Kyi Shin Optic

Kyi Shin Optic ပစ္စည်းမှန် ဈေးမှန် ကြည်ရှင်းမျက်မ?

13/06/2020

မျက်မှန်ဖြစ်ပေါ်လာသည့်သမိုင်း.......(အပိုင်း၂)

(12) ရာစုလောက်တွင် တရုတ်တရားသူကြီးများသည် မီးခိုးရောင်သလင်းကျောက်နှင့်ပြုလုပ်ထားသောမျက်မှန်များကို မျက်မြင်သက်သေများအားမေးမြန်းသည့် အချိန်တွင် တပ်ဆင်ခဲ့ကြသည်။ ဒီလိုတပ်ဆင်ခြင်းဟာ သူတို့ကိုယ်သူတို့ လျှို့ဝှက်နက်နဲသောပုံစံဖြစ်စေသည် ဟု ယုံကြည်ကြပြီး မျက်မြင်သက်သေများအားလိမ်လည်မပြောနိုင်စေရန်ရည်ရွယ်သည်။နှစ်ပေါင်း (၁၀၀) ကြာပြီးသည့်နောက် "တရုတ်ပြည်သို့ Marco Polo ၏ခရီးစဉ်များအကြောင်း" မှတ်တမ်းများအရ Marco Poloသည်တရုတ်ပြည်၌ သက်ကြီးရွယ်အိုများမျက်မှန်တပ်ဆင်ထားသည်ကိုတွေ့မြင်ခဲ့ရသည်ဟု တချို့ကဆိုကြသည်။ သို့သော် Marco Polo ၏ ခရီးသွားစာအုပ်များကို အသေအချာစစ်ဆေးခဲ့သူများသည် မျက်မှန်နှင့်ပတ်သတ်သည့် အကြောင်းအရာများကို ဖော်ပြထားခြင်း မရှိဟုဆိုသောကြောင့် အဆိုပါအယူအဆများကိုလိမ်လည်လှည့်ဖျားမှုအဖြစ်မှတ်ယူကြသည်။

ရက်အတိအကျအနေနှင့် အငြင်းပွားဖွယ်ရှိသော်လည်း ပထမဆုံးသောမျက်မှန်သည် အီတလီ၌ (1268) မှ (1300) အတွင်း စတင်တီထွင်ခဲ့ကြသည်ဟု အကြမ်းဖျင်းသတ်မှတ်ခဲ့ကြသည်။
ထိုမျက်မှန်များမှာ အခြေခံအားဖြင့် စာဖတ်ကျောက်တုံး( မှန်ဘီလူး ) နှစ်ခုကို အလယ်က ပတ္တာနှင့် ဆက်၍ နှာခေါင်းရိုးပေါ်တွင် ဟန်ချက်ညီအောင်တင်ကာအသုံးပြုရသော ပုံစံဖြစ်သည်။

(14)ရာစုအလယ်ပိုင်းလောက်၌ Tommaso da Modena ဆွဲခဲ့သောပန်းချီများတွင် ထိုမျက်မှန်များတပ်ဆင်ထားသောလူပုံများကို အစောဆုံးအနေဖြင့် တွေ့နိုင်ပါသည်။ Tommaso da Modena ဟာ ဘုန်းကြီးများ လက်ရေးစာမူဖတ်ရန်အတွက် တစ်ဖက်တပ်မျက်မှန်နှင့် ပတ္တာတပ်အစုံလိုက်မျက်မှန်များကို တပ်ဆင်စေခဲ့သူပဲဖြစ်သည်။

