Fb Marketing in Myanmar

Fb Marketing in Myanmar call now

30/03/2021

Sell me this pen. Watch if you Can u do right answer.. ?

30/08/2020

👏Facebook သုံးရင်​နဲ့ အရမ်းအသုံးဝင်​တဲ့ ​နောက်​ထပ်​ Tag ​လေးတစ်​ခု ​လေ့လာကြရ​အောင်​ပါ....
ဒါက​တော့ Video +Photo ကို ကိုယ်​ရဲ့ Profile ထဲ့မှာ အတူတူ ဘယ်​လို တင်​မလဲဆိုတာ ဖြစ်​ပါတယ်​...
ဒီဗွီဒိယို​လေးကြည့်​ပြီး ​အ​ဖြေရှာကြမယ်​.....။

အားလုံးအဆင်​​ပြေကြပါ​စေ..:♥


29/08/2020

How to change your page name 2020✔ ......................................................................
မိမိတို့ရဲ့☺ page နာမည်​ ​ပြောင်းချင်းတဲ့အခါပဲ ဖြစမဖြစ်​၊ စာလုံး​ပေါင်းမှားသွားလို့ အမှန်​​ပြောင်းချင်​တဲ့အခါပဲ ဖြစ်​ဖြစ်​ အရမ်းအသုံးဝင်​တဲ့ နည်းလမ်း​လေးပါ။

အားလုံးအဆင်​​ပြေကြပါ​စေ....:♥
နားမလည်​တာများ ၊ ​မေးမြန်းချင်​တာများရှိရင်​လည်း Comment ​ပေးသွားခဲ့လို့ရပါတယ်​...



25/08/2020

☝How to write 𝗕𝗹𝗼𝗱 𝗧𝘆𝗽𝗲 latter in Facebook ?..................................................................
အောက်​မှာ အချိန်​တိုတို​လေးနဲ့ အားလုံး အကျိုးရှိ​စေမယ့်​ နည်းလမ်း​လေး ​ပြောပြထားပါတယ်​..၊

စာလုံး​ရေးရာမှာ အသုံးပြုရတဲ့ Link ​လေးက​တော့ ..
yaytext.com
အားလုံး အဆင်​​ပြေကြပါ​စေ... ♥
နောက်​အပါတ်​​တွေမှာလည်း အခုလို အသုံးဝင်​တဲ့ Tag ​လေး​တွေကို မျှ​ဝေး​ပေးသွားအုံးမှာပါ...Like and Share လည်း လုပ်​​ပေးကြဖို့ မ​မေ့ပါနဲ့​နော်​..



🔉 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အ​ခြေခံ အတတ်​သင်​တန်း-------------------------------------------------------🎯 Digital Marketing ဆိ...
24/08/2020

🔉 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အ​ခြေခံ အတတ်​သင်​တန်း
-------------------------------------------------------
🎯 Digital Marketing ဆို​တာ..ယ​နေ့မြန်​မာပြည်​မှာ အရမ်းခတ်​စား​နေတဲ့ အလုပ်​အကိုင်​တစ်​ခုပါ၊ ဒါ​ပေမဲ့ ကျွန်​​တော်​တို​အားလုံးနားလည်းထားတာက Digital Marketing ဆိုတာ အရမ်းကျယ်​ပြန်​ပြီး Internet ​ပေါ်မှာရှိတဲ Website,Social Media,Mobile Application အပြင်​ အခြားအခြား​သော အွန်​လိုင်းအသုံးပြုပြီး စီးပွားရှာ ၊ Market ရှာနည်း တစ်​ခုလုံးကို ဆိုလိုတာ ဖြစ်​ပါတယ်​။

🔎 သို့​သော်​​ ဒီက​နေ့ မြန်​မာပြည်​ Digital Marketing လို့ ​ပြောလိုက်​တာနဲ့ Facebook ကို ​ပြေးမြင်​မိတာ​တော့ အမှန်​ပါပဲ ၊ ဒီ​တော့ Facebook Marketing ကို ဘယ်​လို ကျွမ်းကျင်​ ပိုင်​နိုင်​​အောင်​လုပ်​မှာလဲ....?

✔ Facebook Marketing ကို ကျွမ်းကျင်​ ပိုင်​နိုင်​​စေဖို့အတွက်​ အ​ခြေခံအကျဆုံးဖြစ်​တဲ့ မှန်​ကန်​တဲ့​​နည်းနာ တစ်​ခုကို တိတိကျကျသိထား တတ်​ထားဖို့လိုပါတယ်​၊ တနည်း​ပြောရလျှင်
မိမိကိုယ်​ကို Digital Marketer ​​ကောင်းတစ်​​ယောက်​ဖြစ်​လာဖို့ စနစ်​တစ်​ကျ တတ်​​မြောက်​ထားဖို့လိုပါမယ်​၊ ဒီလို တိကျပြီး အခထိန်​အတို အ​တော့အတွင်းမှာ ထိထိ​ရောက်​​ရောက်​ တတ်​​မြောက်​ဖို့ကို သင်​ကြား​ပေးမယ့်​...သင်​တန်း​လေးတစ်​ခုနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်​၊

📑ဒီသင်​တန်းမှာ..

1.page Setting
2. Google Map For page
3.Facebook Live Setting
4.Ads Manager
5.Group Creation and Setting
6.Target Audience Selection
7.Event Creation
8.Auto Reply
9.Content Writing
စတာ​တွေကို အ​ခြေခံကျကျ သင်​ပြ​ပေးမှာပါ။

👥သင်​ပြမည့်​ ပုံစံ Online မှဖြစ်​ပြီး၊ Facebook Close Group ထြင့်​ သင်​ကြား​ပေးမှာပါ။
သင်္ခန်းစာမျာကို ၊ တစ်​ဦးချင်​စီ နားလည်​​ကျေညက်​​အောင်​ အတတ်​သင်​​ပေးပါမည်​။
အချိန်​ (၁ )လ သတ်​မှတ်​​ပေးထားပါတယ်​။ သင်​တန်း​ကြေးလည်း မများပါဘူး..

