ဇွဲ-MGK,online ရောင်း/ဝယ် Group

ဇွဲ-MGK,online ရောင်း/ဝယ် Group အရောင်းဝယ်များ လာရောက် ပြုလုပ်ကြပါ?

Copy @@@နှစ်ခုဘဲလိုတာပါ   ( ပုံပြင် ) ____________________တစ်ခါတုန်းက တောအုပ်တစ်ခုမှာ ခွန်အားဗလနဲ့ပြည့်စုံပြီး သားကောင်လ...
23/03/2024

Copy @@@
နှစ်ခုဘဲလိုတာပါ ( ပုံပြင် )
____________________

တစ်ခါတုန်းက တောအုပ်တစ်ခုမှာ ခွန်အားဗလနဲ့ပြည့်စုံပြီး သားကောင်လိုက်တဲ့နေရာမှာ အလွန်ပါးနပ်တဲ့
ကျားတစ်ကောင်ရှိတယ်၊

တစ်နေ့တော့သူဟာ သူရဲ့ အစာအတွက် တောင်ကုန်းတခုပေါ်ကနေပြီး တောင်ရဲ့အောက်ခြေ မြက်တော စပ်မှာအစာစားနေတဲ့ သမင်အုပ်ကို ကြည့်လိုက်တယ်၊

အဲ့ဒီသမင်အုပ်ထဲမှာမှ အလွန်လှပပြီး ပြည့်ဖြိုးနေတဲ့
သမင်တစ်ကောင်ကို သူ့ရဲ့အစာအဖြစ်ရွေးချယ်လိုက်တယ်၊

ကျားဟာ သူ့ရဲ့အလွန်ထက်မြက်တဲ့အတတ်ပညာနဲ့
သမင်အုပ်အနားကို ခြေသံမကြားအောင် ချဉ်းကပ်လာခဲ့တယ်၊

ပိုင်ပြီဆိုတဲ့အနေအထားတစ်ခုကိုရောက်မှ
သူသတ်မှတ်ထားတဲ့သမင်ကို ခုံအုပ်လိုက်တယ်၊

ကံဆိုးစွာနဲ့ဘဲ သမင်ဟာ သူ့လက်ထဲက လွတ်ထွက်သွားခဲ့တယ်၊

သားကောင်လိုက်ရင် ဘယ်တော့မှလွတ်ရိုးထုံးစံမရှိတဲ့
ကျားဟာ သူ့ရဲ့လွဲချော်မှုအတွက် မကျေမနပ်ဖြစ်သွားတယ်၊

မကျေနပ်စိတ်နဲ့ဒေါသစိတ်ပေါင်းပြီး ကျားဟာ
သူ့လက်က လွတ်ထွက်သွားတဲ့ သမင်ရဲ့နောက်ကို
ရှိသမျှခွန်အားအကုန်သုံးပြီးလိုက်တယ်၊

သမင်ကလည်း သူ့အသက်ရှင်သန်မှုအတွက်
သူ့မှာရှိသမျှခွန်အား အကုန်သုံးပြီး ပြေးတယ်၊

မှီခါနီးအနေအထားလေးရောက်သွားလိုက် ကပ်သီလေး လွတ်သွားလိုက်၊

မှီခါနီးအနေအထားလေး ရောက်သွားလိုက် ကပ်သီလေးလွတ်သွားလိုက်၊

ဘေးကကြည့်နေတဲ့ သားကောင်အချို့အတွက်တော့
အသဲယားစရာမြင်ကွင်း

နောက်ဆုံး သမင်ဟာ အလွန်ကြီးမားတဲ့ ချောက်ကမ်းပါးကြီးတစ်ခုရဲ့ ဟိုဘက်ကို လွှားခနဲ ခုန်ကျော်သွားတယ်၊

နောက်ကနေ အရှိန်ပြင်းပြင်းနဲ့လိုက်လာတဲ့ကျားဟာ ချောက်ကမ်းပါးနားရောက်တဲ့အချိန်မှာတော့
တန့်ခနဲ ရပ်သွားတယ်၊

ချောက်ကမ်းပါးရဲ့ အကွားအဝေးနဲ့အတိမ်အနက်ကို တစ်ချက်ငုံ့ကြည့်တယ် ပြီးတော့ ခေါင်းငိုက်စိုက်ချပြီး ပြန်လှည့်ထွက်လာခဲ့တယ်၊

အဲ့ဒီအချိန်မှာဘဲ သူ့ဘေးချုံပုတ်ထဲကနေ အသံတခု
ထွက်လာတယ်၊

"အို မိတ်ဆွေ ဘယ်လိုဖြစ်တာလဲ ဗျ "

"တောအုပ်တစ်ခုလုံးမှာ ခွန်းအားအကြီးမားဆုံး သားကောင်လိုက်တဲ့နေရာမှာ အထက်မြက်ဆုံး တောဘုရင်ကြီးက
ဒီဘာမဟုတ်တဲ့ သမင်လေးကို ဒီတိုင်းဘဲ လွယ်လွယ်ကူကူအရှုံးပေးလိုက်တော့မလို့လားဗျ"

ကျားဟာ အသံလာရာဆီကိုလှည့်ကြည့်လိုက်တော့
ခြုံပုတ်ထဲက မြေခွေးဟာ တည်တည်ငြိမ်ငြိမ်ဘဲ ကျကျားရဲ့
အနားကို တလှမ်းချင်း လျှောက်လာတယ်၊

