ငွေရှာစို့

ငွေရှာစို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်?

စကားထာနဲ့ပတ်သက်ရင် သင်ဘယ်လောက်ကျွမ်းသလဲ၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)၂။ အစာကို နှစ်ယော...
05/07/2022

စကားထာနဲ့ပတ်သက်ရင် သင်ဘယ်လောက်ကျွမ်းသလဲ

၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)
၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ဝါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)
၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)
၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)
၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)
၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)
၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)
၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)
၉။ အမြင်နီး ခရီးဝေး။ (တောင်)
၁၀။ စည်ကြီးတီး မျက်နှာမည်းကြီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကြိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်)
၁၁။ မတီးဘဲမြည်။ (မိုးခြိမ်းသံ)
၁၂။ ခုတ်လို့မပြတ် သတ်လို့မသေ။ (ရေ)
၁၃။ အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချ ိုင်း)
၁၄။ ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)
၁၅။ သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)
၁၆။ ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက်။ (အိုး)
၁၇။ သားကရိုက်တော့ အမေငို၊ ဝမ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။ (မောင်း)
၁၈။ သံသာငှက်ကြီး ရင်ပတ်တီး၊ အမြီးခါးလယ်မှာ။ (လယ်ကွင်း)
၁၉။ နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လဲ တစ်ပေါက်တည်း။ (အပ်)
၂၀။ ကျိုးကျိုးကျည် မြည်လို့လာ၊ အိမ်ရောက်ခါမှ မေးထောက်ကာ။ (လှည်း)
၂၁။ ရေလယ်ကောင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း။(ကျောက်ပြင်)
၂၂။ အသီးပေါ်အပင်ပေါက် ခြေထောက်တစ်ချောင်းထောက်။(နာနတ်သီး)
၂၃။ နေ့ချွတ်၊ညဝတ်။(တံခါးမင်းတုပ်)
၂၄။ အစိမ်းပေါ်အဖြူတင်၊အဖန်လာမှအနီရောင်ဆင်။(ကွမ်းယာ)
၂၅။ သူ့ကိုရိုက်တော့ချာချာလည်၊ကြိုးကိုဆွဲပြီးငိုရှာတယ်။(ကြေးစည်)
၂၆။ ကန်ထဲမှာရေ၊ရေထဲမှာမြွေ၊မြွေခေါင်းမှာရွှေ။(မီးခွက်)
၂၇။ အညာကဆင်ဖြူ၊အမွှေးထူ။(ကြက်သွန်ဖြူ)
၂၈။ ဖူးကနဲထောင်၊ဖောင်ကနဲလဲ၊ရဲရဲနဲ့တွဲလွဲဆွဲ။(ငှက်ပြောဖူး)
၂၉။ သူ့အပင်နွဲ့ချောင်း၊မတက်ကောင်း၊စားကောင်းပါရဲ့ဖူးတံနဲ့။(ပြောင်းဖူး)
