Argenda

Directions Contact the business

Argenda ArGENDA 1.0 is about to happen. We have a strong commitment to synergize your company with latest technologies and our greatest services.

AGENDA is the software & digital service startup to digitalize your business by providing Social CRM (Digital Marketing), Web, Graphic and Software development supports for your business.

WhatsApp ပေါ်မှာ လုပ်ငန်းတွေ Customer Service ပေးတာဟာ အကန့်အသတ်မရှိ အခမဲ့ မဟုတ်တော့ပါဘူး(English Version Below 🇺🇸⬇️)Meta...
13/09/2026

WhatsApp ပေါ်မှာ လုပ်ငန်းတွေ Customer Service ပေးတာဟာ အကန့်အသတ်မရှိ အခမဲ့ မဟုတ်တော့ပါဘူး
(English Version Below 🇺🇸⬇️)

Meta က စီးပွားရေးလုပ်ငန်းတွေ စာပို့တဲ့စနစ်ကို အသစ် ပြန်လည်ရေးဆွဲလိုက်ပြီဗျ။
လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး WhatsApp Business ရဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေ ပြောင်းလဲတော့မှာပါ။
လုပ်ငန်းသုံး ဖုန်းနံပါတ်တစ်ခုကို တစ်လအတွက် အခမဲ့ မက်ဆေ့ချ် အစောင် ၁၀၀၀ ပဲ ရပါတော့မယ်။
ဒီလမှာ မကုန်လည်း နောက်လအတွက် ပေါင်းပေးသွားမှာ မဟုတ်ပါဘူး။
အစောင်ရေ ၁၀၀၁ ကစပြီး ပို့သမျှ မက်ဆေ့ချ်တိုင်းအတွက် ပိုက်ဆံ ပေးရတော့မှာပါ။
ပေးရမယ့် နှုန်းထားကတော့ လက်ခံမယ့်သူရဲ့ နိုင်ငံအပေါ် မူတည်ပြီး ကွာခြားသွားပါလိမ့်မယ်။
ဒါပေမဲ့ သာမန်သုံးနေကျ ကိုယ်ပိုင် WhatsApp ကတော့ အခမဲ့ ဆက်ဖြစ်နေဦးမှာပါ။
ဒီအပြောင်းအလဲက API နဲ့ တခြား 3rd-party စနစ်တွေချိတ်သုံးတဲ့ လုပ်ငန်းတွေကိုပဲ အဓိက သက်ရောက်မှာပါ။
စာအဝင်အထွက်နည်းတဲ့ လုပ်ငန်းငယ်လေးတွေအတွက်တော့ သိပ်ပြီး ထိခိုက်စရာ မရှိပါဘူး။
ဒါပေမဲ့ နေ့စဉ် Customer ထောင်ပေါင်းများစွာကို စာပြန်နေရတဲ့ ကုမ္ပဏီကြီးတွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။
ကမ္ဘာ့အကြီးဆုံး စာတိုပေးပို့ရေး ပလက်ဖောင်းပေါ်က Customer Service ဟာ အခုတော့ ငွေကုန်ကြေးကျရှိတဲ့ ကဏ္ဍတစ်ခု ဖြစ်လာခဲ့ပြီပေါ့။

ဒီလို ကုန်ကျစရိတ်တွေ ရှိလာတဲ့အခါ လုပ်ငန်းတွေက Customer တွေကို စာပြန်တာတွေ လျှော့ချပစ်မယ်လို့ မိတ်ဆွေ ထင်ပါသလား။
- - - - -

Customer service on WhatsApp is officially no longer unlimited.

Meta is quietly rewriting the rules of corporate messaging.
Starting October 1, the WhatsApp Business Platform is shifting its pricing model.
Every business number now gets exactly 1,000 free outbound service messages per month.
These allowances reset monthly and unused messages will not roll over.
Once a business hits message number 1,001, the meter immediately starts running.
Companies will be charged based on the regional utility message rates of their customers.
To be clear, your personal everyday WhatsApp app remains completely free.
This update specifically targets operations using the API or third-party enterprise solutions.
Small shops handling low message volumes might never actually see a single bill.
But massive enterprises handling thousands of daily support tickets face a new financial reality.
Customer service on the world's biggest messaging app is now a highly measurable expense.

Will this new cost structure force brands to limit how often they text you back?

နေ့စဉ်သုံး Workspace ထဲကို AI ရုပ်ပုံဖန်တီးမှု့ တိုက်ရိုက်ထည့်သွင်းလိုက်တဲ့ Google(English Version Below 🇺🇸⬇️)Google က လ...
12/09/2026

နေ့စဉ်သုံး Workspace ထဲကို AI ရုပ်ပုံဖန်တီးမှု့ တိုက်ရိုက်ထည့်သွင်းလိုက်တဲ့ Google
(English Version Below 🇺🇸⬇️)