"ချောက်ကမ်းပါးက နက်တယ်လို့ထင်ရပေမဲ့
အကွာအဝေးက သိပ်မရှိလှပါဘူးဗျ ကျုပ် အကြိမ်အခါခါ စမ်းသပ်ပြီးပြီ"

"ကျုပ်လို မြေခွေးတစ်ကောင်တောင် အကြိမ်ကြိမ်အခါခါ ခုန်ကျော်ခဲ့သေးတာဘဲ ဘာအစွမ်းအစမှမရှိတဲ့ သမင်တောင် ခင်းများရဲ့ ရှေ့မှာဘဲ အသာအယာခုန်ပြသွားသေးတာဘဲ"

"ခင်များလို တောအုပ်တစ်ခုလုံးရဲ့ ဘုရင်က ဒီချောက်ကမ်းပါးလောက်ကို မခုန်နိုင်စရာဘာအကြောင်းရှိမလဲ"

"လုပ်စမ်းပါ မိတ်ဆွေ ကျုပ်စကားကို ယုံလိုက်စမ်းပါ"

ကျားဟာ မြေးခွေးရဲ့မျက်နှာကို စိုက်ကြည့်လိုက်တယ်
ပြီးတော့ ဟိုဘက်ကမ်းက သမင်ကို လှမ်းကြည့်တယ်၊

မြက်လေးစားလိုက် အမြီးလေးတနှံ့နှံ့လုပ်လိုက် သူတို့ဘက်ကိုလှည့်ကြည့်လိုက်လုပ်နေတဲ့ သမင်ရဲ့အမူအယာဟာ မသိရင် သူ့ကိုလှောင်ပြောင်နေသလို၊

ကျားဟာ ခပ်လှမ်းလှမ်းကိုဆုတ်ပြီးအားယူလိုက်တယ်
ပြီးတာနဲ့ သူ့မှာရှိသမျှခွန်းအားအကုန်သုံးပြီး
ချောက်ကမ်းပါးကို ခုန်ကျော်လိုက်တယ်၊

ဒါပေမဲ့ ဟိုဘက်ကမ်းကိုတော့ မရောက်ခဲ့

မြေခွေးဟာ ချောက်ကမ်းပါးအောက်ကထွက်လာတဲ့
ကျားရဲ့ဆူးဆူးဝါးဝါးအော်သံကို အရသာရှိရှိနားဆင်ရင်း
သူ့ရဲ့ခြုံပုတ်ထဲကို အသာအယာဘဲ ဝင်သွားခဲ့တယ်၊

ခနကြာမှ သူဆင်းနေကျလမ်းအတိုင်းဆင်းပြီး ကျားရဲ့အသားကို သူရဲ့တစ်နေ့တာအစာအဖြစ် မြိန်ရည်ရှက်ရည် စားသုံးလိုက်တော့တယ်။။။

ဒီလိုပါဘဲ
ဘဝမှာ တချို့သူတွေဟာ မိတ်ဆွေစစ်အဖြစ်
ပီပီပြင်ပြင်ကြီးဟန်ဆောင်တတ်ကြတယ်၊

သူတို့ရဲ့ပျော်ရွှင်မှု သူတို့ရဲ့လိုအပ်ချက်တွေအတွက်
ကိုယ့်ဘဝကို လှလှပပကြီး အသုံးချသွားတတ်ကြတယ်၊

ကိုယ့်ကို တိုးတက်စေချင်တာလိုလို အောင်မြင်စေချင်တာလိုလို လူရာဝင်စေချင်တာလိုလိုနဲ့ သူတို့ရဲ့ အခက်အခဲ သူတို့ရဲ့ပြဿနာတွေကြား မသိမသာ ဆွဲထည့်သွားတတ်ကြတယ်၊

ကိုယ့်ကို မပင်ပန်းစေချင်တာလိုလို အချိန်မကုန်စေချင်တာလိုလိုနဲ့ ကိုယ့်ဘဝရဲ့ တက်လမ်းတွေကို စကားလုံးမျိုးစုံနဲ့
ပိတ်ပင်တားဆီးတတ်ကြတယ်၊

တစ်ချို့အတုအယောင်တွေဟာ အစစ်ထက်ပိုပြီးကောင်းပြတတ်ကြတယ် ကိုယ့်ဘက်ကအရာရာကို ယုံကြည်ပေးလိုက်မိတဲ့အချိန်မျိုးရောက်မှ နောက်ကျောကို ဓားနဲ့ထိထိမိမိထိုးသွားတတ်ကြတယ်

အာဖရိကရိုးရာစကားပုံလေးတစ်ခုရှိတယ်
"မိတ်ဆွေအတုအယောင်တစ်ယောက်ဟာ ရန်သူပေါင်းတစ်ထောင်ထက် ပိုမိုအန္တရာယ်ကြီးမားတတ်၏"တဲ့ ၊

အဲ့လို မိတ်ဆွေအတုအယောင်တွေအကြောင်း
တွေးလိုက်မိတဲ့အခါတိုင်း

ဆရာမောင်ချောနွယ်ရဲ့ ကဗျာလေးကိုဘဲ ခနခနရေရွတ်မိတယ်၊

ဘဝမှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုဘဲ လိုတာ
မိတ်ဆွေစစ်စစ်နဲ့
ရန်သူစစ်စစ် ။။။