၃၀။ ပဝါခြုံလုံပါပေ့၊ဆံမြိတ်ချ၊လှပါပေ့၊ကျောက်တန်းစီညီပါပေ့။(ပြောင်းဖူး)
၃၁။ ခြုံကြားထဲကမင်းကုသ၊ခေါင်းပေါင်းစနှင့်ထ။(နာနတ်သီး)
၃၂။ ဆီမပါ ၊ ဆားမပါ ၊ ပေါင်ကြားထဲကဟာ ၊ အရသာရှိလိုက်တာ။(နွားနို့)
၃၃။ ဆုပ်လျှင်စူး၊နမ်းလျှင်မူး၊စားလျှင်ရှုး။(ပဒိုင်းသီး)
၃၄။ ဒို့နွားတစ်ကောင်၊ဘို့တစ်ထောင်။(ကြက်ဟင်းခါးသီး) ခြေရာလည်းပျောက်၊ရေလည်းနောက်။(ဆန်ဆေးရေ)
၃၅။ နွားမတစ်ရာရေဆင်းလာ၊ ခြေရာလည်းပျောက်၊ရေလည်းနောက်။(ဆန်ဆေးရေ)
၃၆။ သူ့ပင်စည်ကမြွေပွေးပြောက်၊သူ့အသီးကပြည်တောင်လောက်။(သင်္ဘောသီး)
၃၇။ ဖတ်လတ်ဖတ်လတ် ၂ဖတ်လတ်၊တွဲလွဲတွဲလွဲ ၂ တွဲလွဲ၊ဒေါက်လောက် ၊ဒေါက်လောက် ၊၄ ဒေါက်လောက်။(ဆင်)၂ ဖတ်လတ်= နားရွက် ၂ခု။
၂ တွဲလွဲ = နှမောင်းနဲ့အမြီး။၄ ဒေါက်လောက် = ခြေလေးချောင်း။
၃၈။ ရေမရှိမြစ်လယ်ကောင်၊ထင်းမရှိတောင်၃တောင်၊နှမ မရှိ ၆ ယောက်မောင်။ (မေတ္တတရား)
ထင်းမရှိတောင်၃တောင် = အနိစ္စ၊ဒုက္ခ၊အနတ္တ။နှမ မရှိ ၆ ယောက်မောင်= အာရုံ ၆ ပါး။
၃၉။ ပန်းဇော်တကို၊နေ့ညမဆို၊ဆင်စေလိုသည်၊ဗဟိုရ်ရင့်ကျူး၊နာရီမှူး။(ကြက်ဖ)
၄၀။ ဆယ့်ခြောက်ပြည်ထောင်ပိုင်စိုး၊မင်းမျိုးငဲ့ရာဇာရှေးကုသိုလ်ကံမကောင်းတာကြောင့်၊ခေါင်း၊ခြေ၊လက်မပါ။(၁၆ ပြည်ဆံသည်။တင်းတောင်း)
၄၁။ သဒ္ဒါလည်းမတတ်၊ပရမတ်လည်းမကျေ၊လူရှေ့မှာလည်းနေ၊မှန်လျှင်မှန်စေ၊မမှန်လျှင်လျှာထုတ်ပြသည်။(ချိန်ခွင်)
၄၂။ ခြေ ၈ ချောင်း၊ခေါင်းဘယ်ညာ၊အမြီး ခါးလယ်မှာ။(ချိန်ခွင်)
၄၃။ ချောင်းငယ်ကောက်ကောက်၊ရေလယ်နောက်နောက်။(ကျောက်ပျဉ်)
၄၄။ ရေလယ်ကောင်သောင်ထွန်း၊နတ်သမီးနေတဲ့ကျွန်း။(ကျောက်ပျဉ်)
၄၅။ ငုပ်ချည်၊ပေါ်ချည်၊သူ့ဖင်ကိုကြိုးနဲ့ချီ။(အပ်နဲ့အပ်ချည်)
၄၆။ နွားနို့တစ်ပန်းကန်၊တစ်ပြည်လုံးလျှံ။(လနဲ့လရောင်)
၄၇။ နတ်သမီးသောက်ရေကန် တံတိုင်းသုံးထပ်ရံ။(အုန်းသီး)
၄၈။ မဖွပ်ဘဲဖြူ၊မခပ်ဘဲပြည့်။(အုန်းသီး)
၄၉။ မဖွပ်ဘဲဖြူသည့်နတ်ပုဆိုး၊မခပ်ဘဲပြည့်သည့်နတ်ရေအိုး။(အုန်းသီး)
၅၀။ ဒိုက်ခုတ်တော့အုတ်ပေါ်၊အုတ်ခုတ်တော့ကြွေပေါ်၊ကြွေခုတ်တော့ရေပေါ်။(အုန်းသီး)
၅၁။ သွားတော့ခွေခွေ၊နေတော့စင်းစင်း။(ခေါင်းခု)
၅၂။ လေးထောင့်စပ်စပ်၊သူ့မျက်နှငြါ့မှာကပ်။(မှန်)
၅၃။ အပင်နွဲ့နှောင်း၊အသီးဖောင်ဖောင်မစားကောင်း။(ဆံပင်နဲ့သန်းဥ)
၅၄။ ငါ့နွားနက်နက်ချုံပေါ်တက်၊ချက်ချက်သံမျှမကြားရ။ ဆံပင်နဲ့သန်း)
၅၅။ နှစ်ယောက်တစ်တွဲ၊နေ့မှာခွဲ၊ညဘက်ကျလျှင်ပြန်ပေါင်းချုပ်။(တံခါးရွက်)
၅၆။ ကုလားမလေးခြေကောက်ကောက် ၊ ချောင်းကမ်းပါးကိုလျှောက်။(ငါးမျှားချိတ်)
၅၇။ သူ့အရိပ်ကိုခို ၊ သူ့ခါးကိုချိုး။ (သက်ငယ်)
၅၈။ တစ်နှစ်တစ်ခါပေါ်လို့လာ ၊ ငါသာမင်းလောင်းထီးဖြူဆောင်း။(မှို)


