CZT Online Shop

CZT Online Shop Products or services are first priority of real qualities.

ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။သွေးခဲပြီး...
16/11/2025

ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။

သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။

အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ် ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးကလွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီးရုတ်တရက်သေနေကြပါတယ်။ အဲဒီသွေးခဲခြင်းမဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။

သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်ကြရတယ်။ဒါကြောင့် သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်သွားတယ်။

လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလားတဲ့...

ရပါတယ်။

သဘာဝနည်းနဲ့ သွေးကျဲအောင်လုပ်တဲ့နည်းကို အခုပြောပြပါမယ်။

သွေးကျဲဆေးလိုပဲသဘာဝမှာ သွေးကျဲအောင် လုပ်ပေးနိုင်တာကတော့...

#ကြက်သွန်ဖြူဖြစ်ပါတယ်

ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက် စားပေးသင့်တယ်။

သဘာဝမှာသွေးမခဲအောင် လုပ်ပေးနိုင်တာတစ်ခု ရှိပါသေးတယ်။အဲဒါကတော့...

#နနွင်းဖြစ်ပါတယ်

နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေစုပ်ယူနိုင်တာ ဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်ဇွန်း သောက်သင့်တယ်။

နောက်တစ်ခုကတော့...

#သံလွင်ဆီဖြစ်ပါတယ်

ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲရှိတယ်။ နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။

သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့.. သွေးပျစ်ရတာက ရေသောက်နည်းလို့.. ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။ ဒါကြောင့်...
#တစ်နေ့ကို_ရေ၄လီတာလောက်_သောက်ရမယ်။

#ရေခပ်နွေးနွေး သောက်တာအကောင်းဆုံးပဲ။

သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။

အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်...
#သံပရာရည် ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။ အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေစားလေ့ရှိပါတယ်။ အခုမြန်မာပြည်မှာတော့ #ကင်ပွန်းချဥ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။

သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။ အဲဒါကို #သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့(ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်) တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှုမှန်မှာ ဖြစ်တယ်။

အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်တယ်။

ဒါကြောင့်
#လမ်းလျှောက်ပေးရမယ်

လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးကနှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။ #ခြေသလုံး၂ခုဟာ_ဒုတိယနှလုံး တွေဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။

သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်ကပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ဦးနှောက်တွေမှာ သွားပိတ်တာများတယ်။

သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။ဒီလိုပဲ #ဉာဏ်ရှိသလို လုပ်သွားရမှာပဲ.. ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

.မူရင်းရေးသားသူ အားလေးစားစွာဖြင့် 🙏

Program ပြီးရင် မြန်မာပြည် ပြန်ရမယ်ဆိုတဲ့ ခံဝန်ချက်ကို ဖောက်ဖျက်ပြီး မြန်မာပြည်မပြန်ကြလို့ အမေရိကန်က မြန်မာကျောင်းသားတွေ...
28/05/2024

Program ပြီးရင် မြန်မာပြည် ပြန်ရမယ်ဆိုတဲ့ ခံဝန်ချက်ကို ဖောက်ဖျက်ပြီး မြန်မာပြည်မပြန်ကြလို့ အမေရိကန်က မြန်မာကျောင်းသားတွေကို scholarship ပေးအပ်ခြင်းအား ယခုမှစ၍ အဆုံးမဲ့ပိတ်ပင်။
Crd

ကောင်မလေးတစ်ယောက်က ပန်းသီးနှစ်လုံးကိုကိုင်လျှက် ကုလားထိုင်ပေါ်တွင် ထိုင်နေတယ်...အနားကို မိခင်ဖြစ်သူရောက်လာပြီး..."သမီးလေ...
10/04/2024

ကောင်မလေးတစ်ယောက်က ပန်းသီးနှစ်လုံးကို
ကိုင်လျှက် ကုလားထိုင်ပေါ်တွင် ထိုင်နေတယ်...