Google က လုပ်ငန်းခွင်တွေမှာ ရုပ်ပုံဖန်တီးတဲ့ ပုံစံကို အကြီးအကျယ် ပြောင်းလဲလိုက်ပြီ။ Google Workspace ထဲမှာ တိုက်ရိုက်သုံးလို့ရမယ့် Google Pics ကို စတင် မိတ်ဆက်လိုက်တာပါ။ စာသားလေး ရိုက်ထည့်လိုက်ရုံနဲ့ လိုချင်တဲ့ ပုံတွေကို အလွယ်တကူ ဖန်တီးနိုင်ပြီ။ ပုံထဲက အရာဝတ္ထုတွေကို ရွေးချယ်ပြင်ဆင်တာ၊ 4K အထိ ရုပ်ထွက်မြှင့်တာတွေပါ လုပ်နိုင်တယ်။ အထူးခြားဆုံးကတော့ ပုံထဲက စာသားတွေကို တိုက်ရိုက် ပြင်ဆင်တာ၊ ဘာသာပြန်တာတွေ လုပ်နိုင်စွမ်းရှိတာပါပဲ။ စာတစ်လုံး ပြင်ချင်ရုံနဲ့ ပုံတစ်ပုံလုံးကို အသစ်ပြန်ထုတ်စရာ မလိုတော့ဘူး။
ဒါဟာ သာမန် ရုပ်ပုံဖန်တီးတဲ့ နည်းပညာသက်သက် မဟုတ်ပါဘူး။ နေ့စဉ်လုပ်ငန်းခွင်သုံး ဆော့ဖ်ဝဲလ်တွေနဲ့ အချိတ်အဆက်မိမိ အလုပ်လုပ်နိုင်တာက ပိုအရေးကြီးတယ်။ Docs နဲ့ Slides တွေထဲမှာတင် လူအများကြီး တပြိုင်နက်တည်း ဝင်ရောက် ပြင်ဆင်နိုင်ပြီ။ Google က တခြား သီးသန့် အက်ပ်တွေဆီ ကူးပြောင်းအသုံးပြုရတဲ့ အလုပ်ရှုပ်မှုကို လျှော့ချပစ်ချင်တာပါ။ ဖန်တီးတာ၊ ပြင်ဆင်တာနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ အားလုံးကို နေရာတစ်ခုတည်းမှာ စုစည်းပေးလိုက်တာပါ။

ကိုယ်နေ့စဉ်သုံးနေတဲ့ စာရွက်စာတမ်းတွေထဲမှာတင် အရည်အသွေးမြင့် ပုံတွေကို ဖန်တီးပြင်ဆင်နိုင်ပြီဆိုတော့ Canva လို သီးသန့် ဒီဇိုင်း ပလက်ဖောင်းတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမယ်လို့ မိတ်ဆွေ ထင်ပါသလဲ။
- - - - -

Google Integrates AI Image Generation Directly Into Workspace

Google is fundamentally changing how businesses handle visual content. They just launched Google Pics directly inside the Google Workspace ecosystem. Users can now generate complete images from a simple text prompt. You can easily select individual objects, crop formats, or upscale resolution to 4K. It even allows you to edit and translate text directly within an existing image. You no longer need to regenerate the entire visual just to change a single word.
This goes far beyond simple AI image generation. The true power lies in its seamless daily workflow integration. Multiple users can now collaborate on designs directly within Docs and Slides. Google wants to completely eliminate the need to switch between specialized applications. Creation, editing, and team collaboration are finally merging into one single environment.

If you can instantly create and edit high-quality visuals right inside your daily documents, what happens to standalone design platforms like Canva?

သင့်ကိုယ်စား ဈေးဝယ်ထွက်ပေးတော့မယ့် Anthropic ရဲ့ Commerce Agents(English Version Below 🇺🇸⬇️)Anthropic က Claude Commerce ...
12/09/2026

သင့်ကိုယ်စား ဈေးဝယ်ထွက်ပေးတော့မယ့် Anthropic ရဲ့ Commerce Agents
(English Version Below 🇺🇸⬇️)

Anthropic က Claude Commerce Agents ဆိုတဲ့ နည်းပညာအသစ်ကို မိတ်ဆက်လိုက်ပြီ။ ဒါဟာ ဈေးဝယ်တဲ့ အတွေ့အကြုံကို အကြီးအကျယ် ပြောင်းလဲပေးမယ့် AI လက်ထောက်တွေပါ။ ကိုယ်တိုင် ပစ္စည်းတွေ လိုက်ရှာပြီး ဈေးနှုန်းယှဉ်ကြည့်နေစရာ မလိုတော့ဘူး။ ဒီ AI က ကိုယ်ပြောတဲ့စကားကို နားလည်ပြီး ကက်တလောက်တွေထဲကနေ အလိုအလျောက် ရှာပေးတယ်။ ကိုယ်ကြိုက်တတ်တဲ့ ပုံစံတွေကိုပါ ထည့်စဉ်းစားပြီး စကားပြောနေရင်းနဲ့တင် ပစ္စည်းတွေကို ပြသပေးမှာပါ။ ငွေရှင်းဖို့အတွက် ဈေးခြင်းတောင်းထဲအထိပါ အသင့် ထည့်ပေးထားဦးမှာ ဖြစ်တယ်။
Shopify လို ပလက်ဖောင်းကြီးတွေမှာလည်း ဒီစနစ်ကို စတင် အသုံးပြုနေကြပြီ။ ဒါပေမဲ့ ဒီနည်းပညာက ဝယ်သူတွေအတွက် သီးသန့် ထုတ်ထားတာတော့ မဟုတ်ဘူး။ ရောင်းချသူတွေအတွက်လည်း Merchant Agent ဆိုတဲ့ စနစ်ကို ထည့်သွင်းပေးထားသေးတယ်။ အရောင်းဒေတာတွေကို ခွဲခြမ်းစိတ်ဖြာတာ၊ ပစ္စည်းလက်ကျန် စစ်ဆေးတာတွေကိုပါ လုပ်ပေးနိုင်တယ်။ ဒီ AI တွေကြောင့် ဝယ်ယူမှုပမာဏက ၃၅ ရာခိုင်နှုန်းအထိ ပိုများလာတာကို တွေ့ရတယ်။ ဈေးဝယ်သူတွေအနေနဲ့လည်း အဆုံးထိ ဝယ်ယူဖြစ်သွားဖို့ ၆၀ ရာခိုင်နှုန်းအထိ ပိုများလာတယ်လို့ ဆိုတယ်။

