Tu Tu Lay

Tu Tu Lay Tu Tu Lay

 #ကုန်းဘောင်မင်းဆက် (၁၁)ဆက်”•••••••••••••••••••••••••••  မြန်မာသမိုင်းတွင် တိုင်းပြည်တစ်လုံးတစ်စည်းတည်း ရှိစေရန် လေးကြိမ...
29/09/2021

#ကုန်းဘောင်မင်းဆက် (၁၁)ဆက်”
•••••••••••••••••••••••••••

မြန်မာသမိုင်းတွင် တိုင်းပြည်တစ်လုံးတစ်စည်းတည်း ရှိစေရန် လေးကြိမ်မျှ စည်းရုံးခဲ့ရသည်။
၁။ အနော်ရထာမင်း၊
၂။ ဘုရင့်နောင်၊
၃။ ဦးအောင်ဇေယျ၊
၄။ ဗိုလ်ချူပ်အောင်ဆန်းတို့၏ လက်ထက်တွင် ထိုသို့သော လွတ်လပ်စွာ စည်းရုံးမှုများ အောင်မြင်ခဲ့သည်။

မြန်မာနိုင်ငံတော်ကြီးကို တတိယအကြိမ် စည်းရုံးခဲ့သော ဦးအောင်ဇေယျမှသည် သီပေါမင်းအထိ မင်း (၁၁)ပါးတို့၏ ကုန်းဘောင်မင်းဆက်မှာ သက္ကရာဇ် ၁၁၁၄-ခုမှ၊ ၁၂၄၇-ခုနှစ်အထိ နှစ်ပေါင်း ၁၃၃-နှစ် ရှည်ခဲ့၏။

ဤမင်းဆက်ကို မုဆိုးဘို၊ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ၊ ရွှေဘိုဟု နာမည်အမျိုးမျိုး မှည့်ခေါ်သော ကုန်းဘောင်မြို့မှ အလောင်ဘုရားကြီး ဦးအောင်ဇေယျ စတင်တည်ထောင်ခဲ့သဖြင့် ကုန်းဘောင်မင်းဆက်ဟု ခေါ်တွင်သည်။

ထိုကုန်းဘောင်မင်းတို့တွင်—
၁။ အလောင်ဘုရားဦးအောင်ဇေယျ။
၂။ နောင်တော်ကြီး။
၃။ ဆင်ဖြူရှင်။
၄။ စဉ့်ကူးမင်း။
၅။ ဖောင်းကားစား မောင်မောင်။
၆။ ဘိုးတော်ဘုရား။
၇။ ဘကြီးတော်ဘုရား။
၈။ သာယာဝတီမင်း။
၉။ ပုဂံမင်း။
၁၀။ မင်းတုန်းနှင့်
၁၁။ သီးပေါမင်းတို့ ဖြစ်ကြသည်။
… … … … …

“ကုန်းဘောင်မင်းဆက် တေးထပ်”
----------------------------------------

(၁) ဦးအောင်ဇေ အမှူးမြောက်၊
ထူးတစ်ယောက် တင်မူ။

(၂) ဦးလောက်,ပ ဘုရင်တစ်ဆူ၊
(၃)ဆင်ဖြူရှင် တခန်း။

(၄) စဉ့်ကူးမင်း ကောင်းစားမီ၊
(၅) ဖောင်းကားညီ လုတဲ့ရွှေနန်း။

(၆) ဦးဝိုင်း,ပ ပထမခေါင်ပျော်၊
(၇) မြနောင်တော် ရေဖျန်း။

အမရဆောင်ပေါ် ဗွေကြငှန်းမှာလ၊
ရွှေစာတမ်း ဖွဲ့ပြန်။

(၈) ကုန်ဘောင်ပျော် နေလိုဝင်း၊
(၉) ရွှေဘိုမင်း သားမြတ်ပုဂံ။

ချမ်းအေးဖို့ ပန်းမွှေးပန်၊
မန္တလေးစံ တောင်လက်ရုံးရယ်နှင့်၊
(၁၀) မင်းတုန်းမင်း (၁၁) သီပေါအရှင်၊
ထီးနှင့် ပလ္လင်။

ဆယ့်တဆက် အုပ်စိုးတင်၊
မုဆိုးဘုရင် စခန်းမို့လေး။ ။

_________________________
ညိုမြ
ကုန်းဘောင်ရှာပုံတော်မှ ကောက်နုတ်ချက်
Credit.

 Credit to
23/09/2021


Credit to

 #စိုးမြင့်ကြော်ရှင်းတမ်း စားဖူးသူ‌တွေလွမ်းပေတော့ ကိုယ်လည်း လွမ်း လွန် လွန်း လို့... ကျွန်တော်တို့ RASU စီနီယာတွေမှာ သမိ...
20/09/2021

#စိုးမြင့်ကြော်ရှင်းတမ်း

စားဖူးသူ‌တွေလွမ်းပေတော့
ကိုယ်လည်း လွမ်း လွန် လွန်း လို့...
ကျွန်တော်တို့ RASU စီနီယာတွေမှာ သမိုင်းစုံတယ်။
COPY မ လာတာပါ။
ရှေးအခါကတက္ကသိုလ်ဝင်းတွေထဲက စိုးမြင့်ကြော် သမိုင်း
wwwwwwwwwwwwwwwwwwwwwwwwwww

ကျွန်တော့် မိတ်ဆွေကြီး ကိုကျော်စွာမင်း အား ဤစာစု ဖြင့် ဦးညွှတ် ပါတယ် ၊
လူ အ များ ငြင်းခုံ နေကြတာ ၊ သေသေ ခြာခြာ ၊ ရေရေရာရာ မသိတဲ့ သူတွေ
အတွက် ၊ အဆင်ပြေရင် မှတ်တမ်း လေး ဖြစ်အောင် ရေးပါ အစ်ကို လို့ တိုက်တွန်း
တဲ့ အတွက် ရေးလိုက်ရတာပါ ။

တစ်ကယ်တော့ ရည်ရွယ်ချက် မရှိဘဲ အပျော်သဘော နဲ့ ကျောင်းသားဘဝ ၊ လွတ်လွတ်လပ်လပ် ဘာမှ
စောင့်ထိမ်း စရာ မလို တဲ့ ငယ်ရွယ်စဉ် အခါက လုပ်ခဲ့ကြတဲ့ လုပ်ရပ်လေး ဟာ ဒီနေ့ အထိ အမှတ်တရ
တက္ကသိုလ် ဝန်းကျင် မှာ ထင်ကျန်ရစ် နေတာ ဆိုတော့ ဝမ်းသာ ရပါတယ်။
ခုချိန်မှာ တော့ ရှက်စရာလိုလို ၊ ရီစရာလိုလို ဖြစ်နေတာတော့ တစ်ကယ်ပါ ၊

