Ayeyarwaddy Times - Sport

Ayeyarwaddy Times - Sport ဤ Page ကို Ayeyarwaddy Times သတင်းဌာနမှ တည်ထောင်ထားသည်

31/08/2023

ပရီးမီးယားလိဂ်ကြီး (၆) ကြီးရဲ့ စောင့်ကြည့်ရမယ့် Deadline Day အပြောင်းအရွှေ့များ

ဗန်ဒီဘိခ်ကို အငှားခေါ်ယူချင်နေတဲ့ ဂါလာတာစာရေးအသင်းသြဂုတ် ၃၁ ရက်တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဟာ ယူနိုက်တက်မှာ နေရာမရဖ...
31/08/2023

ဗန်ဒီဘိခ်ကို အငှားခေါ်ယူချင်နေတဲ့ ဂါလာတာစာရေးအသင်း

သြဂုတ် ၃၁ ရက်

တူရကီထိပ်သီးကလပ် ဂါလာတာစာရေးအသင်းဟာ ယူနိုက်တက်မှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ဗန်ဒီဗိခ်ကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကို ရောက်လာကတည်းက ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရပြီး ပွဲထွက်ခွင့်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိမှာ ဂါလာတာစာရေးအသင်းဟာ ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီးယက်ချ်နဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာတို့ကိုလည်း ခေါ်ယူထားပါတယ်။

Ref : Goal
Photo credit : Getty

ဂရေဗန်ဘက်ချ်ကို ခေါ်ယူလိုက်တဲ့ လီဗာပူးအသင်းသြဂုတ် ၃၁ ရက် လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရေဗန်ဘက်ချ်ကို ပေါင်သ...
31/08/2023

ဂရေဗန်ဘက်ချ်ကို ခေါ်ယူလိုက်တဲ့ လီဗာပူးအသင်း

သြဂုတ် ၃၁ ရက်

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရေဗန်ဘက်ချ်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီကစားသမားလေးကို အိုင်းယက်စ်အသင်းမှာရှိစဉ်ကတည်းက စိတ်ဝင်စားခဲ့ဖူးတာ ဖြစ်ပါတယ်။

အစကအငှားခေါ်ယူဖို့ စဉ်းစားထားပေမယ့် ယူနိုက်တက်က ကြားဖြတ်ဝင်လာတာကြောင့် အပြီးခေါ်ယူဖို့သာ ဆုံးဖြတ်လိုက်ရပါတယ်။

Ref : Sky Sport
Photo credit : Sky Sport

ဝိုင်နယ်ဒမ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အယ်အက်တီဖက်ဩဂုတ် ၃၁ ရက်ဆော်ဒီကလပ် အယ်အက်တီဖက်အသင်းဟာ PSG ကွင်းလယ်လူ ဝိုင်နယ်ဒမ်က...
31/08/2023

ဝိုင်နယ်ဒမ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အယ်အက်တီဖက်

ဩဂုတ် ၃၁ ရက်

ဆော်ဒီကလပ် အယ်အက်တီဖက်အသင်းဟာ PSG ကွင်းလယ်လူ ဝိုင်နယ်ဒမ်ကို ခေါ်ယူဖို့အတွက် ကြိုးစားနေပြီ ဖြစ်ပါတယ်။

ဝိုင်နယ်ဒမ်ဟာ PSG အသင်းရဲ့ အစီအစဉ်တွေမှာ မပါ၀င်တော့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် PSG ကတော့ ဝိုင်နယ်ဒမ်ကို ရောင်းချဖို့အတွက် လမ်းဖွင့်ထားပါတယ်။

အပြောင်းအရွှေ့ဖြစ်ဖို့ကတော့ ဝိုင်နယ်ဒမ်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တော့မှာ ဖြစ်ပါတယ်။ ဂျရတ်ကတော့ သူ့အသင်းမှာ ဝိုင်နယ်ဒမ်ကို အလိုရှိနေတာ ဖြစ်ပါတယ်။

Ref : L'Equipe
Photo Credit : Goal

အမ်ရာဘတ်ကို ခေါ်ယူဖို့ စတင်လှုပ်ရှားနေတဲ့ ယူနိုက်တက်ဩဂုတ် ၃၁ ရက်ယူနိုက်တက်ဟာ နွေဈေးကွက်အစပိုင်းမှာကတည်းက ဖီအိုရင်တီးနား ...
31/08/2023

အမ်ရာဘတ်ကို ခေါ်ယူဖို့ စတင်လှုပ်ရှားနေတဲ့ ယူနိုက်တက်

ဩဂုတ် ၃၁ ရက်

ယူနိုက်တက်ဟာ နွေဈေးကွက်အစပိုင်းမှာကတည်းက ဖီအိုရင်တီးနား ကွင်းလယ်လူ ဆော့ဖ်ယန်အမ်ရာဘတ်နဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ လက်ရှိမှာဆိုရင်တော့ အမ်ရာဘတ်ကို ခေါ်ယူဖို့ စတင်လှုပ်ရှားနေပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ FFP စည်းမျဉ်းနဲ့ ငြိနိုင်တဲ့အတွက်ကြောင့် သေချာစဉ်းစားနေရပါတယ်။ ယူနိုက်တက်က အငှားကမ်းလှမ်းမှုမျိုးလည်း လုပ်လာနိုင်ပါတယ်။

ဖီအိုရင်တီးနားကတော့ အငှားသီးသန့်ကမ်းလှမ်းမှုဆိုရင် လက်ခံမှာမဟုတ်ပါဘူး။ အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ အငှားကမ်းလှမ်းမှုကိုသာ လက်ခံမှာ ဖြစ်ပါတယ်။