#မေတ္တာဖြင့်ပြန်လည်မျှဝေသည်

@@@@@ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့သင်ကတော့ ယုံကြည်လွန်းလို့...သင့်မိသားစုအကြောင်းတွေသင့်အလုပ်အကြောင်းတွေသင့်ရဲ့ပြဿနာတွ...
21/03/2024

@@@@@
ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့
သင်ကတော့ ယုံကြည်လွန်းလို့...
သင့်မိသားစုအကြောင်းတွေ
သင့်အလုပ်အကြောင်းတွေ
သင့်ရဲ့ပြဿနာတွေ
သင့်ရဲ့ထင်မြင်ယူဆချက်တွေ
ဘာရယ်မဟုတ်ဘူး
လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ

ဒါပေမယ့်
သူတို့ကသင့် ဆီကနေ ပွင့်လင်းမှုတွေ
ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း
သူတို့စိတ်ထဲမှာသင့်ကို
တဖြေးဖြေးပုံဖော်လာကြတာ
ဒါကိုသင် မသိလိုက်ဘူး
သင့် ရဲ့ ဝှက်ဖဲတွေကို
တဖြေးဖြေးရိပ်မိလာကြတာကို
သင် မသိလိုက်ဘူး
သင် ကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်

တရက်ပြီးတရက်
တစ်လ ပြီးတစ်လ ကြာလာတဲ့အခါ
သူတို့စိတ်အမြင်မှာ
သင် ဟာ တံဆိပ်တစ်ခုကပ်ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ်

အဲဒီတံဆိပ်က....
သင်ဟာ အရည်အချင်းထင်သလောက်မရှိဘူး
သင်ဟာ ထင်သလောက်စိတ်ထားမကောင်းဘူး
သင်ဟာ စိတ်မမှန်ဘူး
သင်က ငပေါတစ်ယောက်ဖြစ်တယ်
သင် က သိပ်အထင်ကြီးစရာမကောင်းဘူး
စသည်စသည်ဖြင့်...
သူတို့ထင်ရာ မြင်ရာ တွေးမိရာ
တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်

နောက်ပိုင်းမှာတော့
သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး
သင့်ကိုသူတို့ကရာသက်ပန်အဲဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်
သင့်ကိုမြင်တာနဲ့ အဲဒီတံဆိပ်ကိုသူတို့မျက်လုံးထဲ
တန်းမြင်ကြတော့တာပဲ

ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့
သင့် ကို ဘယ်သူကမှ ရိုက် မစစ်ပါဘူး

လူရင်းထိုးတဲ့ဓားက ပိုနက်တယ် သတိ
ထားပါ။

  # # #အိမ်ထောင်ရှင်တိုင်းအတွက်အိမ်ထောင်ရေး သက်တမ်းခိုင်မြဲအောင် ဒီအချက်တွေကိုရှောင်********************************၁။ လ...
18/03/2024

# # #
အိမ်ထောင်ရှင်တိုင်းအတွက်
အိမ်ထောင်ရေး သက်တမ်း
ခိုင်မြဲအောင် ဒီအချက်တွေကိုရှောင်
********************************

၁။ လူရှေ့ သူရှေ့ မရှောင်
အိမ်ထောင်ဖက်ကို အပြစ်တင်ခြင်း။
****************************

လင်နဲ့ မယားဆိုတာ
လျှာနဲ့ သွားပါ။
အိမ်ထောင်သက် ရလာတာနဲ့အမျှ
အထစ်အငေါ့လေးတွေတော့
ရှိတတ်ကြပါတယ်။

လူရှေ့သူရှေ့ မရှောင် တဘက်သားကို
အပြစ်တင် ရန်ထောင်ရင်တော့
ရန်ပွဲပဲ ဖြစ်လာမှာပါ။

အဲဒီလို ရန်ဖြစ်တာဟာ
ပြဿနာကို ပြေလည်အောင်
မဖြေရှင်းနိုင်တဲ့အပြင် မီးလျှံထဲကို
ဓါတ်ဆီ လောင်းထည့်လိုက်သလို
ဖြစ်သွားတတ်ပါတယ်။

နောက်ဆုံးကျရင်
ဘယ်သူမှ အလျော့ပေးလို့ မရတဲ့
အနေအထား ရောက်သွားတတ်ပြီး
ခက်ခဲသွားပါတယ်။

ဒါကြောင့်မို့လို့
လင်မယား မှတ်ထားရမှာက
မည်သူရဲ့ ရှေ့မှာမဆို
အိမ်ထောက်ဖက်ကို အပြစ်တင်မိတာမျိုး
လုံးဝ ရှောင်ကြဉ်ပါ။

လက်ဝါးတစ်ဘက်ထဲ ဘယ်တော့မှ
လက္ခုတ္တီးလို့ မရပါဘူး။

၂။ သားသမီးရှေ့မှာ ရန်ဖြစ်ခြင်း။
****************************

မိဘဆိုတာ
သားသမီးရဲ့ အားကိုးရာဖြစ်သလို
ခိုလှုံရာလည်း ဖြစ်ပါတယ်။

လင်မယားနှစ်ယောက်
ပြဿနာတစ်ခုခု ရှိခဲ့ရင်
သား သမီးကို ရှောင်ပါ။

လင်မယား ရန်ဖြစ်တယ်ဆိုတာ
လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။

မိဘရန်ဖြစ်တာကို
ကလေးတွေ တွေ့သွားရင်
ကလေးတွေရဲ့ အတွင်းစိတ်ကို
ထိခိုက်သွားနိုင်သလို
သူတို့ရဲ့ အနာဂတ္
အိမ်ထောင်ရေးအပေါ် ထားရှိတဲ့
စိတ်ထားကိုပါ ထိခိုက်နိုင်ပါတယ်။