ကျွန်တော် စိန်ဂျွန်းကျောင်းသား ဘဝ က စပြောမှ ဘဲ ပြည့်စုံမှာမို့ ၊ အားလုံးလည်း သိသင့် တယ်
ထင်လို့ တင်ပြပါရစေ ၊

စိန်ဂျွန်းကျောင်းက မုန့်စျေးတန်းမှာ အပျိုကြီး ထမင်းကြော်ဆိုင် ဆိုတာ ရှိပါတယ် ၊ ထမင်းဖြူ လေးကို
ဝက်ဆီ နဲ့ကြက်သွန်ဖြူ ဆီ သတ်ပြီး ၊ ပဲငံပြာရည် ၊ ကြာညှို့ ၊ အချိုမှုန့် လေး သုံးပြီး ဒယ်အိုးပေါ်မှာ မီးမျှင်း
မျှင်းလေးနဲ့လိမ့်ထားတာပါ ၊ပြီးတော့ ဝက်သား ကိုပြုတ်ပြီး အနေတော် အပြားလေးတွေလှီးပြီး ပဲငံပြာရည်
နဲ့ကြာညှို့ ၊ အချိုမှုန့်တို့သုံးပြီး ကြော်ထားပါတယ် ၊
ဟင်းချိုအတွက်ကတော့ ခုဏ ဝက်သားပြုတ်တုန်းကရောပြုတ်ထားတဲ့ ဝက်ရိုး ဟင်းချို ရယ်
သခွားချဉ် ရယ် တွဲဖက် ပေးထားပါတယ် ၊
ကျွန်တော် ၈တန်း ၊ ၉ တန်း ပထမနှစ် ၊ ၉ တန်း ဒုတိယ နှစ်ထိ ၊ နေ့စဉ် မပျက်မကွက် စားသုံးခဲ့တာပါ၊
( စိန်ဂျွန်း ကျောင်းသား ဟောင်းတိုင်း မှတ်မိမှာပါ ၊ကျွန်တော့် ဖေးဖရိတ် မနက်စာ ဘဲ ဖြစ်ပါတယ် )

ဒီလိုနဲ့ ၉ တန်းအောင် ၊ ၁၀ တန်းကိုတော့ အင်းယာ းလမ်းက စိန်ဩဂတ်စတင်း ကျောင်းပြောင်း ခဲ့ ရ
တော့ အပျိုကြီး ထမင်းကြော် နဲ့ ဝေးခဲ့ရပါတော့တယ် ၊

၁၀ တန်း ၂ နှစ် တက်ပြီး ဒေ သ ကောလိပ်ရောက် ၊
ပထမ နှစ် အောင်
ဒုတိယ နှစ် အောင်ပြီး တတိယ နှစ် ဘူမိဗေဒ တက်ဖို့ ရန်ကုန်တက္ကသိုလ် ပင်မ (RASU)
ကို ရောက်လာပါတယ် ၊(၁၉၈၁ ခုနှစ်လောက်ကပါ)

သူငယ်ချင်းတွေကလည်း M C,
R I T, ECO , MATHS, PHYSIC,ZOO, BOTANY,
စသဖြင့် Major တွေ ကွဲ ကုန်ကြပါတယ် ၊

ဒါပေမဲ့ ဒေသ ကောလိပ်တက်ခဲ့တုန်းက တစ်တွဲတွဲ နေခဲ့ကြတာ ဆိုတော့ ၊မခွဲ နိုင်ဖြစ်နေကြတာပေါ့ ၊
ဒါကြောင့် များသောအားဖြင့် အတန်းမတက်ကြဘဲ ၊ တက္ကသိုလ် စာကြည့်တိုက် ရှေ့ နဲ့ ငွေစာရင်း
ဌာန (cash) ရှေ့မှာဘဲ လူစုဖြစ်ကြပါတယ် ၊အရေးကြီးမှ ပရက်တီကယ် ၊ ကျူတိုရီယယ် ၊ ရှိ မှ
ပျက်ကွက်တာပါ ၊

မနက်စောစော ရောက်ကြပြီး လူစုံအောင်စောင့်ကြပါတယ် ၊ လူစုံမှ သိပ္ပံ ကန်တင်း ကို ချီတက်ကြ
တာပါ၊ ဒါမှမဟုတ် ကားတွေပေါ်စုတက်ပြီး ၊ ကျောင်းထဲက ဦးချစ် လ္ဘက်ရည်ဆိုင်ဖြစ်ဖြစ် ၊ လှည်းတန်း
ဖြစ်ဖြစ် ၊တစ်ခါတစ်လေ အလွမ်းပြေ R C 2 ဖြစ်ဖြစ် သွား သောက်ကြပါတယ် ၊

နေ့လည်ဖက်ရောက်ရင်တော့ ကျောင်းထဲပြန်ရောက်လာကြပြီး နေ့လည်စာ စားကြပြန်ပါတယ်၊
အများဆုံး ကတော့ သိပ္ပံ ကန်တင်းက ကိုဖိုးထောင်တို့ #မိသားစု စားသောက်ဆိုင်မှာ စားဖြစ်
ကြပါတယ် ၊သူနဲ့ ကပ်ရက် ကတော့ ကိုစိန်အေး အအေးဆိုင် ဖြစ်ပါတယ် ၊ကိုစိန်အေးကတော့
ကျွန်တော်တို့ရဲ့ အချိန်းအချက်လုပ်ရာ အော်ပရေတာ ဘဲ ဖြစ်ပါတယ် ၊
ဘယ်သူလာသွားပြီ၊ ဘယ်သူပြန်သွားပြီ၊ ဘယ်သူ ဘာမှာသွားတယ် ၊ ဘယ်သူ နောက်ကျမယ်
စောင့်ပါမှာသွားတယ် ၊စသဖြင့် အချိန်းအချက်မှန်သမျှ သတင်းပို့ပေးရသူ ဖြစ်ပါတယ် ၊

ကိုဖိုးထောင် တို့မိသားစု ထမင်းဆိုင်ကတော့ စိုးမြင့်ကြော် စတင်ရာ ဘူမိနက်သန်ဘဲ ဖြစ်ပါတယ် ၊