အနားကို မိခင်ဖြစ်သူရောက်လာပြီး...
"သမီးလေး...
အမေ့ကို ပန်းသီးတစ်လုံး ပေးပါလား..? " လို့
ပြောတယ် ။

သမီးက မိခင်ဖြစ်သူကို ခဏကြည့်လိုက်ပြီး
ရုတ်တရက်...
ပန်းသီးတစ်လုံးကို တစ်ကိုက်ကိုက်လိုက်တယ်..။

ပြီးတော့...
နောက်တစ်လုံးကိုပါ ထပ်ကိုက်လိုက်တယ်...။

ဒါကိုမြင်တော့...မိခင်ဖြစ်သူက...
"အမေ့ကိုတောင် တွန့်တိုတာပဲလား သမီးရယ် "
ဆိုပြီး စိတ်မကောင်းဖြစ်သွားတာခဲ့တယ် ။

ဒါပေမယ့်..
သမီးဖြစ်သူမရိပ်မိအောင် အပြုံးမပျက်နေလိုက်တယ် ။

မကြာပါဘူး...
သမီးလေးက စကားလေးတစ်ခွန်းနဲ့ မိခင်ကို
ပန်းသီးတစ်လုံးကို လှမ်းပေးလိုက်တော့...
ပန်းသီးကိုယူရင်း သမီးလေးရဲ့စကားကြောင့်
မိခင်ဖြစ်သူမှာ ပို၍စိတ်မကောင်းဖြစ်သွားခဲ့တယ်တဲ့..။

သမီးလေးက ဘာပြောသလဲ ဆိုတော့...
"Mummy, take this one. This is sweeter. "
"မေမေ...ဒါလေးယူပါ ။
ဒါလေးက ပိုချိုတယ် " တဲ့လေ..။

တစ်ခါတလေ...
ကိုယ့်ရဲ့ထင်မြင်ချက်တွေက
စောစောကောက်ချက်ချမိလို့ မှားသွားတဲ့အခါ...
ကိုယ်ကိုယ်တိုင် နောင်တရလို့မဆုံးဖြစ်တတ်ပါတယ်...

ဒီတော့...ဒီသင်္ခန်းစာလေးကို နည်းယူပြီး
အရာရာ " ဝေဖန်တော့မယ် " ဆိုရင်
အသေးမွှားလေးကအစ
အချိန်ယူဖို့လည်း မမေ့ပါနဲ့....။

ဒယ်နီအိုး ကြာကြာအသုံးခံချင်ရင်ဒီလိုသုံးပါ👇👇👇ဒယ်အိုးနီတွေတည်တဲ့အခါ ၊ အများစုကတော့ ၊ တယ်ခါနီးမှာဆေးကြောသန့်စင်ကြပါတယ် ။ ပြ...
28/03/2024

ဒယ်နီအိုး ကြာကြာအသုံးခံချင်ရင်ဒီလိုသုံးပါ
👇👇👇

ဒယ်အိုးနီတွေတည်တဲ့အခါ ၊ အများစုကတော့ ၊ တယ်ခါနီးမှာဆေးကြောသန့်စင်ကြပါတယ် ။
ပြီးရင်ပလပ်ထိုးမယ် ၊ ခလုပ်ဖွင့်မယ် ၊ မီးပူလာလို့ဒယ်အိုးထဲကဆေးကြောထားတဲ့ရေအကြွင်းအကျန်လေးတွေက ၊ အမြုပ်တစ်စီစီနဲ့ ၊ အငွေ့ပြန်ပြီးခန်းလာတော့မှ ၊ ဒယ်အိုးထဲဆီဖြည့်ပါတယ် ။
အဲ့ဒီကစပြီးမှားပါတယ် ။

အဲ့လိုလုပ်ခြင်းအားဖြင့် ၊ ပျက်စီးလွယ်ပါတယ် ၊ တရုတ်အိုးတွေဆိုရင်မြန်မြန်ပျက်စီးမယ် ၊ ကွိုင်ပေါက်ပြီးတော့ ၊ ယိုးဒယားအိုးဆိုရင် ၊ ကွိုင်ပေါက်ပြီး ၊ ဓာတ်လိုက်တတ်ပါတယ် ၊။
ဒယ်အိုးပူပြီးမှဆီထည့်ခြင်းကိုရှောင်ပါ ၊ ဆေးကြောသန့်စင်ပြီးရင်လည်း ၊ အဝတ်သန့် ၊ အဝတ်ခြောက်နဲ့ရေပြောင်အောင်သုတ်ပါ ၊ ပြီးဆီအရင်ထည့်ပြီးမှမီးဖွင့် ၊ အဲ့လိုလုပ်ခြင်းအားဖြင့် ၊ ကြာကြာလည်းအသုံးခံမယ် ၊ တူးတာကပ်တာတွေလည်းသက်သာပါမယ် ။