တကယ်လို့ သားသမီးများဟာ
အိမ်မှာ သာယာတဲ့ အရသာကို
မခံစားရဘူးဆိုရင် ...
နောင်မျိုးဆက် တစ်ခုလုံးကို
ထိခိုက်သွားစေနိုင်ပါတယ်။

၃။ အိမ်ထောင်ဖက်
နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း။
***************************

အိမ်ထောင်ဖက် တစ်ဦးဦးက
နာမကျန်းဖြစ်နေရင်
စိတ်ဓါတ်ကျပြီး
စိတ်ဆိုးလွယ်တတ်လေ့ ရှိပါတယ်။

အဲဒီအချိန်မှာ ရန်ဖြစ်မိရင်
အိမ်ထောင်ရေးကို
လုံးဝ ထိခိုက်သွားနိုင်ပါတယ်။

၄။ အနာဟောင်း ပြန်ဖော်ခြင်း။
*************************

ရန်ဖြစ်တိုင်း
အနာဟောင်းကို ပြန်ဖော်တာမျိုး
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

မမှားတဲ့ ရှေ့နေ မသေတဲ့ ဆေးသမား
မရှိ ဆိုသလို လူတိုင်းကိုယ်စီ
တစ်ခုခု မှားဖူးတတ်ကြစမြဲပါ။

အနာဟောင်းကို
လက်ကိုင်တုတ် အဖြစ်
ခဏခဏ ထုတ်သုံးရင်တော့
အဲဒီအိမ်ထောင်ရေး ပြန်အဆင်ပြေဖို့
ခက်ခဲသွားတတ်ပါတယ်။

၅။ အိမ်ထောင်ဖက်၏
မိဘနဲ့ အိမ်သားများကို
ထိခိုက်စေသော စကားများ။
***********************

ရန်ဖြစ်တယ်ဆိုတာ
တစ်ခုခုအပေါ် မကျေနပ်လို့
သဘောမတူနိုင်လို့ ဖြစ်ပါတယ်။

အဲဒီကိစ္စ အပေါ်သာ
အချေအတင် ငြင်းခုန်သင့်ပါတယ်။

အိမ်ထောင်ဖက်ရဲ့ မိဘနဲ့
မိသားစုကို စောင်းပြောတာမျိုး
ထိခိုက်စေတဲ့ စကားလုံးမျိုးကို
လုံးဝ ရှောင်ကြဉ်ရမှာပါ။

၆။ ပစ္စည်း လွင့်ပစ်တတ်တဲ့အကျင့်။
************************

ရန်ဖြစ်ပြီဆိုမှတော့
နဂိုကတည်းက
အသံက ကျယ်လောင်ပြီးသား၊

ပစ္စည်းလွင့်ပစ်တဲ့ အသံ၊
ခုန်ထုတဲ့ အသံ၊
ပစ္စည်းကျကွဲသွားတဲ့ အသံတွေနဲ့
ရောသွားရင် ပွဲအများကြီး
ပိုကြမ်းသွားတတ်ပါတယ်။

ချစ်လို့ ယူထားကြတာပဲ၊

ပစ္စည်းလွင့်ပစ်လို့
ကျကွဲတယ်ဆိုတာ
နှလုံးသား ကျကွဲတာနဲ့
တူတတ်ပါတယ်။

၇။ စိတ်နာစေတဲ့
စကား အသုံးအနှုန်းများ။
*********************

စိတ်ဆိုးအောင် လုပ်လို့ရတယ်။
စိတ်နာအောင် မလုပ်ကြပါနဲ့။

စိတ်နာစေတဲ့ စကားမျိုးကို
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

ရှင့်ကို အားကိုးလို့ကတော့
သူတောင်းစားပဲ ဖြစ်သွားမှာ။

သူများယောက်ျားတွေကို
ကြည့်ပါဦး။ ပိုက်ဆံရှာတာ
ဘယ်လောက် တော်သလဲ-?
ရှင်နဲ့တစ်စက်ကလေးမှ မတူဘူး
စတဲ့ စကားမျိုးကို မပြောဆိုရပါ။

၈။ သေတာနဲ့ ချိန်းခြောက်ခြင်း။
*************************

ငါ အသက်ရှင်နေတာ
ဘာထူးသေးလဲ-?
ငါ အသက်မရှင်ချင်တော့ဘူး။
ငါ မင်းကို သေပြမယ် စသည်ဖြင့်
သေတာနဲ့ ချိန်းခြောက်တာမျိုး
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

၉။ လက်ပါခြင်း။
**************

ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး
ကိုယ့်လက်ကို
လုံးဝ ထိန်းချုပ်ထားရပါမယ်။

