Pharmacy Myanmar

27/07/2023


Pharmacy Myanmar မှ BPI, MPF (Pyin oo Lwin) ဆေးများကို ဆိုင် အသေး၊ အငယ်၊ အကြီးမရွေး အလေးထားဂရုတစိုက်ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ချိပေးနေပါသည်။ စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါသည်။

လမ်းလျှောက်ခြင်းနှင့် အခြားသော အလတ်စားလေ့ကျင့်ခန်းများသည် စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှုများ လျော့နည်းလာနေသည့် သက်ကြီးရွယ်အ...
14/01/2019

လမ်းလျှောက်ခြင်းနှင့် အခြားသော အလတ်စားလေ့ကျင့်ခန်းများသည် စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှုများ လျော့နည်းလာနေသည့် သက်ကြီးရွယ်အိုများအတွက် ယခင်အတိုင်း ပြန်လည် ကောင်းမွန်စေနိုင်ကြောင်း ဆေးပညာစမ်းသပ်မှုတစ်ရပ်၌ တွေ့ရှိခဲ့ရသည်။ အဆိုပါလေ့လာမှုတွင် မှတ်ဉာဏ်နှင့် တွေးခေါ်မှုစွမ်းရည်ပိုင်း၌ အားနည်းသောပြဿနာရှိသည့် သက်ကြီးရွယ်အိုများအား အဓိကထား လေ့လာခဲ့ကြသည်။ လမ်းလျှာက်ခြင်းနှင့် ခြေနင်းစက်ဘီးနင်းခြင်းကဲ့သို့ အလယ်အလတ်တန်းစား လေ့ကျင့်ခန်းများကို ၆လကြာလုပ် ဆောင်ခြင်းဖြင့် ယင်းပြဿနာများအား ပြန်လည်ကောင်းမွန်လာ စေကြောင်း သုတေသနပညာရှင်များ တွေ့ရှိခဲ့ကြပြီး အထူးသဖြင့် လေ့ကျင့်သူများအနေဖြင့် အာရုံစူးစိုက်မှုအပြုအမူများကို ထိန်းချုပ်နိုင်မှု၊ စိတ်အာရုံစုစည်းနိုင်မှုနှင့် ရည်မှန်းချက်ကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မှုစသည့် ဦးနှောက်စွမ်းရည်တိုးတက်လာမှုများအား တွေ့မြင်ခဲ့ကြရသည်။ ထို့အပြင် သစ်သီးများ၊ အသီးအရွက်များကို ပိုမိုစားသောက်ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံ ပြောင်းလဲခဲ့ကြသူများသည် ပိုမိုအကျိုးကျေးဇူး ခံစားကြရသည် ကို လည်းတွေ့ရသည်။ထိုသို့ပြုလုပ်ခြင်းများကြောင့် အကျိုးသက်ရောက်မှုသည် သက်ကြီးရွယ်အိုများ၏ ဦးနှောက် သက်တမ်းထဲမှ ၉ နှစ်စာကို ဖယ်ရှားရှင်းလင်းလိုက်ခြင်းနှင့်တူညီကြောင်း မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ဒါဟမ်မြို့ရှိ Duke University School of Medicine မှ ပါမောက္ခတစ်ဦးက ပြောကြား ခဲ့သည်။ သို့သော် အဆိုပါစမ်းသပ်မှုတွင်ပါဝင်ခဲ့ပြီး လက်တွေ့လေ့ကျင့်ခန်းများ မလုပ်ဆောင်ဘဲကျန်းမာရေးပညာပေးမှုများကိုသာလျှင် ခံယူခဲ့ကြသူများဖြစ်သည့် သက်ကြီးရွယ်အိုများ၌ ယင်း စိတ်ပိုင်းဆိုင်ရာစွမ်းရည်များ မူလအတိုင်း ဆက်လက်ကျဆင်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။

Pharmacy Myanmar မှစီစဉ်တင်ဆက်ပါသည်။

ကျွန်ုပ်တို့၏ ဘိုးဘေးများအနေဖြင့် ကြေးနီအိုးထဲ၌ သိုလှောင်ထားသည့် ရေကို အဘယ်ကြောင့် သောက်သုံးခဲ့ကြသနည်း ဆိုသည်ကို သင်စဉ်း...
08/01/2019