Crd - Tin Oo

*နှစ်အလိုက်ရွှေဈေးမှတ်တမ်း*1988 ခုနှစ်မှာ ရွှေတစ်ကျပ်သား = 10,500 KS1989 = 13,000 ကျပ်1990 = 15,000 ကျပ်1991 = 20,000 ကျ...
09/03/2024

*နှစ်အလိုက်ရွှေဈေးမှတ်တမ်း*
1988 ခုနှစ်မှာ ရွှေတစ်ကျပ်သား = 10,500 KS
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်

2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1780000 ks
2022 = 2800000ks
2023 = 3715000ks(30.12.2023)
2024= 40,03000ks (6.3.2024).
.....................................Credit-

🍀96 နှစ်တာ ကံကောင်းခြင်း 🌼🌺🌻🍁🍀 သင့်ရဲ့ ခရီးနဲ့ ခရီးအတွက် ဘယ်တော့မှ ငွေပြတ်မှာ မဟုတ်ပါဘူး။ 🙏✈️✈️🇨🇦🇨🇦Congratulations ပါ 🐞🎉...
11/02/2024

🍀96 နှစ်တာ ကံကောင်းခြင်း 🌼🌺🌻🍁🍀 သင့်ရဲ့ ခရီးနဲ့ ခရီးအတွက် ဘယ်တော့မှ ငွေပြတ်မှာ မဟုတ်ပါဘူး။ 🙏✈️✈️🇨🇦🇨🇦
Congratulations ပါ 🐞🎉.

😆😆
10/02/2024

😆😆

မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ကာတွန်းကားလေး😍 Fb link ရတုန်းကြည့်²💜Mavka: The Forest Song (2023) မြန်မာစာတန်းထိုး=========...
10/02/2024

မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ကာတွန်းကားလေး😍 Fb link ရတုန်းကြည့်²💜
Mavka: The Forest Song (2023) မြန်မာစာတန်းထိုး
====================
🎬 Fantasy/Adventure

ဒီတစ်ခေါက်မှာတော့ The Forest Song ဆိုတဲ့ပြဇာတ်လေးကိုအခြေခံပြီးတင်ဆက်ထားတဲ့ “Mavka The Forest Song”ဆိုတဲ့ကာတွန်းကားလေးကို အပန်းပြေကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကြောင်းအရာလေးကတော့ မာဗကာဟာ တောထဲကအစောင့်အရှောက်နတ်မိမယ်လေးဖြစ်ပြီးတော့အရမ်းကိုရိုးအလွန်းပြီး စိတ်ကောင်းရှိတဲ့သူလည်းဖြစ်၊ ကြင်နာတတ်တဲ့သူလည်းဖြစ်ပါတယ်

မာဗကာတို့ရဲ့တောကို တစ်ချိန်တုန်းကလောဘစိတ်မွှန်နေတဲ့လူသားတွေ တိုက်ခိုက်ပြီးအန္တရာယ်ဖြစ်ခဲ့ဖူးတာကြောင့် လူသားတွေကို လုံးဝတားမြစ်ခွင့်ပိတ်ပင်ထားတဲ့နေရာဖြစ်ပါတယ်

လူးကတ်စ်ကတော့ ဂီတကိုချစ်မြတ်နိုးတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ နာမကျန်းဖြစ်နေတဲ့ဦးလေးဖြစ်သူကို ဆေးကုဖို့အတွက်ငွေလိုနေတဲ့သူပါ

ဒီလိုနဲ့တစ်ရက်မှာတော့မြို့ထဲကိုလူချမ်းသာအမျိုးသမီးတစ်ယောက်ရောက်လာပြီးတော့ ဒီတောထဲကိုသွားပြီး သူရှာခိုင်းတဲ့သစ်ပင်ကိုရှာနိုင်ရင် ငွေတွေအများကြီးပေးမယ်လို့ ကမ်းလှမ်းလာပါတယ်

