14/01/2021
မင်္ဂလာပါဗျာ ဒီနေ့မှာတော့ Graphic Design အကြောင်းကို အခမဲ့လေ့လာလို့ရမယ့် Online Course လေးတွေကို Share ပေးလိုက်ပါတယ်ဗျ။
အဲ့တော့ စလိုက်ကြရအောင်ဗျာ။
၁။ ပထမတစ်ခုကတော့ CalArts (California Institutes of Arts) နဲ့ Coursera နဲ့ပေါင်းလုပ်တဲ့ Graphic Design Specialization Program ပါ သူ့မှာ Course 5 ခုပါပါတယ်။
Course 1: Fundamentals of Graphic Design
Course 2: Introduction to Typography
Course 3: Introduction to Imagemaking
Course 4: Ideas from the history of Graphic Design
Course 5: Brand New Brand ဆိုပြီးတော့ပါ။
ဒီ Program ကတော့တော်တော်ပြည့်စုံပါတယ် ဒီဟာကိုပြီးအောင်တက်လိုက်ရင် Graphic Design ရဲ့ Fundamental တော်တော်သိသွားပါပြီ။ Uniက သင်တာဆိုတော့ သူ့ Course တွေလိုက်လုပ်ရတာ ကျောင်းစာလိုက်လုပ်ရသလို Feelလေးနဲ့ပါ။
Graphic Design Specialization Program
https://tinyurl.com/y7dgpzkw
၂။ဒီတစ်ခုက Kadenze က Introduction to Graphic Design History ဆိုတဲ့ Course လေးပါ။ ဒီcourse ကတော့ နာမည်အတိုင်းပဲ Graphic Design ရဲ့ သမိုင်းကြောင်းတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာတွေ Graphic Design Styleတွေ Movement အမျိုးမျိုးတွေအကြောင်းလေ့လာလို့ရမှာဖြစ်ပါတယ်။
Introduction to Graphic Design History
https://tinyurl.com/y2yckbmx
၃။ ဒီတစ်ခုကတော့ Envatotuts+ က Illustrator ရယ် Photoshop ရယ် Indesign ရယ်ကို အခုမှစသုံးမယ်သူတွေအတွက် အသုံးပြုပုံတွေကို လေ့လာလို့ရမယ် Courseပါ ဒီ Course ကိုလိုက်လုပ် လိုက်ရင် software သုံးရတာတော်တော်အဆင်ပြေသွားပါပြီ။
Illustrator Basics Course
https://tinyurl.com/y5wykx55
Photoshop Basics Course
https://tinyurl.com/y53gglrc
Indesign Basics Course
https://tinyurl.com/y332jwy8
၄။ ဒီတစ်ခုကတော့ Skillshare နဲ့ Maryland Institutes of Arts နဲ့ ပေါင်းလုပ်ထားတဲ့ Graphic Design Basics: Core Principle of Graphic Design ဆိုတဲ့ Course ပါ။ ဒီ Course မှာ Basic Principles ၅ခု ဖြစ်တဲ့ Symmetry, Scale, Framing, Hierarchy, and Grid အကြောင်းတွေရယ် အဲ့ Principle တွေကို ဘယ်လိုအသုံးချလို့ရလဲဆိုတာရယ်ကို လေ့လာလို့ရမှာဖြစ်ပါတယ်။ နောက်ပြီး Course က ၃၅မိနစ်လောက်ပဲဆိုတော့ပေါ့ပေါ့ပါးပါးကြည့်သွားရုံပါပဲ။
Graphic Design Basics: Core Principles for Visual Design
https://tinyurl.com/y7qjyasx
၅။နောက်ဆုံးတစ်ခုကတော့ Canva Design School က Course ပါ အဲ့တစ်ခုကတော့ကျွန်တော်ပြောထားပေးပြီးသားဆိုတော့ အဲ့အကြောင်းကို အောက်ကLinkကနေ ဝင်ဖတ်ကြည့်လို့ရပါတယ်ဗျ။
Graphic Design Basics
facebook.com/duodesignlab/posts/124173342626651
ဒီcontent လေးကတော့ဒီလောက်ပါပဲဗျာ။ ဒီ Course တွေကိုလုပ်ကြည့်ပြီး Designer အဂျွတ်ကြီးတွေဖြစ်ဖို့အတွက် အစပျိုးလို့ရသွားမယ်လို့မျှော်လင့်ပါတယ်ဗျာ။ အချိန်ယူဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။
ဒီ content လေးကိုရေးတာကတော့ Duo Design Lab ကကျွန်တော် Admin Auston ဖြစ်ပါတယ်ဗျ။