09/06/2020
Facebook မှာ Boost လုပ်တဲ့အခါ ကိုယ့်ရဲ့ကြေညာပို့စ်ဟာ တွေ့ကရာ လူဆီရောက်တာမျိုးမဟုတ်ဘဲ မှန်ကန်တဲ့ လူတွေဆီ ရောက်စေဖို့ Target ရွေးတဲ့အခါမှာ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားပြီး ရွေးရမလဲ?
အဲလို စဉ်းစားတတ်ဖို့ Audience Analysis ဆိုတဲ့ ကိုယ့်ဝယ်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုစုဆောင်းရမလဲ?
အရင်ဆုံး Target ရွေးတာ ဘာကြောင့်အရေးကြီးသလဲဆိုတာလေးကို အရင်ရှင်းပြပေးချင်ပါတယ်။ Boost လုပ်တယ်ဆိုတာက ကိုယ့်ကြေညာကို ကိုယ်ရွေးချယ်ထားတဲ့ လူအများ တနည်းအားဖြင့် Audience တွေ မြင်ရအောင် လုပ်ပေးတာပါ။
Boost လုပ်တာကို ကျတော်တို့ လက်ကမ်းစာစောင် flyer တွေ ဝေတဲ့ပုံစံမျိုးစိတ်ထဲပုံဖော်ကြည့်ရအောင်။ ကျတော် ကမ်းဇော်ဆီနဲ့ပါတ်သက်တဲ့ လက်ကမ်းစာစောင်တွေဝေချင်တယ်ဆိုရင် ပန်းခြံတို့ ရုပ်ရှင်ရုံတို့ Shopping Center တို့ရှေ့မှာ ဝေတာကောင်းလား၊ ဆေးရုံတို့ ဆေးဆိုင်ကြီးတို့အရှေ့မှာ ဝေတာကောင်းမလား။ အဲဒါ Target ရွေးတဲ့ အခြေခံသဘောတရားပါပဲ။ ကျတော့်မှာ Marketing Budget ၁ သိန်းရှိလို့ ကမ်းဇော်ဆီအကြောင်း လက်ကမ်းစာစောင် ၁ သိန်းရိုက်ပြီး ပန်းခြံတို့ ရုပ်ရှင်ရုံတို့အရှေ့မှ သွားဝေရင် Flyer ဝေတဲ့သူကတော့ ကုန်အောင် ဝေမှာပါပဲ။ Audience တွေဆီလည်း ရောက်သွားပါလိမ့်မယ်။ ဒါပေမယ့် Sales ကတော့တက်လာမှာမဟုတ်ပါဘူး။ အားနာလို့ယူသွားပြီး ကွယ်ရာမှာ လွင့်ပစ်လိုက်မှာပါ။ Waste ဖြစ်သွားမှာပါ။
ဒီစာစောင်တွေကိုပဲ အသုံးပြုနိုင်တဲ့ လိုအပ်နိုင်တဲ့ လူတွေ အများစုရှိနိုင်တဲ့ ဆေးရုံတို့ တရားစခန်းတို့ အဲလိုနေရတွေမျိုးကို Target ထားပြီး ဝေရင်တော့ Flyer ၁ သိန်း ကုန်တာချင်းအတူတူ Sales တက်ဖို့ Customer အသစ်တွေထပ်ရဖို့ နီးစပ်ပါတယ်။
Facebook Boosting ကလည်း အဲသဘောပါပဲ ကျတော်တို့မှာ Marketing Budget ဒေါ်လာ ၁၀၀ ရှိလို့ Boost လုပ်လိုက်ရင်တော့ Facebook ကတော့ 100 နှင့် ကိုက်ညီတဲ့ ကိုယ် ထားထားတဲ့ Audience ထဲကလူတွေကို ရွေးပြသွားမှာပါပဲ။ ဒါပေမယ့် ကျတော်တို့ ရောင်းကုန်ကို စိတ်မဝင်စားတဲ့လူတွေဆီကိုသွားပြနေရင် သူတို့က ကျတော်တို့ကြေညာ သူတို့ဖုန်း Screen ပေါ်မှာပေါ်လာတာနဲ့ လက်မလေးနဲ့ ကျော်သွားလိုက်ရင် ကျတော်တို့ Waste ဖြစ်ပြီပေါ့။ Sales ဘယ်တက်လာတော့မလဲ။ အဲဒါကြောင့် ကိုယ့် ကုန်ပစ္စည်း ဝန်ဆောင်မှုကို တကယ်စိတ်ဝင်စားတဲ့ သူတွေဆီကို ရောက်အောင် ရွေးဖို့ အရေးကြီးတာပါ။ ဘယ်လူမျိုးလူတွေက ကိုယ့်ရဲ့ ဝယ်သူဖြစ်လာနိုင်တဲ့လူတွေလည်း ဆိုတာသေချာသိမှရောင်းရမှာပါ။