တစ်ချက် ရိုက်မိသွားရင်
ချစ်ခဲ့သမျှ အတိုးရော အရင်းပါ
ဆုံးရှုံးသွားနိုင်ပါတယ်။

ပြင်ပက ဒဏ်ရာဟာ
ကုစားရ လွယ်သလောက်
စိတ်တွင်းက ဒဏ်ရာကို
ဖျောက်ပစ်ဖို့တော့ မလွယ်လှပါ။

၁၀။ ကွဲမယ်ဆိုတဲ့ စကား
အလွယ်တကူ သုံးခြင်း
***********************

ဘယ်သူပဲ ဖြစ်ဖြစ်
စိတ်ဆိုးတဲ့ အခါ
ဖြစ်ချင်ရာဖြစ် ဆိုတဲ့စိတ်မျိုး
ဝင်တတ်ပါတယ်။

ကွဲမယ်ဆိုတဲ့ စကားဟာ
အင်မတန်မှ ကြောက်စရာကောင်းတဲ့
နိမိတ် ဖြစ်တတ်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့
ရန်မဖြစ်တာ အကောင်းဆုံးပါ။

အချစ်ဆိုတာဟာ ...
အိမ်ထောင်သက် ကြာလာတာနဲ့အမျှ
ရင်ခုန်တာတွေ၊ ဓါတ်လိုက်တာတွေ
တဖြည်းဖြည်း ပျောက်ကွယ်သွားပေမဲ့
တစ်ဦးအပေါ် တစ်ဦး
ဆက်ပြီး တန်ဖိုးထားနေသေးခြင်းကို
ဆိုလိုပါကြောင်း တင်ပြလိုက်ရပါတယ်။

- KhinThanOo

@@စာသားကြိုက်လို့ Copy လုပ်လာတာ 😁 #ယမကာဆိုတာစိတ်ပျော်အောင် မဟုတ်ဘူး..အိပ်ပျော်အောင် သောက်တာ။ #ပထမတစ်ခွက်ကို ရေမရောပဲခပ်မ...
13/03/2024

@@
စာသားကြိုက်လို့ Copy လုပ်လာတာ 😁
#ယမကာဆိုတာ
စိတ်ပျော်အောင် မဟုတ်ဘူး..
အိပ်ပျော်အောင် သောက်တာ။

#ပထမတစ်ခွက်ကို ရေမရောပဲ
ခပ်မြန်မြန်လေးသောက်...
ပြီးမှ ရေလေး နည်းနည်းခံ………
အမြည်းလေး နည်းနည်းစား။

နည်းနည်း ရှိန်းတက်လာရင်
#ဒုတိယတစ်ခွက်ကို သောက်
မပျော်ရတဲ့ အကြောင်းတရားတွေကို
အော်ပြီး ဆဲလိုက် ....အသဲနုရင် ငိုချလိုက်
ဘဝကြီးက ဒါပဲလေ။

ကြိုက်တတ်ရင် ဖက်ကြမ်းလေး ဖွာဦး ...
BE နဲ့ အလိုက်ဖက်ဆုံးက ဖက်ကြမ်းကွ..

ညနက်သန်းခေါင်ထိ အိပ်မရပဲ...
တွေးနေတဲ့ အတွေးတွေ ရပ်တန့်သွားဖို့
ဒီကောင်က ကူညီလိမ့်မယ် ...
မွန်းကြပ်နေတဲ့ အကြောင်းကို..
တစ်ညတာ မေ့သွားစေတယ်။

ယမကာက ဆန်နဲ့ကောက်ညှင်းက ချက်တာ
ရမ် ဆိုတာ ကြံက ချက်တာ
ဘရန်ဒီ ဆိုတာ စပျစ်သီးက ချက်တာ
ဝီစကီ ဆိုတာ ဂျုံက ချက်တာ..
အကုန် သက်သတ်လွတ်တယ်...
မင်း ဒီမှာ ထိုင်သောက်နေတာ
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး...
စိတ်သန့်သန့်သာသောက်။

ညဆို ပဌာန်းရွတ်ပြီး ...
မနက်ဆို တဖက်သားကို
ယုတ်မာဖို့တွေးတဲ့ ….လူတန်းစားတွေထက်တော့...
ငါတို့က အပုံကြီးသာတယ် ။

မင်း စိတ်လေး ငြိမ်သက်လာရင်
#တတိယတစ်ခွက်ကိုသောက်
မပြုံးတာကြာနေတဲ့ မင်းက
ပြန်ပြီး ပြုံးချင်လာမယ်
လောကကြီးကို ချစ်တတ်လာမယ်...
နေထိုင်ရပ်တည်မှုမှာ ...မင်း ပျော်ရွှင်လာမယ်။

အချိန်ကြာလာရင်
ခပ်ဝေးဝေးက မင်းကို နာကျင်စေတဲ့
မသေမချာ ရည်မှန်းချက်တွေကို မေ့ပြီး
ညနေ စောင်းဖို့ပဲ စိတ်လောနေတော့မယ်
အသက်ရှင် ရပ်တည်မှုမှာ……..
ရည်မှန်းချက်လေး ရှိလာတာပေါ့။

ဒီမှာ သူငယ်ချင်း
ငါတို့က Sucide လုပ်ဖို့အထိ………မပျော့ညံ့ဘူး
ငါတို့က ...သူတော်ကောင်း ယောင်မဆောင်ဘူး
ငါတို့က……..ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး
ငါတို့က……….စိတ်ပျော်ဖို့မဟုတ်ဘူး
#အိပ်ပျော်ဖို့လေးပဲ သောက်နေကြတာ။

