14/07/2026
𝐀 𝐧𝐞𝐰 𝐩𝐚𝐠𝐞 𝐟𝐫𝐨𝐦 𝐌𝐘 𝐃𝐢𝐚𝐫𝐢𝐞𝐬…
ထိုင်းနိုင်ငံလို့ ပြောလိုက်တာနဲ့ လူတော်တော်များများက 𝐁𝐚𝐧𝐠𝐤𝐨𝐤 ကို အရင်ဆုံး စဉ်းစားဖြစ်ကြမယ်လို့ ထင်
တယ်။
ကိုယ်တိုင်လည်း အရင်က အဲဒီလိုပဲ စဉ်းစား
ဖြစ်ခဲ့တာပေါ့နော်။
ဒါပေမဲ့ အခြေချ နေထိုင်ဖို့ စဉ်းစားဖြစ်တဲ့အခါမှာတော့ 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 ကိုပဲ ရွေးချယ်မိခဲ့တယ်။
𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 မှာ နေလာတာ (၂) နှစ်ကျော်ကို ရောက်လာတဲ့ အချိန်မှာ "ငါ နေထိုင်ဖို့ ရွေးချယ်ခဲ့တာ မှန်ခဲ့ရဲ့လား" လို့ ပြန်တွေးကြည့်မိခဲ့တယ်။
ဘာလို့ အဲဒီလို ခံစားရလဲဆိုရင် 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 က ကိုယ် နေချင်ခဲ့တဲ့ နေထိုင်မှုပုံစံနဲ့ အံဝင်ခွင်ကျ ကိုက်ညီနေတဲ့ မြို့လေး ဖြစ်နေလို့ပါပဲ။
ဒီမြို့လေးကို သဘောကျရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတယ်...
🌟တောင်တန်းတွေနဲ့ ဝန်းရံထားပြီး သဘာဝရှုခင်းတွေရဲ့ အလှကြောင့် စိတ်အေးချမ်းတဲ့ ခံစားချက်မျိုးကို ရစေတယ်။
🌟 𝐁𝐚𝐧𝐠𝐤𝐨𝐤 လို 𝐂𝐫𝐨𝐰𝐝𝐞𝐝 မဖြစ်ဘဲ ကိုယ့်ရဲ့ နေ့ရက်တိုင်းကို အေးအေးဆေးဆေး ဖြတ်သန်းခွင့်ရတယ်။
🌟နေစရိတ်၊ စားစရိတ် အနေနဲ့လည်း 𝐁𝐚𝐧𝐠𝐤𝐨𝐤 နဲ့ ယှဉ်ရင် သက်သာတာဖြစ်တဲ့အတွက် ရေရှည်နေဖို့ အဆင်ပြေတယ်။
🌟ရာသီဥတုကလည်း ကိုယ် နှစ်သက်ရတဲ့ အချက်ထဲက တစ်ခုအပါအဝင်ပါ။ နွေရာသီမှာ ပူတဲ့ရက်တွေ ရှိပေမယ့် မိုးရာသီရောက်ရင် မြို့က စိမ်းစိုပြီး တခြားအလှတစ်မျိုးနဲ့ မြင်တွေ့ရတယ်... အထူးသဖြင့် အခုလို မိုးရာသီမှာ မိုးကျတာလေးရယ်၊ တောင်တန်းလေးတွေရယ်ကို ကြည့်ပြီး ကော်ဖီသောက်ရတဲ့ အရသာက တကယ်ကို ဘာနဲ့မှမတူတာ... Healing လုပ်ဖို့ အကောင်းဆုံးလို့လည်း ပြောလို့ရတယ်။ နောက်ပြီး ဆောင်းရာသီဆိုရင်လည်း ဆောင်းမနက်ခင်း အေးအေးလေးမှာ တောင်ပေါ် လေအေးလေးတွေရဲ့ လေတိုက်သံလေးတွေနဲ့ ကော်ဖီသောက်ရတာက 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 ရဲ့ သီးသန့် အလှတရားတစ်ခုလို ဖြစ်နေတာ... (ကော်ဖီ ကြိုက်တတ်တဲ့ ကိုယ့်အတွက်တော့ အမှတ်တရတစ်ခုလိုပါပဲ)။
🌟နောက်တစ်ခု 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 ကို သဘောကျမိတဲ့အချက်ကတော့ ဒီမှာတွေ့ရတဲ့ ထိုင်းလူမျိုး တော်တော်များများက ဖော်ရွေပြီး အမြဲကူညီပေးဖို့ အသင့်ရှိကြတယ်လို့ ခံစားရတာပါပဲ (ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့နော်)။ ဘာသာစကား အခက်အခဲရှိတဲ့ အချိန်တွေမှာတောင် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး တတ်နိုင်သလောက် ကူညီပေးခဲ့ကြတာတွေက ဒီမြို့လေးကို ပိုပြီး နွေးထွေးတယ်လို့ ခံစားမိစေပါတယ်။ (ဘာကြောင့် ဒီလိုပြောရလဲဆိုတာကိုတော့ နောက်မှ သက်သက် မျှဝေပေးမယ်နော်)။
𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 က လူတိုင်းအတွက် အကောင်းဆုံးမြို့လို့ မပြောနိုင်ပေမယ့် ကိုယ့်အတွက်တော့ အိမ်လိုခံစားရတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုထိတော့ ဒီမြို့ကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရမိသေးဘူးလို့တော့ပြောရမှာပါပဲ…🤍
𝐌𝐘 𝐃𝐢𝐚𝐫𝐢𝐞𝐬 📖
#