ငွေလိုနေတဲ့လူးကတ်စ်တစ်ယောက် မာဗကာရှိတဲ့တောထဲကိုသွားရဖို့အကြောင်းဖန်လာတာပေါ့

မာဗကာနဲ့လူးကတ်စ်တို့ ဘယ်လိုမျိုးတွေ့ဆုံပြီး ချစ်ကြိုက်သွားကြမလဲ၊ တာဝန်နဲ့အချစ်ကြားမှာ မာဗကာတစ်ယောက် ဘာကိုရွေးချယ်သွားမလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ စောင့်ကြည့်ပေးကြပါဦးနော်

ဇတ်ကားကြည့်ရန် 👇👇
FB Link__
https://www.facebook.com/groups/2129751117381759/permalink/2129778044045733/?mibextid=UyTHkb

https://www.facebook.com/groups/1475212089738463/permalink/1475780113014994/?mibextid=Nif5oz

Telegram Link__
https://t.me/youtvforanime13/20

ကာတွန်းကားကောင်းတွေကြည့်ချင်ရင် အောက်က Group ကို Join ထားနော်👇❤️
https://facebook.com/groups/595404129372797/



The Third Marriage (2023) အပိုင်း(၇၀) ရပါပြီလောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ဇာတ်ကားအသစ်လ...
03/02/2024

The Third Marriage (2023) အပိုင်း(၇၀) ရပါပြီ

လောင်မြိုက်ပြီး အိမ်ထောင်ရေးကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်
ဇာတ်ကားအသစ်လေးလာပါပြီ ။

ဇာတ်ကားအညွှန်း...
Jung Da Jaung ဆိုတဲ့ ဖျက်လက်တတ်ကြွတဲ့ အမျိုးသမီးလေးက
မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမရဲ့ ဘဝကို အခက်အခဲတွေကြားထဲကနေ
ရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ အမျိုးသမီးလေးဖြစ်ပါတယ်။
ဒါပေမဲ့ သူ ဘယ်လိုပဲ ကြိုးစားနေထိုင်နေပါစေ သူ့ဘဝက အခြားသူတွေရဲ့
ခြယ်လှယ်ခြင်း ခံနေရကြောင်း သိသွားတဲအခါမှာ

လက်စားချေဖို့အတွက်
ချမ်းသာတဲ့ အသိုက်အဝန်းထဲကို ဝင်သွားပါတော့တယ်။
အဲဒီလို အမျိုးသမီးတစ်ယောက်ရဲ့ ဘဝထဲကို အဆိုးမြင်ဝါဒသမားလို့ထင်ရပေမဲ့

နွေးထွေးကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ Wang Yo Han တစ်ယောက်
ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ယောက်သား သံယောဇဥ်တွယ်ပြီး လက်ထပ်လိုက်ကြပါတော့တယ်။
အမျိုးသမီး တစ်ယောက်ရဲ့ လက်စားချေဖို့ ပြင်းပြနေတဲ့စိတ်နဲ့

သူမရဲ့ အိမ်ထောင်ရေးတို့ ကြားထဲမှာ ပေါက်ဖွားလာတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းကို

ဇာတ်အိမ်တည်ထားပြီး အိမ်ထောင်ရေးဇာတ်ကားဆိုတဲ့အတိုင်း အားမလို၊အားမရတွေဖြစ်ပြီး
မြိုင်မြိုင်ဆိုင်ဆိုင် လောင်ရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဒီကားလေးကို အပတ်စဉ် တနင်္လာနေ့မှ သောင်္ကြာနေ့ထိ ထုတ်လွှင့်သွားမှာဖြစ်ပြီး
အပိုင်း၁၂၀ တောင် ပြသသွားမှာဆိုတော့ ခေါင်းမီးကျွမ်းတဲ့အထိ ကြည့်ရှုဖို့ တင်ဆက်လိုက်ပါတယ်နော်။

Aired: Oct 23, 2023 -
Aired On: Monday, Tuesday, Wednesday, Thursday, Friday

Episodes: 120

ဇာတ်ကားကြည့်ရန်

https://m.facebook.com/story.php?story_fbid=122117930810179783&id=61555393514329&mibextid=Nif5oz

