Aung Thu Printing & Advertising

Aung Thu Printing & Advertising တံဆိပ္ရိုက္လုပ္ငန္းအမ်ိဳးမ်ိဳး

ပံ့သကူပစ်ပါ!တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲစိတ်စေတနာ သန့်ရှ...
16/11/2020

ပံ့သကူပစ်ပါ!

တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။
ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။

အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ

ကိုယ် တတ်နိုင်သည့် ပမာဏလေးကို
စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်

ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။

ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ
ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး
ပံ့သကူပစ်ကြပါနော်။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့
ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့
အကြွေးလို ခံစားရမည့်အသိ
ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လွပ်စွာ ပျော်
ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ
ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ်တဲ့ အခါ
ဗုံးလား၊ မသာမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင်

ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ
ရယူနိုင်ကြပါစေ။

🌕 တန်ဆောင်မုန်းလပြည့်ညမှာ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။

ရယူတဲ့ ပျော်ရွှင်မှုထက်
ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက
ပိုအေးချမ်းရတယ် မဟုတ်လား။

Crd :

တန်ဆောင်မုန်း လပြည့်နေ့
၁၃၈၂ခုနှစ်၊ (29.11.2020) တနင်္ဂနွေနေ့။

19/03/2020

ပီနံအိတ်​ တံဆိပ်​ရိုက်​မည့်​သူများ
အတွက်​ ပီနံအိတ်​ တံဆိပ်​ရိုက်​စက်
ရောက်​လာပါပီဗျာ
မကြာမှီ အား​ပေးလို့ရပါပီ

Address

Myingan
05251

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420718809

Website

Alerts

Be the first to know and let us send you an email when Aung Thu Printing & Advertising posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Thu Printing & Advertising:

Share