AI ကိုယ်တိုင်က ပစ္စည်းရှာပေးပြီး ဈေးခြင်းထဲ ထည့်ပေးလာတဲ့အခါ မိတ်ဆွေတို့ရဲ့ ဝယ်ယူမှု ဆုံးဖြတ်ချက်တွေကို ဘယ်သူက အဓိက လွှမ်းမိုးသွားမယ်လို့ထင်မြင်လဲ?
- - - - -

Anthropic’s Commerce Agents Will Now Do the Shopping For You

Anthropic just released a powerful new blueprint called Claude Commerce Agents. These open-source AI assistants are built specifically to revolutionize retail. You no longer need to manually search and compare multiple products across websites. The Shopping Agent understands natural language and intelligently navigates complex catalogs. It actively factors in your personal preferences and displays items right in the chat. It even prepares your entire shopping cart before seamlessly handing it off for payment.
Major platforms like Shopify are already integrating this intelligent infrastructure. But this technology goes far beyond just helping the buyer. Anthropic also introduced a Merchant Agent designed specifically for retailers. This AI analyzes sales trends, monitors inventory, and even drafts marketing campaigns. Early data shows shopping carts growing by 35% with these direct AI interactions. Customers are also 60% more likely to actually complete their purchases.

When an AI actively curates and prepares your cart, who really controls your purchasing decisions?

AI တွေ အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်မယ့် Nous Research ရဲ့ "Pantheon" စနစ်သစ်(English Version Below 🇺🇸⬇️)Nous Rese...
11/09/2026

AI တွေ အချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင်မယ့် Nous Research ရဲ့ "Pantheon" စနစ်သစ်
(English Version Below 🇺🇸⬇️)

Nous Research က "The Pantheon Release" လို့ အမည်ပေးထားတဲ့ အဆင့်မြှင့်တင်မှုတစ်ခုကို ထုတ်လိုက်ပြီ။ Hermes Agent v0.21.0 က open-source assistant ကို multi-agent ပုံစံဆီ ပြောင်းလဲပေးလိုက်တာပါ။ Bot Mode အသစ်ကနေ မတူညီတဲ့ ပရိုဖိုင်တွေနဲ့ Agent အများကြီးကို ဖန်တီးနိုင်ပြီ။ ဒီလို သီးသန့်စွမ်းရည်ရှိတဲ့ Agent တွေကို အုပ်စုလိုက် စကားပြောဆို ဆွေးနွေးခိုင်းလို့ ရလာတယ်။ hermes peer ဆိုတဲ့ ကွန်မန်းနဲ့တင် Agent အချင်းချင်း စာပို့ပြီး အလုပ်တွေ အလွယ်တကူ လွှဲပြောင်းပေးနိုင်ပြီ။
အချိန်သတ်မှတ်ထားတဲ့ အလုပ်တွေမှာလည်း အချက်အလက်တွေကို မပျောက်ပျက်အောင် ဆက်လက် မှတ်သားထားနိုင်တယ်။ Subagent တွေ အလုပ်လုပ်နေဆဲ အချိန်မှာတောင် သူတို့ကို လမ်းကြောင်းပြောင်းပြီး ထပ်ခိုင်းလို့ ရသေးတယ်။ ဒါဟာ အရင်တုန်းက OpenAI Agent ၆၈၈ ခု အချင်းချင်း ချိတ်ဆက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ လုံးဝ ကွာခြားတယ်။ Pantheon စနစ်က AI တွေအချင်းချင်း စနစ်တကျ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အဓိက ရည်ရွယ်ဖန်တီးထားတာပါ။ နည်းပညာလောကက တစ်ကိုယ်တော် AI တွေနေရာမှာ အဖွဲ့လိုက် အလုပ်လုပ်တဲ့စနစ်ကို အရှိန်အဟုန်နဲ့ ပြောင်းလဲလာပြီ။ ကျွမ်းကျင်မှု အမျိုးမျိုးရှိတဲ့ AI တွေ စုပေါင်းလုပ်ဆောင်မယ့် ခေတ်တစ်ခုကို ကျနော်တို့ ရောက်လာတာပါပဲ။

AI Agent အများကြီးက ရှုပ်ထွေးတဲ့ အလုပ်တွေကို သူတို့ဘာသာ ခွဲဝေလုပ်ဆောင်လာတဲ့အခါ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူက အဓိက ကြီးကြပ်သင့်တယ်လို့ မိတ်ဆွေထင်လဲ?
- - - - -

Nous Research Unveils “Pantheon”: The Dawn of Collaborative AI Agents

Nous Research just released a major update named “The Pantheon Release”. Hermes Agent v0.21.0 officially pushes its open-source assistant into a multi-agent architecture. With the newly introduced Bot Mode, you can create multiple agents with highly distinct profiles. These specialized agents can now be brought together in dynamic group conversations. Using the hermes peer command, they can directly message each other and seamlessly hand off work.
Scheduled tasks can now retain their complete context from one ex*****on to the next. Human users can even redirect subagents on the fly while they are actively working. This is drastically different from a recent incident where 688 OpenAI agents emergently coordinated an attack. Pantheon is explicitly designed to enable secure, productive collaboration between multiple AIs. The industry is rapidly shifting away from single digital assistants. We are moving toward operating several highly specialized agents as a cohesive team.