👉စိတ်​၀င်​စားရင်​ Massage Box က​နေ ​မေးမြန်းနိုင်​ပါတယ်​။
ďż˝
စက်​တင်​ဘာလ ၅ ရက်​​နေ့ သင်​တန်းစပါမည်​။

📆 သင်တန်းကြာမြင့်ချိန်: ၁ လ
💰 သင်​တန်း​ကြေး : 45,000 ကျပ်
☎ဆက်​သွယ်​ရန်​ : 9975505134

မှတ်​ချက်​။ ။သင်​တန်းမအပ်​ခင်​ ကိုယ်​ရဲ့ Facebook Marketing Skills နဲ့ သင်းလိုတဲ့အ​ကြောင်းအရာများကိုလည်း အ​သေးစိတ်​ ​ဆွေး​နွေးနိုင်​ပါသည်​။

Marketing Plan ရေးဆွဲနည်း ================Marketing paln သည် လုပ်ငန်းတစ်ခုလုပ်ရာတွင် မရှိမဖြစ်အရေးပါသော အစီအစဉ်တစ်ခုဖြစ်...
23/08/2020

Marketing Plan ရေးဆွဲနည်း
================
Marketing paln သည် လုပ်ငန်းတစ်ခုလုပ်ရာတွင် မရှိမဖြစ်အရေးပါသော အစီအစဉ်တစ်ခုဖြစ်ပေသည်။ Marketing Plan ရေးဆွဲလျင် လိုအပ်သော အချက်အလက်များအားအောက်ပါအတိုင်းထည့်သွင်းစဉ်းစား နိုင်သည်။

(၁) Executive Summary
(၂) Situational Analysis
(၃) Objectives
(၄) Strategy
(၅) Tactics
(၆) Action Plan
(၇) Control တို့ဖြစ်ပါသည်။

(၁) Executive Summary
ဘာကြောင့် မိမိအစီအစဉ်တွေကို အနှစ်ချုပ်ရေးသင့်တာလည်းဆိုတော့ မိမိသည် အထက်လူကြီးများ အစည်းအဝေးတွင် အချိန်ကို ကြာမြင့်စွာ နားထောင်လိုခြင်းမရှိပေ ။ထို့ကြောင့်မိမိသည် Plan တစ်ခုရေးဆွဲပြီး သည့်အချိန်တွင် အထက်အရာရှိများနှင့် မိမိနှင့် လက်တွဲလုပ်ဆောင်မည့် သူများအား အစီအဝေးများတွင် ရှင်းပြ ရန်အတွက် အစီအစဉ်ကိုအကျဉ်းချုံး ရေးသားထားရပါမည်။ ထိုသို့ရေးသားရာတွင်လည်း အဓိကသွားလိုသည့် မိမိ target ကို ပေါ်လွင်အောင်ရေးထားရန်လိုအပ်ပေသည်။

(၂) Situational Analysis
ဈေးကွက်မှာမိမိပစ္စည်းသည် ဘယ်အခြေအနေကိုရောက်နေလည်း၊ အခုမှထိုးဖောက်ဖို့ပြင်ဆင်နေတာ လား၊ မိမိသည် ဘယ်လိုအမျိုးအစားကို ထိုးဖောက်မှာလည်းအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ရပါမည်။ ထိုအချင်းအရာတွင် Marker Audit( Macro and Micro ) ပြုလုပ်ရပါမယ် ။ Market , product , competitors ,Distributor ,Pestle Analysis တို့ပြုလုပ်ရပါမည်။ထို့ပြင် မိမိထုတ်လုပ်မည့် သို့မဟုတ် ရောင်းချမည့်ပစ္စည်း သည် Who (ဘယ်သူတွေ သုံးတာလည်း ၊ ဘယ်လိုလူတွေ ၀ယ်တာလည်း ) ၊ Market ( ဈေးကွက် အတွင် မိမိပစ္စည်းနည်းတူ ဈေးကွက်ထိုးဖောက် နိုင်ဖို့လွယ်လား) ၊ When ( ဘယ်အချိန် ရောင်းမှာလည်း) ၊ Where ( ဘယ်နေရာမှာ ရောင်းမှာလည်း) ၊product ( မိမိကုန်ပစ္စည်းအမျိုးအစား က ဘာအမျိုးအစားလည်း၊ ဘယ်နှစ်မျိုး ရှိလည်း ၊ useful ( မိမိ စ္စည်းဟာ လူများစုတွက် အသုံးဝင်တာလား၊ လူနည်းစုတွက် အသုံးဝင်တာလား၊ မရှိမဖြစ်အသုံးပြုရန်လိုအပ်သော ပစ္စည်းလား၊ ဇိမ်ခံပစ္စည်းလား) ၊ Formula ( ဈေးကွက် တွင် မည်သို့ထိုးဖောက် ဖို့ပြင်ဆင်ထားသလဲ၊ ဘယ်အချိန်မှာ ထိုးဖောက်မလည်း ၊ ဘယ်သူတွေကို အဓိကထား ရောင်းချမှာလည်း၊ ဘယ်ဒေသမှာ ရောင်းချမှာလည်းစသည်ဖြင့် စဉ်းစားပြီး ။ Whole sale၊ retail ၊ Modern Trade စသည်ဖြင့် ဘယ်လိုဖြန့်မှာလည်း၊ Profit ( အမြတ် ဘယ်လောက်နဲ့ သွားချင်တာလည်း ) ၊ CapitaL ( ဘယ်လောက်ရှိလည်း) စသည်ဖြင့် တွက်ချက်ထားရပါမည်။ pestle Analysis မှာ အပြောင်းအလဲများဖြစ်တတ် သော နိုင်ငံစီးပွားရေး၊ နည်းပညာပိုင်းဆိုင်ရာ အပြောင်းအလဲ၊ လူနေမှုပုံစံ အပြောင်းအလဲ ၊ဈေးကွက်အပြောင်း အလဲများဖြစ်လာနိုင်ချေများကို ထည့်သွင်း စဉ်းစားထားရပါမည်။

(၃) Objectives
လုပ်ငန်းတစ်ခုလုပ်ကိုင်ရာတွင် မိမိtarget ကို ဘယ်အထိသွားချင်တာလည်း ၊ ဘယ်လောက်ဆိုရင် ရပ်မှာလည်း စသည်ဖြင့် ထည့်သွင်းစဉ်းစားရန်လိုအပ်ပေးသည်။ မိမိသည် ကိုယ်လိုချင်တဲ့ Target ရောက်အောင်သွားရန် KSF Issues ( Key Success Factor ) တွေရေးပေးရပါမည်။ ထိုသို့ သွားရာတွင်လည်း SMART ( specific , Measurable , Achievable , Realistic , Time ) ဖြစ်ရန်လိုအပ်ပေးသည်။

