် စာသားတွေ (Copywriting) ရှိမှ
လူတွေရဲ့ အာရုံ (Attention) ကို ဆွဲဖမ်းနိုင်မှာ။ Content က Marketing အတွက် ရှေ့တန်းကနေ တိုက်ပေးတဲ့ လက်နက်ပဲ။

✅Branding တည်ဆောက်ဖို့ Content လိုတယ်

တစ်ခါတလေ ကြော်ငြာရုံနဲ့ Brand မဖြစ်ဘူး။ အမြဲတမ်း လူတွေရဲ့ မျက်စိရှေ့မှာ ရှိနေဖို့ လိုတယ်။
ဆိုင်အကြောင်း၊ မုန့်ဟင်းခါး ချက်နည်းလေးတွေ၊ စားသွားတဲ့ သူတွေရဲ့ Review တွေကို သေသေချာချာ Content အနေနဲ့ အမြဲဖန်တီးပေးနေမှ
လူတွေရဲ့ ခေါင်းထဲမှာ "မုန့်ဟင်းခါးဆို ဒီဆိုင်ပဲ" ဆိုတာ
ရေရှည်စွဲထင်သွားပြီး Branding ဖြစ်လာတာ။

ဒါကြောင့် Content Creation ဆိုတာ
စာရေးတာ၊ ပုံဖန်တီးတာ၊ ဗီဒီယိုရိုက်တာ သက်သက်မဟုတ်ဘူး။

ကိုယ့်ရဲ့ Skill ကို တန်ဖိုးမြှင့်ပေးတဲ့၊
Marketing ကို အလုပ်ဖြစ်စေတဲ့၊
Branding ကို ရေရှည် ခိုင်မာစေတဲ့ အဓိက သော့ချက်ပဲ။

Content မရှိရင် Skill က အခန်းထဲမှာပဲ ပိတ်မိနေမယ်၊
Marketing လုပ်စရာ လက်နက်မရှိဘူး၊
Branding ဆိုတာလည်း အိပ်မက်တစ်ခုပဲ ဖြစ်နေလိမ့်မယ်။

ဒီ Content တွေ အမြန်ဆုံး ဖန်တီးနိုင်ဖို့ AI ကို သင်
အရင်က Content လုပ်ဖို့ဆို အချိန်ရော၊
ငွေရော အများကြီးပေးရတယ်။
Content writerငှား၊ Graphic designer ငှါးနဲ့ တော်တော်အလုပ်ရှုပ်တယ်။ အကုန်အကျများတယ်
အခု AI ခေတ်ရောက်လာပြီ
AI ကို သေချာသုံးတတ်ရင်
ကိုယ့် Skill ကို လူသိများအောင်လုပ်မယ့် Content တွေကို ချက်ချင်း ဖန်တီးနိုင်ပြီ။
ဖတ်တာနဲ့ စွဲသွားမယ့် စာသားတွေ၊
ဆွဲဆောင်မှုရှိတဲ့ ပုံတွေနဲ့ ဗီဒီယိုideaတွေကို
AI က အလွယ်တကူ ထုတ်ပေးနိုင်တယ်။

ရှင်းရှင်းပြောရရင် AI ဆိုတာ ကိုယ့်သိထားတတ်ထားတာတွေ (Skill) ကို
Marketing နဲ့ Branding ဖြစ်လာအောင် အသက်သွင်းပေးမယ့် အကောင်းဆုံး လက်ထောက်ပဲ။

ဒါကြောင့် ကိုယ်က Skill တစ်ခုခု ရှိနေပြီဆိုရင်၊ အဲဒီ Skill ကို လူသိအောင်ချပြဖို့နဲ့
ဝင်ငွေလမ်းကြောင်းတွေ ရှာဖို့
AI ကို မဖြစ်မနေ သင်
AI သုံးတတ်တာက ကိုယ့်ရဲ့ အောင်မြင်မှု ခရီးလမ်းကို
အဆပေါင်းများစွာ မြန်သွားစေမယ့် လျှို့ဝှက်ချက်ပဲ