တစ်နေ့ တစ်နေ့ စားလိုက်ကြတာ ၊ ထမင်းကြော် ၊ ထမင်းပေါင်း ၊ ကြာဇံ ကြော် ၊ ခေါက်ဆွဲကြော် ၊
ကြက်ဥ မွှေကြော် ၊ အစိမ်းကြော် ၊ ချိုချဉ် ကြော် ၊ တောက်တောက်ကြော် ၊ ကုန်းဘောင်ကြီးကြော်၊
ကြာတော့ ထပ်နေတော့ တာပေါ့ ၊
ဒီကြားထဲဂျီးများတဲ့သူက ရှိသေးတယ် ၊ ဟို ဟာလျော့ ၊ ဒီဟာလျော့ ၊ ဒါပိုထည့်ပေး ၊ ကော်ရည်
လျော့ ၊ အစပ်လျော့ ၊ အမျိုးမျိုး ဒုက္ခပေးကြတာပေါ့ ၊ကိုဖိုးထောင်တို့ကလည်း စိတ်ရှည်ပါတယ်၊
စားသောက်ဆိုင်တွေထဲမှာတော့ ကျောင်းထဲမှာ ဖွင့်တဲ့ ကန်တင်းက စားသောက်ဆိုင်တွေက သနား
စရာ အကောင်းဆုံးပါဘဲ၊ စျေးသက်သာတဲ့အပြင် အကြွေးလည်းထားရ ၊ ကျောင်းသားတွေလည်း
ကြောက်ရ ၊ အမြတ်အစွန်းလည်းသိပ်မရ ၊စေတနာ တစ်အား ကောင်းကြပါတယ် ၊

စိုးမြင့်ကြော် ဇာတ်လမ်း စ ပါတော့မယ် ၊
အခု ပေါင်းနေတဲ့ အုပ်စုထဲမှာ စိန်ဂျွန်းထဲကပေါင်းတဲ့သူငယ်ချင်းတွေလည်းပါ ပါတယ်၊
ပိုက်ဆံ လည်းအများစုက တတ်နိုင်ကြပါတယ် ၊ အဲ့မှာ အစားအသောက် ဂျီးများကြရင်း
ကိုယ်တွေက စိန်ဂျွန်းကျောင်းတုန်းက စားခဲ့တဲ့ အပျိုကြီး ထမင်းကြော်ကို သတိရသွားတယ်
အိမ်မှာလည်း တစ်ခါတစ်လေ စမ်းပြီးကြော်စားနေကြ ဆိုတော့ ၊ ဘယ်သူစားမလဲ ငါ ကြော်
ကျွေးမယ်ဆိုတော့ ၊ တစ်ချို့က မယုံကြဘူး ၊ တရုတ်စာ ကောင်းကောင်း ချက်တတ်တာ
မသိကြဘူး ၊ သိတဲ့ သူငယ်ချင်းတွေ က မြှောက်ပေးတယ် ၊ဟေ့ကောင် စိုးမြင့် ချက်ပြလိုက်ကွာ
ဆိုတော့ ကိုယ်တွေက အရှက်မရှိ ကိုဖိုးထောင်တို့ မီးဖိုထဲဝင်ပြီး စီမံ ရတော့တာပေါ့ ၊

ဆီများတာ မကြိုက်တဲ့သူ ၊ ကော်ရည် မကြိုက်တဲ့သူ ၊ အတွက်စဉ်းစားပြီး အပျိုကြီး
ထမင်းကြော်ကိုမှီငြမ်းပြီး ၊အစိမ်းကြော်ဆန်ဆန် အရွက်၂ မျိုး ၃ မျိုး ထည့်ပြီး ကြော်
လိုက်တာပေါ့ ၊ ကြက်သားဖြစ်ဖြစ် ၊ ဝက်သားဖြစ်ဖြစ် နုတ်နုတ်မစဉ်းဘဲ အပျိုကြီး ဆိုင်က
ထမင်းကြော်အတိုင်း ခပ်ပြားပြားလှီးပြီးထည့်ကြော်တော့ ပုစံ တစ်မျိုးဖြစ်သွားတာပေါ့ ၊

ထမင်းကိုလည်း အဲ့ဒီခေတ်က ဘယ်သူမှမလုပ်သေးတဲ့ ပုံ၊ ပုဂံ လုံးထဲ ထည့်သိပ်ပြီး
ပုဂံပြားထဲ မှောက်ချ လိုက်တဲ့အခါ ဒီဇိုင်းဆန်းသွားတာပေါ့ ၊ကြက်ဥ ကလည်း
ထည့်ချင်လည်းရတယ် ၊ မထည့်ချင်လည်း ရတယ် ဆိုတော့ အိုကေ သွားပြီ၊

ပထမ တော့ သူနဲနဲမြည်း ကိုယ်နဲနဲမြည်းပေါ့ ၊
နောက်ကြတော့ သူတစ်ပွဲမှာစား ကိုယ်တစ်ပွဲမှာစားပေါ့ ၊
နောက်ပိုင်းကြတော့ ဖော်မြူလာ တတ်သွားပြီ ဖြစ်တဲ့ ကိုဖိုးထောင်ကဘဲ ကြော်ပေးတာပါ ၊

နာမည် ဖြစ်ပေါ်လာပုံ ကတော့ ရီစရာပါ ၊
သူငယ်ချင်းတွေက ကိုယ်မရှိလည်း သွားစားကြတဲ့ အခါ
ကိုဖိုးထောင်ရေ စိုးမြင့်ကြော်တာမျိုး တစ်ပွဲကြော်ပေးပါ ၊ ၂ ပွဲကြော်ပေးပါ စသဖြင့် မှကြတာပေါ့၊
ကိုယ်တွေ အဖွဲက အဲ့လို မှာစားကြတော့ ၊ ကိုဖိုးထောင်တို့ဆိုင်မှာ လာစားနေကြ အခြားကျောင်းသား
အဖွဲ့ တွေကလည်း မေးပြီ၊ ကိုဖိုးထောင် အဲ့ဒါ ဘာကြော်လဲ ၊ သူတို့ဘာတွေမှာ စားနေတာလည်းပေါ့ ၊စားစရာ
သူတို့ကော မှာစားလို့မရဘူးလား ဆိုတော့ ၊