(၄) Strategy
ကိုယ် ရည်မှန်းချက်က ဘယ်ကိုရောက်အောင်သွားမှာလည်း ဆိုတဲ့အပိုင်းဖြစ်ပါတယ် ။ ထိုသို့သော ရည်မှန်းချက်ကို ဘယ်လိုနည်းဗျူဟာ သုံးပြီး ရောက်အောင်သွားမလဲဆိုတဲ့အချက်တစ်ခုပါ။ ထိုအချင်းအရာတွင် မိမိကုန်ပစ္စည်းသည် ဘယ်နေရာ၊ ဘယ်လိုအလွှာ ၊အချိန်အတိုင်းအတာ၊ ဘယ်လိုလူမျိုး ၊ ဘယ်ဒေသစသော အကြောင်းအရာများကို ထည့်သွင်းရေးဆွဲထားရပါသည်။ အလွှာအတန်းအစားအားလုံး သုံးစွဲနိုင်သော ပစ္စည်းဖြစ်လျင် ကောင်းပါသည်။ သို့သော် ထိုသို့ ဖြစ်နိုင်ရန် လွန်စွာနည်းပါးသောကြောင့် အချက်အလက် များကို အသေးစိတ်ရေးသွင်းရပါမည်။

(၅) Tactics
နည်းပရိယာယ် ပိုင်းဆိုင်ရာမှာ Strategy နှင့်ချိတ်ဆက်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ထိုသို့ ချိတ်ဆက်ပြီး Plan B အနေနဲ့ အရေးပေါ်အခြေအနေ အတွက် အရံ ဆွဲထားရပါမည် ။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ လွဲချော်မှုရှိခဲ့လျင် ချက်ချင်းအစားထိုးဆောင်ရွက် နိုင်ရန် ကြိုတင်ပြင်ဆင်ထားရပါမည်။ ထို့မှသာ plan ချော်လျင်တောင် အနည်းငယ်သာ ဆုံးရှုံး နိုင်ချေ ရှိမှာဖြစ်ပါတယ်။

(၆) Action Plan
ဟုတ်ပါပြီ စဉ်းစားတွေးခေါ် Plan ဆွဲနေရုံနဲ့ မပြီး ပါဘူး အဘယ်ကြောင့်ဆိုသော် လုပ်ဆာင်မှုရှိမှပဲ လုပ်ငန်း အောင်မြင်နိုင်မှာပါ ။ ထို့ကြောင့် Plan ဆွဲရာတွင် ဘယ်အချိန် ဘာလုပ်မယ် အတိအကျ ရေးထားရန် လိုအပ်ပြီး ဘယ်အချိန် ကို ဘယ်အတိုင်းအတာထိရောက်အောင်သွားမှာလည်းဆိုသည့်အချက်များကို ထည့်သွင်းရေးဆွဲ ထားရပါမည်။ထိုမှသာ မိမိ တို့ လုပ်ဆာင်သည့် အတိုင်း အောင်မြင်အောင် ဆောင်ရွက် နိုင်မှာပဲဖြစ်ပါတယ်။

(၇) Control
Control လုပ်ရာတွင် မိမိ staff , Plan များအား ထိန်ချုပ်ဆောင်ရွက် ထားခြင်းဖြစ်ပါတယ် ။ ထိုပြင် Internal Control and Externals Control အနေနဲ့ နှစ်ပိုင်း ခွဲခြားထားပါသည်။ ထိုControl ပိုင်းသည်လည်း လုပ်ငန်း တစ်ခုတွင် အလွန်အရေးကြီးကြောင်းကိုသိရှိထားရမည်။ မိမိတို့Plan စပြီးလျင် မိမိသည် အထက်လူကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး report နှင့် result များအား သေချာစောင့်ကြည့် ပြီး လိုအပ်သော နေရာများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။
Crd

☺ Facebook မှာ ပါဝင်လာတဲ့ Room ဆိုတာ....-------------------------------------------------Facebook ပါလာတဲ့ Room ဆိုတာ အွန...
07/08/2020

☺ Facebook မှာ ပါဝင်လာတဲ့ Room ဆိုတာ....
-------------------------------------------------

Facebook ပါလာတဲ့ Room ဆိုတာ အွန်​လိုင်းက​နေ Video Call ​ခေါ်လို့ရတဲ့ Function တစ်​မျိုးဖြစ်​ပါတယ်​။ လက်​ရှိမှာ နာမည်​ကြီး​နေတဲ့..Zooom, Google Meeting ​တွေလိုမျိုး အစည်းအ​ဝေး ၊ အုပ်​စုလိုက်​ Live လွင့်​​ပြောဆိုနိုင်​ပါတယ်​။

ဒီ Room ကဏ္ဍကို Facebook ပင်​မ စာမျက်​နှာရဲ့ New Feed (Status bar အောက်နား) မှာ Create Room ဆိုတာလေး ​​တွေနိုင်​ပါတယ်​။

ထူးခြားချက်တစ်ခုက ​​Messenger ထဲမှာလည်း Create လုပ်နိုင်ပြီး People ဆိုတာကို နှိပ်လိုက်ရင် Create a room ဆိုပြီး အပေါ်ဆုံးမှာ ပေါ်နေမှာ ဖြစ်ပါတယ်။

ပထမဆုံ အသုံးပြုမည့်​သူက Room ကို Create လုပ်လိုက်တယ်ဆိုရင် Who is invited ? ဆိုတဲ့နေရာလေးမှာ Friends ရယ်၊ Specific people ရယ် ဆိုပြီး ရွေးချယ်စရနှစ်မျိုး​​တွေ့နိုင်​ပါတယ်​၊ အကယ်၍ ​Friend ကို ရွေးချယ်မယ်ဆိုရင် Facebook မှာ Friend ဖြစ်နေသူအားလုံးဆီမှာ ပေါ်နေမှာဖြစ်ပြီးတော့ သူတို့ဘက်ကလည်း Join နိုင်ပါတယ်။ Invite specific people ကိုရွေးမယ်ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ Friend​တွေ သိုမဟုတ်​ သီးသန့်​ ဖိတ်​​ခေါ်ထားတဲ့သူ​တွေနဲ့လည်း ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

နောက်​ထပ်​ ထူးခြားချက်​တစ်​ခုက Facebook Groups နဲ့ Event တွေမှာလည်း Room Feature ပါဝင်လာတာ​တွေ့ရပါတယ်​၊ Group ထဲ ဝင်လိုက်မယ်ဆိုရင် အရင် Post တင်ရမယ့်နေရာမှာ Room ဆိုပြီးတော့ Option တစ်ခု တိုးလာပါတယ်။ ဒါဆိုရင်တော့ Click ပြီး Member တွေအချင်းချင်း ချိတ်ဆက်နိုင်ပါတယ်​။