As AI systems become capable of dividing complex tasks among themselves, who should ultimately oversee their decisions?

သာမန် စကားပြောရုံသက်သက် AI တွေရဲ့ ခေတ်က တဖြည်းဖြည်း ကုန်ဆုံးလာပြီOpenAI ကို စိန်ခေါ်လိုက်တဲ့ Meta ရဲ့ မော်ဒယ်အသစ် Muse S...
11/09/2026

သာမန် စကားပြောရုံသက်သက် AI တွေရဲ့ ခေတ်က တဖြည်းဖြည်း ကုန်ဆုံးလာပြီ
OpenAI ကို စိန်ခေါ်လိုက်တဲ့ Meta ရဲ့ မော်ဒယ်အသစ် Muse Spark 1.3
(English Version Below 🇺🇸⬇️)

Meta က သူတို့ရဲ့ အစွမ်းထက်ဆုံး AI မော်ဒယ်ဖြစ်တဲ့ Muse Spark 1.3 ကို မိတ်ဆက်လိုက်ပြီ။ ဒီစနစ်က ဆော့ဖ်ဝဲလ်ရေးသားမှုနဲ့ အလိုအလျောက် အလုပ်လုပ်နိုင်စွမ်းတွေမှာ အများကြီး တိုးတက်လာတယ်။ ရှုပ်ထွေးတဲ့ အလုပ်တွေကို အချိန်ကြာကြာ သူ့ဘာသာ ဆက်တိုက် လုပ်ဆောင်ပေးနိုင်တာပါ။ အလုပ်လုပ်နေရင်းနဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်ရှာဖွေပြီး သင်ယူမှတ်သားနိုင်စွမ်းလည်း ရှိတယ်။ အရင်မော်ဒယ်ဟောင်းထက် Token အသုံးပြုမှုကိုလည်း ၂၅ ရာခိုင်နှုန်းလောက်အထိ လျှော့ချထားနိုင်တယ်။
ဒီတစ်ခါ Meta ရဲ့ ကြွေးကြော်သံကတော့ တော်တော်လေးကို ရဲတင်းလှတယ်။ ကုဒ်ရေးတဲ့နေရာမှာ OpenAI ရဲ့ GPT-5.6 Sol ထက်တောင် ပိုကောင်းတယ်လို့ သူတို့က ဆိုထားတယ်။ သီးခြားလေ့လာမှုတွေအရတော့ ဒီမော်ဒယ်နှစ်ခုက အသိဉာဏ်ပိုင်းမှာ ရမှတ်တူညီနေတာကို တွေ့ရတယ်။ ဒါပေမဲ့ တုံ့ပြန်မှုအမြန်နှုန်းမှာတော့ Muse Spark က သိသိသာသာ ပိုမြန်နေတာပါ။ ဒီခြေလှမ်းက Meta တစ်ယောက် AI ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာကို ပြန်ရောက်လာပြီဆိုတာ သက်သေပြလိုက်တာပါပဲ။

AI တွေက နာရီနဲ့ချီပြီး ကွန်ပျူတာကုဒ်တွေကို သူ့ဘာသာ ရေးနိုင်လာပြီဆိုတော့ လူသားပရိုဂရမ်မာတွေရဲ့ အခန်းကဏ္ဍ ဘယ်လို ပြောင်းလဲသွားမယ်လို့ မိတ်ဆွေထင်လဲ?
- - - - -

The era of the simple chatbot is rapidly coming to a close.
Meta Strikes Back: Muse Spark 1.3 Challenges OpenAI’s Coding Supremacy

Meta just launched Muse Spark 1.3 as its most capable AI model to date. This system is heavily optimized for complex software development and autonomous tasks. It easily handles multiple workflows and actively identifies gaps in its own plans. It even retains what it learns while working on long-running objectives. Efficiency is also up, using roughly 25% fewer tokens than its predecessor.
The competitive claims are incredibly bold this time around. Meta's Chief AI Officer stated it is outright better than OpenAI’s GPT-5.6 Sol at coding. Independent tests show the two models actually tied on the main Intelligence Index. However, Muse Spark operates with a significantly faster generation speed. Meta is clearly fighting its way back to the absolute forefront of the AI race.

When AI systems can code autonomously for hours, how will the role of human developers change?

ဦးနှောက်တစ်ခုတည်းကို သုံးထားပေမဲ့ လူတိုင်းသုံးခွင့်မရတဲ့ AI မော်ဒယ်တွေAnthropic ရဲ့ မော်ဒယ်အသစ်နှစ်ခုနဲ့ သီးသန့် ကန့်သတ်...
10/09/2026

ဦးနှောက်တစ်ခုတည်းကို သုံးထားပေမဲ့ လူတိုင်းသုံးခွင့်မရတဲ့ AI မော်ဒယ်တွေ
Anthropic ရဲ့ မော်ဒယ်အသစ်နှစ်ခုနဲ့ သီးသန့် ကန့်သတ်လိုက်တဲ့ Mythos 5.1
(English Version Below 🇺🇸⬇️)