■ မြန်မာဆိိုရိုးစကားများ (၂၀၀)■ ကုသိုလ်လည်းရဝမ်းလည်းဝ။■ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ။■ ကံမကောင်းအကြောင်းမလှ။■ ကံရှိမ...
02/02/2024

■ မြန်မာဆိိုရိုးစကားများ (၂၀၀)

■ ကုသိုလ်လည်းရဝမ်းလည်းဝ။
■ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ။
■ ကံမကောင်းအကြောင်းမလှ။
■ ကံရှိမှထင်ပေါ်၊ ဉာဏ်ရှိမှကျော်။
■ ကိုယ်ကကျူး၊ ကိုယ့်ဒူးမှမယုံရ။
■ ကိုယ်ကောင်းခေါင်းဘယ်မရွေ့။
■ ကိုယ်ထင် ခုတင်ရွှေနန်း။
■ ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုယ်ခြောက်။
■ ကိုယ့်ကိုယ်ကိုယ်ဖော် သူတော်ခုနှစ်ပါး။
■ ကိုယ့်ငါးချဉ်ကိုယ်ချဉ်။
■ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း။
■ ကိုယ့်အတတ်ကိုယ်စူး။
■ ကမ္ဘာမီးလောင်၊ သားကောင်ချနင်း။
■ ကောက်ညှင်းကမစေး၊ ဆန်ကြမ်းကစေး။
■ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်။
■ ကောင်းလျှင်စံ၊ ဆိုးလျှင်ခံ။
■ ကိုက်မနိုင်၊ ခဲမရ။
■ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ။
■ ကျမြေကြီး၊ တက်ရွှေထီး။
■ ကျားကြီး၊ ခြေရာကြီး။
■ ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး။
■ ကျီစားသန် ရန်ဖြစ်။
■ ကျီးကန်းတောင်းမှောက်။
■ ကျူပင်ခုတ်၊ ကျူငုတ်မျှမကျန်စေနှင့်။
■ ကျောချမှ ဓားပြမှန်းသိ။
■ ကျော်တော့ လှေထိုးသား၊ ညားတော့လှေသူကြီး။
■ ကျောင်းနေကြာလို့ စာမတတ်။
■ ကြာကြာဝါးမှခါးမှန်းသိ။
■ ကြီးနိုင်ငယ်ညှင်း။
■ ကြီးလျှင်မှီ၊ ငယ်လျှင်ချီ။
■ ကြိုးစားကဘုရားဖြစ်။
■ ကြက်ကန်းဆန်အိုးတိုး။
■ ကြက်ချည်သောကြိုးနှင့် ဆင်ချည်သော်ပြတ်။
■ ကြက်မတွန်၍ မိုးမလင်း။
■ ကြက်မှာအရိုး လူမှာအမျိုး။
■ ကြောက်တတ်ရန်ကင်း။
■ ကြောင်အို၊ ကြွက်မလေး။
■ ကျွဲပါးစောင်းတီး။
■ ကြွက်သေတစ်ခု အရင်းပြု။
■ ခရီးလိုလျှင် လမ်းအိုလိုက်။
■ ခလုတ်ထိမှ အမိတ။
■ ခုစာကလေးကြော်၊ ခုဆီထမင်း။
■ ခုရေတွင်းတူး၊ ခုရေကြည်သောက်။
■ ခုရှုပ်မှနောင်ရှင်း။
■ ခဲလေသမျှ၊ သဲရေကျ။
■ ခေါ်တိုင်းလည်းမသွားနှင့်၊ တော်တိုင်းလည်းမကြွားနှင့်။
■ ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း။
■ ခုတ်ရာတခြား၊ ရှရာတလွဲ။
■ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်။
■ ချော်လဲ ရောထိုင်။
■ ချက်ဆို နားခွက်ကမီးတောက်။
■ ချင်းစိမ်းနှင့်မိဿလင်၊ သူကြင်မှ ကိုယ်ကြင်။
■ ချစ်တီးခေါင်းသန်းရှာ။
■ ချစ်တုန်းခင်တုန်း၊ တပြုံးပြုံး။
■ ချိတ် ချိတ်ချင်းမှ ချိတ်မိသည်။
■ ချိန်းလွန်းလျှင်မလာ။
■ ချုန်းလွန်းသည့်မိုးမရွာ။
■ ခြွေမှရံသည်။