အရင်က အသုံးပြု​နေကျ Messenger Video Chat လိုပဲပါပဲ Group call မှာ လူအများကြီးနဲ့ ပြောလို့မရခဲ့ပင်မယ့် Room မှာတော့ လူဦးရေ ၅၀ အထိ Join နိုင်ပါတယ်။

ဒီRoomမှာ ​ခေါ်ဆိုချိန်​သီးသန့်​ ကန့်​သတ်​တာမျိုးမရှိတဲ့အတွက်​ Online Class တွေ၊ Campaign တွေနဲ့ Seminar ​တွေကို တိုက်​ရိုက်​ပြုလုပ်​နိုင်​မှာဖြစ်​ပါတယ်။

Room ထဲမှာ Video Call အပြင်​ ၊ camera filters, mood lighting, themed events နဲ့ 360° backgrounds တွေလည်း ပါဝင်ပါတယ်။ ဒါ​ကြောင့်​ အသုံးပြုသူ​တွေအတွက်​ အရမ်းလွယ်​ကူပြီး၊ Privacy protections တွေလည်း ပါဝင်တာကြောင့် စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်​။


💬What is Marketing ? .................................Marketing ဆိုတာ ဘာလဲ...မက်​ကတ်​တင်း အမျိုးအစား အလိုက်​..4p.Max,7p...
01/08/2020

💬What is Marketing ? .................................
Marketing ဆိုတာ ဘာလဲ...မက်​ကတ်​တင်း အမျိုးအစား အလိုက်​..4p.Max,7p.Max & 8p.Max ဆိုပြီ ကွဲးပြားခြားနားစွာ ​ဖော်​ပြကြတာ ​တွေ့ပါလိမ့်​မယ်​...သို့​သော်​ မူကွဲးပြီး အဓိပ္ပါယ်​က အတူတူပါပဲ....။

ဒီ​နေရာမှာ အားလုံးခြုံငုံမိသွား​အောင်​ တိုရှင်းလိုရင်း​လေး Marketing 8p.Max ဆို ​ပြောကြရ​အောင်​ပါ...


👠 Product -ထုတ်​ကုန်​(Features, goods, packaging)

💰Price -​ဈေးနုန်း (Low price, High price)

🏢 Place-​ရောင်းမည့်​​နေရာ (Selling directly, selling through reseller)

🎪 Promotion -ဘယ်​လို​ရောင်းမှာလဲ-ဘယ်​​လောက်​​ဈေး​လျှော့ထားလဲ (Promotions, discounts)

👥 People -ဘယ်​သူ​တွေကို ​ရောင်းမှာလဲ..(Team, training, recruitment)

📦 Process - ​ဘယ်​လိုဝန်​​ဆောင်​မူ့မျိုး​ပေးမှာလဲ..(Delivering the service)

📝 Physical Evidence - ကုန်းပစ္စည်း အာမခံမူ့ဘယ်​​လောက်​ရှိလဲ (Facilities, equipments)

🔖 Productivity ထုတ်​ကုန်​ ​ကော်​လတီ ဘယ်​​လောက်​​ကောင်းလဲ -အကျိုးသက်​​ရောက်​မူ့ (Performance, service)
စတဲ့ marketing mix 8P ပေါ်မှာ မူတည်ပြီး စဉ်းစားတတ်ဖို့လိုပါတယ်။ ........
ဆို​တော့ နည်းနည်း အဓိပ္ပါယ်​​လေး ​ဖော်​ကြည့်​ကြရ​အောင်​..

1: Product ဟာ ရိုးရိုးသာမန် မဟုတ်ဘဲ creative လည်းဖြစ်​ innovative ဖြစ်ပြီး ကိုယ့်ရဲ့ customer တွေ လိုအပ်နေတဲ့ ကုန်ပစ္စည်းတစ်ခုဖြ​စ်ဖို့အရေးကြီးပါတယ်။

2: Pricing အနေနဲ့ customer တွေကို သူများ ကုန်​ပစ္စည်း တွေထက် ပိုမိုဆွဲဆောင်နိုင်တဲ့ နုန်းထား ၊​​ဈေးနုန်းသတ်​မှတ်​တဲ့ပုံစံ (price strategy ) ရှိဖို့လည်းလိုအပ်ပါတယ်။ ဥပမာ ၁ တစ်​မျိုးဝယ်​ရင်​ ​နောက်​တစ်​တစ်​မျိုး ၃၀ ရာခိုင်​နုန်း​လျှော့တာမျိုး​ပေါ့ဗျာ။

3: Place ကတော့ မိမိကုန်​ပစ္စည်း အ​ရောင်းစင်​တာ၊​ဈေးဆိုင်​ ၊ Showroom ၊ ကြော်ငြာတဲ့ channels ​တွေ၊Online Marketing Place ​တွေ စတာ​တွေ မှတ်​ယူလို့ရပါတယ်​။

4: Promotion ဆိုတာ Discount ​​လျှော့​ပေးတာ တစ်​ခုတည်းမဟုတ်​ပါဘူး၊ ကုန်​ပစ္စည်းတစ်​ခု အသစ်​ထုတ်​သည်​ ဖြစ်​​စေ ၊ လက်​ရှိကုန်​ပစ္စည်းကို အ​ရောင်းမြှင့်​တင်​​ရေး တစ်ခုလုပ်မယ်ဆိုရင်လည်း ဒီ product သို့မဟုတ် ဒီ b​rand ဟာ စားသုံးသူ​တွနဲ့ ဘယ်​လာက် ကိုက်​ညီမူ့ရှိသလဲဆိုတာ ကြည့်​တတ်​ဖို့လိုပါတယ်​ ။

5: Physical Evidence ဆိုတာကတော့ မိမိကုန်​ပစ္စည်း၏ တန်းဖို့ထားမူ့ Value သို့မဟုတ်​ ကိုယ့်​ ကုမ္ပဏီက ကပေးတဲ့ ၀န်​​ဆောင်​မူ့၊ အာမခံမူ​တွေ ပါဝင်​ပြီး စားသုံးသူ customer များအတွက်​ အ​ထောက်​အကူပြု​စေရန်​ ရည်​ရွယ်​ထား​သော အရာများကို ဆိုလိုပါတယ်​။