ဒီတစ်ညသာ မနေ့ကညထက်
စောပြီး အိပ်ပျော်ခဲ့ရင်
မနက်ဖြန် မနက်ဟာ ငါတို့အတွက်
နတ်ပြည်ပဲ ဖြစ်ဖြစ်…..ငရဲပြည်ပဲ ဖြစ်ဖြစ်ပေါ့ သူငယ်ချင်းရာ………

;
ကူးယူလာတာနော်

@@လူက လူအတွေး၊ နွားက နွားအတွေး=============================တခါတုန်းက လူတစ်ယာက်ဟာ အိမ်နောက်ဘက် ကွက်လပ်မှာနွားတစ်ကောင်နဲ့ ...
09/03/2024

@@
လူက လူအတွေး၊ နွားက နွားအတွေး
=============================
တခါတုန်းက လူတစ်ယာက်ဟာ
အိမ်နောက်ဘက် ကွက်လပ်မှာ
နွားတစ်ကောင်နဲ့ ဆီဆုံ လှည့်နေရင်း
ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ
ရေနွေးကြမ်း ငှဲ့သောက်နေသတဲ့ ။
အဲဒီတုန်းမှာ လမ်းပေါ်မှာ
လူစိမ်းဧည့်သည်တစ်ယောက် ဖြတ်လာတာ
မြင်လို့ ရေနွေးကြမ်းသောက်
လှမ်းဖိတ်လိုက်သတဲ့။
သူ့အရပ်၊ ကိုယ့်ဒေသ
မိုးလေဝသ အကြောင်း၊
စိုက်ရေးပျိုးရေးအကြောင်း၊
အလ္လာပ သလ္လာပတွေ ပြောနေကြရင်း
အိမ်ရှင်ကကြမ်းပြင်ကို နှင်တံ(နွားကန်)နဲ့
ဗြန်းကနဲ ရိုက်လိုက်တယ်။
ပြီးတော့ စကား ဆက်ပြောကြပြန်တယ် ။
တစ်အောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော။
ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့်
အကြောင်းရင်းကို မေးကြည့်မိသတဲ့။
မေးစမ်းပါရစေဦး နောင်ကြီးရယ်၊
စကားပြောနေရင်း နောင်ကြီးက
ကြမ်းပြင်ကို ခဏခဏ
တဗြန်းဗြန်း ရိုက်နေတာ ဘာသဘောလဲဗျ
ဆိုတော့ အိမ်ရှင်က
ဒီလိုဗျ ။ ကျုပ်က အိမ်နောက်ဖေးမှာ
နွားနဲ့ ဆီပွတ် နေတာလေ။
ခလောက်သံက တိတ်သွားတော့
ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့
ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ။
ကိုင်း အခု ကျုပ်နွားရဲ့
ခလောက်သံကို မိတ်ဆွေ
ကြားတယ် မဟုတ်လား၊
သူ ဆုံလှည့်နေပြီလေ"။
လူစိမ်းက ဘဝင် မကျသလိုနဲ့
ဒီလိုဖြင့် နောင်ကြီးရယ်..
ခင်ဗျားရဲ့နွားက ဆုံကို ဆွဲချင်ဟန်ဆောင်ပြီး
ခြေစုံ ရပ်နေရင်းက ခေါင်းကို
လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင်ရောဗျာ ..။
ဒီအခါမှာ အိမ်ရှင်က
အခုလို ပြန်ပြောလိုက်ပါတယ်။
ဒါကတော့ မိတ်ဆွေက လူဆိုတော့
လူလို တွေးတာကိုးဗျ။
သူက နွားလေဗျာ..။
နွားလိုပဲ တွေးတော့မှာပေါ့ ....တဲ့။
တိရစ္ဆာန်ဟာ တိရိစ္ဆာန်အတွေးပဲ တွေးတတ်ပြီး တိရိစ္ဆာန်အလုပ်ပဲလုပ်တတ်ပါတယ်။
လူထုဦးလှ မြန်မာ့ရိုးရာ ပုံပြင်များ....
Credit > InDaw Hin Nu
#

07/02/2024

@@
သူများတွေ ကိုယ့်အရွယ်မှာ
ကိုယ့်ထက်ချမ်းသာပြီး
အောင်မြင်နေတာကိုတွေ့တော့
ဘာဆက်လုပ်ရပါ့မလဲလို့
အလန့်တကြားဖြစ်မိတယ်

ခဏပါပဲ

သူများတွေကိုယ့်အရွယ်လောက်မှာ
သေကုန်တာလဲရှိတာပဲဆိုပြီး
တရားနဲ့ဖြေလိုက်တော့
အေးအေးဆေးဆေးပြန်ပြီး ဖြစ်သွားတယ်😂😂😂

03/02/2024

# # # @@@
ကျွန်တော် အကြံမပေးတော့ပါ

တစ်ခါက ကုန်ပစ္စည်းတွေကို အထမ်းနဲ့ထမ်းပြီး လှည့်လည်ရောင်းချတဲ့ ကုန်သည်တစ်ယောက်ရှိသတဲ့။ ထမ်းပိုးရဲ့ အရှေ့ဘက်မှာရှိတဲ့တောင်းထဲမှာ ကုန်တချို့ကိုထည့် အနောက်ဘက်တောင်းထဲမှာတချို့ ထည့်ပြီး ရွာစဉ် ရွာတန်းတလျောက် လှည့်လည်ရောင်းချရတာပေါ့။