bit.ly/nssPlaystore

မေးခွန်း ပေးပါဖုန်းဘေ ယူပါ။ကျွန်တော်တို့ရဲ့ Myan Quiz - မြန်မာ့ပဟေဠိ မှာ မေးစေချင်တဲ့ မေးခွန်းတွေကို အောက်က Google Sheet...
28/06/2022

မေးခွန်း ပေးပါ
ဖုန်းဘေ ယူပါ။

ကျွန်တော်တို့ရဲ့ Myan Quiz - မြန်မာ့ပဟေဠိ မှာ မေးစေချင်တဲ့ မေးခွန်းတွေကို အောက်က Google Sheet မှာ ရေးပေးခဲ့ကြပါ။ မေးခွန်း တစ်ခုကို ဖုန်းဘေ (၃၀) ကျပ် ထည့်ပေးပါမယ်။ ဖုန်းဘေ အနည်းဆုံး တစ်ထောင်က စပြီး ထုတ်ပေးမှာ ဖြစ်ပြီး data ဖြည့်ဖို့ အောက်က Link ကို နှိပ်ပါ။

https://bit.ly/nssSheet

၃ မှတ်ရရင် မဆိုးဘူး၅ မှတ်လုံးအပြည့်ရဖို့ဆိုရင်တော့ ဉာဏ်ကြီးရှင်မှပဲ ရလိမ့်မယ်။မေးခွန်း ၁။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့...
26/06/2022

၃ မှတ်ရရင် မဆိုးဘူး
၅ မှတ်လုံးအပြည့်ရဖို့ဆိုရင်တော့ ဉာဏ်ကြီးရှင်မှပဲ ရလိမ့်မယ်။

မေးခွန်း ၁။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်?

မေးခွန်း ၂။ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်?

မေးခွန်း ၃။ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ အမည်မှာ မည်သူနည်း။

မေးခွန်း ၄။ နိုဗယ်ဆု ရရှိသော မြန်မာနိုင်ငံသား အမည်?

မေးခွန်း ၅။ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံသား အထွေထွေ အတွင်းရေးမှူးချုပ်အမည်?

Myan Quiz ဆိုတာ
အခုလိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို Money Drop Myanmar လိုမျိုး ဖုန်းထဲမှာ ဖြေလို့ရတဲ့ app ဖြစ်ပါတယ်။

ပလေးစတိုးမှာ ဒေါင်းဖို့ အောက်က link ကို နှိပ်ပါ
bit.ly/nssPlaystore

ပလေးစတိုးမှာ  ⬆⬆⬆ Update လုပ်ဖို့ အောက်က Link ကို နှိပ်ပါ 👇👇bit.ly/nssPlaystore
26/06/2022

ပလေးစတိုးမှာ ⬆⬆⬆ Update လုပ်ဖို့ အောက်က Link ကို နှိပ်ပါ 👇👇
bit.ly/nssPlaystore

ဖုန်းဘေ မဲပေါက်သူများ စာရင်းLive ဗီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။https://www.facebook.com/100577978558887/videos/722297...
25/12/2021

ဖုန်းဘေ မဲပေါက်သူများ စာရင်း

Live ဗီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/100577978558887/videos/722297322491678

Bee Kyal
https://www.facebook.com/bee.kyal.7399

မန်းသူလေး အသဲတခြမ်း
https://www.facebook.com/profile.php?id=100026048416701

Phyu Phyu Aung
https://www.facebook.com/profile.php?id=100022753494079

Sai Mu
https://www.facebook.com/profile.php?id=100072579594601

Hla Moe
https://www.facebook.com/profile.php?id=100029006031033

Kay Thawe Khaing (သွယ်)
https://www.facebook.com/kay.thawe.3762

Live ဗီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/100577978558887/videos/722297322491678