Ref : MEN
Photo Credit : Calcio Mercato

အန်ဆုဖာတီကို အငှားခေါ်ယူလိုက်နိုင်တဲ့ ဘရိုက်တန်ဩဂုတ် ၃၁ ရက်ဘရိုက်တန်အသင်းဟာ ဘာစီလိုနာကို ကျော်ဖြတ်ပြီး အန်ဆုဖာတီကို အငှာ...
31/08/2023

အန်ဆုဖာတီကို အငှားခေါ်ယူလိုက်နိုင်တဲ့ ဘရိုက်တန်

ဩဂုတ် ၃၁ ရက်

ဘရိုက်တန်အသင်းဟာ ဘာစီလိုနာကို ကျော်ဖြတ်ပြီး အန်ဆုဖာတီကို အငှားခေါ်ယူလိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အငှားစာချုပ်က တစ်နှစ်သက်တမ်းဖြစ်ပြီးတော့ အပြီးသတ်ခေါ်ယူခွင့် ပါ၀င်မှာ မဟုတ်ပါဘူး။ အန်ဆုဖာတီရဲ့ လစာအများစုကိုလည်း ဘာစီလိုနာကပဲ ပေးချေရမှာပါ။

ဘရိုက်တန်းနည်းပြကြီး ဒီဇာဘီက ဖာတီကို ကိုယ်တိုင် ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ဖြစ်လာတယ်လို့ ယူဆရပါတယ်။

Ref : Fabrizio Romano
Photo Credit : Marca

31/08/2023

ရူဘီယာလက်စ်ကို ရာထူးကရပ်ဆိုင်း‌ပေးဖို့ UEFA ထံ စပိန်ဘောလုံးအဖွဲ့ချုပ်တောင်းဆိုထား

မက်သီးယက်စ်နူးနက်စ်ကို ခေါ်ယူလိုက်တဲ့ မန်စီးတီးအသင်း သြဂုတ် ၃၁ ရက်မန်စီးတီးအသင်းဟာ ဝုဖ်အသင်းရဲ့ ကွင်းလယ်လူ မက်သီးယက်စ်နူ...
31/08/2023

မက်သီးယက်စ်နူးနက်စ်ကို ခေါ်ယူလိုက်တဲ့ မန်စီးတီးအသင်း

သြဂုတ် ၃၁ ရက်

မန်စီးတီးအသင်းဟာ ဝုဖ်အသင်းရဲ့ ကွင်းလယ်လူ မက်သီးယက်စ်နူးနက်စ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူလိုက်ပါတယ်။

နူးနက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ဝုဗ်ဗာဟန်တန်အသင်းကို ပြောင်းရွှေ့လာပြီး အသင်းကြီးတွေရဲ့ ပစ်မှတ်လည်း ဖြစ်ခဲ့ပါတယ်။

မကြာခင်မှာပဲ ဆေးစစ်မှုခံယူပြီး မန်စီးတီးအသင်းကို ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။

Ref : MEN
Photo credit : MEN

ကိုးလ်ပါးမားကို ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းသြဂုတ် ၃၁ ရက်ချဲလ်ဆီးအသင်းဟာ မန်စီးတီးကြယ်ပွင့်လေး ကိုးလ်ပါးမားကို ပေါင် ...
31/08/2023

ကိုးလ်ပါးမားကို ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်း

သြဂုတ် ၃၁ ရက်

ချဲလ်ဆီးအသင်းဟာ မန်စီးတီးကြယ်ပွင့်လေး ကိုးလ်ပါးမားကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

ကနဦးက ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှုကို စီးတီးဘက်က ပယ်ချခဲ့သေးပါတယ်

အခုတခါမှာတော့ ကစားသမားရော အသင်းဘက်ကပါ လက်ခံခဲ့ပီး မကြာခင် ဆေးစစ်မှုခံယူသွားတော့မှာ ဖြစ်ပါတယ်။

Ref : Evening Standard
Photo credit : Evening Standard

ကိုင်စီဒိုရဲ့နေရာ အစားထိုးမှုအဖြစ် ဘာလေဘာကို ခေါ်လိုက်တဲ့ ဘရိုက်တန်ဩဂုတ် ၃၀ ရက်ဘရိုက်တန်အသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့်...
30/08/2023

ကိုင်စီဒိုရဲ့နေရာ အစားထိုးမှုအဖြစ် ဘာလေဘာကို ခေါ်လိုက်တဲ့ ဘရိုက်တန်

ဩဂုတ် ၃၀ ရက်

ဘရိုက်တန်အသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့် ကွင်းလယ်ကစားသမား မွိုင်ဆက်ကိုင်စီဒိုကို ချဲလ်ဆီးထံ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းချလိုက်ပါတယ်။

လက်ရှိမှာတော့ ကိုင်စီဒိုရဲ့နေရာ အစားထိုးမှုအဖြစ် လိုင်လီအသင်းက လူငယ်ကြယ်ပွင့်လေး ကားလို့စ်ဘာလေဘာကို ခေါ်ယူလိုက်ပါတယ်။ ဘာလေဘာအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ ပေးချေခဲ့ရပါတယ်။

“ဘာလေဘာက ကစားသမားကောင်း‌တစ်ဦးပါ။ ငယ်ရွယ်ပြီး ပါရမီလည်း ပါတယ်။ သူက အသင်းရဲ့ အနာဂတ်မှာ အရေးပါလာမှာပါ။” လို့ ဘရိုက်တန်နည်းပြ ဒီဇာဘီက ပြောသွားပါတယ်။

Ref : Fabrizio Romano
Photo Credit : Goal

Address

Pathein

Telephone

+66618818465

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy Times - Sport posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyarwaddy Times - Sport:

Share

Category