Thin Thin Phyu Htwe

Thin  Thin Phyu Htwe ရင့်ကျက်သွားလို့လမ်းမှန်မရောက်
လမ်းမှန်ရောက်လို့ရင့်ကျက်သွားခြင်းပင်။
21.5.2004🧁

beauty blogger

👩‍❤️‍👩
14/02/2025

👩‍❤️‍👩

24/12/2024

ဘယ်လောက်ပဲခင်ပါတယ်ပြောပြော ပိုင်ရှင်ရှိသွားရင်တော့ အနည်းနဲ့အများတော့ ဆင်ခြင်သင့်တယ်မဟုတ်လား။

ငါတို့က သူငယ်ချင်းပါပဲလို့ဆိုပေမယ့် တစ်ဖက်လူရဲ့ ခံစားချက်ကိုလဲ ထည့်တွက်ကြည့်ဦးလေ။

ချစ်မိတဲ့အခါ လူတိုင်းကအတွေးလွန်တတ်တယ်၊ သဝန်တိုတတ်တယ်။ ပိုင်ရှင်ရှိတဲ့ လူတစ်ယောက်အနားမှာ just friend တို့၊မောင်နှမလိုခင်တာတို့က သိပ်တော့အဆင်မပြေဘူး။

🤍🌻

ကိုယ်နဲ့သက်တူရွယ်တူတွေက ကိုယ့်ထက်ပိုအောင်မြင်နေတာမြင်တဲ့အခါလူတိုင်းကတော့ အနည်းနဲ့အများစိတ်ဓာတ်ကျတတ်ကြပါလိမ့်မယ်။ ကိုယ်တိ...
19/06/2024

ကိုယ်နဲ့သက်တူရွယ်တူတွေက ကိုယ့်ထက်ပိုအောင်မြင်နေတာမြင်တဲ့အခါ

လူတိုင်းကတော့ အနည်းနဲ့အများစိတ်ဓာတ်ကျတတ်ကြပါလိမ့်မယ်။ ကိုယ်တိုင်လည်းစိတ်ဓာတ်ကျလွယ်တဲ့ထဲပါတာမို့ နောက်ပိုင်းတွေမှာ စိတ်ကိုပြန်ဖြေတဲ့နည်းကိုရှာတွေ့ရင်းနဲ့ပြန်လည်မျှဝေခွင့်ပြုပါ။ အချစ်ရေးနဲ့မဆိုင်တဲ့အကြောင်းအရာမို့ ဖတ်ရမှာပျင်းနေရင်တော့ ကျော်သွားလို့ရပါတယ်နော်။ ကိုယ်နဲ့ရွယ်တူတွေ အိမ်ပိုင်တာတို့ ကားပိုင်တာတို့ ဘာရာထူးကြီးဖြစ်နေတာတို့မြင်ရတွေ့ရတဲ့အခါ “ငါကတကယ်ပဲအသုံးမကျတာလား” လို့တွေးပြီးစိတ်ဓာတ်မကျခင် ပြန်တွေးရမယ့် ပြန်သုံးသပ်ရမယ့်အချက်တွေအများကြီးရှိပါတယ်။

၁။ သူနဲ့ကိုယ်နဲ့ရဲ့ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အနေအထားဟာ တူရဲ့လား?

ဥပမာ - သူ့အသက် ၁၈ နှစ်မှာ အထောက်အပံ့ကောင်းတဲ့မိဘတွေကြောင့် မိသားစုအပူအပင်ကင်းစွာနိုင်ငံခြားသွားကျောင်းတက်နိုင်ခဲ့တာမျိုးဖြစ်နေနိုင်ခဲ့ပေမယ့် ကိုယ်က အသက် ၁၈ နှစ်မှာ မိသားစုအတွက်ကျောင်းတစ်ဖက်နဲ့ရရာအလုပ်လုပ်နေရတဲ့အနေအထားမျိုးဖြစ်နေခဲ့တာမျိုး။

၂။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုဟာ ထပ်တူညီမျှနေရဲ့လား?