အနှစ်ချုပ်ရရင်

❇️ပိုက်ဆံရှာချင်ရင် ကိုယ်ပိုင် အတတ်ပညာ (Skill) တစ်ခုကို အရင်ဆုံး တည်ဆောက်။

❇️ပိုက်ဆံများများရှာချင်ရင် ကိုယ်တတ်ထားတဲ့ပညာကို လူသိအောင်လုပ်တဲ့ နည်းလမ်း (Marketing) ကို တတ်အောင်လုပ်။

❇️ပိုက်ဆံကို လိုက်ရှာစရာမလိုဘဲ
ကိုယ့်ဆီ အလိုလို ရောက်လာစေချင်ရင်တော့ ခိုင်မာတဲ့ နာမည်တစ်ခု (Branding) ကို အချိန်ယူ တည်ဆောက်။

❇️ ဒီသုံးခုလုံးကို အမြန်ဆုံးနဲ့
ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ Content ဖန်တီးပေးနိုင်တဲ့ AI ပညာကို သင်။

Skill က တန်ဖိုး (Value) ကို ဖန်တီးတယ်။ Marketing က အဲဒီတန်ဖိုးကို လူတွေဆီ ရောက်အောင် ဖြန့်ဝေပေးတယ်။
Branding ကတော့ အဲဒီတန်ဖိုးကို
လူတွေရဲ့ ခေါင်းထဲမှာ အမြဲတမ်း နေရာယူပေးတယ်။

ဒီအရာအားလုံးကို AI အကူအညီနဲ့
Content တွေဖန်တီးပြီးစနစ်တကျ
ပေါင်းစပ်လိုက်ပြီဆိုရင်တော့
ရိုးရိုး 'တော်တဲ့သူ' အဆင့်ကနေ '
ရောင်းတတ်တဲ့သူ' ဖြစ်လာပြီး၊
နောက်ဆုံးမှာ လူတိုင်းက ယုံယုံကြည်ကြည်နဲ့ အမြဲတမ်း 'ရွေးချယ်ရတဲ့သူ' တစ်ယောက်
ဖြစ်လာလိမ့်မယ်

လူအများစု (အထူးသဖြင့် လုပ်ငန်းရှင်တွေ)က
AI ကို သုံးချင်ပေမယ့်
ရှုပ်ထွေးတဲ့ AIနည်းစနစ်တွေ ၊
AI Automationတွေ
Coding တွေကို လေ့လာဖို့ အချိန်မရှိကြဘူး။ ခေါင်းစားမခံချင်ကြဘူး။

ဒီပြဿနာတွေကိုဖြေရှင်းဖို့
အချိန်လည်းမကုန်၊ခေါင်းစားစရာလည်းမလို
လက်တွေ့လုပ်ငန်းခွင်မှာ
ချက်ချင်း အလုပ်လုပ်ပေးမယ့်
“Ready-made AIဝန်ထမ်း" တွေကိုပဲ
သီးသန့်တည်ဆောက်ထားတယ်

ကျွန်တော် Content Creation နယ်ပယ်မှာဖြတ်သန်းလာတာ (၁၀) နှစ်ကျော်ပြီ

✅Follower (၂) သန်းနီးပါးရှိတဲ့ "အလီဘာဘာ"
✅Follower (၁) သန်းနီးပါးရှိတဲ့ "Top Ten"
ဒီ Page ကြီးတွေကို ကိုယ်တိုင်တည်ထောင်ပြီး
AI ဝန်ထမ်းတွေနဲ့ အေးအေးဆေးဆေး လည်ပတ်နေတယ်

ဒီတော့ မေးခွန်းတခုမေးမယ်
☑️တနေ့တနေ့ ကိုယ့်ရဲ့ pageမှာ ဘာတွေတင်ရမလဲဆိုပြီး ခေါင်းစားနေလား?
☑️ပိုက်ဆံမကုန်ပဲ ကိုယ့်လုပ်ငန်းကို ရောင်းအားတက်စေချင်ရင်၊ လူပိုသိစေချင်ရင် contentတွေ ဖန်တီးရမယ်ဆိုတာ သိပြီလား?
☑️AIကို လက်တွေ့အသုံးချပြီး Content Creationကို ထိထိရောက်ရောက်လုပ်ချင်လား?
☑️အရေးကြီးဆုံးကတော့ AIကို ဘာဆိုဘာမှ မသိတဲ့အခြေအနေကနေ လက်တွေ့အသုံးချနိုင်တဲ့အထိ step by step သင်ယူချင်လား
☑️အရေးကြီးဆုံးကတော့ AIဝန်ထမ်းတွေကို ကိုယ်တိုင် အလွယ်ဆုံး ဖန်တီးပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်ချင်လား?