ကျွန်ုပ်တို့၏ ဘိုးဘေးများအနေဖြင့် ကြေးနီအိုးထဲ၌ သိုလှောင်ထားသည့် ရေကို အဘယ်ကြောင့် သောက်သုံးခဲ့ကြသနည်း ဆိုသည်ကို သင်စဉ်းစားဖူးပါသလား။ အကျိုးကျေးဇူးအရာတွင် ကြေးနီအိုးသည် မြေအိုးပြီးလျှင် ဒုတိယနေရာ၌ ရှိသည်ကိုလည်း သင်သိပါသလား။ ကျွန်ုပ်တို့အနေဖြင့် မျက်မှောက်ခေတ်၏ ဖုံးကွယ်ခံထားရမှုကြောင့် ကျွန်ုပ်တို့ ရိုးရာဓလေ့များရှိ ကြီးကျယ်မြင့်မြတ်မှုများအား သိရှိခဲ့ကြခြင်း မရှိချေ။ ထို့ကြောင့် ကြေးနီအိုးထဲရှိ ရေမှာ သင့်ကျန်းမာရေးအတွက် မည်မျှကောင်းသည်ဆိုသည်ကို သိရှိလိုပါက အောက်ပါစာစုများအား ဆက်လက်ဖတ်ရှုပါလေ။
ကြေးနီအိုးထဲမှ ရေကို သောက်သုံးရခြင်းအကြောင်းရင်း(၁၀)ချက်
1. ကြေးနီဓာတ်ပေါင်းခြင်းအကျိုး
လူ့ခန္ဓာကိုယ်သည် ကြေးနီဓာတ်ပေါင်းခြင်းကို ကိုယ်တိုင် မပြုလုပ်နိုင်ပါ။ အချို့သော ဇီဝကမ္မဖြစ်စဉ် များအတွက် ကြေးနီကို မရှိမဖြစ်လိုအပ်ပါသည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲရှိ ဒြပ်များကိုစုစည်းရန်လည်း မှန်ကန်သောကြေးနီပမာဏ လိုအပ်ပါသည်။ ထို့ကြောင့် ကြေးနီအိုးထဲ၌ သိုလှောင်ထားသောရေကို မှန်မှန် သောက်သုံးရန် အကြံပြုလိုပါသည်။
2. ဘက်တီးရီးယားများကို သုတ်သင်ခြင်း
ကမ္ဘာက မကြာသေးမီကမှ သိရှိခဲ့သော်လည်း ကြေးနီအိုး၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူး များကို လွန်ခဲ့သောနှစ်ရာပေါင်းများစွာကတည်းက အာယုဗေဒဆေးကျမ်းကြီးတွင် မှတ်တမ်းတင်ထားခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ပိုးမွှားကာကွယ်နိုင်သောဂုဏ်သတ္တိရှိသည့် ကြေးနီကို အသုံးပြု၍ သောက်သုံးရေ ဖြန့်ဖြူးရေးပိုက်များနှင့် အိမ်သုံးရေပိုက်ခေါင်းများကို ပြုလုပ်ထားကြသည်။ ကြေးနီအိုးထဲ၌ ထည့်ထားသော ရေသည် လူနှင့်တိရစ္ဆာန်များ၏ အစာအိမ်အူလမ်းကြောင်းအတွင်း တွေ့ရတတ်သည့် အီကိုလိုင်ဟုခေါ်သော ဘက်တီးရီးယားပိုးကို ၂၄ နာရီအတွင်း သုတ်သင်ဖယ်ရှားပေးနိုင်ပါသည်။ ကြေးနီသည် ရေကြောင့် ဖြစ်ပွား တတ်သောရောဂါများဖြစ်သည့် အစာအဆိပ်သင့်ခြင်း၊ ငန်းဖျားဖျားခြင်း၊ ကာလဝမ်းရောဂါနှင့် အသည်း ယောင်ခြင်းကဲ့သို့ ရောဂါများအား တိုက်ဖျက်ရာ၌ အကူအညီဖြစ်စေသည်။
3. သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်များကို ထိန်းညှိပေးခြင်း
ကြေးနီသည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်အနည်းငယ်အနက်မှ တစ်ခု ဖြစ်ပါသည်။ သိုင်းရွိုက်ဂလင်း မှန်ကန်စွာအလုပ်လုပ်နိုင်ရေးသည် သင့်ခန္ဓာကိုယ်အတွင်းရှိ ကြေးနီပမာဏ အပေါ်တွင် မူတည်သည်။ သိုင်းရွိုက်ရောဂါများသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်သော်လည်း ကြေးနီဓာတ်ချို့တဲ့ခြင်းမှာ အဓိကအကြောင်းရင်းဖြစ်သည်။ ကြေးနီအိုးထဲမှရေတစ်ခွက်အား အစာမစားမီ သောက်သုံးပေးခြင်းဖြင့် ကြေးနီဓာတ်ချို့တဲ့ခြင်းကို ထိန်းညှိပေးကာ သိုင်းရွိုက်ရောဂါများ တိုက်ထုတ်ရာ၌ ကူညီပေးနိုင်သည်။
4. အဆစ်အမြစ်ယောင်ရောဂါများကို တိုက်ထုတ်ပေးခြင်း
ကြေးနီကို အဆစ်ယောင်ခြင်းနှင့် အခြားသော အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ တိုက်ထုတ် ရာ၌ ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြသည်။ ကြေးနီသည် ရောဂါငြိမ်းအေးစေသော အစွမ်းသတ္တိများကို လွန်စွာအကျိုးသက်ရောက်မှုရှိစေရန် တွန်းအားပေးပါသည်။ ထို့ကြောင့် ကြေးနီသည် နာတာရှည် အဆစ်ယောင်ရောဂါကြောင့် ဖြစ်ပွားသော အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းများအတွက် အထူးကောင်းမွန် စေသည်။
5. သွေးအားနည်းခြင်းကို တိုက်ထုတ်ပေးခြင်း