■ ဂျပိုးလိပ်ဖြစ်။
■ ငါးကြင်းဆီနှင့် ငါးကြင်းကြော်။
■ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။
■ ငါးစိမ်းမြင်၊ ငါးကင်ပစ်။
■ ငါးပြေမဆားပက်သလို။
■ ငါးမြင်တော့ တံငါဆွေမျိုးမှန်းမသိ။
■ ငိုချင်လျက်လက်တို့။
■ ငိုအားထက် ရယ်အားသန်။
■ ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ။
■ ငုတ်မိသဲတိုက်၊ တက်နိုင်ဖျားရောက်။
■ ငွေများတရားနိုင်။
■ စကားကျွံသော်နှုတ်မရ၊ ခြေကျွသော်နှုတ်ရ။
■ စကားချိုစေသူလိုစေ။
■ စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ။
■ စကားဆို၊ တောင်လိုမမောက်နှင့်။
■ စကားဆိုသော် မတင်းနှင့်၊ တရားလိုသော် မငြင်းနှ၍့်။
■ စကားနောက် တရားပါ။
■ စကားလွန် ကျွန်ဖြစ်။
■ စပယ်ကောင်းလျှင် ပန်ချင်သူများသည်။
■ စာမတတ်လမ်းမှာဖတ်။
■ စားပြီး ခွက်မှောက်။
■ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။
■ စားရမည့်အမဲ၊ သဲတရှပ်ရှပ်။
■ စုတတ်မှ အဖတ်တင်။
■ စိုသည့်လက်မခြောက်စေနှင့်။
■ စင်လိုလျှင်ဆေး၊ သိလိုလျှင်မေး။
■ စစ်မရောက်ခင်မြှားကုန်။
■ စစ်ရောက်မှ မြားချွန်၊ မိုးလွန်မှထွန်ချ။
■ စိတ်ပျိုကိုယ်နု။
■ စိန်နားကပ်ကြောင့်ပါးပြောင်။
■ စောင်ခြုံထဲကလက်သီးပြ။
■ စိုင်ကော်လို့ ခြုံပေါ်ရောက်။
■ ဆရာချင်းတူ၊ နည်းချင်းမတူ။
■ ဆရာထက်တပည့်လက်ဆောင်းထက်။
■ ဆရာမပြနည်းမကျ။
■ ဆရာများ၊ သားသေ။
■ ဆရာမှန် အလံစိုက်စရာမလို။
■ ဆရာလည်းဝေး၊ ဆေးလည်းပြယ်။
■ ဆုတောင်းတိုင်းပြည့်လျှင် လူပြည်လူပင်မရှိ။
■ ဆူးကျဖက်ပေါက်၊ ဖက်ကျဖက်ပေါက်။
■ ဆူးကမစူး၊ မဝါးကစူး။
■ ဆေးစက်ကျရာ အရုပ်ဖြစ်။
■ ဆေးလည်းအစာ၊ အစာလည်းဆေး။
■ ဆိုးတူကောင်းဖက်။
■ ဆင်ကျီစားရာ ဆိတ်မခံသာ။
■ ဆင်ပိန်ကြွဲလောက်
■ ဆန္ဒကြီးလျှင် ကြံသမျှပြီး။
■ ဆင်ပြာသည် လင်ပျောက်သလို။
■ ဆုပ်လဲစူး၊ စားလဲရူး။
■ ဆောက်ဖြစ်မှ ကျောင်းတကာ။
■ ညီညာမှပြည်သာသည်။
■ ညားတော့ဈေးသည်၊ ရွယ်တော့မင်းမျိုး။
■ ညောင်ပင်လောက်လှူ၊ ညောင်စေ့လောက်ရ။
■ တစ်ကျမ်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း။
■ တစ်ချက်ခုတ်နှစ်ချက်ပြတ်။
■ တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်။
■ တစ်နေ့တစ်လံ၊ ပုဂံဘယ်ပြေးမလဲ။
■ တပည့်မကောင်း ဆရာ့ခေါင်း။
■ တပည့်လိမ္မာဆရာအာပတ်လွတ်။
■ တပေါင်းတန်ခူး ဝမ်းမနူးနှင့်။
■ တစ်ရပ်တည်းနေ တစ်ရေတည်းသောက်။
■ တစ်ရွာ တစ်ကျီဆောက်။
■ တစ်ရွာမပြောင်း သူကောင်းမဖြစ်။
■ တစ်လှေထဲစီး တစ်ခရီးထဲသွား။
■ တစ်သားမွေး တစ်သွေးလှ။
■ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။
■ တန်ခိုးထက်၊ လက်ခကြီး။