ကိုဖိုးထောင်က နောက်နေ့ကြ ခွင့်တောင်းပြီ
ကိုစိုးမြင့်ရေ အခြားကျောင်းသားတွေကလည်းစားချင်လို့ မေးနေကြတယ်
ကျွန်တော် ကြော်ရောင်းလို့ရမလား ဆိုတော့ ၊ ကိုယ်တွေကလည်း ဘာမှ ကန့်ကွက်စရာ
မရှိတာမို့ ရောင်းပေါ့ ဘာမှ မဖြစ်ပါဘူး ကိုဖိုးထောင် သဘော ဆိုတော့ ၊ သူတို့လည်း
စရောင်းတာပေါ့ ၊
မှာတဲ့ အခါကြတော့ ဟင်းပွဲက နာမည်မရှိတော့ ဝိတ်တာ လေးတွေက ကိုဖိုးထောင်ရေ
ကိုစိုးမြင့်ကြော်တာမျိုး ၂ပွဲ ၊ ၄ ပွဲ ၊ ဆိုပြီး အော်ပြောကြတာပေါ့ ၊
နောက်ကြတော့ ကိုစိုးမြင့် ကြော်တာမျိုး ဆိုရာကနေ ကိုစိုးမြင့်ကြော် ၊ ပြီးမှ ခပ်လွယ်လွယ်
စိုးမြင့်ကြော် ဆိုပြီး ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းလာတော့တယ် ၊

ပြသနာက စလာပြီ !
ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းတော့ ......
ဘေး တစ်ဆိုင်ကျော်က ထမင်းကြော်ဆိုင်ကလည်း ခပ်တည်တည် လိုက် ကြော်ရောင်းပြီ
အဲ့မှာ ကိုဖိုးထောင်နဲ့ စကားများကြတာပေါ့
ကိုဖိုးထောင်က တိုင်ပြီ ၊ ကိုစိုးမြင့် ကျွန်တော်တို့က မူပိုင် ၊သူတို့က လိုက်တုရောင်းတာ
ဘယ်လိုလုပ်ရမလဲ ဆိုတော့ ကိုယ်တွေကကြားက ဒုက္ခ ရောက်ရတာပေါ့ ၊
ဒါနဲ့ ကိုဖိုးထောင် ကို ချော့မော့ပြီး ၊ ရောင်းပစေ ပေါ့ဗျာ ၊ ဘာတတ်နိုင်မှာလဲ ၊
ကိုယ့်မိတ်နဲ့ ကိုယ်ဘဲ ၊သူလည်းရောင်းပါစေ၊ ကိုယ်လည်းရောင်းပေါ့ ၊
ပိတ်ပင်လို့မှ မရတာ ဆိုတော့ သူလည်း စိတ်လျော့ ရတော့တာပေါ့ ၊

ဒီလိုနဲ့ မီနူးမှာကို " စိုးမြင့်ကြော် "ဆိုပြီး ထည့်ပြီး ရောင်းကြတာပေါ့ ၊
အဲ့ဒီ ကမှ Main ထဲမှာတင် Arts ကန်တင်း Eco ကန်တင်း အကုန် ပျံ့နှံ့ သွားတာပေါ့
နောက်မကြာပါဘူး RC 2 ထဲမှာပါ မှာစားလို့ရတဲ့အထိ ဖြစ်လာပါတယ် ၊

ကနေ့ ဆိုယင်တော့ မြန်မာပြည် အနှံ့မှာ ရှိ တဲ့ တက္ကသိုလ် ကန်တင်းတိုင်းလိုလိုမှာ ရှိတဲ့
စားစရာ အမယ် တစ်မျိုးအဖြစ် တွေ့ရှိနေရတာ ဖြစ်ပါတယ် ၊
========================================================
(သူငယ်ချင်း နာမည်တွေ ထည့်မရေးတာ ခွင့်လွှတ်ပါ ၊ တစ်ချို့က ခု အချိန်မှာ သူဌေးကြီး
တွေဖြစ်နေတော့ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ဆိုတော့ .....
အားလုံးကို သတိရလျက် ........)
Credit: Soe Myint

 #ကလေးကဗျာများcredit
14/09/2021

#ကလေးကဗျာများ
credit

“ကလေးငယ်လေးတွေကို အသက်အရွယ်အလိုက် ဘယ်လိုဖြည့်စွက်စာ ကျွေးသင့်သလဲ”ကလေးငယ်လေးတွေအတွက် မွေးကင်းစကနေ ခြောက်လသားအရွယ်အထိ မိခင...
05/09/2021

“ကလေးငယ်လေးတွေကို အသက်အရွယ်အလိုက် ဘယ်လိုဖြည့်စွက်စာ ကျွေးသင့်သလဲ”

ကလေးငယ်လေးတွေအတွက် မွေးကင်းစကနေ ခြောက်လသားအရွယ်အထိ မိခင်နို့တစ်မျိုးတည်းနဲ့တင် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားဖို့ကော ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်ပါ အာဟာရ အလုံအ လောက်ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးများဟာ အသက်အရွယ်ရလာတာနဲ့အမျှ လိုအပ်တဲ့ အာဟာရဓာတ်ကို မိခင်နို့ရည် တစ်မျိုးတည်းက လုံလောက်စွာ မပေးစွမ်းနိုင်တော့ပါဘူး။

ဒါကြောင့် မေမေတို့အနေနဲ့ ရင်သွေးငယ်လေး အသက်ခြောက်လ ကျော်လာတဲ့အခါမှာ ဖြည့်စွက်စာလေးတွေပါ မိခင်နို့နဲ့အတူ တွဲကျွေးပေးဖို့ လိုအပ်ပါတယ်။ ဘယ်အသက်အရွယ်မှာ ဘာဖြည့်စွက်ကျွေးရမယ်၊ ဘယ်လိုကျွေးရမယ်ဆိုတာကို မေမေတို့ သိစေဖို့ ပြောပြပေးပါမယ်။

❤️အသက် ၆ လမှ ၈ လ အရွယ်အထိ

အသက် ၆ လမှ ၈ လ အရွယ်အထိရင်သွေးငယ်လေးတွေ အသက်ခြောက်လ ကျော်လာတာနဲ့ မိခင်နို့နဲ့အတူ ဖြည့်စွက်စာလေးတွေ စတင်ကျွေးလို့ ရပါပြီနော်။ မိခင်နို့ကို တစ်ရက်လျှင် လေးကြိမ်ကနေ ခြောက်ကြိမ်အထိ တိုက်သင့်ပြီး ဖြည့်စွက်စာအနေနဲ့ ကလေးစား cereal (သံဓာတ်ပါတဲ့ဆန်) ကို ပိုပြီးပျော့သွားအောင် ချက်ပြီး ကျွေးပေးနိုင်ပါတယ်။ ဖြည့်စွက်စာကို နို့တိုက်ပြီးတဲ့အခါ၊ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ကျွေးပေးနိုင်ပါတယ်။