ကြေးနီတွင် ဆေးဖက်ဝင်အာနိသင်များစွာရှိရာ သွေးအားနည်းရောဂါကို ကာကွယ်ခြင်းနှင့် တိုက်ထုတ်ခြင်း၌ ကြေးနီ၏အခန်းကဏ္ဍသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကြေးနီဓာတ်ချို့တဲ့ခြင်း သည် သွေးအားနည်းရောဂါကို ဖြစ်ပွားစေနိုင်သောကြောင့် ကြေးနီအိုးထဲတွင် သိုလှောင်ထားသော ရေတစ်ခွက်ကို မှန်မှန်သောက်သုံးပေးခြင်းဖြင့် သွေးထဲရှိ အောက်ဆီဂျင်ကို သယ်ဆောင်ပေးသည့် သွေးနီဥပမာဏ တိုးပွားလာစေရန် အကူအညီပေးသည်။
6. ဒဏ်ရာများကို ကုသပျောက်ကင်းစေခြင်း
Copper peptides ဒြပ်ပေါင်းများသည် ဒဏ်ရာများကို ကုသရာ၌ အကောင်းဆုံးဆေးဝါးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါသည်။ ဒဏ်ရာများနှင့် အရေပြားပျက်စီးခြင်းများကို ကုသရန် copper peptides ဒြပ်ပေါင်းပါဝင်သော ဆေးဝါးပစ္စည်းများ အများအပြားရှိကြသည်။ များသောအားဖြင့် Copper peptides များကို အဓိကအခြေခံထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများသည် ဓာတ်တိုးဆန့်ကျင်အာနိသင်ကို တိုးတက်စေသည်ဟုလည်း ဆိုပါသည်။ ထို့ကြောင့် ကြေးနီခရားထဲမှရေကို သောက်သုံးခြင်းသည် ဒဏ်ရာ များ အလျင်အမြန်ပျောက်ကင်းစေရန် အကူအညီပေးနိုင်သည်။ Copper peptides ပါဝင်သည့် ဈေးနှုန်းကြီးမြင့်သောဆေးဝါးများကို သုံးစွဲခြင်းသည်လည်း အခြားရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါသည်။
7. ADHD (Attention Deficit Hyperactivity Disorder) ကို ထိန်းချုပ်ဟန့်တားခြင်း
ကလေးသူငယ်များနှင့် လူငယ်များတွင်ဖြစ်ပွားတတ်သော ADHD (ပတ်ဝန်းကျင်ကို သတိမမူဘဲ စိတ်တက်ကြွလှုပ်ရှားသောရောဂါ) သည် ကျွန်ုပ်တို့ မျိုးဆက်များကို ပျက်စီးစေသည့် အကြောင်းရင်းတစ်မျိုး ဖြစ်သည်။ ထိုရောဂါသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်လာတတ်ပြီး အခြားအာရုံကြောဆိုင်ရာ အပြုအမူ မူမမှန်ခြင်းများကိုလည်း ဆက်လက်ဖြစ်ပွားစေနိုင်ပါသည်။ ကြေးခရားထဲမှရေကို သောက်သုံးပေးခြင်းဖြင့် ထို ADHD ၏ သက်ရောက်မှုများအား ထိန်းချုပ်ရန်အကူအညီဖြစ်စေနိုင်သည်။ သိပ္ပံပညာရှင်များသည် ADHD ဖြစ်ပွားနေသောလူနာများ၏ အစာအာဟာရထဲ၌ ကြေးနီဓာတ်မညီမျှမှုရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြ သည်။ ကြေးနီသည် ဦးနှောက်အတွင်းရှိ diencephalon (သို့မဟုတ်) old brain ဟုခေါ်သော အစိတ် အပိုင်းကို နှိုးဆွပေးပါသည်။ Old brain သည် ကျွန်ုပ်တို့၏ တုံ့ပြန်မှုများကို တာဝန်ယူပေးရသည်။ ကြေးနီဓာတ်မညီမျှခြင်းဖြင့် old brain ၏ သိရှိနားလည်မှုလုပ်ဆောင်ချက်များကို တိမ်းစောင်းစေနိုင်သည်။ ထို့ကြောင့် ကြေးနီအိုးထဲမှ ရေကိုသောက်သုံးခြင်းသည် ADHD ရောဂါအား ဟန့်တားထိန်းချုပ်ပေးနိုင် ပါသည်။
8. ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများကို ဆန့်ကျင်ပေးခြင်း
ကင်ဆာရောဂါသည် လူသတ်သမားဖြစ်သည်။ ကင်ဆာရောဂါ ကျရောက်ခံစားနေရသောလူများ အတွက် ကမ္ဘာကြီးသည် အဆုံးသတ်သွားသကဲ့သို့ ဖြစ်ပေသည်။ သို့သော် ကြေးနီသည် ထူးခြားသော ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများရှိပြီး ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင် အရေးပါသော ဓာတ်သတ္တု တစ်မျိုးလည်းဖြစ်သည်။ ၎င်းသည် ကင်ဆာဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို ထိန်းချုပ်ပေးပြီး ခန္ဓာကိုယ်တွင်း ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် ကြေးနီအိုးထဲမှရေကို သောက်သုံးခြင်းသည် ကင်ဆာရောဂါကို ထိန်းချုပ်ပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအား ထုတ်လုပ်ပေးနိုင်ပါသည်။
9. အရွယ်အိုမင်းမှုကို နှေးကွေးစေခြင်း