6: People ဆိုတာ ကိုယ့်ရဲ့ ကုန်ပစ္စည်း​​ကို ​​ရောင်​ရမယ်​လူ အသက်​အရွယ်​ ၊၀င်​​ငွေအတန်းအစား ၊ ​ယောက်ျား မိန်​မ ​သေချာ စနစ်​တကျ ခွဲးခြားတတ်​ဖို့လိုပါတယ်​။

7: Process အနေနဲ့ကတော့ ကိုယ့်ရဲ့ service က customer တွေဆီဘယ်လိုနည်းနဲ့ ရောက်သွားတာလဲ၊ ဘယ်​လို ပို​ဆောင်​​ပေးလဲ စတဲ့ လုပ်ငန်းစဉ်ပါ။ ဥပမာ ကျွန်​​တော်​ဆိုင်​မှာ တန်​ဘို့ တစ်​သိန်းအထက်​၀ယ်​ရင်​ အိမ်​တိုင်​ရာ​ရောက်​( အခမဲ့ ) ပို့​ဆောင်​​ပေးတယ်​ဆိုတဲ့ ၀န်​​ဆောင်​မူ့မျိုး​ပေါ့ဗျာ။

8: Productivity ဆိုတာကတော့ ကိုယ့်ရဲ့ ပြိုင်ဘက်တွေထက် သာလွန်​ကောင်းမွန်​တဲ့ ၀န်​​ဆောင်​မူု့​ပေးတာမျိုး၊ မိမိကုန်​ပစ္စည်း Quality ရှိမူ့ ၊ ထုတ်​လုပ်​နိုင်​စွမ်း ၊ ကုန်​ပစ္စည်းမပြတ်​လတ်​​စေ​ရေ..ချမှတ်​ထားတဲ့ လုပ်​ငန်​စဉ်​ စတာ​တွေ ထညမ့တွက်​လို့ရပါတယ်​။

အကျိုးများများဖြစ်​ထွန်းနိုင်​ကြပါ​စေ..



်းလမ်းများ..

✅ ဈေးရောင်း​ကောင်းဖို့" USP "လိုတယ်​...........................................USP ဆိုတာ Unique Selling Point ဖြစ်​ပါ...
30/07/2020

✅ ဈေးရောင်း​ကောင်းဖို့" USP "လိုတယ်​...........................................
USP ဆိုတာ Unique Selling Point ဖြစ်​ပါတယ်​။
အတိကျ​ပြောရရင်​​တော့..​ဈေး​ရောင်းသူတိုင်း မသိမဖြစ်​တဲ့ အချက်​သုံးချက်​ဖြစ်​ပါတယ်​။

၁။ Customer ဘာကို လိုချင်​တာလဲ..
၂။ ​ရောင်းသူအ​နေနဲ့ ဘယ်​​လောက်​ထိ အ​ကောင်းဆုံးလုပ်​​ပေးနိုင်​လဲ..။

၃။ ​ဈေးကွက်​ထဲ ကိုယ့်​ပြိုင်​ဖက်​​တွေက​ရော ဘာ​တွေကို အ​ကောင်​ဆုံးလုပ်​​နေကြတာလဲ....စတဲ့ အ​ရေအကြီးဆုံး​သော အချက်​သုံးချက်​ဖြစ်​ပါတယ်​..။

ဒီအချက်​​တွေက မလွန်​ရိုးရှင်းပါတယ်​ နားလည်​လွယ်​တဲ့အချက်​​တွေပဲဖြစ်​ပါတယ်​ ...သို့​သေိာ ဒီသုံးချက်​ကို ခြုံ​ပြောရရင်​​တော့ ..​အောက်​ပါ အချက်​​တွေကိုလည်း ထပ်​ပြီးသ​ဘော​ပေါက်​နိုင်​ပါတယ်​..

၁။ မိမိကုန်​ပစ္စည်းကို ​ခေတ်​ နဲ့အညီ ​ရောင်းေ​ပးနိုင်​ခြင်း၊
၂။ ကိုယ့်​ရဲ့ Target Audience ကဘယ်​သူလဲဆိုတာေ​ကာင်းေ​ကာင်းသိခြင်း
၃။ဆိုင်​အပြင်​အဆင်​ကို လာချင်​စဖွယ်​ဖြစ်​​အောင်​ပြင်​ဆင်​​ပေးနိုင်​ခြင်း
၎။ Customer Service ​ကောင်းခြင်း ၊ After Service ​ပေးနိုင်​ခြင်း
၅။ ကုန်​ပစ္စည်း​ကောင်းခြင်း

၆။ အ​​ရောင်းအ၀ယ်​ဖြစ်​တည်​မူလုပ်​ငန်းစဉ်​ကို နားလည်​ တတ်​ကျွမ်းခြင်း
၆။ သူများနဲ့ မတူ ကွဲးပြားခြားနာ​အောင်​ လုပ်​​ဆောင်​နိုင်​ခြင်း ၊ ၀န်​​ဆောင်​မူ့​ပေးနိုင်​ခြင်း
စတာ​တွေဟာ ..USP ရဲ့ အဓိကျတဲ့ အချက်​​တွေဖြစ်​ပါတယ်​။



🔊 လစဉ်တိကျတဲ့ ​​ရောင်းအားတက်​ဖို့  Marketing Calendar ​ရေးဆွဲးဖို့ လိုအပ်​​နေပြီလား...?--------------------------------...
30/07/2020

🔊 လစဉ်တိကျတဲ့ ​​ရောင်းအားတက်​ဖို့ Marketing Calendar ​ရေးဆွဲးဖို့ လိုအပ်​​နေပြီလား...?
----------------------------------------------
🗣မိတ်ဆွေတို့ စီးပွား​ရေးလုပ်​ငန်းအတွက်​ စနစ်​ကျပြီး တိကျတဲ့အ​ဖြေတစ်​ခု ရရှိဖို့ နဲ့လက်​တွဲးလိုက်​ပါ၊

📈 မိမိတို့ရဲ့ ကုန်​ပစ္စည်း​တွေ ​ရောင်းအားတက်​ဖို့အတွက်​ ​ကောင်းမွန်း ရှိ​နေရမှာဖြစ်​သလို ​ပေါ်မှာ​ကြော်​ငြာဖို့အတွက်​ တိကျစွာ သတ်​မှတ်​ထားတဲ့အချိန်​အတိုင်း ထိ​ရောက်​တဲ့ ​ကောင်းမွန်​တဲ့ ​တွေနဲ့ customer ​တွေရဲ့နှလုံးသားကို လှုပ်​ကိုင်​နိုင်​ဆိုတာ တိကျ​သေချာစွာပြင်​ဆင်​ထားတဲ့ နဲ့သာ ဖြစ်​နိုင်​မှာဖြစ်​ပါတယ်​။

ဒီ​တော့ FB Marketing Myanmar မှ ဘာ​တွေ ၀န်​​ဆောင်​မူ့​ပေးသလဲ...

