15/04/2020
မြန်မာနိုင်ငံတွင် (COVID-19) ဖြစ်ပွားမူအခြေအနေ
====================================
၁၅.၄.၂၀၂၀ မနက် ၁၀း၃၀ နာရီ
------------------------------------
မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာအသစ်
(၁၁) ဦးကို ထပ်မံ တွေ့ရှိရကြောင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ (၁၅) ရက် ဒီကနေ့ မနက် (၁၀) နာရီ မိနစ် ၃၀ မှာ ထုတ်ပြန်လိုက်ပါတယ်....
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည်
(၁၄-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ (၁၂)ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။
ဓာတ်ခွဲအတည်ပြုလူနာ (Case-63)၏ သတင်းကို (၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်...
သို့ဖြစ်ရာ (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၇၄) ဦး တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦး၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။
.................................................................................................
#ကိုရိုနာ #ဗိုင်းရပ်စ်