ကြေးနီ၏ ထူးခြားသော ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိသည် အသားအရောင်မညီညာခြင်း၊ အရေးအကြောင်းများနှင့် အသားအရေတွန့်ခြင်းများကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် ကြေးနီအိုးထဲမှ ရေကို သောက်သုံးခြင်းသည် သင့်ကို ပိုမိုနုပျိုစေမည်ဖြစ်ပါသည်။ ၎င်းသည် အရေပြား၊ နှလုံးနှင့် သွေးလွှတ်ကြောများအတွင်းရှိ ဆက်စပ်နေသော တစ်သျှူးများကို ပြန်လည်ကောင်းမွန်စေခြင်း၊ ထိန်းသိမ်း ပေးခြင်းတို့ဖြင့် အရွယ်အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေသည်။
10. ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကူညီပေးခြင်း
အစာအာဟာရပညာရှင်များသည် ကိုယ်ဝန်ဆောင်များအတွက် ကြေးနီ၏ အကျိုးကျေးဇူးများ သက်ရောက်စေမှုကို စွဲမြဲစွာ ယုံကြည်ထားကြသည်။ ကြေးနီသည် RBCs များ ထုတ်လုပ်မှုအတွက် အလွန် အရေးပါပေသည်။ ၎င်းသည် သွေးနီဆဲလ်(RBCs) များထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး တစ်သျှူးများ ပြန်လည်ကောင်းမွန်လာစေရန်နှင့် သကြားဓာတ်များအား ချေဖျက်ပေးရန် အကူအညီပေးသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် မမွေးဖွားရသေးသောကလေးငယ်၏ နှလုံး၊ သွေးကြောများ၊ အရိုး များနှင့် အာရုံကြောစနစ်များ၏ ဖွဲ့စည်းမှုကို အကူအညီဖြစ်စေသော ကြေးနီဓာတ်ကို အထူးလိုအပ်ပါသည်။ ကြေးနီသည် အရေပြားနှင့်ဆံသားကိုလည်း ကျန်းမာစေသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အတွက် ကြေးနီအိုးထဲမှရေတစ်ခွက်ကို မှန်မှန်သောက်သုံးပေးရန် အလွန်လိုအပ်သည်။
ယခုဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် ကြေးနီအိုးထဲ၌ ရေကို သိုလှောင်ထားရခြင်း အကြောင်းရင်းကို ဂဃနဏ သိရှိသွားစေလိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ ယခုပင် ကြေးနီခရား တစ်လုံးကို ယူလိုက်ပါ။ အကယ်၍ သင့်အိမ်မှ ကြေးနီ (သို့မဟုတ်) ကြေးဝါရေနွေးခရား (အိုးခွက်အသုံး အဆောင်များ) အနေဖြင့် နှစ်ကာလအတန်ကြာပြီဖြစ်၍ အသုံးပြုရန် မသင့်တော်ဘဲ ညှိုးမှိန်နေပြီဆိုလျှင် အောက်ပါနည်းလမ်းလေးများအတိုင်း သင့်အိမ်တွင် အလွယ်တကူရရှိနိုင်သောပစ္စည်းလေးများဖြင့် ရိုးရှင်းစွာ ဆေးကြောသန့်စင်ပေးလိုက်ပါ။
နည်းလမ်း(၁)
ခရမ်းချဉ်ဆော့စ်အနှစ် (သို့မဟုတ်) အလားတူ အချဉ်ဆော့စ်အနှစ်တစ်မျိုးမျိုးကို ကြေးဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်များအပေါ် အတွင်းအပြင် နှံ့စပ်စွာ သုတ်လိမ်းပေးပါ။ ထိုသို့ သုတ်လိမ်း ရာတွင် သွားတိုက်တံကို အသုံးပြုက ပိုမိုကောင်းမွန်ပါသည်။ လက်ဖြင့် သုတ်လိမ်းမည်ဆိုပါက ရာဘာ လက်အိတ်စွပ်ထားပေးရန် အကြံပြုလိုပါသည်။ ယင်းသို့ သုတ်လိမ်းပြီးနောက် အချိန် ၁၀ မိနစ်မျှထား၍ ခြောက်သွေ့သောအဝတ်စ တစ်ခုခုဖြင့် ပွတ်တိုက်သန့်စင်ပေးလိုက်ပါ။
နည်းလမ်း(၂)
ဗီနီဂါ ခေါ် ရှလကာရည်တစ်မျိုးမျိုးကို အသုံးပြု၍လည်း အထက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါ သည်။
နည်းလမ်း(၃)
သွားတိုက်ဆေးကို အသုံးပြု၍လည်း အထက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါသည်။
နည်းလမ်း(၄)
မုန့်ဖုတ်ဆိုဒါနှင့် သံပုရာရည်တို့ကို ရောစပ်အသုံးပြု၍လည်း အထက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါသည်။ အချိန်ပေးနိုင်သူများအဖို့ နည်းလမ်း ၂ မျိုး ၃ မျိုး ရောစပ်အသုံးပြုနိုင်မည်ဆိုလျှင် အသစ်နှင့်မခြား အလားသဏ္ဌာန်တူသည့် တောက်ပြောင်ဝင်းလက်သော ကြေးအသုံးအဆောင်များ ပြန်လည်ရရှိစေမှာ အမှန်ပင်ဖြစ်ပါသည်။
အကယ်၍ သင်သည် ကြေးနီရေခရားမှ ရေကို စွဲစွဲမြဲမြဲ သောက်သုံးလာခဲ့သူတစ်ဦးဆိုပါက ၎င်းနည်းလမ်းသည် သင့်အား မည်ကဲ့သို့အကျိုးဖြစ်ထွန်းစေသည်ကို ကျွန်ုပ်တို့ထံ လက်ဆင့်ကမ်း ပြန်လည် ဝေမျှပါ (သို့တည်းမဟုတ်) တစ်ခုခုလိုအပ်နေသည်များရှိပါကလည်း ဝေဖန်အကြံပြုနိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Pharmacy Myanmar မှစီစဉ်တင်ဆက်ပါသည်။