အဲဒီလိုလှည့်လည်ရောင်းချရင်း နွေနေ့လည်တရက် မှာ ရွာနှစ်ရွာကြားမှာရှိတဲ့ ဇရပ်အိုတစ်ဆောင်နားရောက်တော့ ခရီးတစ်ထောက်နားဖို့ ဇရပ်ပေါ်တက်လာတာပေါ့။ ပါလာတဲ့ ကုန်တွေရဲ့ တစ်ဝက်ကျော်ကျော်လောက် ရောင်းခဲ့ပြီးပြီဆိုတော့ အေးအေးဆေးဆေး နားလိုက်ဦးမယ်ဆိုတဲ့ အကြံနဲ့ပေါ့။

ကုန်ကသာတစ်ဝက်လောက်ရောင်းခဲ့ရတာ ထမ်းလာတဲ့ဝန်ကတော့ ထူးပြီးရော့မလာခဲ့တော့ပင်ပန်းတာပေါ့။ဇရပ်ပေါ်တက် အထမ်းလေးချ ချွေးလေးသုတ် ဇရပ်ပေါ်ကရေအိုးထဲက ရေလေးသောက်ပြီးတော့ ခံတွင်းကချဉ်လာလို့၊ ဆေးပေါ့ လိပ်ကလေးကိုထုတ် ဖင်စီခံကလေးကိုကြမ်းနဲ့ခေါက် မီးညှိဖို့လုပ်တော့ မီးခြစ်ကပါမလာဘူး။ အဲဒီအချိန်ကြမှ မီးတို့ဖို့ ပတ်ဝန်းကျင်ကို လေ့လာလိုက်တော့ ဇရပ်ထောင့်တစ်ဖက်မှာ အေးအေး လူလူနဲ့ ဆေးလိပ်ဖွာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ ဒီလိုနဲ့ ဆေးလိပ်မီးညှိရင်း စကားစမည်ပြောဖြစ်ကြတာပေါ့။

ဇရပ်မှာအရင်ရောက်နေသူက
"မိတ်ဆွေရယ် ခင်ဗျား ဝင်လာကတည်းကကျုပ် ကြည့်နေတာ၊ နားမလည်တာလေးတစ်ခုရှိလို့ မေးခွင့်ပြုပါဗျာ" ဆိုတော့ အထမ်းသည်ကလည်း "မေးပါဗျာ။ ဘာများသိချင်လို့ပါလဲ"
လို့ခွင့်ပေးတော့
"ခင်ဗျားအထမ်းရဲ့ တောင်းတွေထဲမှာ မရောင်းရသေးတဲ့ကုန်တွေကြားထဲမှာ
ကျောက်တုံးကျောက်ခဲတွေ ရောထည့်ထားတာကို နားမလည်လို့ပါ" လို့ဇဝေဇဝါနဲ့မေးလိုက်တယ်။

အဲဒီတော့ အထမ်းသည်က
"ဪ ဒါလား၊ ကျုပ်က ရွာစဉ်တလျောက် ရောင်းလာပြီးတော့
ကုန်တချို့ ကုန်သွားတယ်လေ။
ကုန်တွေကုန်သွားတော့ ထမ်းပိုးရှေ့နောက်က အလေးချိန်မတူတော့ဘူးလေ။
ခင်ဗျားသိတဲ့အတိုင်းပဲ။ ထမ်းပိုးဆိုတာရှေ့နောက်အလေးချိန်ညီမှ ထမ်းရတာ သက်သာတာလေ။အဲလိုအလေးချိန်ညီအောင်လို့
😀 ကုန်ပစ္စည်းတစ်ခု ရောင်းရတိုင်း အလေးချိန်တူတဲ့ ကျောက်ခဲတစ်လုံးကို တောင်းထဲပြန်ထည့်ထားတာလေ။
😀 တောင်းနှစ်တောင်း အလေးချိန်ညီနေတော့ ထမ်းရသက်သာတာပေါ့ဗျာ။
😀 နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အတွေ့အကြုံတွေပေါ့။ ဟဲ ဟဲ ဟဲ ဟဲ"😀😀😀ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ဖြေလိုက်တယ်။

အရင်ရောက်နေသူက အနည်းငယ်စဉ်းစားပြီး

" မိတ်ဆွေရယ် ရှေ့နောက်အလေးချိန်ညီဖို့ဆိုရင် ကျောက်တုံးကျောက်ခဲတွေ ထည့်စရာမလိုပါဘူး၊ မကုန်သေးတဲ့ ကုန်တွေကိုပဲ ရှေ့တောင်းနဲ့ နောက်တောင်းထဲမှာ အလေးချိန်မျှအောင် ခွဲထည့်လိုက်ရင် အလေးချိန်လည်းမျှ ခင်ဗျားထမ်းရတဲ့ဝန်လည်းပေါ့တာပေါ့ဗျာ။" လို့ အကြံပြုသတဲ့။