တကယ်လို့ စာရင်းမှားနေရင် cb မှာ လာပြောပေးပါ။

မြန်မာ့ ပဟေဠိ - Myan QuizMoney Drop Myanmar (ငွေတွေဝင်) တီဗွီ အစီအစဉ်လိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတ ဉာဏ်စမ်း...
19/12/2021

မြန်မာ့ ပဟေဠိ - Myan Quiz

Money Drop Myanmar (ငွေတွေဝင်) တီဗွီ အစီအစဉ်လိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတ ဉာဏ်စမ်းမေးခွန်းတွေကို ဖုန်းထဲမှာ အခမဲ့ ဖြေဆိုလို့ ရမယ့် မြန်မာ့ ပဟေဠိ - Myan Quiz ကို ပလေးစတိုးမှာ ဒေါင်းနိုင်ပါပြီ။

ပလေးစတိုးမှာ ဒေါင်းရန် အောက်က link ကိုနှိပ်ပါ။
bit.ly/nssPlaystore

ပလေးစတိုးမရှိသည့် ဖုန်းများအတွက် အောက်က link ကိုနှိပ်ပါ
bit.ly/nssApkpure

ယနေ့ Update v.1.0.1+2 တွင် ပါဝင်လာသည့် အချက်များ
- Online / Offline နှစ်မျိုးလုံးတွင် ဆော့ကစား နိုင်
- Offline တွင် မေးခွန်းပေါင်း ၁၀၀+ ကျော်
- Online တွင် မေးခွန်းပေါင်း ၅၀၀+ ကျော်
- နေ့စဉ် မေးခွန်း အသစ်များ ထည့်ပေးလျက်ရှိ

ဗဟု သုတ ပြိုင်ပွဲ ဝင်ပြိုင်ရင်းဖုန်းဘေ လက်ဆောင် ယူလိုက်ကြရအောင်!ဘယ်လို ဝင်ပြိုင်ရမလဲMyan Quiz မှာ ကိုယ် account ကို scre...
19/12/2021

ဗဟု သုတ ပြိုင်ပွဲ ဝင်ပြိုင်ရင်း
ဖုန်းဘေ လက်ဆောင် ယူလိုက်ကြရအောင်!

ဘယ်လို ဝင်ပြိုင်ရမလဲ
Myan Quiz မှာ ကိုယ် account ကို screenshot ရိုက်ပြီးရတဲ့ အမှတ်ကို comment မှာ ပုံနဲ့တကွ လာမန့်ရုံပါပဲ။

ဝင်ပြိုင်တဲ့သူတွေ ထဲက ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး

သုံးထောင် (၁) ဦး
နှစ်ထောင် (၁) ဦး
တစ်ထောင် (၅) ဦး

နဲ့ စုစုပေါင်း ဖုန်းဘေ တစ်သောင်း မဲဖောက်ပေးသွားပါမယ်ခင်ဗျ။

လုပ်ရမှာကတော့
၁ ။ ဒီ post ကို share ပါ။
၂။ အောက်က ပုံမှာ ပြထားသလို ကိုယ့် account ကို screenshot ရိုက်ပြီး comment မှာ လာမန့်ပေးပါ။

ဒါဆိုရင်တော့ ဖုန်းဘေ လက်ဆောင် ရနိုင်မယ့် စာရင်းထဲကို ပါမှာ ဖြစ်ပါတယ်။

ကံထူးရှင် (၇) ဦးကို လာမယ့် TGIF သောကြာနေ့မှာ random comment picker နဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Myan Quiz မရှိသေးတဲ့ သူတွေက
ဒေါင်းနိုင်ပါတယ်။နှိပ်ပါ။

ပလေးစတိုး မှာ ဒေါင်းဖို့ အောက်က လင့်ကို
bit.ly/nssPlaystore

ပလေးစတိုး မရှိတဲ့သူတွေက APK Pure မှာ ဒေါင်းဖို့ အောက်က လင့်ကို နှိပ်ပါ
bit.ly/nssApkpure

ယနေ့ ထိပ်ဆုံး ကစားသမားများ စာရင်း
14/12/2021

ယနေ့ ထိပ်ဆုံး ကစားသမားများ စာရင်း

Address

Naypyitaw
Naypyidaw
15013

Alerts

Be the first to know and let us send you an email when ငွေရှာစို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share