Anthropic က သူတို့ရဲ့ Claude Fable 5.1 နဲ့ Claude Mythos 5.1 တို့ကို တရားဝင် မိတ်ဆက်လိုက်ပြီ။ ဒါဟာ coding နဲ့ အသိပညာပိုင်းဆိုင်ရာ အလုပ်တွေအတွက် အဆင့်မြင့်ဆုံး မော်ဒယ်တွေလို့ ဆိုတယ်။ Fable 5.1 က ဆော့ဖ်ဝဲလ်ရေးတာနဲ့ သုတေသနလိုမျိုး အချိန်ကြာမြင့်တဲ့ အလုပ်တွေမှာ အများကြီး ပိုကောင်းလာတယ်။ လူရဲ့ ကြီးကြပ်မှု သိပ်မပါဘဲ နာရီနဲ့ချီပြီး သူ့ဘာသာ ဆက်တိုက် အလုပ်လုပ်ပေးနိုင်စွမ်းရှိတယ်။ Terminal-Bench-Science 0.1 စမ်းသပ်မှုမှာ အရင်မော်ဒယ်ဟောင်းက ၂၄.၇ ရာခိုင်နှုန်းပဲ ရခဲ့တာပါ။ အခု Fable 5.1 က ၅၂.၆ ရာခိုင်နှုန်းအထိ အံ့မခန်း တက်လာတာကို တွေ့ရတယ်။ ဒါ့အပြင် ပုံမှန်အလုပ်တွေအတွက် ကုန်ကျစရိတ်ကိုလည်း ၂၅ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးထားသေးတယ်။
ဒီမော်ဒယ်နှစ်ခုရဲ့ အထူးခြားဆုံး အချက်ကတော့ လုံခြုံရေး ကန့်သတ်ချက်တွေပဲဗျ။ အတွင်းပိုင်းမှာ နည်းပညာတစ်ခုတည်းကို အခြေခံထားပေမဲ့ လုံခြုံရေး သတ်မှတ်ချက်တွေက လုံးဝ ကွဲပြားနေတယ်။ Fable 5.1 ကို လူတိုင်း သုံးခွင့်ပေးထားပေမဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ဇီဝဗေဒဆိုင်ရာ အရေးကြီး အချက်အလက်တွေကိုတော့ ကန့်သတ်ထားတယ်။ Mythos 5.1 ကတော့ ဒီလို ကန့်သတ်ချက်တွေကို အများကြီး လျှော့ချပေးထားတဲ့ မော်ဒယ်ပါ။ ဒါပေမဲ့ အလွဲသုံးစားလုပ်မှာကို စိုးရိမ်တဲ့အတွက် ဒီမော်ဒယ်ကို လူတိုင်း ပေးမသုံးပါဘူး။ ယုံကြည်ရတဲ့ အဖွဲ့အစည်း အနည်းငယ်ကိုပဲ သေချာ စိစစ်ပြီးမှ အထူးခွင့်ပြုချက်နဲ့ သုံးခွင့်ပေးထားတာပါ။

ရှေ့လျှောက် အဆင့်မြင့် AI တွေကို သုံးစွဲသူရဲ့ နောက်ခံအပေါ်မူတည်ပြီး စွမ်းဆောင်ရည် ခွဲခြားသတ်မှတ်လာတဲ့ခေတ်ကို မိတ်ဆွေတို့ရောဘယ်လိုမြင်လဲ?
- - - - -

Not all AI models are created equal—even when they share the exact same brain.
Anthropic’s Dual Release: Why Mythos 5.1 is Locked Behind Closed Doors

Anthropic just unveiled Claude Fable 5.1 and Claude Mythos 5.1. These are their most advanced models yet for complex coding and knowledge work. Fable 5.1 specifically masters long-running tasks like software development and research. It can operate independently for hours with very little human supervision. Performance has doubled, scoring 52.6% on the Terminal-Bench-Science 0.1 benchmark. Simultaneously, the cost of typical workloads has dropped by roughly 25%.
But the most fascinating shift is how these two systems are heavily guarded. They share the exact same underlying model, but feature completely different safeguards. Fable 5.1 is widely available, yet restricts sensitive cybersecurity and biology prompts. Mythos 5.1 lifts these heavy restrictions to unlock raw, unfiltered capabilities. However, Anthropic strictly limits Mythos to a small circle of verified organizations. They are using trusted access programs to actively prevent the potential for misuse.

As AI power becomes tiered by trust, who gets to decide which organizations deserve the ultimate keys?

ကားတစ်စီး ဝယ်သလိုမျိုး စက်ရုပ်တစ်ရုပ် ဝယ်နိုင်မယ့်ခေတ်က သိပ်မဝေးတော့ဘူး၂၀၂၇ ခုနှစ်မှာ စတင်ရောင်းချနိုင်မယ့် Tesla ရဲ့ Op...
10/09/2026

ကားတစ်စီး ဝယ်သလိုမျိုး စက်ရုပ်တစ်ရုပ် ဝယ်နိုင်မယ့်ခေတ်က သိပ်မဝေးတော့ဘူး
၂၀၂၇ ခုနှစ်မှာ စတင်ရောင်းချနိုင်မယ့် Tesla ရဲ့ Optimus လူပုံစံစက်ရုပ်
(English Version Below 🇺🇸⬇️)