❤️အသက် ၈ လမှ တစ်နှစ်အထိ

အသက် ၈ လအရွယ် ရောက်ပြီဆိုရင်တော့ ကြေ ညက်နူးညံ့အောင် ချက်ထားတဲ့ ထမင်းအပြင် အသား၊ ငါး၊ ကြက်ဥပြုတ်၊ ပဲ၊ ကြက်အသဲ နဲ့ ဟင်းသီးဟင်းရွက်တွေကိုပါ အနည်းငယ် ထည့်ကျွေးနိုင်ပါပြီ။ မိခင်နို့ကိုလည်း ကလေးတောင်းသလောက်တိုက်နိုင်တဲ့အပြင် ဖြည့်စွက်စာကို တစ်နေ့သုံးကြိမ် ၊ နို့မသောက်တဲ့ကလေးကို တစ်နေ့ငါးကြိမ် ကျွေးနိုင်ပါတယ်။ အသက် 8 လနဲ့ တစ်နှစ်သားအရွယ်မှာ သေချာကြိတ်ချေထားတဲ့ သရက်သီး၊ ငှက်ပျောသီးနဲ့ သင်္ဘောသီးလည်း ကျွေးနိုင်ပါပြီ။

❤️ အသက် တစ်နှစ်မှ ငါးနှစ်အတွင်း

မိခင်နို့ကို ကလေးနှစ်နှစ်အရွယ်ထိ တိုက်ကျွေးနိုင်သလို ကလေးငယ်ကို တခြားမိသားစုဝင်တွေနဲ့အတူ တစ်နေ့ သုံးခါ ကျွေးနိုင်ပါပြီ။ ဒီကြားထဲမှာလည်း ကလေးငယ်ကို အာဟာရဖြစ်စေနိုင်မယ့် မြန်မာမုန့်တွေအပြင်၊ နာနတ်သီး၊ ငှက်ပျော သီး၊ သရက်သီး စတဲ့ အသီးအနှံတွေကိုလည်း ကျွေးပေးနိုင်ပါပြီ။

မေမေတို့အနေနဲ့ သတိထားရမယ့် အချက်က တော့ ကလေးခြောက်လအရွယ်ထိ မိခင်နို့ တစ်မျိုးထဲကိုသာ တိုက်ကျွေးသင့်ပြီး ခြောက်လကျော်မှသာ ဖြည့်စွက်စာ စတင်ကျွေးပါ။ " တန်ဆေး လွန်ဘေး" ဆိုသလို ဖြည့်စွက်စာ စကျွေးတဲ့အခါ အများကြီးကျွေးမိရင် အန္တရာယ်ဖြစ်စေတတ်တာမို့ စကျွေးကျွေးချင်းမှာ အနည်းငယ်စီသာ ကျွေးပေးပါ။
မေမေတို့ သတိထားရမယ့် အရေးကြီးဆုံး အ ချက်ကတော့ ကလေးငယ်ဟာ ပိုးမွှားရောဂါကနေ ခုခံအား နည်းသေးတာကြောင့် ဖြည့်စွက်စာ ချက်ပြုတ်ပြင်ဆင်တဲ့အခါ ကလေးငယ်ကို ကျွေးမယ့် အစားအစာခွက်ကို သေချာစွာ သေကြော သန့်စင်ထားသင့်ပြီး အစားကျွေးတဲ့အခါ ကလေးငယ်ကို လက်သေချာဆေးပေးတာမျိုး လုပ်ဆောင်ပေးရပါမယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ဖြည့်စွက်စာကို အသက်အရွယ်အလိုက် ဘယ်လိုကျွေးရမယ် ဘယ်လိုပြင်ဆင်ရမယ် ဆိုတာကို သိထားသင့်ပါတယ်နော်။
==============================

"A Brighter Future with Kings''

“ထူးချွန်ထက်မြက်သော ရင်သွေးငယ်များဖြစ်ဖို့ KINGS နှင့် အစပြုစို့”



ကလေးဉာဏ်ကောင်းစေမယ့် အစားအစာများ
05/09/2021

ကလေးဉာဏ်ကောင်းစေမယ့် အစားအစာများ

နေပြည်တော်မှာ အောက်ဆီဂျင်ရနိုင်မယ့် နေရာများ   နေပြည်တော် ကိုဘာဘူ(၅)​ရပ်ကွက်၊ လယ်ဝေးမြို့09787006878, 09754275090Oxygenင...
21/07/2021

နေပြည်တော်မှာ အောက်ဆီဂျင်ရနိုင်မယ့် နေရာများ


နေပြည်တော်

ကိုဘာဘူ
(၅)​ရပ်ကွက်၊ လယ်ဝေးမြို့
09787006878, 09754275090
Oxygen

ငွေကြယ်တံခွန်
ရာဇဌာနီလမ်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ နှင်းဆီပန်းဝိုင်းအနီး၊ သုခရတနာကွန်ကရစ်လုပ်ငန်း၊ ပျဥ်းမနားမြို့
09420226965, 0943175530
Oxygen

ကိုဇော်မင်းဦးနှင့်သူငယ်ချင်းများ
ဝိုင်ရနံ့စားသောက်ဆိုင်၊ ဗိုလ်တောက်ထိန်လမ်း၊ ဇင်ဇင်မုန့်တိုက်အရှေ့ဘက်၊ ပျဥ်းမနားမြို့
0936654292, 09420734588
Oxygen

မျှဝေသောလက်များ
မဟာဝိသုတာရာမတံခွန်တိုင်ကျောင်းတိုက်၊ ဗိုလ်ချုပ်လမ်းအနောက်ဖက်ထိပ်၊ ပျဥ်းမနားမြို့
09693055285, 09263116087, 0943121506, 095104783
Oxygen

မန်းရှင်
ဒက္ခိဏသီရီ၊ အသေးစားနှင့်အလတ်စားစက်မှုဇုံ။
09952000290, 09799046325
Oxygen

သိန်းထိုက်စံ
၂၁၈၊ရန်ကုန်-မန်လေးလမ်း၊ သပြေလှဘုန်းကြီးကျောင်းရှေ့၊ ပျဥ်းမနားမြို့
06722694
Oxygen

ကိုလင်းခိုင်
၁/၁၆၊ ရန်ကုန်-မန်းလေးလမ်း၊ကန်ဦးရပ်ကွက်၊ ပျဥ်းမနားမြို့
06722653, 06722654, 0977924066, 0977924077
Oxygen

Man Shin
နေပြည်တော်
09952000290, 09799046325
Oxygen

 လြား
21/07/2021

လြား

🎯ကိုဗစ်နဲ့ အောက်စီဂျင်ကျခြင်း🎯
အောက်စီဂျင်ကျရင် မောလား???
မောတိုင်း အောင်စီဂျင်ကျသလား ???

