12/09/2023
Beginnerတွေအဆင်ပြေမှာပါ
💥Crypto free သမားတွေအတွက် Airdropအကြောင်းပြောပြပေးမာပဲဖြစ်ပါတယ် အဲ့တော့ Airdropဆိုတာဘာလဲ ဘာလို့Airdropပေးတာလဲ Airdropလုပ်ဖို့ဘာတွေလိုအပ်လဲ အဲ့မေးခွန်းတွေအတွက် အဖြေကို အောက်မာ ဆက်ဖတ်လိုက်ပါ
💥Airdropဆိုတာဘာလဲ? Airdropဆိုတာက ကုန်ပစ္စည်းတခုကိုကြော်ညာတဲ့အနေနဲ့ အစမ်းပေးသုံးတဲ့သဘောမျိုးပါ cryptoအသစ်ထုတ်လိုက်တဲ့သူက သူ့ရဲ့crypto အသစ်ကို လူ တွေကို အစမ်းသဘောအနေနဲ့Airdropပေးပီး ဖြန့် ဝေလိုက်တယ် သူတို့ရဲ့cryptoကို ကြော်ညာပီးသားလဲ ဖြစ်တာပေါ့ လူတွေက အစမ်းသုံးရင်း သဘောကျသွားရင် သူတို့ရဲ့projectမှာ ဆက်လက်ပါဝင်လာမလား ဆိုတဲ့မျော်လင့်ချက်နဲ့ပေးတာပါ ကိုယ်ကAirdropကို jointရင် သူတို့လုပ်ခိုင်းတဲ့taskလေးတွေလုပ်ပီး free reward လေးတွေရမှာပဲ ဖြစ်ပါတယ်ဒီလောက်ဆိုရင်airdropဘာလို့ပေးလဲဆိုတာ သိလောက်ပီထင်ပါတယ်
💥Airdrop လုပ်ဖို့ဘာတွေလိုအပ်လဲ? Airdropလုပ်ဖို့ဆိုရင် (Twitter,Telegram, Instagram,
YouTube,Discord, Medium, Reddit) စတဲ့ Social Appတွေလိုပါမယ်
Cryptoတွေကို သိမ်းထားဖို့ အတွက်တော့
Trust Walletallet,Coinbase အဲ့appတွေနဲ့ တချို့airdropတွေမာဆိုရင်လူဖိတ်ခေါ်ရတာမျိုး(refer)တွေလိုအပ်ပါတယ် Airdropကောင်းကောင်းတခုနဲ့တိုးမယ်ဆိုရင် အချီကြီးရနိုင်ပါတယ်
💥Airdrop လုပ်ပီဆိုရင် အရင်ဆုံးသူ့ telegram ကို အရင် join ရပါတယ် Airdropတော်တော်များများမှာလုပ်ရတဲ့taskတွေက telegram channelကို jointပေးရပါတယ် twitter ကို follow ပေးပီး သူတို့ရဲ့postကိုtweetပေးရပါတယ် တော်တော်များများကတော့ ဒါလောက်လုပ်ပေးယုံနဲ့ ရပါတယ်ဒါက အကြမ်းဖျင်းပြောပြတာပါ airdropကလုပ်ရမခက်ပါဘူး
💥Airdropလုပ်ပီဆိုရင် စိတ်လဲရှည်ရပါမယ် Airdropက အပင်စိုက်တာနဲ့တူပါတယ် ခုစိုက်ခုစားလို့မရပါဘူး အချိန်တော့စောင့်ရပါသေးတယ်ပီးတော့airdropမာဆိုရင် all user ကိုပေးတာနဲ့random userကိုပေးတာ ဆိုပီး နှစ်မျိုးရှိပါသေးတယ် ဒါက နောက်ပိုင်း လုပ်ရင်းသိလာပါလိမ့်မယ် နောက်ပီးairdropမာ token add တာတွေကိုတော့ post တခု တင်ပီးပြောပြသွားပါမယ်
💥Airdropလုပ်ရင် ရှောင်ရမဲ့ Scam❗ airdropအကြောင်းလဲပြောချင်ပါတယ် တချို့airdropတွေက giveaway ဆိုပီး ဂျင်းထည့်တာရှိပါတယ် မင်းမှာပိုက်ဆံဒီလောက်မဲပေါက်တယ် အဲ့ဟာကို ထုတ်ဖို့အတွက် ဘယ်လောက်သွင်းရမယ် အဲ့လိုဟာတွေ့ရင်တော့ ဝေးဝေးကသာရှောင်ပါ အဲ့လိုဟာတွေကဂျင်းတွေပါ ကိုယ့်ပိုက်ဆံအိတ်ထဲက ပိုက်ဆံထွက်မဲ့အလုပ်ဆို ဝေးဝေးကသာရှောင်ပါ Airdropအခု၁၀၀ မာ၇၀လောက်ကဂျင်းတွေပါ
ကျနော်ကတော့ ဆျာတွေဆီတင်တဲ့ Legitရွှေးပီးလုပ်ပါတယ်
🌀ဆိုတော့ ဒီလောက်ဆို Airdrop အကြောင်း သိလောက်ပီထင်ပါတယ်အကောင့်ဖွင့်နည်းတွေတော့ ကျနော် မတင်တော့ပါဘူး အားလုံးပဲ ကိုယ့်ဟာကိုယ် လေ့လာပီး ဖွင့်ကြည့်ကြပါ
Crypto Myanmar