ဒီမျက်မှန်တီထွင်မှုကို အီတလီမှတဆင့် Belgium, Netherlands, Luxembourg, Germany, Spain, France နှင့် England အစရှိသည့် နိုင်ငံများအားမိတ်ဆက်ပေးခဲ့ပါသည်။ ထိုမျက်မှန်များတွင် မှန်ဘီလူးခုံးများကိုအသုံးပြုထားသောကြောင့် ပုံနှိပ်စာများနှင့် အရာဝတ္ထုများကို ပိုမိုထင်ရှားစေသည်။ England ရှိမျက်မှန်ရောင်းချသူများကတော့ စာကြည့်မျက်မှန်များသည် အသက်လေးဆယ်ကျော်များအတွက် အထောက်အကူဖြစ်သည်ဟု စတင်ကြော်ငြာခဲ့သည်။ (1629)ခန့်၌ မျက်မှန်ပြုလုပ်သူများအသင်းအဖွဲ့ကို “ သက်ကြီးရွယ်အိုများအတွက်ကောင်းချီး” ဟူသောဆောင်ပုဒ်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

13/06/2020

မျက်မှန်ဖြစ်ပေါ်လာသည့်သမိုင်း........အပိုင်း(၁)
BY MATTHEW SURRENCE

စကားလုံးများမှာ မှုန်ဝါးရာမှ အစပြုခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် လူတို့ မျက်မှန်ဆိုသောအရာကို မတီထွင်ရသေးသောကြောင့်ပင်ဖြစ်သည်။သင်သည် အဝေးမှုန် ၊အနီးမှုန် (သို့မဟုတ်) မျက်စိဆုံချက်မညီခြင်းတို့ဖြစ်ပါက မိမိဖြစ်ချင်သည့်အတိုင်း/မိမိလုပ်ချင်သည့်အတိုင်း ကောင်းကောင်းလုပ်နိုင်တော့မည်မဟုတ်ပါ။ အရာအားလုံး မှုန်ဝါးနေပါတော့မည်။ ၁၃ရာစုနှစ်နောက်ပိုင်းတွင် အမြင်မှန်အောင်တည့်မတ်ပေးသော မျက်မှန်တွင်သုံးသည့် မှန်ဘီလူး Lensများ တီထွင်ခဲ့ကြပြီး ၎င်းတို့မှာ အခြေခံကျသော အရိုင်းထည်များသာဖြစ်ခဲ့ကြပါသည်။
သို့သော်ထိုရာစုနှစ်မတိုင်မီအချိန်ကာလတွင် မျက်လုံးအမြင်မကောင်းသူများ ဘာတွေလုပ်ခဲ့ကြပါသလဲ...။ ၎င်းတို့သည် အကြောင်းအရာ၂ခုထဲမှ တစ်ခုကိုတော့ ပြုလုပ်ခဲ့ကြပါလိမ့်မည်။ မျက်လုံးအမြင်မကောင်းသောကြောင့် မိမိကိုယ်ကို အရှုံးပေးလိုက်ကြသည်။ သို့မဟုတ် လိမ္မာပါးနပ်သောသူတို့မှာမူကား ၎င်းတို့အမြင်အာရုံကြည်လင်စေရန် ရရာဖြင့်ဖြစ်သလို တီတွင်ဖန်တီးခဲ့ကြလိမ့်မည်....။ တကယ်လည်း သူတို့ ကြိုးစားခဲ့ပါသည်။တကယ်လည်း တီထွင်ခဲ့ကြပါသည်။