Tesla က သူတို့ရဲ့ Optimus စက်ရုပ်ကို ဓာတ်ခွဲခန်းထဲကနေ ဈေးကွက်ဆီ ခေါ်ထုတ်လာတော့မယ်။ လူပုံစံစက်ရုပ်တွေက သာမန်စားသုံးသူတွေလက်ထဲ ရောက်ဖို့ အတော်လေး နီးစပ်လာပါပြီ။ Fremont စက်ရုံက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အချိန်ဇယားက အတော်လေး မြန်ဆန်နေတယ်။ ၂၀၂၇ ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာတင် ပြင်ပဖောက်သည်တွေဆီ စတင်ရောင်းချနိုင်ချေရှိတယ်။ အခုဆိုရင် Optimus Gen 3 ရဲ့ ဒီဇိုင်းပိုင်းကိုလည်း အပြီးသတ် သတ်မှတ်လိုက်ပြီ။ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းထောက်ပံ့မှုတွေကိုပါ အသေအချာ ပြင်ဆင်ထားပြီးပြီ။
စက်ရုံတွင်း ထုတ်လုပ်ရေးအပိုင်းမှာလည်း အကြီးအကျယ် ပြောင်းလဲမှုတွေ လုပ်နေတယ်။ အရင် Model S နဲ့ X ထုတ်လုပ်တဲ့ နေရာတွေမှာ Optimus ထုတ်လုပ်ရေးလိုင်းတွေ အစားထိုးနေပြီ။ တနှစ်ကို စက်ရုပ်အလုံးရေ တစ်သန်းလောက် ထုတ်လုပ်နိုင်ဖို့အထိ ရည်မှန်းထားတာပါ။ ဒါပေမဲ့ အစပိုင်းမှာတော့ အများပြည်သူဆီ တိုက်ရိုက် ရောက်လာဦးမှာ မဟုတ်သေးဘူး။ ပထမဆုံးထွက်လာမယ့် စက်ရုပ်တွေကို ဒေတာစုဆောင်းဖို့နဲ့ စွမ်းဆောင်ရည်မြှင့်ဖို့ အရင်သုံးသွားမယ်။ ၂၀၂၇ ဆိုတာကလည်း လျာထားချက်သာဖြစ်ပြီး အတိအကျ အာမခံထားတာတော့ မဟုတ်သေးပါဘူး။

မိတ်ဆွေသာ ဒီလို လူပုံစံစက်ရုပ်တစ်ရုပ် ပိုင်ဆိုင်ခဲ့ရင် ဘယ်လိုအလုပ်မျိုးကို အရင်ဆုံး ခိုင်းချင်ပါသလဲ။
- - - - -

Buying a humanoid robot might soon be as normal as buying a car.
Tesla's Optimus Robot Targets 2027 for First Public Sales

Tesla is officially preparing to move its Optimus robot out of the laboratory. The humanoid machine is inching much closer to the consumer market. Recent insights from the Fremont factory reveal an aggressive new timeline. External sales could begin as early as the second half of 2027. The physical design for Optimus Gen 3 is now completely finalized. Its entire manufacturing supply chain is also nearly locked in.
The factory floor itself is undergoing a massive transformation. Old Model S and X production lines are gradually being replaced. Tesla is building a dedicated Optimus line targeting one million units annually. However, these robots will not hit general store shelves immediately. The first wave will strictly help Tesla collect data and refine capabilities. And while 2027 is the reported target, it remains an ambitious goal rather than a firm guarantee.

If humanoid robots successfully enter everyday businesses and homes, what daily task will you hand over first?

လန်ဒန်မြို့ရဲ့ ယာဉ်မောင်းခုံတွေမှာ မကြာခင် လူသားတွေ လိုအပ်တော့မှာမဟုတ်ဘူးUber နဲ့ Wayve တို့ ပူးပေါင်းပြီး လန်ဒန်လမ်းမတွ...
09/09/2026

လန်ဒန်မြို့ရဲ့ ယာဉ်မောင်းခုံတွေမှာ မကြာခင် လူသားတွေ လိုအပ်တော့မှာမဟုတ်ဘူး
Uber နဲ့ Wayve တို့ ပူးပေါင်းပြီး လန်ဒန်လမ်းမတွေပေါ် Robotaxi တွေ စတင်ပြေးဆွဲ
(English Version Below 🇺🇸⬇️)

Uber က ဗြိတိန်မှာ ပထမဆုံး အလိုအလျောက်မောင်းနှင်တဲ့ အငှားယာဉ်တွေကို စတင်လိုက်ပြီဗျ။ ဗြိတိန်အခြေစိုက် Wayve ကုမ္ပဏီနဲ့ပူးပေါင်းပြီး AI တပ်ဆင်ထားတဲ့ ကားတွေကို အသုံးပြုသွားမှာပါ။ လန်ဒန်မှာ ကားငှားလိုက်ရင် ဒီလို AI မောင်းတဲ့ကားတွေ အပိုအခကြေးငွေမပါဘဲ ရောက်လာနိုင်တယ်။ လောလောဆယ်တော့ လုံခြုံရေးအတွက် လူသားယာဉ်မောင်းတစ်ယောက်က အသင့်စောင့်ကြည့်ပေးနေဦးမှာပါ။
Wayve ရဲ့ နည်းပညာက တခြားစနစ်တွေနဲ့မတူဘဲ AI ကိုပဲ အပြည့်အဝ အားကိုးထားတယ်။ မြေပုံအသေတွေ၊ ကြိုတင်ရေးဆွဲထားတဲ့ စည်းမျဉ်းတွေကိုချည်း မှီခိုမနေဘူး။ ပတ်ဝန်းကျင် အခြေအနေကို AI ကိုယ်တိုင် နားလည်ပြီး လိုက်လျောညီထွေ မောင်းနှင်သွားတာပါ။ လမ်းကျဉ်းပြီး လူရှုပ်တဲ့ လန်ဒန်မြို့ကြီးက ဒီနည်းပညာအတွက် အကောင်းဆုံး စမ်းသပ်ကွင်းတစ်ခုပါပဲ။ ဒီပူးပေါင်းမှုကို ကမ္ဘာတလွှားက နောက်ထပ် ဈေးကွက် ၁၂ ခုအထိ တိုးချဲ့သွားဖို့လည်း ရှိနေတယ်။