တနည်းအားဖြင့် ကိုယ့်ရဲ့ Audience ကို ကိုယ်သေချာသိနေဖို့လိုပါတယ်။ လူတိုင်းကို ရောင်းချင်လို့မရပါဘူး။ သေချာရွေးချယ်တတ်ဖို့လိုပါတယ်။
ကိုယ့် Audience အကြောင်းကို ကိုယ်သေချာသိသွားပြီဆိုရင် သူတို့အကြိုက်တွေ၊ သူတို့ကိုဆွဲဆောင်နိုင်မယ့် အပြင်အဆင်တွေ၊ သူတို့နှစ်သက်မယ့် ကမ်းလှမ်းချက်တွေနဲ့ ကျတော်တို့ Content ကောင်းကောင်းတွေ ဖန်တီးနိုင်လာပါလိမ့်မယ်။ မှန်ကန်တဲ့ Target Audience တွေလည်း ဆောက်နိုင်လာပါလိမ့်မယ်။ အဲဒီ ၂ ချက်က အောင်မြင်တဲ့ Boosting တွေ လုပ်နိုင်ဖို့အတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။
Audience တွေအကြောင်းကို လက်ရှိ ဝယ်သူတွေဆီကနေ ရှာဖွေရပါတယ်။ ဝယ်သူတစ်ယောက်ဟာ ကိုယ့်ဆီက ပစ္စည်းတစ်ခု ဝယ်သွားပြီးပြီဆိုတာနဲ့ ပြီးသွားပြီလို့ မယူဆဘဲ သူ့ရဲ့ အကြောင်းတွေကို Customer Data Base ထဲမှာ ထည့်သွင်းတတ်ဖို့လိုပါတယ်။ အဲဒီမှာ ကိုယ်က Online ပေါ်ကနေကြေညာမယ်ဆိုရင် ကိုယ့်ရဲ့ရောင်းကုန်/ ဝန်ဆောင်မှုအလိုက် စားသုံးသူကို Target ထားမလား၊ ဝယ်သူကို Target ထားမလားဆိုတာတွေကို ခွဲခြားတတ်ရပါမယ်။ ကိုယ်က ကလေးပစ္စည်းတွေရောင်းတယ်ဆိုရင် စားသုံးသူက ကလေးဆိုပေမယ့် ဝယ်သူက မိဘပါ။ အွန်လိုင်းပေါ်ကနေကြေညာမယ်ဆိုရင် ကလေးတွေကို Target ထားပြီး သွားကြေညာလို့မရပါဘူး။ မိဘတွေကို Target ထားပြီး သူတို့ရဲ့ Needs and Wants တွေ Pain Point တွေနဲ့ Content တွေတည်ဆောက်ရပါမယ်။ ပြီးရင် သူတို့ကို Target ထားပြီး Boost ရမှာပါ။
Customer data base မှာဖြည့်ဖို့ အချက်အလက်တွေကို Customer ဘက်ကနေ လိုလိုလားပေးချင်လာအောင် ကိုယ်ဘက်က Offer ပေးရတာတွေရှိပါတယ်။
ကိုယ်သိချင်တဲ့အချက်အလက်အချို့ကို ပြောပြမယ်ဆိုရင် ၂၀ ရာခိုင်နှုန်းလျှော့ပေးတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ ဝယ်သူဘက်က ဖြေဖို့ စိတ်ဝင်စားလာစေမယ့် တစ်ခုခုပေးဖို့ပဲလိုပါတယ်။ မေးရမယ့်မေးခွန်းတွေကတော့ ကိုယ့်ဘာသာသေချာစဉ်းစားရမှာပါ။ ကိုယ် Target ရွေးတဲ့အခါ ဘယ်အချက်တွေလိုအပ်မလဲဆိုတာ ကုန်ပစ္စည်းအလိုက်အများကြီးကွဲပြားသွားပါလိမ့်မယ်။