ပထမဆုံး ရရာဖြင့် ဖြစ်သလိုတီထွင်ဖန်တီးခဲ့ကြသည့်မျက်မှန်မှာ ယာယီသုံး/ မရှိသုံး မျက်မှန်အမျိုးအစားဖြစ်ပါသည်။ သမိုင်းမတိုင်မီ အမေရိကတိုက်မြောက်ပိုင်း အက်စကီးမိုးလူမျိုးများသည် အာတိတ်ဒေသပင်လယ်ကနေ အစွယ်ရှိပင်လယ်ဖျံမျိုး၏ ပြားသောအစွယ်ကို နေရောင်ခြည်မှကာကွယ်ရန် တပ်ကြသည်။
ရှေးကျသောရောမမြို့တွင် အင်ပါယာဘုရင်နီရိုသည် လူလူချင်း (သို့မဟုတ်) လူနှင့်တိရိစ္ဆာန်တို့ ယှဉ်ပြိုထိုးသတ်ပွဲကို ကြည့်ရှုရာတွင် စူးရှသောနေ၏အလင်းရောင်ကိုလျော့စေရန် အရောင်တင်ထားသောမြကျောက်ကို သူ၏မျက်လုံးများရှေ့တွင် ကိုင်ထားလေ့ရှိပါသည်။ သူ၏နည်းပြဆရာ ဆနီကာက ရေဖြည့်ထားသည့်ဖန်ပန်းကန်လုံးကြီးကိုအသုံးပြုပြီး စာလုံးများကိုပုံကြီးချဲ့စေကာ ရောမမြို့ရှိ စာအုပ်အားလုံးကိုဖတ်နိုင်သည်ဟု ကြွားလုံးထုတ်လေ့ရှိပါသည်။ စာဖတ်နေစဉ် ဖန်ပန်းကန်လုံးထဲတွင် ရွှေငါးကူးလျက်ဖြတ်သွားလေ့ရှိသည်ဆိုသောမှတ်တမ်းများကိုတော့ဖြင့် မတွေ့ရပါ။
1000 CE လောက်မှာတော့ Venice မှာ အနည်းငယ်ပိုပြီးတော့ကောင်းမွန်တိုးတက်လာတဲ့ မှန်ဘီလူးတွေကို စတင်မိတ်ဆက်လာခဲ့တယ်။ Seneca ရဲ့ ရေခွက်နဲ့ရေရဲ့နေရာမှာ စာဖတ်တဲ့ပစ္စည်းအပေါ်မှာတင်ရတဲ့ အောက်ခြေပြားပြီး ခုံးသောပုံစံရှိတဲ့မှန်ကို အစားထိုးလာကြတယ်။ ဒါဟာ ပထမဆုံးအနေနဲ့မှန်ဘီလူးရဲ့ effect ကိုအသုံးပြုကြခြင်းဖြစ်ပြီး ဒါက အလယ်ခေတ် အီတလီသား Sherlock Holmes ကို အမှုအခင်းတွေအတွက် သဲလွန်စတွေရှာရာမှာ အထောက်အကူပြုခဲ့တယ်။ အဲ့ဒီ စာဖတ်တဲ့ကျောက်တုံးတွေကို အသက်၄၀ကျော် ဘုန်းကြီးတွေဟာလည်း စာဖတ်ရန်၊ ရေးရန် နဲ့ လက်ရေးစာမူများရေးသားရန်တွေမှာ အသုံးပြုခဲ့ကြပါတယ်။