■ တန်လျှင်ဆေး လွန်လျှင်ဘေး။
■ တိတ်တိတ်နေသော် ထောင်တန်။
■ တုံးလဲ ထင်းဖြစ်။
■ တုံးဆိုတိုက်၊ ကျားဆိုကိုက်။
■ တောင်စဉ်ရေမရ။
■ တွေ့ကြုံဆုံကွဲ၊ မမြဲဓမ္မတာ။
■ ထမင်းကိုအကုန်စား စကားကိုအကုန်မပြောနှင့်။
■ ထမင်းကြမ်းက အငွေ့ထွက်။
■ ထူးမှမြတ်သည်၊ ရူးမှတတ်မည်။
■ ထင်ပေါ်လျှင်စင်တော်ကကောက်။
■ ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ။
■ ထွေးပြီးသားတံတွေး၊ မျိုမြဲမရှိ။
■ ဒါနသီလမပါ၊ ေ+သခါမှသိ။
■ ဒူးနေရာဒူး၊ တော်နေရာတော်။
■ ဒူးလောက်တင်မှ ရင်လောက်ကျ။
■ ဒေါသရှေ့ထားမှားတတ်သည်။
■ ဓမ္မာသောက အင်းဝရာဇာ။
■ နဂိုရှိမှ နကိုင်းထွက်။
■ နေနှင့်လရွှေနှင့်မြ။
■ နေမြင့်လေ အရူးရင့်လေ။
■ နေ့မြင်ညပျောက်။
■ နတ်နှင့်နဂါး မလှည့်စားနှင့်။
■ နောင်ခါလာ၊ နောင်ခါဈေး။
■ ပါးစပ်က ဘုရား၊ လက်က ကားယား။
■ ပုဆိုးခြုံထဲက လက်သီးပြ။
■ ပေးကမ်းနိုင်က ရန်ရှားသည်။
■ ပေးစရာမရှိ လျော်စရာရှိ။
■ ပညာရဲရင့် ပွဲလယ်တင့်။
■ ပညာရှိ သတိဖြစ်ခဲ။
■ ပညာရှိလျက် ဒေါသဖျက်။
■ ပညာရွှေအိုး လူမခိုး။
■ ပညာသယ်၊ ကြီးငယ်မဆိုသာ။
■ ပတ္တမြားရောင်ထက်၊ ပညာရောင်လက်။
■ ပုပ်မှပေါ်၊ ဟုတ်မှကျော်။
■ ပျော်ပျော်နေသေခဲ။
■ ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့။
■ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။
■ ပြင်လွန်းလျှင် ဖင်ချွန်း။
■ ပြည်တင်း မင်းမခံနိုင်။
■ ပွဲမဝင်ခင် အပြင်ကကျင်းပ။
■ ပွဲသွားကြော့ကြော့၊ ပွဲပြန်မော့မော့။
■ ဖုတ်လေတဲ့ငါးပိ၊ ရှိလေမှန်းမသိ။
■ ဖွဲကိုထောင်း၍ ဆံကောင်းမရ။
■ ဗိုလ်နေမြဲ၊ ကျားနေမြဲ။
■ ဘုမသိ၊ ဘမသိ။
■ ဘယ်သူမပြု၊ မိမိမှု။
■ ဘယ်သူသေသေ၊ ငတေမာ ပြီးရော။
■ ဘုန်းကြီးစာချ။
■ ဘုန်းကြီးအမှု ရွာပတ်။
■ မကောင်းကျောင်းပို့။
■ မခေါ်ချင်နေရ၊ မတော်ချင်မနေရ။
■ မစားရတပူပူ၊ စားရတဆူဆူ။
■ မစားရတဲ့အမဲသဲနှင့်ပက်။
■ မစားရ အညှော်ခံ။
■ မတူလျှင်မတုနှ၍့်။
■ မပို့ဘဲနှင့်မဲဇာရောက်။
■ မပြည့်သည့်အိုး ဘောင်ဘင်ခတ်။
■ မယားနေစ၊ ကြောင်သေမှ။
■ မရှိတာထက် မသိတာခက်။
■ မရှိလို့မလှူ၊ မလှူလို့မရှိ။
■ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်။
■ မသိသူကျော်သွား၊ သိသူဖော်စား။
■ မိကျောင်းမင်း ရေခင်းပြ။
■ မိအေးနှစ်ခါနာ။
■ မီးကြီးမီးနိုင်၊ ရေကြီးရေနိုင်။
■ မီစဉ်ကြည့်၍က။
■ မီးမရှိဘဲ မီးခိုးမထွက်နိုင်။
■ မုသားမပါ လင်္ကာမချော။
■ မိုးလွန်မှ ထွန်ချ။
■ ခင်းမယောက်ျား၊ ကမ်းနားသစ်ပင်။
■ မင်းမှာသစ္စာလူမှာကတိ။
■ မိန်းမမာယာ သဲကိုးဖျာ။
■ မုတ်ဆိတ်ပျားစွဲ။
■ မျက်နှာကြီးရာ ဟင်းဖတ်ပါ။
■ မျက်နှာလွှဲ၊ ခဲပစ်။