ကျတော်ကတော့ အမေးမျာတဲ့ မေးခွန်းလေးတွေပဲ ပြောပြသွားမှာပါ။ ဘယ်ကနေမေးရမယ်ဆိုတာကတော့ Google Form တွေရှိပါတယ်။ Lead Generation တွေရှိပါတယ်။ အဲဒါတွေမလုပ်တတ်ဘူးဆိုရင် ဖုန်းဆက်ပြီးမေးလို့ရပါတယ်။ ကိုယ်ကအပြင်မှာပါ ဆိုင်နဲ့ရောင်းနေတယ်ဆိုရင် အပြင်မှာတစ်ခါတည်း ဖြည့်ခိုင်းလို့လည်းရပါတယ်။
Facebook Marketing အတွက် အမေးများကြတာကတော့ အသက်၊ မြို့နယ်၊ ကိုယ့်ကုန်ပစ္စည်းကို ဘယ်ကနေသိတာလဲ၊ Facebook ကဆိုရင် ဘယ်ကြေညာကို ကြည့်မိပြီး စသတိထားမိသွားတာလဲ၊ ဘာအတွက် ဝယ်တာလဲ၊ ဘယ်အချက်ကြောင့် ဒီကုန်ပစ္စည်းက ဝယ်သင့်တယ်ထင်ပြီး ဝယ်ဖြစ်သွားတာလဲ၊ စသဖြင့်မေးကြပါတယ်။
အချို့ဆိုရင် မွေးနေ့တွေပါမေးကြပါတယ်။ ပြီးရင် အဲနေ့ရောက်တာနှင့် မွေးနေ့မှာပျော်ရွှင်ပါစေ၊ ဘယ်ကုမ္ပဏီကပါ စသဖြင့် Messenger/ စာတိုလေးတွေ (သို့မဟုတ်) Viber ကနေတဆင့် ပို့ပေးကြပါတယ်။ ဝယ်သူက ကြွေပြီပေါ့ဗျာ၊ အဲလိုလေးတွေသာပို့ပေးလို့ကတော့။
ပိုစ်လေးက တော်တော်ကို ရှည်သွားပါပြီ အချုပ်ပြန်ပြောရမယ်ဆိုရင် Facebook မှာ Boosting လုပ်တာကမီးလိုပါပဲ။ သုံးတတ်ရင် အရမ်းအကျိုးရှိပြီး မသုံးတတ်ရင် ရှိတာလေးတွေကုန်သွားမှာပါ။ Audience တွေအကြောင်းကို သိအောင်လုပ်ပါ။ ဝယ်သူတွေက သူတို့အကြောင်းတွေကို အရမ်းပြောပြချင်တာပါ။ ကိုယ်ဘက်က နားထောင်တတ်ဖို့ပဲလိုပါတယ်။ ပြီးရင် Data Base ကောင်းကောင်းတည်ဆောက်ပါ။ ပြီးရင် သေချာ Plan ချပြီး သူတို့လိုလူမျိုတွေဆီကို ကိုယ့်ကြေညာတွေရောက်အောင် Boost တွေလုပ်ကြည့်ပါ။
တကယ်လို့ မိတ်ဆွေမှာ အဲလိုတွေလိုက်လုပ်နေဖို့ အချိန်တွေမပေးနိုင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် လုပ်ဖို့မဖြစ်နိုင်ရင် အကောင်းဆုံးနည်းက နားလည်တတ်ကျွမ်းတဲ့သူတွေကို လုပ်ခိုင်းတာပါပဲ။ အဲဒီအတွက် ကျွန်တော်တို့ မိတ်ဆွေကို အကောင်းဆုံးကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့မှာ အလွန်သက်သာတဲ့ နှုန်းထားများနှင့်
👉page Management Services တွေ
👉Auto Reply Chat Bot Services တွေအပြင်
👉ရောင်းအားတက်စေမယ့် Copy Writing တွေ
👉Branding ဖြစ်စေမယ့် Content Writing Services တွေ
👉Boosting Services တွေကို တစ်ခုချင်းသော်လည်းကောင်း Package အလိုက်သော်လည်းကောင်း ဝန်ဆောင်မှုပေးနေပါတယ်။
စိတ်ဝင်စားရင်တော့ ဖုန်းလေးနဲ့သာ ဆက်သွယ်လိုက်ပါ။ ပြီးမှ လုပ်သင့်မလုပ်သင့် စဉ်းစားပါ။
Your Business is Our Business
Solutionloof
09-958126185