သာမန်အအေးမိအဖျားရောဂါ သက်သာစေဖို့အတွက် ကြက်သားခေါက်ဆွဲ စွပ်ပြုတ်ကို စားသောက်လေ့ရှိကြပါတယ်။ ဒီပူပူနွေးနွေးစွပ်ပြုတ်က အဖျာ...
07/01/2019

သာမန်အအေးမိအဖျားရောဂါ သက်သာစေဖို့အတွက် ကြက်သားခေါက်ဆွဲ စွပ်ပြုတ်ကို စားသောက်လေ့ရှိကြပါတယ်။ ဒီပူပူနွေးနွေးစွပ်ပြုတ်က အဖျားရောဂါကို ဘာဖြစ်လို့ သက်သာစေသလဲဆိုတာကို သိချင်ကြမှာပါ။ ကြက်သားခေါက်ဆွဲစွပ်ပြုတ်ရဲ့ အံ့သြစရာအရည်အသွေးအကြောင်းတွေကို အစာအာဟာရ ဆိုင်ရာပါရဂူတစ်ယောက်က အခုလို ရှင်းပြထားပါတယ်။
“ကြက်သားခေါက်ဆွဲစွပ်ပြုတ်တစ်ပွဲဟာ နှာခေါင်းပိတ်ခြင်းနဲ့ တခြားအအေးမိရောဂါ လက္ခဏာတွေကို သက်သာစေဖို့အတွက် အကူအညီပေးနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိထား ပါတယ်” လို့ ဘော်စတွန်မှာရှိတဲ့ Beth Israel Deaconess Medical Center ရဲ့ ဆေးဘက်ဆိုင်ရာ အစာအာဟာရပါရဂူတစ်ယောက်ဖြစ်တဲ့ ဆန်ဒီ အယ်လွန်နန်က ပြောပါတယ်။ “အဓိကကတော့ သူ့မှာပါတဲ့ ပါဝင်ပစ္စည်းတွေကြောင့်ပါပဲ၊ သင် အအေးမိတဲ့အခါ ရေဓာတ်ကို ထိန်းသိမ်းထားဖို့ အရေးကြီးတယ်လေ” လို့ သူမက ပြောခဲ့ပါတယ်။ “စွပ်ပြုတ်ပူပူလေးတစ်ပွဲဟာ သင် ဖျားနေတဲ့အခါ အထူးသဖြင့် လည်ချောင်းနာနေတဲ့အချိန်မျိုးမှာ ရေဓာတ်ဖြည့်တင်းပေးဖို့ အဓိက အရင်းအမြစ်တစ်ခုဖြစ်ပြီးတော့ သင့်ကို နွေးထွေးသက်သာစေပါလိမ့်မယ်”လို့ အယ်လွန်နန် က ဆေးရုံရဲ့ သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။
“ဆားနဲ့ တခြား အရသာဖြည့်စွက်ပေးတဲ့ ဟင်းခတ်ပစ္စည်းတွေ ထည့်တာဟာ သင့်အဖို့ရာ မကောင်းဘူးလို့ ထင်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတွေဟာ လူမမာရဲ့ အရသာခံနိုင်စွမ်း လျော့နည်းသွားခြင်းကို တိုက်ဖျက်ဖို့ အကူအညီပေးနိုင်ပါတယ်” လို့ သူမက ဆိုပါတယ်။ “အအေးမိတဲ့အခါ အရသာခံနိုင်စွမ်း ပျောက်ဆုံးသွားတာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ၊ ဒါပေမယ့် တခြားအရသာဖြည့်စွက်ပေးတဲ့ ဟင်းခတ်ပစ္စည်းတွေလိုပဲ ဆားဟာလည်း လူမမာကို အစာ ပိုဝင်စေဖို့အတွက် ကောင်းမွန်ပါတယ်၊ ကြက်သားမှာ Tryptophan ပမာဏ မြင့်မားစွာ ပါဝင်ပြီး အဲဒါဟာ သင့်ခန္ဓာကိုယ်ကနေ Serotonin ဓာတ်ကို ထုတ်လုပ်ရာမှာ ကူညီပေးနိုင်ပါတယ်၊ Serotonin ဟာ စိတ်ခံစားချက်တွေကို တိုးတက်ကောင်းမွန်စေပြီး သက်သောင့်သက်သာဖြစ် စေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်၊ ဒါကပဲ ကြက်သားခေါက်ဆွဲစွပ်ပြုတ်ကို အမှန်တကယ် သင့်တော်ကောင်းမွန်တဲ့ အစားအစာဖြစ်စေဖို့ ကူညီပေးတာဖြစ်ပါတယ်” လို့ အယ်လွန်နန်က ဆိုလိုက်ပါတယ်။
စွပ်ပြုတ်မှာပါဝင်တဲ့ ခေါက်ဆွဲဟာ ဗိုက်ပြည့်စေတဲ့ ကစီဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ “ကစီဓာတ်ဟာ သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်ပြီးတော့ စွပ်ပြုတ်ကနေတစ်ဆင့် ဆေးတစ်ခွက်စာ သောက်လိုက်သလိုဖြစ်တဲ့အတွက် ဆေးသောက်ဖို့ ပျင်းတဲ့သူတွေအတွက် အထောက်အကူဖြစ်စေပါတယ်” လို့ သူမက ပြောပါသေးတယ်။ မုန်လာဥ၊ မုန်ညင်းရွက်နဲ့ ကြက်သွန်နီစတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် စီ၊ ဗီတာမင် ကေ နဲ့ တခြား Anti-oxidants တွေ၊ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ “အဲဒါက ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ အတွက် ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကို တည်ဆောက်ရာမှာ အကူအညီပေးနိုင်ရုံသာမက ဖျားနာ နေတဲ့ သင့်ခန္ဓာကိုယ်ကို အမြန်ပြန်ကောင်းလာစေဖို့အတွက်လည်း ကူညီပေးပါတယ်” လို့ သူမက ပြောပါတယ်။
ဒါ့အပြင် ကြက်စွပ်ပြုတ်ရဲ့ ရေနွေးငွေ့ကနေလည်း အကျိုးကျေးဇူး ရရှိနိုင်ပါသေးတယ်။ “ရေနွေးငွေ့ဟာ လေဝင်လေထွက်ကောင်းစေပြီး အသက်ရှူရ ပိုမိုလွယ်ကူစေပါတယ်၊ ဒါတင်မက ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ Anti-inflammatory Effect လည်းရှိတဲ့အတွက် သင့်ကြွက်သား တွေကို ပျော့ပျောင်းစေဖို့နဲ့ အအေးမိရောဂါလက္ခဏာတွေကို လျော့နည်းသက်သာစေဖို့ အကူအညီ ပေးပါတယ်” လို့ အယ်လွန်နန်က ဆိုခဲ့ပါတယ်။
======================
Pharmacy Myanmar မှစီစဉ်တင်ဆက်ပါသည်။