2026 December (5)ရက်နေ့မှာ စမယ့် AI Strategy Masterclass (AIS) Batch-9ကို လာခဲ့ပါ

ကျွန်တော့်ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံနဲ့
ကမ္ဘာ့အဆင့်မီ AI နည်းပညာတွေကို ပေါင်းစပ်ပြီး လုပ်ငန်းရှင်တွေအတွက် အထိရောက်ဆုံး လမ်းကြောင်းတစ်ခုကို ဖန်တီးထားပါတယ်။

2026 December (5)ရက်နေ့မှာ စမယ့် AI Strategy Masterclass (AIS) Batch-9ကို လာခဲ့ပါ

ဒီ Class မှာ ခင်ဗျားတို့ကို စာအုပ်ကြီး ဖတ်ပြပြီး
AI သုံးနည်း သီအိုရီတွေ သင်ပေးနေမှာ မဟုတ်ပါဘူး။

AIကို သင်တယ်ဆိုတဲ့အပိုင်းမှာ
ပုံဘယ်လိုထုတ်မလဲ?
ဗီဒီယို ဘယ်လိုထုတ်မလဲ?
ဒီလိုအပေါ်ယံတွေ သင်ပေးတာမဟုတ်ဘူး

သိန်း(၂၀)ကျော် တန်ကြေးရှိတဲ့
ကျွန်တော်တည်ဆောက်ထားတဲ့
AIဝန်ထမ်းတွေကို ခင်ဗျားကို တခါတည်းပေးမှာဖြစ်တယ်

ခင်ဗျားတို့ရဲ့ လုပ်ငန်းကို အရှိန်အဟုန်နဲ့ မောင်းနှင်ပေးမယ့် "Ready-made AI ဝန်ထမ်း" တွေကို ခင်ဗျားတို့ရဲ့ လက်ထဲကို တိုက်ရိုက် တပ်ဆင်ပေးသွားမှာပါ။
တခြားသူတွေက "ငါးဖမ်းနည်း" သင်နေချိန်မှာ၊ ကျွန်တော်တို့က "ငါးဖမ်းပိုက်ကွန်" ကို လက်ထဲထည့်ပေးမှာပါ။

အပြင်က Agency တွေကို သီးသန့်အပ်မယ်ဆိုရင် တစ်လကို သိန်း (၂၀) ကနေ (၃၀) အထိ အနည်းဆုံး ကုန်ကျမယ့် အစွမ်းထက် AI ဝန်ထမ်းတွေကို လစဉ်ကြေး (Subscription) ဒေါ်လာတွေ ထပ်ပေးစရာမလိုဘဲ Free Tools တွေပေါ်မှာတင် အလုပ်လုပ်နိုင်အောင် စနစ်တကျ တည်ဆောက်ပေးထားတယ်။

Zoom Live သင်နေတုန်းမှာတင် ခင်ဗျားရဲ့ ဖုန်း (သို့) Laptop ထဲကို ကျွန်တော်ကိုယ်တိုင် Step-by-step Setup လုပ်ပေးသွားမှာပါ။ နည်းပညာ လုံးဝနားမလည်လည်း နောက်ကောက်ကျန်ခဲ့မှာ ပူစရာမလိုပါဘူး။

✅ကိုယ်တိုင် AIဝန်ထမ်းတွေ တည်ဆောက်နိုင်အောင် သင်ကြားပေးဦးမှာဖြစ်တယ်

ဒါတွေတင်မကသေးဘူး
✅ ChatGPT, Gemini, Canva, Google Labs, Google AI Studio,NotebookLMဒါတွေကို လက်တွေ့အသုံးချတတ်အောင် သင်ကြားပေးတယ်