မိတ်ဆွေတို့မြို့မှာရော ယာဉ်မောင်းမပါတဲ့ ကားတွေရောက်လာရင် စိတ်ချလက်ချ စီးရဲပါ့မလား?
- - - - -

The driver's seat in London is quietly becoming optional.
Uber and Wayve Bring AI-Driven Robotaxis to the Streets of London

Uber just launched its first public autonomous rides in the United Kingdom. Partnering with British startup Wayve, they are rolling out AI-powered vehicles. If you request a standard ride in London, a robotaxi might arrive at no extra cost. For now, a human safety driver remains behind the wheel to supervise the journey.
What makes Wayve’s technology unique is its purely AI-based approach. It abandons rigid high-definition maps and hard-coded driving rules. Instead, the system actively learns to interpret its surroundings in real-time. London’s chaotic, narrow streets provide the ultimate testing ground for this adaptability. Uber and Wayve already plan to expand this partnership to 12 global markets.

When fully driverless cars hit your city, will you be the first to ride or the last?

လနဲ့ချီ အချိန်ယူရတဲ့ ဆိုက်ဘာလုံခြုံရေး စစ်ဆေးမှုတွေက အခု ၂ နာရီအောက်ပဲ ကြာတော့မယ်ဆိုက်ဘာလုံခြုံရေးလောကကို ပြောင်းလဲပစ်လိ...
09/09/2026

လနဲ့ချီ အချိန်ယူရတဲ့ ဆိုက်ဘာလုံခြုံရေး စစ်ဆေးမှုတွေက အခု ၂ နာရီအောက်ပဲ ကြာတော့မယ်
ဆိုက်ဘာလုံခြုံရေးလောကကို ပြောင်းလဲပစ်လိုက်တဲ့ Google ရဲ့ Gemini 3.8 Flash Cyber

Google က သူတို့ရဲ့ မော်ဒယ်အသစ် Gemini 3.8 Flash နဲ့ ဆိုက်ဘာလုံခြုံရေးအတွက် သီးသန့်ထုတ်ထားတဲ့ Flash Cyber ကို မိတ်ဆက်လိုက်ပြီ။ ဒီ AI ကို ရှုပ်ထွေးတဲ့ ဆော့ဖ်ဝဲလ်ပိုင်းနဲ့ ဆင်ခြင်တုံတရား စဉ်းစားမှုတွေအတွက် အဓိက ရည်ရွယ်ဖန်တီးထားတာပါ။ လက်တွေ့ စမ်းသပ်မှုတွေမှာတော့ တကယ်ကို အံ့မခန်း ရလဒ်တွေ ထွက်ပေါ်နေပြီလို့ ဆိုရမယ်။ Google ရဲ့ Cloud လုံခြုံရေးအဖွဲ့ဟာ ဒီ AI ကိုသုံးပြီး အရေးကြီးတဲ့ အားနည်းချက်တစ်ခုကို ၂ နာရီအတွင်းမှာ ရှာဖွေနိုင်ခဲ့တယ်။ ပုံမှန်ဆိုရင် ဒီလိုရှာဖွေမှုမျိုးအတွက် ကျွမ်းကျင်သူတွေက လနဲ့ချီပြီး အချိန်ယူရလေ့ရှိတာပါ။
ပြိုင်ဘက် စီးပွားဖြစ် မော်ဒယ်တွေနဲ့ ယှဉ်ရင်လည်း မှန်ကန်တဲ့ ပြုပြင်မှုအပိုင်းမှာ ၂.၆ ဆ ပိုလုပ်နိုင်တာကို တွေ့ရတယ်။ ပရိုဂရမ်ဘာသာစကား ၂၀ မျိုးနဲ့ ရေးထားတဲ့ ကုတ်တွေမှာတောင် အောင်မြင်မှုရာခိုင်နှုန်း ၇၀ ကျော်အထိ ရှိနေခဲ့တယ်။ ဒါပေမဲ့ Google က ဒီလောက် အစွမ်းထက်တဲ့ နည်းပညာကို အလွယ်တကူတော့ အသုံးချခွင့် မပေးထားပါဘူး။ ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေကိုပဲ Fairwind အစီအစဉ်ကနေတဆင့် သုံးခွင့်ပေးထားတာပါ။ လုံခြုံရေး အားနည်းချက်တွေကို အလိုအလျောက် ရှာဖွေပြီး ပြင်ဆင်ပေးနိုင်အောင် ဒီ AI ကို အထူး လေ့ကျင့်ပေးထားတယ်။
- - - - -

A cybersecurity process that used to take months just dropped to under two hours.
Google's Gemini 3.8 Flash Cyber is Rewriting the Rules of Digital Defense

Google just introduced Gemini 3.8 Flash and its cybersecurity counterpart, Flash Cyber. This specialized AI is built specifically for complex reasoning and software development. In real-world testing, the results are already completely staggering. Google’s Cloud Vulnerability Research team used it to find a critical security flaw in less than two hours. This exact discovery process would typically take human experts several months to complete.
The model also produced 2.6 times more valid security patches than its largest commercial rivals. It even hit a success rate of over 70% across codebases written in 20 different programming languages. But Google is keeping this immense computing power tightly guarded. Access to Flash Cyber is strictly limited to trusted defenders through the Fairwind program. The AI is trained to automatically detect and fix vulnerabilities before they can be exploited.