27/04/2020
ဒီဈေးဝယ် တော်တော်စားတယ်😍
25/10/2019

ဒီဈေးဝယ် တော်တော်စားတယ်
😍

21/07/2019

သင့်မျက်လုံးထဲကို တစ်ခုခုဝင်သွားတဲ့အခါ ဘာတွေလုပ်ဆောင်ရမလဲ ?
--------------------------------------------------------------------

ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာတွင် မျက်စိဟာ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ မျက်စိမှာ အလွန်နုနယ်သော ကြွက်သားများ၊ သွေးကြောများဖြင့် ဖွဲ့စည်းထားတာကြောင့် ဂရုစိုက်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ပြင်ပမှ ဖုန်များ၊ သဲများ သို့မဟုတ် အင်းဆက်ပိုးများ စသည့် အရာဝတ္ထုများ မျက်စိတွင်း ၀င်ရောက်လာတတ်ပါတယ်။ ထိုအခါမျိုးမှာ မျက်စိကို မထိခိုက်အောင် ဘယ်လိုစောင့်ရှောက် ထိန်းသိမ်းသင့်လဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

သင့်မျက်စိတွင်းသို့ ပြင်ပမှ အရာဝတ္ထုတစ်မျိုးမျိုး ၀င်ရောက်ပါက -

● ပထမဆုံး လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
● ရေကျက်အေး အနည်းငယ်ကို မျက်စိတွင်းသို့ လောင်းချပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်ပါ။ တော်ရုံဖုန်မှုန့် ပိုးကောင်များဆို ထိုနည်းဖြင့် ပြန်ထွက်သွားတတ်ပါတယ်။ သန့်စင်သော ဖန်ခွက်တစ်လုံးတွင် ရေကျက်အေးကို ထည့်ကာ မျက်လုံးအောက်ဘက်ရှိ မျက်ရိုးပေါ်တွင် ခွက်ကိုတင်ပြီး ဖြည်းဖြည်းချင်း ထည့်ပေးရမှာ ဖြစ်ပါတယ်။ ခွက်ကော၊ ရေကော သန့်ရှင်းဖို့ အရေးကြီးပါတယ်။
● နောက်တစ်နည်းအနေနှင့် ရေချိုးခန်းရှိ ရေပန်းအောက်တွင် ရပ်နေပေးပါ။ မျက်ခွံကို ဖွင့်ထားရပါမယ်။
● မျက်ကပ်မှန် တပ်ဆင်သူများအနေဖြင့် မျက်စိတွင်းသို့ ရေမလောင်းချမီ မျက်ကပ်မှန်ကို ချွတ်ရပါမယ်။ တစ်ခါတလေမှာ ဖုန်နှင့် သဲမှုန့်များက မျက်ကပ်မှန်အောက်တွင် ကပ်နေတတ်လို့ ဖြစ်ပါတယ်။

သင့်အနီးအနားရှိ တစ်စုံတစ်ယောက်တွင် ဖြစ်ပေါ်ပါက ဘယ်လိုကူညီမလဲ?

● သင့်လက်ကို ဆပ်ပြာဖြင့် အရင်ဆုံး ဆေးကြောလိုက်ပါ။
● ကာယကံရှင်ကို အလင်းရောင် လုံလောက်စွာရသော နေရာတွင် ထိုင်ခိုင်းပါ။
● သူ့မျက်စိကို လက်ဖြင့် ညင်သာစွာ ဖွင့်ပြီး ၀င်ရောက်နေသော အရာကို ရှာပါ။ တကယ်လို့ ၀င်ရောက်သောအရာသည် မျက်စိ၏ အပေါ်ယံမျက်နှာပြင်မှာ ကပ်နေပါက ကလေးများကို ဆေးတိုက်သည့် ပြွန်ငယ်လေးထဲသို့ ရေသန့်ထည့်ပြီး ထိုပြွန်လေးဖြင့် မျက်စိအတွင်းကို ဆေးကြောနိုင်ပါတယ်။

** သတိပြုရန်
● မျက်စိအတွင်းတွင် မြုပ်နေသော ပစ္စည်းများကို မိမိသဘောဖြင့် မဖယ်ထုတ်ရပါ။
● မျက်စိကို လက်ဖြင့် မပွတ်သင့်ပါ။
● မျက်စိကြွက်သားများကို ထိခိုက်နိုင်သည့် ကြီးလေးသောပစ္စည်းများကို မိမိသဘောဖြင့် အတင်းအကျပ် မဖယ်ထုတ်သင့်ပါ။ ဥပမာ - ခဲလုံး၊ ဖန်စ။

ဘယ်အချိန်တွင် ဆရာဝန်ထံ ပြသင့်လဲ?

