Haircare By Htet Htet

Haircare By Htet Htet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Haircare By Htet Htet, Marketing Agency, Naypyidaw.

မိန်းကလေးတိုင်းသိထားသင့်တဲ့ဆံပင်အကြောင်း=================================❣️ဆံပင်အကြောင်း နည်းနည်း ပြောရအောင် 💡💡ဆံပင်ဘာလိ...
09/07/2023

မိန်းကလေးတိုင်းသိထားသင့်တဲ့ဆံပင်အကြောင်း
=================================

❣️ဆံပင်အကြောင်း နည်းနည်း ပြောရအောင် 💡💡
ဆံပင်ဘာလို့ ကျွတ် ဆံသား ပျက်ဆီးရတဲ့ အကြောင်းရင်း လေးတွေ အကြမ်းဖျင်း သိထားရအောင်
❣️အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိူးသားတွေပဲဖြစ်ဖြစ် ဟာ မျက်နှာပြီးရင် ဒုတိယ ဂရုအစိုက်ဆုံးက ဆံကေသာပါပဲ။ ဆံပင်ဟာ လူသားတိုင်းရဲ့ ဒုတိယ မျက်နှာ ဖြစ်ပါတယ် …။

❣️ဒါ့ကြောင့် ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေသုံးကြသလို ဆံပင်ကိုလည်း အမျိုးမျိုး ပုံသွင်းကြ ဆေးတွေဆိုးကြ ပါတယ်။
ဆံပင်ကျွတ်ရတဲ့ အဓိအကြောင်းရင်းနဲ့ ဆံသား ပျက်ဆီးရတဲ့ သင်နေ့တိုင်း လုပ်နေတဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်..

နံပါတ် ၁🌸🌸

ခေါင်းမကြာခဏလျှော်ခြင်း”

တစ်ရက်ခြား တစ်ခါလိုလို ခေါင်းလျှော်တာ ကလည်း ဆံပင်ကို ကျွတ်စေပီး ဦးရေပြားပေါ်မှာ ရှိသင့်တဲ့ အဆီပမာဏ ခမ်းခြောက်ကာ ဗောက်လည်းထစေပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့် ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် သာလျှော်သင့်ပါတယ် …။

နံပါတ် ၂ 🌸🌸

အမြဲတမ်း မကြာခဏ ဆံပင်ပုံသွင်းခြင်း”
Flat Iron , Iron Curler. Spray . gel . Wax glossy wax gel, များ သုံး၍ ပုံသွင်း ခြင်းကြောင့် ဆံပင် ကျွတ်ခြင်းနှင့် ဆံပင်သား ခြောက်သွေ့ပြီး ပျက်ဆီးစေပါတယ်။ သုံးပြီး တိုင်း ခေါင်းပြန်လျော် ပေးရပါမယ်နော်

နံပါတ် ၃ 🌸🌸

Unhealthy food များ daily စားသုံးခြင်း”

ကိုယ်တွင်းရှိ ရောဂါအခံအရ သော်လည်းကောင်း စိတ်ဖိအား Mental Stress ကြောင့်သော် လည်းကောင်း အသင့်စား အာလူးကြော်များ အချိုရည်များ စသောအစားအသောက် တွင် ဆီကြော်များ မသန့်ရှင်းသော အစားသောက်များ အသင့်စားအစားသောက်များ ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ် ။

နံပါတ် ၄ 🌸🌸

❌❌လွဲမှားသော shampoo များသုံးစွဲမိခြင်း”

မိမိ ဆံသားနှင့် ဦးရေပြား ပေါ် တွင် ဗောက် မရှိသည် ကို ပရုတ်အေး ပါသော ဗောက် ပျောက် သော Shampoo များ .ဦးရေပြားအဆီပြန်သူက ( Oily Sclap ) moisture or Hydration Shampoo များနှင့် လျော်မိရင် ပို၍ အဆီပြန်ပြီး ဗောက်ထ ဆံပင် ကျွတ်နိုင်ပါ တယ်.
ဒီအချက်ကို အထူးဂရုစိုက်ပေးစေလိုပါတယ်။

နံပါတ် ၅ 🌸🌸

Conditioner နှင့် Hair Treatment များ လွဲမှားစွာသုံးမိခြင်း ”

Hair Treatment or Conditioner များကို သုံးစွဲရာတွင် ဦးရေပြားမှာ ပုံ၍ သုံးစွဲမိလျင် ဆံပင် ကျွတ် နိုင်ရုံမျှမက ဦရေပြားပျက်စီး ခြောက်သွေ့ စေပီး ဗောက်ထစေပါတယ်..

Conditioner သုံးတဲ့ အချိန်တိုင်း လည်း ဦးရေပြား ကို လုံးဝ မထိမိအောင် အထူး ဂရုစိုက်ပေးပါရှင့်

အခုဆိုရင် ခေါင်းလျှော်ရည်တွေ ဟာ သူ့ဟာနဲ့ သူ

အဆီပြန်မြန်သော ဆံသား
ဗောက်ထသော ဦးရေပြား
ဆံပင်ကျွတ် သက်သာစေတဲ့
ခေါင်းလျှော် ရည် အမျိုးမျိုး ရှိတာမို့ မိမိ နှင့် ကိုက်ညီမဲ့ ခေါင်းလျှော်ရည်တော့ ရွေးသုံး ဖို့ မမေ့ကြပါနဲ့နော် အနံ့လေးတွေလည်းမျိုးစုံမို့ စိတ်ကြိုက် ရွေးသုံးလို့ရပါတယ်ရှင့်။
အောက်ကပုံလေးတွေကတော့ ဗဟုသုတ အနည်းကျဉ်းလေးပါရှင့်။ 😊

#တဆင့်ပြန်လည်မျှဝေပေးပါတယ်ရှင်

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Haircare By Htet Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share