23/01/2026
🎉Pacific AA Group ရဲ့ အစဉ်အလာမပျက်တဲ့ TGIF dinner (Friday Night Dinner) …🎉
သောကြာနေ့ (16-1-2026) မှာ AA Marketing Co.,Ltd မှ ဖြန့်ဖြူးသော Lubricants များကို အစဉ်အဆက် ယုံကြည်စိတ်ချစွာနဲ့ လက်တွဲရောင်းချပေးနေကြသော စီးပွါးရေး မိတ်ဖက်များ ဖြစ်ကြတဲ့ လက်လီ လက်ကား ဆိုင်ကြီးများ၊ Service များ ၊ Workshop များ နှင့် ယုံကြည်စွာ သုံးစွဲပေးနေသော Company ကြီးများ ၊ စက်ရုံ / အလုပ်ရုံများ နှင့် OEM Company များမှ ဧည့်သည်တော်များ နှင့်အတူ Pacific AA Tower rooftop တွင် စိတ်အပန်းပြေစရာ TGIF ဘူဖေး dinner ပွဲအား ကြည်နူးပျော်ရွှင်စွာနဲ့ အတူတကွ ဆင်နွှဲခဲ့ကြပါတယ်..
တက်ရောက်လာကြသော မိတ်ဖက်အပေါင်းအနေဖြင့် တပတ်တာလုပ်ငန်းခွင်အသီးသီးတွင်အောင်မြင်အောင် အားစိုက်လုပ်ကိုင် ခဲ့ကျပြီး ယခုလိုသောကြာနေ့ရဲ့ ညနေခင်းချိန်ခါမှာ Thanks God It’s Friday အနေဖြင့် ပျော်ရွှင်ကြည်နူးဖွယ် Game များ ကစားခြင်း၊ စိတ်လှုပ်ရှားဖွယ် Lucky Draw များ မဲနှိုက်ပေးခြင်း နှင့် အကအလှများ၊ မြူးကြွသော DJ ၏ ဖျော်ဖြေမှုများကို အပန်းဖြေ ခံစားနားဆင်ရင်း အချင်းချင်း ချစ်ခင်ရင်းနှီးစွာ Pacific AA Group of Company – AA Marketing Co.,Lts နှင့် အတူတူ ဆင်နွှဲခဲ့ကြပါသည်။
AA Marketing Company အတွက်လည်း အမှတ်တရဆုတောင်းများကိုလည်း အမှတ်တရ Board ပေါ်တွင် ရေးသားပေးခဲ့ ကျ ပါသည်။
ထို့ပွဲတွင် Pacific AA Group ၏ Deputy Managing Director ဖြစ်သော Dr Saw Nay Nwe မှအဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ပါ သည်။
ပွဲအစီအစဉ်အတွင်း AA Marketing Company မှဖြန့်ဖြူးရောင်းချလျက်ရှိသော TotalEnergies, Dragon & Horizone Brand များ နှင့်ရရှိနိုင်သော ကုန်ပစ္စည်းများအားလည်း အသိပေးပြောကြားခဲ့ပါသည်။
Game အစီအစဉ်များအနေဖြင့် ဘီယာသောက်ပြိုင်ပွဲ နှင့် AA Marketing Co.,Lt ၏ Brand များအား Text ပို့ပေးခြင်း ပြိုင်ပွဲများအား စိတ်လှုပ်ရှားဖွယ် ကျင်းပခဲ့ပြီး အနိုင်ရရှိသူများအားလည်း ဆုများဖြင့် ချီးမြှင့်ပေးခဲ့ပါသည်။
ထို့အပြင် တက်ရောက်လာသော မိတ်ဖက် Customer ကြီးများကိုကျေးဇူးတင်သော အားဖြင့် Special Promotion များကိုလည်း ပြုလုပ် ပေးခဲ့ပါသည်။
TGIF Dinner တက်ရောက်လာသူများအား ကံစမ်းမဲများအနေဖြင့်
ပထမဆု- Apple I-pad 11 Gen
ဒုတိယဆု- Oppo A5 8/128 GB
တတိယဆု- VIVO Y19s 6/128 GB
တို့အား ပျော်ရွှင်စွာ မဲနိုက် ချီးမြှင့် ပေးခဲ့သည့် ကြည်နူးဖွယ်ရာ ပုံရိပ်များအား အားလုံးလည်း ခံစားနိုင်စေဖို့ရန်အတွက် မျှဝေလိုက် ရပါသည်။
Pacific AA Group’s Signature Tradition-A Memorable TGIF Evening
Pacific AA Group successfully hosted its signature TGIF Dinner on Friday, 16th January 2026, at the Pacific AA Tower Rooftop, continuing its long-standing tradition of bringing valued partners together.
The event warmly welcomed long-term business partners who have consistently and trustfully collaborated with AA Marketing Co., Ltd over the years, including retail and wholesale, Workshops & Services, Industrial Companies, OEM Services. Guests enjoyed a delightful buffet dinner in a relaxed and cheerful atmosphere.
After a productive week of professional commitments, attendees took the opportunity to unwind on this Friday evening, enjoying exciting Games, Lucky Draws and Colorful Dances, pleasant DJ music while engaging in friendly conversations and strengthening mutual relationships. The guests shared heartfelt messages for Pacific AA Group, writing wishes on cards and sticking on AA Marketing wish board, along with offering warm blessings for the future.
Dr Saw Nay Nwe, Deputy Managing Director of Pacific AA Group has deliver welcome notes to attending audiences.
The program also featured offering brand and products categories from AA Marketing Co., Ltd including TotalEnergies, Dragon & Horizone.
Exciting games of drinking master and fast texter were also participated and enjoyed by attending audiences.
Additionally, Pacific AA Group has offered special promotion to attending loyal customers as a token of appreciation.
To further enhance the evening, a lucky draw was conducted for all TGIF Dinner participants, with exciting prizes awarded as follows:
• First Prize: Apple I-pad 11 Gen
• Second Prize: Oppo A5 8/128 GB
• Third Prize: VIVO Y19s 6/128 GB
We are delighted to share these joyful moments and memorable highlights from the evening with everyone.
&exciting