✅ Monthly Marketing Calender ​ရေး​ပေးခြင်း (Online & Offline နှစ်​မျိုးလုံး​ရေး​ပေးပါတယ်​)။

✅ Content Writting ​ရေး​ပေးခြင်း ( Product , Ads, Knowledge Sharing , Promotion and Sales စတဲ့
လစဉ် ​တင်မည့် ပို့စ်များကို ကြိုတင်ရေးသား​ပေးခြင်း။

✅Type of Post မိမိတို့ရဲ့ ကွဲးပြားခြားနားတဲ့ ​ရောင်းကုန်​အလိုက်​ page ပေါ်မှာ ဘယ်လို အမျိုးအစား ပို့စ်ကို တင်ရမည်ကို စနစ်တကျ ရေးဆွဲးပေးခြင်း (ညွန်ကြားပေးခြင်း)။

✅ Boost Timing စီးပွားရေးနှင့် သင်တော်သည့် ဘယ်လို post များကိုတင်ရမည် ဘယ်လို အချိန်မှာ တင်ရမည် ညွန်​ကြား​ပေးခြင်း ။

✅ Design Conceptး အ​ရောင်း ၊Promotion ပို့စ်​အလိုက်​ Customer Attention ရဖို့ ဒီဇိုင်း ​ရေးဆွဲးတဲ့အခါ ​ကောင်းမွန်​ထိ​ရောက်​တဲ့ ဒီဇိုင်​တစ်​ခု ဖြစ်​လာဖို့ထိ တာဝန်​ယူ ​ဆောင်​ရွက်​​ပေးခြင်း။

💰Cost: ဘယ်​​လောက်​​ပေးရမှာလဲ...?

✔ ၆ လစာ Marketing Calender.. 290,000 Ks
✔ ၁ နှစ်​စာ Marketing Calender..390,000 Ks

📌 မှတ်ချက်​​။ ။ ​ဖော်​ပြပါ Calender အတွက်​ တင်​ရမည့်​ Post ​ကောင်​စီး ( Titile ) , နှင့်​ တင်​ရမည့်​ အချိန်​၊ post အမျိုးအစာ တစ်​လအတွက်​ အနည်းဆုံး ၅ မျိုး ပါဝင်​မှာဖြစ်​ပါတယ်​။

✔ ၁ လစာ Content Writting (5-7 posts) 90,000 Ks
✔ ၃ လစာ Content Writting (6-8 posts) 209,000 Ks
✔ ၆ လစာ Content Writting (6-9 Posts) 309,000 Ks
✔ ၁ နှစ်​စာ Content Writting (7-9 Posts) 509,000 Ks

📌 မှတ်ချက်​​ ။ ။ ပို့စ်​အမိျုးအစားအလိုက်​ Ads, General Knowledge, Promotion ,Event,Quote, Records (Ref:), Giveaway Ideas, Product Knowledge , စတဲ့ post အမျိုးစားများစွာ...ပါရှိမှာဖြစ်​ပါတယ်​...

🔖Packge Plan (အတွဲးလိုက်​ဆို အရမ်းတန်​တယ်​)

✔ 6 လစာ Marketing Calendar+ Content Writting -490,000 ks
✔ ၁ နှစ်​စာ Markering Calendar +Content Writting -739,000 Ks

💳Paymet က​တော့ လုပ်​ငန်းအပ်​တာနဲ့ ၃၀% ကြိုရှင်း​ပေးရမှာဖြစ်​ပါတယ်​ ။

🙌 Agreementး လုပ်​ငန်းစတင်​ ​ဆောင်​ရွက်​သည့်​​နေ့မှစ၍်​ အချိန်​ ၁ လ အတွင်း Social Media Marketing ဆိုင်​ရာ တိုးတက်​မူ့ မရှိဟု အ​ထောက်​အထားများဖြင့်​ ယူဆတင်ပြပါက ..လုပ်ငနဒ​အတွက် Free Consulting ​​ပေးမှာဖြစ်​ပြီး၊ အကယ်​၍ ဆက်​လက်​ တိုးတက်​မူ့မရှိပါက လုပ်ငန်းရှင် ဆန္ဒအတိုင်း လက်​ကျန်​ အချိန်​နှင့်​ ကိုက်​ညီမူ့ရှိ​သော Contract ​ပေး​​ငွေကို Refund ပြန်​​ပေးအပ်​သွားမည်​ဖြစ်​ပါတယ်​။

✌ ကဲ့ ဒီ​လောက်​ အာမခံချက်​ရှိတဲ့ အစီအစဉ်​​ကောင်းကို ရရှိမှာဖြစ်​လို့ စဉ်​စားမ​နေပဲ အခုပဲ လက်​တွဲးလိုက်​ပါ...
:-) လူကြီးမင်​ မိတ်​ဆိုများ စီးပွား​ရေး လုပ်​ငန်းများ ​အောင်​မြင်​ဖို့...FB Marketing Myanmar က ထာဝရ ကြိုဆိုပါတယိ။
Calender




📥[email protected]
📲09975505134
📌Address: No.4/49 Aungmingalar 1st, 4 Ward, Mayangone Tsp,Yangon,Myanmar
😍စီးပွားရေးလုပ်ငန်းများ အားလုံးအဆင်ပြေ တိုးတက်စေလိုသော ..

👍 Boosting လုပ်ပြီး ရင် ဘာလုပ်​သင့်​လဲ..(Do & Don't) ..................➳  ဒီ​နေ့ Facebook မှာ လုပ်​ငန်းတိုင်းလိုလို  B...
30/07/2020

👍 Boosting လုပ်ပြီး ရင် ဘာလုပ်​သင့်​လဲ..(Do & Don't) ..................

➳ ဒီ​နေ့ Facebook မှာ လုပ်​ငန်းတိုင်းလိုလို Boosting လုပ်​ပြီး​ကြော်​ငြာ​နေတဲ့​ခေတ်​မှာ Boost လုပ်​ထားရုံနဲ့​တော့ ကြီးကြီးမားမာ​မျော်​လင်းလို့ မရ​တော့ပါဘူး။ ဒါ​ကြောင်းလည်း မိမိရဲ့ အ​ရောင်း post ၊​ကြော်​ငြာpost ​တွေကို Boost လုပ်​ပြီးသွားရင်​ ဘာ​တွေလုပ်​သင့်​သလဲ ​ဆောင်​ရန်​ ၊​ရှောင်​ရန်​များကို Share ​ပေးသွားချင်​ပါတယ်​...