If defensive AI can now secure networks in mere hours, what happens when malicious actors eventually unleash their own versions?

Apple ရဲ့ AI လှုပ်ရှားမှုကြီးက ဖုန်းအသစ်မဟုတ်ဘူး(English Version Below 🇺🇸⬇️)မနက်ဖြန် Apple က Cupertino မှာ ဒီနှစ်အကြီးဆု...
08/09/2026

Apple ရဲ့ AI လှုပ်ရှားမှုကြီးက ဖုန်းအသစ်မဟုတ်ဘူး
(English Version Below 🇺🇸⬇️)

မနက်ဖြန် Apple က Cupertino မှာ ဒီနှစ်အကြီးဆုံး launch event ကို ပြုလုပ်တော့မှာပါ — iPhone အသစ်တွေ၊ ခေါက်နိုင်တဲ့ ဖုန်းတစ်လုံး၊ watch အသစ်တွေ။ ဒါပေမယ့် လူအများစု လွတ်သွားနိုင်တဲ့ အဓိက အကြောင်းအရာကတော့ — ဒီ event ရဲ့ တကယ့်အနှစ်သာရက Apple က AI နယ်ပယ်မှာ နောက်မကျအောင် မီအောင်လိုက်နိုင်မလား ဆိုတာပါပဲ။
ဇွန်လက Apple က Siri ကို လုံးဝ ပြန်လည်တည်ဆောက်မယ်လို့ ကတိပေးခဲ့ပါတယ် — ပိုအသိပညာရှိပြီး၊ ပိုပြောဆိုနိုင်ပြီး၊ ဓာတ်ပုံ၊ Messages နဲ့ Mail တွေထဲကို နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ထားမယ်လို့ဆိုပါတယ်။ လများစွာ ကြာသွားပေမယ့် တကယ့် release date တော့ မရှိသေးပါဘူး။ Beta ကို အင်္ဂလိပ်ဘာသာစကားနဲ့သာ ဒီနှစ်နှောင်းပိုင်းမှ စတင်တော့မှာပါ။
ရောက်လာချိန်မှာလည်း အားလုံး တူညီတဲ့ အတွေ့အကြုံ ရမှာ မဟုတ်ပါဘူး။ EU မှာနေတယ်ဆိုရင် Siri AI ကို launch အချိန်မှာ မရနိုင်သေးပါဘူး။ China မှာတော့ စည်းမျဉ်းဥပဒေ ပြဿနာတွေကြောင့် ခေတ္တ ရပ်ဆိုင်းထားရပါတယ်။ Voice customization feature အသစ်တွေ လိုချင်ရင်လည်း iPhone 17 Pro, iPhone Air တို့လို နောက်ဆုံးပေါ် models တွေ လိုအပ်ပါတယ် — ဖုန်းအဟောင်းတွေအတွက်တော့ မရရှိနိုင်ပါဘူး။
ဒါအားလုံးရဲ့ နောက်ကွယ်မှာ Apple ရဲ့ A20 Pro chip အသစ်က 2-nanometer process နဲ့ ထုတ်လုပ်ထားပြီး — Apple ရဲ့ AI comeback အတွက် အဓိက engine ဖြစ်ပါတယ်။
ဒါကြောင့် တကယ့် headline က ဒါပါ — Apple က မနက်ဖြန် ဖုန်းတွေချည်း launch လုပ်မှာ မဟုတ်ပါဘူး။ တစ်နှစ်ကျော်ကြာ ကတိပေးထားခဲ့တဲ့ AI assistant ကို နောက်ဆုံးမှာ release timeline တစ်ခု စတင် သတ်မှတ်လိုက်တာပါ — တစ်ခါတည်း မဟုတ်ဘဲ၊ အဆင့်ဆင့် ကျော်ဖြတ်သွားမှာပါ။
- - - - -

Apple's Big AI Moment Isn't the Phone

Tomorrow, Apple takes the stage in Cupertino for its biggest launch of the year — new iPhones, a foldable, new watches. But here's the story most people will miss: this event is really about whether Apple can finally catch up in AI.
Back in June, Apple promised a completely rebuilt Siri — smarter, more conversational, deeply woven into your photos, messages, and mail. Months later, there's still no firm release date. The beta is only landing in English, sometime later this year.
And when it does arrive, not everyone gets the same experience. If you're in the EU, Siri AI won't be there at launch. In China, it's on hold while Apple works through regulation. Want the new voice customization features? You'll need an iPhone 17 Pro, an iPhone Air, or newer — older iPhones need not apply.
Powering all of this is Apple's new A20 Pro chip, built on a 2-nanometer process — the engine behind the on-device AI Apple's betting its comeback on.
So here's the real headline: Apple isn't just launching phones tomorrow. It's finally putting a release clock on the AI assistant it's been promising for over a year — and rolling it out in pieces, not all at once.

Address

BKK
Pazundaung

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when Argenda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Argenda:

Shortcuts

Share