Credit
Min Tee Myael ✍️ပြန်လည်မျှဝေသည်။
https://www.facebook.com/umyomyomin980?mibextid=ZbWKwL
လေ့လာမှတ်သား ဗဟုသုတ များ
စာပေများကို ဝင်ရောက်ဖတ်ပေးလို့ ကျေးဇူးအထူးတင်ရှိပါသည်။Like & Fllower, Share လေးလုပ်သွားပေးဖို့လဲ တောင်းဆိုပါတယ် ခင်ဗျာတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါသည်။

သူတပါးကိုကျွေးချင်ပေးချင်တဲ့စိတ်စေတနာကပဲပေးနိုင်ကျွေးနိုင်တဲ့လူဖြစ်သွားတာ..ကိုယ်ကယူချင်တဲ့စိတ်ပဲရှိရင်အမြဲ သူများပေးတာပဲ...
02/02/2024

သူတပါးကိုကျွေးချင်ပေးချင်တဲ့စိတ်စေတနာကပဲပေးနိုင်ကျွေးနိုင်တဲ့လူဖြစ်သွားတာ..
ကိုယ်ကယူချင်တဲ့စိတ်ပဲရှိရင်အမြဲ သူများပေးတာပဲယူတဲ့ ဘဝအခြေအနေကိုရောက်သွားတတ်တယ်...
လူ့ရဲ့ စိတ်စေတနာဆိုတာက အနာဂတ်မှာ ဖြစ်လာမယ့်အရာတခုကို တနေ့တရက် တလ တနှစ် accumulate ဖြစ်လာပီး အချိန်တခုရောက်တဲ့ အခါမှာ ကိုယ်ရဲ့ mindset ကပဲ ကိုယ်နေရမယ့်အနာဂတ်ကိုဖန်တီးပေးတာပါပဲ...
ဥပမာပြောရရင် တွင်းတူးတဲ့ လူက တွင်းနဲ့ အတူ နိမ့်ဆင်းသွား ရသလို တံတိုင်း တည်ဆောက်တဲ့ လူက လဲ အချိန်တခုမှာ တံတိုင်းနဲ့ အတူ အမြင့်ရောက်သွားတဲ့ သဘောပဲ...
အဲ့တော့ ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် ငါလုပ်တာဘယ်သူမှမသိဘူး ဆိုပေမယ့် ငါသိတယ် အဲ့ ငါဆိုတဲ့ စိတ်က လူသန်းပေါင်းများစွာထက် ပိုများပါတယ်....
Mind is your own magic mirror..

Address

Nyaung-UTownship, Mandalay Division
Nyaung-u
1228

Opening Hours

Monday 08:00 - 12:00
Tuesday 08:00 - 12:00
Wednesday 08:00 - 12:00
Thursday 08:00 - 12:00
Friday 08:00 - 12:00
Saturday 08:00 - 12:00
Sunday 08:00 - 12:00

Telephone

+959950713476

Website

Alerts

Be the first to know and let us send you an email when CZT Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CZT Online Shop:

Share