✔ ..........
✔️နံပါတ်​ ၁။ အမြဲ Engage လုပ်​ပါ..
Enquire တစ်​ခုဝင်​လာပြီဆိုတာနဲ့ ချက်​ချင်းတုန့်​ပြန်​နိုင်​ဖို့လိုပါတယ်​။ ဒါမှမဟုတ်​ရင်​လည်း မီနစ်​အနည်းငယ်​အတွင်းမှာ အပြန်​အလှန်​ Engage လုပ်​နိုင်​ဖို့လိုအပ်​ပါတယ်​။ ဘာလိုလဲဆို​တော့ Customer ​တွေနဲ့ Engage ဖြစ်​ဖို့ ဆိုတာ အင်​မတန်​မှကို အ​ရေးကြီးပါတယ်​၊ သူတို့​နဲ့ များများ Engage လုပ်နိုင်မှ ​​Relationship တစ်ခုကို ​တည်​​ဆောက်​နိုင်မှာဖြစ်ပါတယ်..​​​။

✔️ နံပါတ် ၂။ ​Maintan Relationship
Customer ​တွေနဲ့ Engage လုပ်​ပြီးတဲ့အခါ အပြန်​အလှန်​​ပြောဆိုမူ့က​နေတစ်​ဆင့်​ Relationship တစ်​ခုကို ရဘာတာပါ..ဒီရရှိလာတဲ. ဆက်​ဆံ​ရေးက​နေတစ်​ဆင့်​ အ​ရောင်းအ၀ယ်​ဖြစ်​သွားကြတာပါ၊ အကယ်​၍ Customer စိတ်​တိုင်းမကျလို့ အ​ရောင်းအ၀ယ်​မဖြစ်​ခဲ့ရင်​​တောင်​ Retrun Customer တစ်​​ယောက်​ဖြစ်​လာဖို့ ​ကောင်​မွန်​တဲ့ဆက်​ဆံ​ရေးကို ပြသနိုင်​ခဲ့ရင်​ သူဟာ ကိုယ်​ဆီမှာ retarget လုပ်​လိုရတဲ့ customer တစ်​​ယောက်​ဖြစ်​​နေဆဲပါ ဒါ​ကြောင့်
Customer ​တွေနဲ့ Relationship ကို တည်​​ဆောက်​ခြင်းဟာ တချိန်​ထဲမှာဘဲ့ ကိုယ့်​ Product or Service ကို ​ ​နောက်​တစ်​ကြိမ်​Boosting တင်​ပြီး​တော့ ​ရောင်းရမယ့်​ Customer သာရင်းမှာ ထည့်​တွက်​စရာမလို​တော်​ပါဘူး. ​နောက်​တချိန်​မှာဆိုရင်​လဲ မိမိရဲ့ ပြိုင်​ဖက်​လုပ်​ငန်းရှင်​​တွေဟာ Boostingလုပ်​ပြီး Customer ​တွေကို အသည်းအသန်​လိုက်​ရှာ​နေရတဲ့ အချိန်​မှာကိုယ့်​ရဲ့ လုပ်​ငန်းဟာ ​သူဟာနဲ့သူ လည်​ပတ်​​နေ​စေမှာပါ။

✖ 't

✖ Complain တက်​တာကို ဆန့်​ကျင်​ဘက်​မလုပ်​ပါနဲ့

Customer တစ်​​ယောက်​​ယောက်​ သူမ​ကျေနပ်​လို့်​ပဲဖြစ်​ ၊ product or Service Error တစ်​ခုခု​ကြောင်းပဲဖြစ်​ဖြစ်​ မ​ကောင်းတဲ့ ​ပြောဆို ဆက်​ဆံ​မူ့​တွေ လုပ်​လာခဲ့ရင်​ ဘယ်​​တော့မှ ရိုင်းပြဆက်​ဆံမူ့မျိုး၊ အထင်​​သေးပြန်​ခံ​ပြောတာမျိုး မလုပ်​ဖို့ လိုအပ်​ပါတယ်​ ။ အတတ်​နိုင်​ဆုံး​ပြေလယ်​​အောင်​ ညင်​သာစွာကိုင်​တွယ်​ပါ ..မည်​သိုပင်​ဆို​စေကာမူ..Customer is always right ပါ..ဒါကို မ​မေ့ပါနဲ့။

✖ ကြမ်းပို့ကို လိပ်​ဖြစ်​​အောင်​ မ​ပြောပါနဲ့..

မြန်​မာပြည်​မှာ အများကြုံ​နေရတဲ့ တလွဲးပညာတစ်​ခုက ကြမ်းပို့ကို လိပ်​ဖြစ်​​အောင်​ ​ပြော​ရောင်းတာပါ..ဒါဟာ Ethical အရ အရမ်းမှားယွင်းပါတယ်​ ၊Product တစ်​ခုService တစ်​ခု​ရောင်းပြီးဆိုရင်​ Customer စိတ်​၀င်​စားဖို့ အ​ရောင်းဖြစ်​ဖို့ အ​ကောင်းချဉ်​​ပြော​ပြီး​ရောင်းထွက်​သွားတာဟာ..Error တစ်​ခုခုဖြစ်​လာပြီဆိုရင်​ ​ဖြေရှင်းရတာခက်​ခဲ့သလို မိမိရဲ့ Brand သို့ Product ​ပေါ်မှာ အယုံကြည်​မဲသွားတတ်​ပါတယ်​၊ ဒီလိုသာဖြစ်​ခဲ့ရင်​ Retarget Customer ဘယ်​တော့မှ ဖြစ်​လာ​တော့မှာမဟုတ်​ပါဘူး....ကုန်​ပစ္စည်းရဲ့ အားသာချက်​ အားနည်းကို​တော့ အနည်းဆုံး သတိထားတတ်​​အောင်​ ​လေ့ကျင့်​ယူပါ။



#​ကြော်​ငြာ

👠 Brand Awareness ရ​​အော်​ (ကြာ်​ငြာ) ဖတ်​​မိ​အာင် လုပ်​နည်း.............🔎 မိတ်​​ဆွေရဲ့​ကြော်​ငြာကို သို့မဟုတ် မိမိ​ကြေ...
30/07/2020

👠 Brand Awareness ရ​​အော်​ (ကြာ်​ငြာ) ဖတ်​​မိ​အာင် လုပ်​နည်း.............
🔎 မိတ်​​ဆွေရဲ့​ကြော်​ငြာကို သို့မဟုတ် မိမိ​ကြော်​ငြာ​သော ကုန်​ပစ္စည်းကို လူသတိထား​အောင်​ ၊ မိမိ Ads ကို လူဖတ်​ချင်​လာ​အောင် ​ဘယ်​လို​​ကြေိာငြာမှာလဲဆိုတာ သိဖို့လိုအပ်​ပါတယ်​။
ဒီလို အ​ကြောင်းအရာ​တွေကိုသိဖို့....