ယနေ့ကျရောက်သည့်(၇၁) ကြိမ်မြောက် လွတ်လပ်ရေးနေ့အားPharmacyMyanmar မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
04/01/2019

ယနေ့ကျရောက်သည့်
(၇၁) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား
PharmacyMyanmar မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

-  ကောင်းမွန်စွာအိပ်ပျော်စေဖို့ အချက် (၁၅)ချက်၁. အချိန်မှန်အောင် လုပ်ပါ။ သင့်ခန္ဓာကိုယ် ကောင်းမွန်စွာအိပ်ပျော်ရေး လေ့ကျင်...
02/01/2019

- ကောင်းမွန်စွာအိပ်ပျော်စေဖို့ အချက် (၁၅)ချက်

၁. အချိန်မှန်အောင် လုပ်ပါ။ သင့်ခန္ဓာကိုယ် ကောင်းမွန်စွာအိပ်ပျော်ရေး လေ့ကျင့်ပေးရန် အကောင်းဆုံးနည်းလမ်းမှာ ရုံးပိတ်ရက်နှင့် နားရက်များအပါအဝင် နေ့စဉ်နေ့တိုင်း အချိန်မှန်မှန် အိပ်ရာဝင်၍ အချိန်မှန်မှန် အိပ်ရာထခြင်းဖြစ်သည်။ ထိုသို့ အချိန်မှန်ကန်ခြင်း သည် သင့်ကို စိတ်တည်ငြိမ်စေပြီး သင့်ခန္ဓာကိုယ်ကိုလည်း ကောင်းမွန်စွာ အလုပ် လုပ်စေပါလိမ့်မည်။

၂. အိပ်ချင်လာချိန်မှာ အိပ်ပါ။ အိပ်ရာထဲတွင် အိပ်မပျော်ဘဲ အချိန်ဖြုန်းနေခြင်းထက် သင်အမှန်တကယ် ပင်ပန်းလာချိန် သို့မဟုတ် အိပ်ချင်လာသောအခါမှသာ အိပ်ရာဝင်၍ အိပ်ပျော်ရန် ကြိုးစားပါ။

၃. ထပါ။ ပြီးမှ ပြန်အိပ်ကြည့်ပါ။ အကယ်၍ သင်သည် မိနစ် ၂၀ ထက်ပိုပြီး အိပ်မပျော်ဘူး ဆိုလျှင် အိပ်ရာမှထပြီး ပျင်းရိငြီးငွေ့စရာတစ်ခုခုကိုလုပ်ရင်း အိပ်ချင်လာသောအခါမှ အိပ်ရာပြန်ဝင်ကြည့်ပါ။ အလင်းရောင်သည် သင့်ဦးနှောက်ကို နိုးကြားစေသောကြောင့် မီးပိတ်ထားပြီး ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေပါ။ သို့မဟုတ် ပျင်းစရာကောင်းသော စာအုပ်တစ်အုပ်ကို ဖတ်နေပါ။ အလွန်စိတ်ဝင်စားစရာကောင်းသော (သို့မဟုတ်) စိတ်ကို လှုံ့ဆော်ပေးသောအရာများ ပြုလုပ်ခြင်းသည် သင့်ကို ပိုမိုနိုးကြားစေသောကြောင့် ရှောင်ကြဉ်ပါ။