အများအားဖြင့် အောက်စီဂျင်ကျတဲ့အခါ မောခြင်း၊ အသက်ရှူကျပ်ခြင်းကို ခံစားရပါတယ်။ ဒါပေမယ့် အသက်ရှူမကျပ်ဘဲနဲ့လည်း အောက်စီဂျင် ကျနိုင်ပါတယ်။

Happy Hypoxia ဆိုတဲ့ အခြေအနေမှာ မောခြင်း၊ အသက်ရှူကျပ်ခြင်း စတဲ့ လက္ခဏာများမရှိဘဲနဲ့ အောက်စီဂျင် ကျနေတတ်ပါတယ်။ သတိမမူမိဘဲ အောက်စီဂျင်ကျနေတတ်တဲ့ အတွက် ဒါဟာ ပို အန္တရာယ်များပါတယ်။ ဒါကြောင့် အောက်စီဂျင် ကျမကျ အတိအကျ သိဖို့ကတော့ အောက်စီဂျင် တိုင်းစက်နဲ့ တိုင်းကြည့်ဖို့ လိုပါတယ်။ အောက်စီဂျင်ကျပြီဆိုတာနဲ့ မှောက်လျက်ထားခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း စတဲ့ လိုအပ်တဲ့ ကုသမှုများကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါဆို ကိုဗစ်လူနာတွေမောရင် အောက်စီဂျင်ကျလို့လား စိတ်ပူကြပါတယ်။ ဒါကိုလဲ အတိအကျသိဖို့ အောက်စီဂျင်တိုင်းစက်နဲ့ တိုင်းကြည့်ဖို့ လိုပါတယ်။

အချို့သူတွေမှာ စိတ်ပူပန်ခြင်း၊ စိတ်လှုပ်ရှားခြင်း ဖြစ်တဲ့အခါ ရင်ပတ်အောင့်ပြီး အသက်ရှူရခက်တတ်ပါတယ်။ ရောဂါကို အကြောက်လွန်ပြီး စိတ်ပူပန်ကာ အသက်ရှူကျပ်လာပေမယ့် တိုင်းကြည့်ရင် အောက်စီဂျင် ပုံမှန်အတိုင်း ရှိနေတတ်ပါတယ်။

ဒီလို လူတွေအနေနဲ့တော့ အသက်ကို ဖြေးဖြေးမှန်မှန် ဝအောင်ရှူပြီး စိတ်ငြိမ်အောင်ကြိုးစားပေးပါ။ တိတ်ဆိတ် အေးချမ်းတဲ့နေရာမှာ အနားယူစေပြီး နှစ်သိမ့်အားပေးပါ။

‼️‼️‼️
အားလုံးသိထားသင့်တဲ့ အချက်ကတော့
အောက်စီဂျင်ကျတိုင်း မမောပါဘူး။
မောတိုင်းလဲ အောက်စီဂျင်ကျတာ မဟုတ်ပါဘူး။

လူတစ်ယောက်ရဲ့ ပုံမှန် အောက်စီဂျင်က ၉၅ နဲ့ ၁၀၀ ကြားရှိပါတယ်။ ၉၄ အောက်ရောက်ပြီဆိုရင် အောက်စီဂျင်ကျတယ် ဆိုနိုင်ပါတယ်။

Dr. K

.com

Photo from internet

 ဗီတာမင် K ဖြည့်စွက်အားဆေး တကယ်သောက်ဖို့လိုအပ်ပါသလား????ပထမဆုံးအနေ နဲ့ ဗီတာမင် K က ဘယ်နေရာမှာ အသုံးဝင်လည်း ပြောချင်ပါတယ်...
21/07/2021



ဗီတာမင် K ဖြည့်စွက်အားဆေး တကယ်သောက်ဖို့လိုအပ်ပါသလား????

ပထမဆုံးအနေ နဲ့ ဗီတာမင် K က ဘယ်နေရာမှာ အသုံးဝင်လည်း ပြောချင်ပါတယ်။ အဓိက က တော့ သွေးခဲစေတဲ့ (Blood Clotting Effect) သတ္တိရှိပါတယ်။ ဗီတာမင် K နှစ်မျိုး ရှိပါတယ်။ K1 နှင့် K2 ဆိုပြီး နှစ်မျိုးရှိပါတယ်။

K1 ကတော့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ မှာ ပါဝင်ပြီး။

K2 ကတော့ အသား၊ ဥအမျိုးမျိုး၊ ဒိန်ခဲ စတာတွေ မှာပါပါတယ်။

ဗီတာမင် K2 ကို အရိုးပွရောဂါ နှင့် စတီးရွိတ် ကြောင့် ဖြစ်တဲ့ အရိုးပါး ရောဂါ တွေ မှာ အကျိုးရှိတယ် ဆိုပေမယ့် တိကျတဲ့ လေ့လာတွေ့ချက် တွေ မရှိသေးပါဘူး။

ဗီတာမင် K ချို့တဲ့ရင် ဘာတွေ ဖြစ်လာနိုင်မလဲ????
သွေးမတိတ်တာ ဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေ ချို့တဲ့တတ်သလဲ????