အထောက်အပံ့ကောင်းတိုင်းတိုးတက်အောင်မြင်မယ်ဆိုရင် ကုဋေရှစ်ဆယ်သူဌေးသားဆိုတာလည်းဖြစ်မလာပါဘူး။ မိဘအထောက်အပံ့တစ်ခုတည်းကောင်းရုံနဲ့တင်မရဘဲ ကိုယ်တိုင်လည်းကြိုးစားအားထုတ်မှသာ တိုးတက်နိုင်ချေကပိုများတယ်ထင်ပါတယ်။

၃။ သူနဲ့ကိုယ်မှာပြန်လှည့်ကြည့်ရမယ့် မိသားစုအခြေအနေချင်းတူကြရဲ့လား?

မိသားစုတစ်စုရဲ့ထောက်တိုင်အဖြစ်ရှိနေကြတဲ့လူတွေဟာ ကြိုးစားမှုရဲ့အသီးအပွင့်ကိုခံစားရတဲ့အခါမှာ ကိုယ့်အဖို့ဆိုတာထက် ကိုယ့်မိသားစုအဖို့ပါ ခွဲဝေပေးရတဲ့အတွက် ရှေ့ရောက်တဲ့နှုန်းဟာအနည်းနဲ့အများနှေးချင်နှေးနိုင်ပါလိမ့်မယ်။ ကျောမှာ အလေးချိန်ရှိတဲ့အထုပ်တစ်ခုထမ်းပြီးလျှောက်ရတဲ့လူနဲ့ ဘာမှထမ်းပိုးစရာမလိုဘဲ သက်တောင့်သက်သာလျှောက်ရတဲ့လူနဲ့ကတော့ သွားယှဉ်လို့မရဘူးပေါ့။

ဒီအချက်တွေနဲ့သုံးသပ်ကြည့်မယ်ဆိုရင် ကိုယ်တိုင်က ကြိုးလည်းကြိုးစားရက်သားနဲ့မအောင်မြင်သေးဘူးဆိုရင် ကိုယ့်မှာ ကံအထောက်အပံ့ (ကံဆိုတာလူလုပ်မှရတာလို့ တထစ်ချမယုံပါဘူး၊ ကံကိုယုံပြီးလည်းဆူးပုံမနင်းတတ်ပါဘူး…ဒါပေမယ့် အရာရာတိုင်းဟာ ကြိုးစားနေရုံတစ်ခုတည်းနဲ့မလုံလောက်တာတွေအများကြီးရှိပါတယ်) ၊ ငွေအင်အား လူအင်အားအထောက်အပံ့ တစ်ခုခုမှာလိုအပ်နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ အထောက်အပံ့ကလည်းမရှိတဲ့အပြင်ကြိုးစားမှုကလည်းမရှိဘူး…ဒါမှမဟုတ် အထောက်အပံ့ကောင်းတွေရှိရက်နဲ့ကြိုးစားမှုကမရှိဘူး ဆိုရင်တော့ ကိုယ်ဟာအသုံးမကျဘူးလို့ရဲရဲကြီးတွေးလို့ရပါပြီ။

နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ လူတိုင်းဟာ လျှောက်ရတဲ့လမ်းချင်း၊ တာထွက်ချိန်ချင်း၊ ရရှိတဲ့အထောက်အပံ့ချင်း၊ ဖြတ်သန်းရတဲ့အတွေ့အကြုံချင်းတွေမတူညီကြတဲ့အတွက် ကိုယ်နဲ့ရွယ်တူတွေဟာ အဆင်ပြေအောင်မြင်နေကြောင်းမြင်ရတိုင်းစိတ်ဓာတ်ကျဖို့မလိုဘဲ ကိုယ့်ရဲ့ပုံမှန်အားထုတ်တဲ့နှုန်းနဲ့သာရှေ့ကိုဆက်လျှောက်နေပါ။ ဘာမှမလုပ်ဘဲရပ်နေတာထက်စာရင် တဖြည်းဖြည်းချင်းလျှောက်ကြည့်တဲ့အခါ ဘဝရဲ့ပန်းတိုင်နဲ့တော့ နည်းနည်းချင်းစီ နီးကပ်လာပါလိမ့်မယ်။
(အမြင်မတူတဲ့လူများရှိခဲ့ရင်လည်း…လွတ်လပ်စွာတွေးခေါ်နိုင်ပါတယ်)

For Sue 🌻

17/04/2024

大好きです🩷🩷

Address

Myaing

Website

Alerts

Be the first to know and let us send you an email when Thin Thin Phyu Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thin Thin Phyu Htwe:

Share