● ရေဆေးချသောနည်းဖြင့် ဖယ်ထုတ်မရလျှင်
● မျက်စိအတွင်း မြုပ်နေသော ပစ္စည်းဖြစ်ပါက
● မျက်စိ ၀ါးလာရင် သို့မဟုတ် မျက်စိမမြင်ရခြင်း ဖြစ်ပေါ်ပါက
● ၀င်နေသောအရာကို ထုတ်ပြီးချိန်တွင် မျက်စိ နာကျင်ခြင်း နီရဲခြင်း ရှိနေပါက ဆေးရုံသို့ အမြန်ဆုံး သွားရောက်ရပါမယ်။

တစ်ခါတလေတွင် ၀င်ရောက်သောအရာ ပြန်ထွက်သွားလျှင်တောင်မှ မျက်စိကြွက်သားများတွင် ဒဏ်ဖြစ်ကျန်ခဲ့သောကြောင့် ၂၄ နာရီအတွင်း နာကျင်နီမြန်းခြင်း ကသိကအောက်ဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ မည်သို့ပင်ဖြစ်စေ မျက်စိနှင့် ပတ်သက်ပါက မပေါ့ဆသင့်ပဲ ကျွမ်းကျင်သောပညာရှင်တို့နှင့် လျင်မြန်စွာ ပြသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်သင့်ပါတယ်။
Crd Dr. လေပြေနုသွေး (ဆေး-၂)

27/05/2019

လက်ဖဝါးနှစ်ဖက်ကို ပူအောင် ခပ်ကြာကြာပွတ်ပေးပြီး မျက်လုံးတွေပေါ်မှာ မိနစ်အနည်းငယ်ခန့် ဖိကပ်ပေးခြင်းဟာ ညောင်...

Korea Made မျက်မှန်လှလှလေးတွေ ရပါတယ်နော်အားပေးကြပါဦး အမျိုးတို့ရေ
09/05/2019

Korea Made မျက်မှန်လှလှလေးတွေ ရပါတယ်နော်
အားပေးကြပါဦး အမျိုးတို့ရေ

22/04/2019

သင့်မျက်စိကိုဘယ်လိုကာကွယ်မလဲ 🤓
---------------------------------------------------------------------------
လူတိုင်းလူတိုင်းဟာ အသက်အရွယ်ရလာတာနဲ့အမျှ မျက်စိဟာပိုပိုအားနည်းလာကြပါတယ် .. ဒီဘက်ခေတ်မှာဆိုပိုပိုဆိုးလာကြပါတယ် ….(ဖုန်းတွေ ကွန်ပြူတာတွေအသုံးများလာတာလည်းပါတာပေါ့)🧐
အဲ့တော့ ခေတ်နောက်လည်းလိုက်ချင်တယ် .. မျက်စိလည်းမကန်းချင်ဖူးဆိုတဲ့အတွေးလူတိုင်းတွေးဖူးကြပါတယ်… (မင်မင်လည်းအပါပေါ့ ) 🤔
အဲ့လိုတွေမဖြစ်အောင်ဘယ်လိုလုပ်မလဲ ? ဘယ်လိုကာကွယ်မလဲ ?
အချိန်မတန်ခင် သင့်မျက်လုံးအားကောင်းစေဖို့အတွက် စောင့်ရှောက်နည်းတွေဖော်ပြပေးလိုက်ပါတယ် …🤗
(၁) ကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာများများစားသုံးပေးပါ…(သင်္ဘောသီး၊မုန်လာဥ၀ါ🥕၊ဟင်းသီးဟင်းရွက်🥦..စသဖြင့်..)
(၂)နားချိန်အလုံအလောက်ရပါစေ ..(တစ်နေ့ကို၈နာရီလောက်အိပ်သင့်တယ် …)🛌
(၃)မျက်စိများကို မပွတ်ပါနဲ့ …(ဗက်တီးရီးယားပိုးများနဲ့ဖုန်မုန့်များကို မျက်စိထဲဝင်စေလို့ပါ..)
(၄)နေကာမျက်မှန်တပ်ပါ….(UV Ray ကိုကာကွယ်နိုင်တဲ့မျက်မှန်များ)😎
(၅)ဆေးလိပ်သောက်သုံးခြင်းမှရှောင်ပါ… (ဆေးလိပ်သောက်ခြင်းကြောင့်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်…)🙅‍♂
(၆)သူများသောက်တဲ့ ဆေးလိပ်ငွေ့မမိပါစေနဲ့ ..( Second Smoker မဖြစ်ပါစေနဲ့..)🙅‍♂
(၇) သတိတရားဖြင့် အလုပ်လုပ် …(ကွန်ပြူတာ၁၀မိနစ်ခန့် အသုံးပြုပြီးတိုင်း ၁၀မိနစ် ခန့်အနားယူပါ.)
(၈)လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ… (အေရိုးဗစ်လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပေးပါ…) 🏃‍♂
(၉)ရေများများသောက်ပါ…. (တစ်နေ့ရေ ၃ဘူးသောက်ခြင်းက မျက်စိကို စိုစွတ်စေတဲ့ နည်းတစ်နည်းဖြစ်တယ် …)