မွေးကင်းစ ကလေး တွေ မှာ အဖြစ် အများဆုံးပါ။
လူကြီးမှာ ဆိုရင်တော့ အူလမ်းကြောင်း နှင့် ပတ်သက်တဲ့ ရောဂါ တွေ ဥပမာ - Crohn’s Disease နှင့် Celiac Disease စတဲ့ရောဂါတွေ မှာ Vitamin K ကို အစားအသောက်ကနေ မစုပ်ယူနိုင်တဲ့ အတွက် ချို့တဲ့ နိုင်ပါတယ်။
ဗီတာမင် K စုပ်ယူမှု့ကို နှောင့်နှေးစေသော ဆေး သောက်နေသူများ။
အာဟာချို့တဲ့ လွန်းသူ။
အရက် အရမ်းသောက်သူ စတဲ့ သူတွေ မှာ ချို့တဲ့တတ်ပါတယ်။

ဒီလို အခြေအနေ တွေ မှာတော့ သက်ဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့ ကျွမ်းကျင် ပညာရှင် နှင့် ဆွေးနွေးပြီး မှ ဖြည့်စွက်ဆေး သောက်ဖို့ လိုအပ်ပါတယ်။

❌❌❌❌ ဒါပေမယ့် အထက်ပါ အခြေအနေ မရှိပဲ နှင့် ဗီတာမင် K ဖြည့်စွက်အားဆေး သောက်ရန်မလိုပါ။

ဗီတာမင် K က အစားအသောက် ကနေ အဓိက ရတဲ့ အာဟာရဓါတ် သက်စောင့်ဓါတ် တစ်မျိုးဖြစ်ပါတယ်။ သာမန်လူ တွေ အနေနဲ့ ဖြည့်စွက်အားဆေး သောက်ရန် မလိုအပ်ပါ။

တနေ့တာ လိုအပ်တဲ့ ပမာဏ များ
အသက် ၆ လ အထိ - 2 mcg/day
အသက် ၇ လမှ ၁ နှစ် အထိ - 2.5 mcg/day
အသက် ၁ နှစ် မှ ၃ နှစ် အထိ - 30 mcg/day
အသက် ၄ နှစ် မှ ၈ နှစ် အထိ - 55 mcg/day
အသက် ၉ နှစ် မှ ၁၃ နှစ် အထိ - 60 mcg/day
အသက် ၁၄ နှစ် မှ ၁၈ နှစ် အထိ - 75 mcg/day
အမျိုးသမီး အသက် ၁၉ နှစ် နှင့် အထက် - 90 mcg/day
ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် (အသက် ၁၉ နှစ် မှ ၅၀ အထိ) - 90 mcg/day
ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် (အသက် ၁၉ နှစ်အောက်) - 75 mcg/day
အမျိုးသား ၁၉ နှစ် နှင့် အထက် - 120 mcg/day

အခုပြထားတဲ့ တနေ့တာ ပမာဏတွေ ကတော့ ကျွန်တော် တို့ နေ့စဉ် စားသောက်နေတဲ့ အသီးအရွက် အသား ဥ ဒိန်ခဲ ပဲစိမ်းလုံး စတာတွေ ကနေ လုံလောက်စွာရရှိပါတယ်။

နိုင်ငံတကာ မှာ ဗီတာမင် K ကို ဖြည့်စွက်အားဆေး ဘယ်ဆရာဝန်မှ အထက်ပါဖော်ပြခဲ့တဲ့ ရောဂါ အခြေအနေ မဟုတ်ရင် မတိုက်ကြပါဘူး။

ဒီအပြင် ဗီတာမင် K ဖြည့်စွက်အားဆေးတွေ က အောက်ပါ ဆေးတွေ ရဲ့ အာနိသင် ကို ပါ ကျစေတဲ့ အတွက် အဓိက ရောဂါ ကို မသက်သာစေပဲ ပို ဆိုးသွားစေနိုင်ပါတယ်။ ဆေးတွေက
သွေးကျဲဆေး
အချို့သော ပိုးသတ်ဆေးများ
ကင်ဆာဆေး အချို့
အတက် ရောဂါမှာ သုံးနေတဲ့ ဆေး အချို့
သွေးတွင်း ကိုလက်စထရော ကျတဲ့ဆေးအချို့ စတဲ့ဆေးတွေ ရဲ့ အာနိသင်ကို လျှော့စေတဲ့ အတွက် အဓိက ဖြစ်နေတဲ့ ရောဂါ ကြီးတွေ ကို မသက်သာစေဘဲ ပိုဆိုးသွားစေပါတယ်။

ဒါကြောင့် မလိုအပ်ဘဲ ဗီတာမင် K ဖြည့်စွက်ဆေး တွေကို ငွေကုန်ကြေးကျ ခံ အလုပ်ရှုပ်ခံ ပြီး မသောက်ကြဖို့ နှင့် အာဟာရ ပြည့်ပြည့်ဝဝ စားဖို့ သာ အထူးလိုအပ်ကြောင်း ဒီနေရာကနေ တိုက်တွန်း အပ်ပါသည်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Zawgyi

ဗီတာမင် K ဖြည့်စွက်အားဆေး တကယ်သောက်ဖို့လိုအပ်ပါသလား????

ပထမဆုံးအနေ နဲ့ ဗီတာမင် K က ဘယ်နေရာမှာ အသုံးဝင်လည်း ပြောချင်ပါတယ်။ အဓိက က တော့ သွေးခဲစေတဲ့ (Blood Clotting Effect) သတ္တိရှိပါတယ်။ ဗီတာမင် K နှစ်မျိုး ရှိပါတယ်။ K1 နှင့် K2 ဆိုပြီး နှစ်မျိုးရှိပါတယ်။

K1 ကတော့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ မှာ ပါဝင်ပြီး။

K2 ကတော့ အသား၊ ဥအမျိုးမျိုး၊ ဒိန်ခဲ စတာတွေ မှာပါပါတယ်။

ဗီတာမင် K2 ကို အရိုးပွရောဂါ နှင့် စတီးရွိတ် ကြောင့် ဖြစ်တဲ့ အရိုးပါး ရောဂါ တွေ မှာ အကျိုးရှိတယ် ဆိုပေမယ့် တိကျတဲ့ လေ့လာတွေ့ချက် တွေ မရှိသေးပါဘူး။

ဗီတာမင် K ချို့တဲ့ရင် ဘာတွေ ဖြစ်လာနိုင်မလဲ????
သွေးမတိတ်တာ ဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေ ချို့တဲ့တတ်သလဲ????