၎. ကဖင်းဓာတ်နှင့် နီကိုတင်းဓာတ်များကို ရှောင်ပါ။ အိပ်ယာမဝင်မီ အနည်းဆုံး ၄နာရီမှ ၆နာရီအတွင်း ကဖင်းဓာတ်ပါဝင်သော (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ချောကလက်နှင့် ဆေးဝါးများစသည့်) အစားအစာများနှင့် နီကိုတင်းဓာတ်ပါဝင်သောအရာ (စီးကရက်) များကို စားသုံးခြင်းမှရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ၎င်းဓာတ်များသည် ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးပြီး ကောင်းစွာအိပ်မောကျခြင်းကို အဟန့်အတားဖြစ်စေသည်။

၅. အရက်သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ အိပ်ရာမဝင်မီ ၄နာရီမှ ၆နာရီအတွင်း အရက် သောက်ခြင်းကို ရှောင်ကြဉ်ခြင်းသည်လည်း အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အရက် သောက်ခြင်းသည် စိတ်အပန်းပြေစေပြီး အိပ်ပျော်ရာတွင် အကူအညီဖြစ်စေသည်ဟု လူအများစုက ယုံကြည်ကြသော်လည်း အမှန်တကယ် အိပ်စက်ခြင်းစွမ်းရည်ကို အနှောင့် အယှက်ဖြစ်စေပါသည်။

၆. အိပ်ရာသည်အိပ်စက်ရန်အတွက်သာဖြစ်သည်။ သင့်ခန္ဓာကိုယ်က အိပ်ရာပေါ်ရောက်လျှင် အိပ်စက်ရမည်ကို သိရှိလာစေရန် သင့်အိပ်ရာကို အိပ်စက်ခြင်း မှတစ်ပါး အခြားအရာများအတွက် အသုံးမပြုမိရန် ကြိုးစားပါ။ ထိုသို့မဟုတ်ဘဲ သင့်အိပ်ရာပေါ်တွင် စာဖတ်ခြင်း၊ တီဗွီကြည့်ခြင်း၊ အစာစားခြင်း၊ Laptop ဖြင့် အလုပ် လုပ်ခြင်းစသည့်အရာများကို ပြုလုပ်ခဲ့ပါက သင့်ခန္ဓာကိုယ်သည် အိပ်စက်ခြင်းနှင့် အိပ်ရာ၏ ဆက်စပ်မှုကို သိရှိနိုင်တော့မည်မဟုတ်ပေ။

၇. နေ့ခင်းနေ့လည်တွင် တစ်မှေး မအိပ်ပါနှင့်။ သင်အိပ်ရာဝင်ချိန်တွင် ပင်ပန်းပြီး အိပ်ချင်နေစေ ရန်အတွက် နေ့ခင်းတစ်မှေးအိပ်ခြင်းကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သင်သည် တစ်နေ့လုံးတွင် တစ်မှေးမှမအိပ်ဘဲ မနေနိုင်ပါက ညနေ ၃နာရီ မတိုင်ခင်တွင် အိပ်ချိန် ၁နာရီအောက်သာ အိပ်စက်ရန်ကြိုးစားပါ။

၈. အိပ်ချိန်တွင် လုပ်နေကျအလေ့အကျင့်များ။ သင့်ခန္ဓာကိုယ်က အိပ်ချိန်ရောက်ပြီဆိုသည်ကို သတိထားမိစေရန် သင့်ကိုယ်ပိုင်အလေ့အကျင့်များကို ပြုလုပ်ထားနိုင်သည်။ ညစဉ် အိပ်ရာမဝင်ခင် ကဖင်းဓာတ်မပါသော လက်ဖက်ရည်တစ်ခွက်နှင့် အေးဆေးစွာ အနားယူ ခြင်း (သို့မဟုတ်) ၁၅ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အကြောလျှော့ အပန်းဖြေခြင်းနည်းလမ်းများဖြင့် အဆင်ပြေသောလူအချို့လည်းရှိပါသည်။

၉. ရေချိုးချိန်။ ခန္ဓာကိုယ်အပူချိန်ကျဆင်းသွားချိန်တွင် အိပ်ချင်စိတ်ဖြစ်လာစေသောကြောင့် သင့်ခန္ဓာကိုယ်အပူချိန်မြင့်တက်လာစေရန် အိပ်ရာမဝင်ခင် ၁နာရီ၊ ၂နာရီခန့်အလို၌ ရေနွေးဖြင့် ရေချိုးခြင်းသည် အသုံးဝင်နိုင်သည်။ သုတေသနများသည် အိပ်ပျော်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း ဆက်နွယ်မှုရှိကြောင်း ပြဆိုထားကြသည်။