✅ AIကို အထာကျကျ ခိုင်းတတ်ဖို့ အရေးကြီးတဲ့Prompt Engineeringကိုလည်း စနစ်တကျသင်ကြားပေးတယ်

✅AI Masterclass က 2026 December (5)ရက်နေ့မှာစမယ်
✅ သင်တန်းကာလ (၁)လခွဲ ကြာမြင့်မယ်
တစ်ပတ်ကို (၂)ရက် ၊ (၁)ရက်ကို (၂)နာရီ Zoomနဲ့ သင်ယူရမှာဖြစ်တယ်
စနေ-တနင်္ဂနွေ (ည ၈နာရီ- ၁၀နာရီ) အချိန်တွေဖြစ်တယ်

AI Strategy Masterclassကို တက်ရောက်ဖို့အတွက် လိုအပ်ချက်
AIS Class က Video တွေပေးပြီး ပစ်ထားမယ့် သင်တန်းမျိုး မဟုတ်တဲ့အတွက် Live Session တွေကို အချိန်ပေး တက်ရောက်နိုင်ဖို့တော့ လိုပါမယ်။ (ဒါပေမဲ့ အလုပ်များတဲ့ လုပ်ငန်းရှင်တွေ၊ မီးပျက်/အင်တာနက် အခက်အခဲရှိသူတွေအတွက် သင်တန်း Record Video ကို ပြန်လည်ကြည့်ရှုနိုင်အောင် အထူးစီစဉ်ပေးထားပါတယ်။)

✅ဖုန်း(သို့) Laptopလိုမယ်

Fees(သင်တန်းကြေး)က ဘယ်လောက်လဲ?

💵 ၂သိန်းခွဲကျပ် ကျသင့်ပါမယ်

AI Strategy Masterclass Batch (9)အတွက်
Early bird Promotion

ပုံမှန် သင်တန်းကြေး - 💵 ၂၅၀,၀၀၀ ကျပ်

🎯 September (13)-(22)အတွင်း အပ်နှံသူ (7)ဦးအတွက်သာ - ၁၇၀,၀၀၀ ကျပ်

(ဒီ (7)ဦးအတွက် ၂ သိန်းတန်ကြေးရှိတဲ့ YouTube ဝင်ငွေရှာနည်း Masterclass နဲ့ Canva Graphic Design သင်တန်းတို့ကိုပါ ရာသက်ပန် Free Access ပေးသွားပါမယ်။)

ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေက
AI တွေသုံးပြီး ရှေ့ရောက်သွားချိန်မှာ
ကိုယ်က နည်းပညာတွေ နားမလည်ဘဲ
နောက်ကောက်ကျန်ခဲ့မှာကို စိုးရိမ်နေသလား?
ရှုပ်ထွေးတာတွေ ခေါင်းထဲကထုတ်လိုက်ပါ။ လွယ်ကူမြန်ဆန်တဲ့ AIဝန်ထမ်းတွေနဲ့ ခင်ဗျားရဲ့ လုပ်ငန်းကို ရောင်းအားတွေ ဆက်တိုက်တက်လာအောင် Level Up လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်...

✅ အလီဘာဘာ page ရဲ့
Chatbox မှာ "AIS" လို့ အခုပဲ ပို့ပေးလိုက်ပါ။
အခွင့်အရေးဆိုတာ တွေဝေနေတဲ့သူတွေအတွက် မဟုတ်ပါဘူး။
အခွင့်အရေးကို မြင်တဲ့သူတွေပဲ ဈေးကွက်ကို ဦးဆောင်ပါလိမ့်မယ်။
သူများတွေ အများကြီးလုပ်လာပြီးမှ
နောက်ကလိုက်ရင် နေရာရဖို့ ခက်ခဲသွားနိုင်တာမလို့ လက်ဦးမှုယူနိုင်ဖို့လိုပါမယ်


#အနာဂတ်_AI
ီ_ဘာ_ဘာ_AI
ီ_ဘာ_ဘာ

17/09/2026
04/09/2026

အားလုံးလီးပဲ🤣🤣🤣

Address

Mindat

Website

Alerts

Be the first to know and let us send you an email when သွေးနဲ့ရေးတဲ့ချင်းသမိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share