နံပါတ် ၁။ ​မိမိ​ကြော်​ငြာစာ​ရေးသားမဲ့ Target Audience သိရပါမည်​။

★ - ဥပမာအားဖြင့် ​ကုန်​ပစ္စည်းတစ်​ခုကို ​ကြော်​ငြာ​တော့
မယ်​ဆိုရင်​ ကိုယ်​ကုန်​ပစ္စည်းရဲ့ Target Audience က ဘယ်​သုဖြစ်​မလဲဆိုတာကို ​သေချာစွာ သိထားရပါမယ်​၊ ဒါမှသာ မိမိ​ကြော်​ငြာ​သော အုပ်​စုကို အ​ခြေပြီး ​ကြော်​ငြာစာ Ads မှာ ​ဖော်​ပြ ​ထည့်​​ရေးနိုင်​မှာဖြစ်​ပါတယ်​။

နံပါတ် ၂။ ကိုယ့်​​ရောင်း​နေတဲ့ Product က ​မိမိ Target ထားတဲ့​ဈေးကွက်​မှာ အပြိုင်​အဆိုင်​များလား/မများဘူးလားဆိုတာ သိထားရပါမယ်​။

★ -ဥပမာ - မိတ်​​ဆွေရဲ့ ကုန်​ပစ္စည်း နိုင်​ငံခြား အ၀တိအထည်ဆိုရင်​ ၊ ဒီ​နေ့​ခေတ်​မှာ မြန်​မာပြည်​အတွက်​ အပြိုင်​အဆိုင်​များတယ်​လို့ဆိုရမှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ သင်​ဟာ ​မိတ်​​ဆွေဟာ ​ကြော်​ငြာ ကို​ရေးသားတဲ့အခါမှာ အများနဲ့ ကွဲးလွဲး​အောင်​ ကို့​ရေးတဲ့အခါ မိမိရဲ့ Brandအမည်​ ၊ ဆိုင်​အမည်​ စတာ​တွေကို ထည့်​​ရေးရမှာဖြစ်​ပါတယိ။ ဒါမှလည်း ကိုယ်​​ကြော်​ငြာဟာ ပြိုင်​ဖက်​​တွေကြားမှာ အမှတ်​​ကောင်း​ ​ကောင်း​ကောင်း ရယူနိုင်​မှာဖြစ်​ပါတယ်​။

နံပါတ် ၃။ ​ဓါတ်ပုံ​ကောင်း (High Resolution Photo)

ဓါတ်​ပုံဆိုတဲ့​ ​နေရာမှာ​ ကျွန်​​တော်​တို့ ကြည်​လင်​ပြတ်​သားပြီး ကိုယ်​​ပေးချင်းတဲ့ ​message ကို Customer ဆီတန်း​ရောက်​နိုင်​တဲ့ ဒီဇိုင်းမျိုးဖြစ်​​နေဖို့လိုပါတယ်​ ။ ဒီဇိုင်းဆွဲးထားတာပဲဖြစ်​ဖြစ်​ ဓါတ်​ပုံပဲဖြစ်​ဖြစ်​ ပုံကြည့်​လိုက်​တာနဲ့ တင်​ ဆွဲ​ဆောင်​မှု့ရှိပြီး၊ ​ပေးချင်​၊​ပြောချင်​တဲ့ Information ​တိုးရှင်း လိုရင်းမြင်​​စေတာမျိုးပါ။

နံပါတ်​ ၄။ ​ခေါင်းစဉ်​ (Title)

ခေါင်းစဉ်​ဟာ အမြဲ အ​ရေးကြီးပါတယ်​ တစ်​ချို့​ကြော်​ငြာ​တွေ ​ခေါင်းစီးမပါပဲ​တွေ့ဖူးပါလိမယ်​...ဒါ​တွေဟာ..လုပ်​ငန်​ကြီး​တွေ လူအများသိနှင့်​ပြီး product ​တွေမျိုးသာ အသုံးများပါတယ်​ ၊ဥပမာ Cocacola အချိုရည်​လိုမျိုးပါ၊
ဒါ​ကြောင့်​ သာမန်​ Wellknown မဖြစ်​​သေးတဲ့ ကုန်​ပစ္စည်း​ကြော်​ငြာတစ်​ခုအ​နေဖြင့်​ ​ခေါင်းစီဟာ အမြဲလိုအပ်​ပါတယ်​။ ဆွဲး​ဆောင်​မူ့ စိတ်​၀င်​စားမူ့ကို မြှင်​တင်​​ပေး​သော ​ခေါင်းစီးများ​ပေးတတ်​ပါ​စေ..။

နံပါတ်​ ၅။ Call To Action (အပိတ်​စကား..)

ကြော်​ငြာလိုက်​တာ​တော့ဟုတ်​ပါပြီး ဘယ်​မှာဝယ်​ရမှန်​ ၊ဘယ်​​နေရာမှာ ရနိုင်​မှန်​ ထင်​ထင်​ရှားရှား တိတိကျကျ မယ​ဖော်​ပြမထားရင်​ ​ကြော်​ငြာ​ကောင်း​သော်​လည်း ​ရောင်းအားတက်​လာမှာ မဟုတ်​ပါဘူး...ဒါ​ကြောင့်​ သူကဒီစာကို ဖတ်​တယ်၊ ကြိုက်​လို့ ၀ယ်​ချင်​ရင်​ ဘယ်​မှာဝယ်​ရမလဲဆိုတဲ့ အချက်​ကို အ​သေချာအပြည့်​စုံ​ဖော်​ပြ​ပေးထားရပါမယ်​။.
အားလုံး​ရောင်း​ကောင်းကြပါ​စေ..



Address

Myaungmya

Alerts

Be the first to know and let us send you an email when Fb Marketing in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fb Marketing in Myanmar:

Share