၁၀. နာရီမကြည့်ပါနှင့်။ အိပ်ပျော်ရန် ကြိုးစားရုန်းကန်နေရသော လူအများစုသည် နာရီကို မကြာခဏကြည့်မိတတ်ကြသည်။ ညဘက် အချိန်ကို မကြာခဏကြည့်ကြရာ (အထူး သဖြင့် အချိန်ကြည့်ရန် မီးဖွင့်လိုက်သောအခါ) သင့်ကို အိပ်ရာမှနိုးစေပြီး အနုတ်သဘော ဆောင်သောအတွေးများ (ဥပမာ - “အိုး… ဒီအချိန်တောင်ရှိနေပြီလား… ငါအခုထိ မအိပ်ရ သေးဘူး..” (သို့မဟုတ်) “ဟာ… ခုမှအစောကြီးရှိသေးတာပဲ… ငါလည်း ၅နာရီလောက်ပဲ အိပ်ရသေးတယ်… ပင်ပန်းလိုက်တာ..” စသည်တို့) ကို တွေးမိစေသည်။

၁၁. အိပ်စက်ခြင်းမှတ်တမ်းကို အသုံးပြုပါ။ ထိုမှတ်တမ်းကို အသုံးပြုခြင်းသည် သင်၏ အိပ်စက်ခြင်းဆိုင်ရာ အချက်အလက်များအား ခန့်မှန်းယူဆခြင်းထက် မှန်ကန်စေသည်။ သို့သော် မှတ်တမ်းကိုအသုံးပြုရာတွင် အချိန်နာရီကြည့်ခြင်းများ ပါဝင်နေသောကြောင့် ၂ပတ်ခန့်အသုံးပြုခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ပြီးလျှင် သင်မည်သို့ တိုးတက် လာသည်ကို ၂လခန့် ခြေရာခံစောင့်ကြည့်သင့်သည်။

၁၂. လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းစွာအိပ်စက်ရာတွင် အကူ အညီဖြစ်စေသည်။ သို့သော် အိပ်ချိန်မတိုင်ခင် ၄နာရီအလိုတွင် ပြင်းထန်သော လေ့ကျင့်ခန်းများ မလုပ်သင့်ပါ။ မနက်ခင်းလမ်းလျှောက်ခြင်းသည် နေ့တစ်နေ့ကို လန်းဆန်းစွာ စတင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

၁၃. မျှတစွာစားပါ။ ကျန်းမာရေးနှင့် ညီညွတ်မျှတသောအစားအစာများသည် ကောင်းစွာ အိပ်ပျော်စေရန် အထောက်အကူဖြစ်စေသော်လည်း ချိန်သားကိုက်ဖြစ်ရန်အရေးကြီးသည်။ အချို့သောလူများသည် အိပ်ရာဝင်ချိန်တွင် ဗိုက်ထဲအစာမရှိခြင်းက ၎င်းတို့ကို စိတ်ရှုပ်စေ သောကြောင့် အဆာပြေစားခြင်းဖြင့် အဆင်ပြေသော်လည်း အစာအများကြီးစားခြင်းသည် အိပ်ပျော်ဖို့ရန် အနှောင့်အယှက်ဖြစ်စေသည်။

၁၄. မှန်ကန်သောနေရာ။ သင့်အိပ်ခန်းနှင့်အိပ်ရာသည် အိပ်စက်ရန်အတွက် ဆိတ်ငြိမ်ပြီး သက်သောင့်သက်သာရှိရန် အရေးကြီးသည်။ နွေးထွေးစွာနေထိုင်ရန် စောင် လုံလုံ လောက်လောက်ရှိပြီး အေးမြသောအခန်းသည် အကောင်းဆုံးဖြစ်သည်။ ထို့အပြင် မနက်ခင်းနေရောင်ခြည်ကို ကာကွယ်ရန် ခန်းဆီးလိုက်ကာများ၊ မျက်လုံးကာများနှင့် အခန်းပြင်ပတွင် ဆူညံသံများရှိပါက တပ်ဆင်ရန် နားကြပ်များလည်း ရှိပါစေ။

၁၅. နေ့ဘက်လုပ်ရိုးလုပ်စဉ်များကို မပြောင်းလဲပါနှင့်။ သင်သည် ညဘက်တွင် အိပ်မပျော်ဘဲ ပင်ပန်းနေလျှင်တောင်မှ နေ့ခင်းတွင်လုပ်ရမည့် အလုပ်များကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်ရန်အရေးကြီးသည်။ ဆိုလိုသည်မှာ သင်သည် ပင်ပန်းသည်ဟု ခံစားရခြင်းကြောင့် လုပ်ဆောင်ရမည်များကို မရှောင်ရှားပါနှင့်။ ထိုသို့ရှောင်ရှားခြင်းသည် အိပ်မပျော်သောရောဂါကို ပို၍ဆိုးရွားစေသည်။
===========================
(အခြားသူငယ်ချင်းတွေကိုလည်း comment ထဲမှာ mention ခေါ်ပြီးမျှဝေပေးလိုက်ပါဦး)

PharmacyMyanmar မှစီစဉ်ရေးသားတင်ဆက်ပါသည်။

Address

Naypyitaw
Naypyidaw
15011

Alerts

Be the first to know and let us send you an email when Pharmacy Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share