ကဲကဲဒီလောက်ဆို သင့်မျက်လုံးလှလှလေးတွေကို ကာကွယ်နိုင်မယ်လို့ယုံကြည်မိပါတယ် …. 😍

26/03/2019

သင့်မျက်စိကို ထိခိုက်အန္တရာယ်ဖြစ်စေတဲ့ အပြုအမူများ

ကျွန်ုပ်တို့ နေထိုင်အသက်ရှင်နေကြတဲ့ ယခုလိုခေတ်ကြီးမှာ မိမိရဲ့ မျက်လုံးအစုံကို အလုပ်မလုပ်ဘဲ နားနားနေနေ ရှိစေမယ့်နည်းဆိုတာ မရှိသလောက် ရှားပါးတယ်။ ဘာလို့လဲဆိုတော့ အပြင်သွားပြီဆိုရင် လက်ထဲမှာ ဖုန်းကို အမြဲတစေ ထည့်ထားတတ်ကြတယ်။ အလုပ်မှာဆိုလည်း ကွန်ပျူတာတွေနဲ့။ မျက်ကပ်မှန်တွေ တပ်ထားခြင်းအားဖြင့်တစ်မျိုး၊ မိတ်ကပ်လိမ်းချယ်ခြင်းဖြင့် တစ်သွယ် မိမိတို့၏မျက်စိကို မျိုးစုံကို ဒုက္ခပေးနေကြပါတယ်။ ယခုအချိန်ဟာ ဒီအန္တရာယ်ဖြစ်စေတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲပြုပြင်ဖို့ အချိန်ရောက်နေပါပြီ။ များသောအားဖြင့် မိမိမျက်စိတွေကို ထိခိုက်အန္တရာယ်ဖြစ်စေတဲ့ အပြုအမူတွေက ဘာတွေဖြစ်မလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

(၁) နေစဉ်ပုံမှန်စားသောက်မှုမရှိခြင်း

(၂) မျက်လုံးများပွတ်သပ်ခြင်း

(၃) ညတီဗီထိုင်ကြည့်ခြင်း

(၄) အိပ်ရေးဝဝမအိပ်ခြင်း

(၅) မိမိရဲ့ မိုဘိုင်းလ်ဖုန်းအား အမြဲစိုက်ကြည့်နေခြင်း

(၆) မျက်ကပ်မှန်မချွတ်ဘဲ အိပ်ခြင်း

(၇) လုံခြုံစိတ်ချရတဲ့ မျက်မှန်ကို အသုံးမပြုခြင်း

(၈) မိတ်ကပ်အမျိုးအစားမှားယွင်းသုံးမိခြင်း

(၉) မျက်စင်းခပ်ဆေး မကြခဏသုံးခြင်း

(၁၀) မိမိမျက်မှန်(နေကာမျက်မှန်) မတပ်ဆင်ခြင်း

(၁၁) မျက်စိဆရာဝန်ဆီပြသမှုမရှိခြင်း စတာတွေဖြစ်ပါတယ်။

Address

Kyaukka Road, Yankin Quarter
Monywa

Telephone

09699559588

Website

Alerts

Be the first to know and let us send you an email when Kyi Shin Optic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share