မွေးကင်းစ ကလေး တွေ မှာ အဖြစ် အများဆုံးပါ။
လူကြီးမှာ ဆိုရင်တော့ အူလမ်းကြောင်း နှင့် ပတ်သက်တဲ့ ရောဂါ တွေ ဥပမာ - Crohn’s Disease နှင့် Celiac Disease စတဲ့ရောဂါတွေ မှာ Vitamin K ကို အစားအသောက်ကနေ မစုပ်ယူနိုင်တဲ့ အတွက် ချို့တဲ့ နိုင်ပါတယ်။
ဗီတာမင် K စုပ်ယူမှု့ကို နှောင့်နှေးစေသော ဆေး သောက်နေသူများ။
အာဟာချို့တဲ့ လွန်းသူ။
အရက် အရမ်းသောက်သူ စတဲ့ သူတွေ မှာ ချို့တဲ့တတ်ပါတယ်။

ဒီလို အခြေအနေ တွေ မှာတော့ သက်ဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့ ကျွမ်းကျင် ပညာရှင် နှင့် ဆွေးနွေးပြီး မှ ဖြည့်စွက်ဆေး သောက်ဖို့ လိုအပ်ပါတယ်။

❌❌❌❌ ဒါပေမယ့် အထက်ပါ အခြေအနေ မရှိပဲ နှင့် ဗီတာမင် K ဖြည့်စွက်အားဆေး သောက်ရန်မလိုပါ။

ဗီတာမင် K က အစားအသောက် ကနေ အဓိက ရတဲ့ အာဟာရဓါတ် သက်စောင့်ဓါတ် တစ်မျိုးဖြစ်ပါတယ်။ သာမန်လူ တွေ အနေနဲ့ ဖြည့်စွက်အားဆေး သောက်ရန် မလိုအပ်ပါ။

တနေ့တာ လိုအပ်တဲ့ ပမာဏ များ
အသက် ၆ လ အထိ - 2 mcg/day
အသက် ၇ လမှ ၁ နှစ် အထိ - 2.5 mcg/day
အသက် ၁ နှစ် မှ ၃ နှစ် အထိ - 30 mcg/day
အသက် ၄ နှစ် မှ ၈ နှစ် အထိ - 55 mcg/day
အသက် ၉ နှစ် မှ ၁၃ နှစ် အထိ - 60 mcg/day
အသက် ၁၄ နှစ် မှ ၁၈ နှစ် အထိ - 75 mcg/day
အမျိုးသမီး အသက် ၁၉ နှစ် နှင့် အထက် - 90 mcg/day
ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် (အသက် ၁၉ နှစ် မှ ၅၀ အထိ) - 90 mcg/day
ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် (အသက် ၁၉ နှစ်အောက်) - 75 mcg/day
အမျိုးသား ၁၉ နှစ် နှင့် အထက် - 120 mcg/day

အခုပြထားတဲ့ တနေ့တာ ပမာဏတွေ ကတော့ ကျွန်တော် တို့ နေ့စဉ် စားသောက်နေတဲ့ အသီးအရွက် အသား ဥ ဒိန်ခဲ ပဲစိမ်းလုံး စတာတွေ ကနေ လုံလောက်စွာရရှိပါတယ်။

နိုင်ငံတကာ မှာ ဗီတာမင် K ကို ဖြည့်စွက်အားဆေး ဘယ်ဆရာဝန်မှ အထက်ပါဖော်ပြခဲ့တဲ့ ရောဂါ အခြေအနေ မဟုတ်ရင် မတိုက်ကြပါဘူး။

ဒီအပြင် ဗီတာမင် K ဖြည့်စွက်အားဆေးတွေ က အောက်ပါ ဆေးတွေ ရဲ့ အာနိသင် ကို ပါ ကျစေတဲ့ အတွက် အဓိက ရောဂါ ကို မသက်သာစေပဲ ပို ဆိုးသွားစေနိုင်ပါတယ်။ ဆေးတွေက
သွေးကျဲဆေး
အချို့သော ပိုးသတ်ဆေးများ
ကင်ဆာဆေး အချို့
အတက် ရောဂါမှာ သုံးနေတဲ့ ဆေး အချို့
သွေးတွင်း ကိုလက်စထရော ကျတဲ့ဆေးအချို့ စတဲ့ဆေးတွေ ရဲ့ အာနိသင်ကို လျှော့စေတဲ့ အတွက် အဓိက ဖြစ်နေတဲ့ ရောဂါ ကြီးတွေ ကို မသက်သာစေဘဲ ပိုဆိုးသွားစေပါတယ်။

ဒါကြောင့် မလိုအပ်ဘဲ ဗီတာမင် K ဖြည့်စွက်ဆေး တွေကို ငွေကုန်ကြေးကျ ခံ အလုပ်ရှုပ်ခံ ပြီး မသောက်ကြဖို့ နှင့် အာဟာရ ပြည့်ပြည့်ဝဝ စားဖို့ သာ အထူးလိုအပ်ကြောင်း ဒီနေရာကနေ တိုက်တွန်း အပ်ပါသည်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Source Dr. Nutrition.

အခု နောက်ပိုင်းခေတ်စား ပြီး လူကြိုက်များ လာတဲ့ မာလာရှမ်းကော ရဲ့ ကယ်လိုရီ ပမာဏ (အကြမ်းဖျင်း)1. အရွက် (ချက်ပြီး) (တရုတ် ပန...
21/07/2021

အခု နောက်ပိုင်းခေတ်စား ပြီး လူကြိုက်များ လာတဲ့ မာလာရှမ်းကော ရဲ့ ကယ်လိုရီ ပမာဏ (အကြမ်းဖျင်း)

1. အရွက် (ချက်ပြီး) (တရုတ် ပန်းကန်လုံး ၄ လုံး) - 200 ကယ်လိုရီ
2. ပိန်းဥ+ကြာစွယ်+အာလူး+မုန်လာဥနီ (တရာတ် ပန်းကန်လုံး ၁လုံး) - 160 ကယ်လိုရီ
3. အသား (100 ဂရမ်) - 225 ကယ်လိုရီ
4. အသားလုံး (100 ဂရမ်) - 300 ကယ်လိုရီ
5. ခေါက်ဆွဲ (တရုတ် ပန်းကန်လုံး ၁ လုံး) - 240 ကယ်လိုရီ
6. မြေပဲ (15စေ့) - 80 ကယ်လိုရီ
7. ဆီ (ထမင်းစားဇွန်း ၂ဇွန်း) - 270 ကယ်လိုရီ

ကျွန်တော် ပြောထားတဲ့ ပမာဏ ဆိုရင် ကယ်လိုရီ 1475 ရှိပါတယ်။

ကယ်လိုရီများပါတယ်။ ဒါကြောင့် ဝိတ်ချနေတယ် ဆိုရင်တော့ အရွက်ပို ထည့်ဖို့ ဆီလျှော့ခိုင်းဖို့ လို သလို အပါတ်တိုင်း လည်း မစားသင့်ပါဘူး။

ကယ်လိုရီ ပမာဏ သိသွားပြီဆိုတော့ လိုတိုးပိုလျှော့လေးတွေ လုပ်ပြီးစားကြပါ။ 😊😊😊😊

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Source Dr. Nutrition.

Address

Technological University (Kyaukse)
Naypyidaw
15011

Website

Alerts

Be the first to know and let us send you an email when Tu Tu Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share