အထမ်းသမားလည်း အကြံပေးတဲ့အတိုင်း လုပ်ကြည့်တော့ အတော်လေး အဆင်ပြေတာကိုတွေ့ရတာပေါ့။

" ဟာ ဟုတ်လိုက်လေ မိတ်ဆွေရယ်။ တော်တော်အဆင်ပြေတာပဲ။ ကျုပ်တော့ တစ်ခါမှ မစဉ်းစားမိဖူးဗျာ။ ကျေးဇူးတင်လိုက်တာဗျာ။ "
လို့ ဝမ်းသာအားရပြောပြီး ထမ်းပိုးကိုကောက်ထမ်း ခရီးဆက်မယ်လုပ်ရင်း

" ခင်ဗျားတော်တော်ဉာဏ်ကောင်းတဲ့လူပဲဗျာ။ တော်ရုံလူတော့ မဟုတ်နိုင်ဘူး။ အလုပ်ကြီးအကိုင်ကြီးလုပ်တဲ့သူဖြစ်မယ်ထင်တယ်။ခင်ဗျားရဲ့အလုပ် အကိုင်လေး ပြောပါဦး"လို့မေးလိုက်တယ်။

"မခက်ခဲပါဘူးဗျာ။ ခင်ဗျားကအတွေ့အကြုံသာရှိပြီး စဉ်းစားဆင်ခြင်သုံးသပ်မှုအားနည်းလို့ မမြင်တာပါ။ ဪ ဒါနဲ့ ... ကျုပ်က ဒီအနီးနားတဝိုက်မှာ တောင်းရမ်းစားသောက်နေတဲ့ သူဖုန်းစားတစ်ယောက်ပါ။" လို့ ပြန်ဖြေသံကြားလိုက်ချိန်မှာတော့ ကုန်သည်ကြီးက

😀 "ဘာ.. ဘာ .. ဘာကွ။
မင်းက သူတောင်းစား ဟုတ်လား?!?
ပင်ပန်းရင် ပင်ပန်းပါလေ့စေ၊ ငါလိုလူမျိုးက မင်းလို သူတောင်းစားပေးတဲ့အကြံတော့ လက်မခံနိုင်ဘူး၊" ဆိုပြီး အရင်ဖယ်ထားတဲ့ ကျောက်တုံးတွေ တောင်းထဲပြန်ကောက်ထည့် ထမ်းပိုးကိုထမ်းပြီး ထွက်သွားပါတော့တယ်။

သူတောင်းစားခင်ဗျာ..ဘာပြောရမှန်းမသိ..အံ့သြ ငေးမောပြီး ကျောက်ခဲ နှင့် အရောင်းပစ္စည်း ရော နှောထည့်ထားသော လေးလံသည့် ထမ်းဘိုးကို ထမ်းပြီး ထွက်သွားသည့် ကုန်သည်ကို ကြည့်ရင်း သက်ပြင်းချကာ....
နောက်နောင် ...အတွေ့အကြုံ များပြီး စဉ်းစားဆင်ခြင်ဉာဏ်နည်းသူများကို မည်သည့်အကြံမှ မပေးတော့ပါ..လို့ ဆုံးဖြတ်လိုက်ပါတော့သည်။



#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
#စာပေဥယျာဉ်

22/01/2024

Copy @@@

“ရှိတ်စပီးယား ပြောခဲ့သော စကား"
========================

ကျွန်ုပ် အမြဲပျော်ရွှင်တယ်၊ ဘာလို့လဲ သိလား?

ဘာလို့လဲဆိုတော့.....
ကျွန်ုပ် ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ဘူး။

မျှော်လင့်တာတွေက အမြဲနာကျင်စေပါတယ်။

ဘဝက တိုတောင်းလှပါတယ်။
ဒါကြောင့်..... သင့်ဘဝကို ချစ်ပါ။

ပျော်ရွှင်ပါ၊ ပြုံးလျှက်နေပါ။
သင့်အတွက်ပဲ သင် အသက်ရှင်ပါ။

စကားမပြောခင် နားထောင်ပါ။

မရေးသားခင် စဉ်းစားပါ။

မသုံးခင် ဝင်ငွေရှာပါ။

ဆုမတောင်းခင် ခွင့်လွှတ်ပါ။

ထိခိုက်အောင် မလုပ်ခင် ခံစားကြည့်ပါ။

မမုန်းခင် ချစ်ခြင်းမေတ္တာပြပါ။

အရှုံးမပေးခင် ကြိုးစားပါ။

#မသေဆုံးခင်_ဘယ်လို_အသက်ရှင်နေထိုင်ရမယ်_ဆိုတာကို_နားလည်ပါ။

& Photo

12/01/2024

Copy @@@
မင်းကဘယ်လောက်ထိ
စိတိထားကောင်းပြီး
စိတိဓာတိမွန်မြတ်နေပါစေ.....

မင်းကဘယ်လောက်ထိ
သနားညှာတာတတ်ပြီး
ကိုယ်ချင်းစားစိတ်ပြည့်ဝနေပါစေ

မင်းကတစ်ယုတစ်ယနဲ့
ကူညီပေးခဲ့ပြုစုပျိုးထောင်းပေးခဲ့
သွန်းသင်ဆုံးမပေးခဲ့ပေးမယ်လည်း

တစ်ဖတ်ကမင်းရဲ့ကျေးဇူးကို
မသိတတ်ရင်တော့အလကားပါပဲ....။။

Address

Mogok

Telephone

09764641819

Website

Alerts

Be the first to know and let us send you an email when ဇွဲ-MGK,online ရောင်း/ဝယ် Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဇွဲ-MGK,online ရောင်း/ဝယ် Group:

Share