Creative Marketing Services & Merchandising

Creative Marketing Services & Merchandising Marketing Services, Below The Line Marketing & Quality Promotional Gift Items Production Company

25/11/2023

Bioderma New Product Launch @ Ibis Style Mandalay

Proudly organized by Creative Marketing Services & Merchandising




ကျွန်တော်တို့ Creative Marketing Services ရဲ့ အောက်ပါ လစ်လပ်နေရာများအတွက် ဝန်ထမ်းခေါ်ယူလျှက်ရှိပါတယ်ခင်ဗျာ . . . 💁- Digi...
07/08/2023

ကျွန်တော်တို့ Creative Marketing Services ရဲ့ အောက်ပါ လစ်လပ်နေရာများအတွက် ဝန်ထမ်းခေါ်ယူလျှက်ရှိပါတယ်ခင်ဗျာ . . . 💁

- Digital Account Executive - M/F ( 2 posts )
- Account Executive - M/F ( 2 posts )
- Graphics Designer - M/F( 2 posts )
- Content Writer - M/F ( 2 posts )

🚨လစ်လပ်ရာထူးများအတွက် လျှောက်ထူးသူများသည် အောက်ပါလုပ်ငန်းလိုအပ်ချက်တို့နှင့် ကိုက်ညီရပါမည်🚨

📌အသက် (၂၀ မှ ၂၇ နှစ် )အတွင်းဖြစ်ရမည်။
📌သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အသင့်အတင့်ရှိရမည်ဖြစ်ပြီး Creativity Skill ကောင်းများနှင့် ကြိုးစားလုပ်ဆောင်နိုင်ရမည်။
📌Customer Relationship Management ပိုင်းတွင် ပိုင်နိုင်ကျွမ်းကျင်ရမည်ဖြစ်ပြီး Customer Journey ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ရန်အတွက် ကောင်းမွန်သော Customer Experience များ ပေးနိုင်ရမည်။
📌Problem Solving Skill ကောင်းမွန်ရမည်။
📌Work Load Pressure ကိုလည်း စီမံထိန်းချုပ်နိုင်ရမည်။
📌Team Member များနှင့် ကောင်းမွန်စွာ အချိတ်အဆက်မိ၍ Deadline အမှီဆောင်ရွက်နိုင်ရမည်။
📌လိုက်လျောညီထွေဖြစ်စွာ ပြုမူပြောဆိုနိုင်ရမည်ဖြစ်ပြီး သင်ယူတတ်မြောက်လိုစိတ်ရှိရမည်။

ဆိုတော့ - ဖော်ပြပါ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသူတို့အဖို့ မိမိလျှောက်ထားလိုရာ Position Tittle ကို Subject မှာ ရေးလို့ CV Form လေးများကို ပေးပို့နိုင်ပြီဖြစ်ပါကြောင်းနှင့် Creative Marketing Service မှ Creativity ကောင်းကောင်းရှိသူတို့ကို နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။

ရုံးချိန် - မနက် (၉) နာရီ မှ ညနေ (၅) နာရီ (တနင်္ဂနွေ တစ်ရက်ပိတ်)

ရုံးတည်နေရာ - ရေကျော်

Email - [email protected]

Ph Number - 09 441 758 580

Creative Myanmar Marketing Services
Email – [email protected]




We wish you to have a fabulous year ahead. Wish you all the love and luck. Happy New Year!✌
13/04/2023

We wish you to have a fabulous year ahead. Wish you all the love and luck. Happy New Year!✌



📣 နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် ကြေငြာခြင်း📣💦 April လ 8 ရက်နေ့ကနေ 17 ရက်နေ့အထိမြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သောကြေ...
08/04/2023

📣 နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် ကြေငြာခြင်း📣

💦 April လ 8 ရက်နေ့ကနေ 17 ရက်နေ့အထိ
မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သောကြောင့်
Creative Myanmar Marketing Services အား ခေတ္တခဏပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာ
အသိပေးကြေငြာအပ်ပါသည်။🙏🙏

April လ 18ရက်နေ့တွင် ပုံမှန် ရုံးချိန်အတိုင်း ပြန်လည် ဖွင့်လှစ်ပါမယ်ရှင့်။❤


ကုန်ပစ္စည်းတစ်ခုကို Merchandising နည်းလမ်းတွေ၊ BTL Activities တွေနဲ့အတူ ဈေးကွက်ထဲ ထိုးဖောက်ချင်တဲ့အခါ သမားရိုးကျ နည်းလမ်...
07/03/2023

ကုန်ပစ္စည်းတစ်ခုကို Merchandising နည်းလမ်းတွေ၊ BTL Activities တွေနဲ့အတူ ဈေးကွက်ထဲ ထိုးဖောက်ချင်တဲ့အခါ သမားရိုးကျ နည်းလမ်းတွေကိုပဲ အမြဲအသုံးပြုနေလို့ မရပါဘူး။

ကိုယ် ထိုးဖောက်မယ့် Merchandising Way နဲ့ ကိုယ့်ရဲ့ အမှတ်တံဆိပ်က လိုက်ဖက်မှုရှိရမယ်၊
ကိုယ် အသုံးပြုလိုက်တဲ့ Budget ပမာဏ ထက် ကိုယ်ပြန်ရလိုက်တဲ့ Engagement က ပိုများရမယ်
ကိုယ် အသုံးပြုလိုက်တဲ့ Merchandising Items တွေက ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို ဆွဲခေါ်ပေးနိုင်ရမယ်
နောက်ဆုံးအချက်က... Creative ဖြစ်ရမယ် အစရှိတဲ့ အချက်တွေကို ထည့်သွင်းစဥ်းစားရပါတယ်။

ဒီလို ကိုယ့်လုပ်ငန်းအတွက် Merchandising တွေ၊ BTL Activities လုပ်ဖို့ စဥ်းစားရခက်နေတဲ့အခါ ကျွန်မတို့ Creative Myanmar Marketing Services က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
Creative Myanmar Marketing Services မှ လူကြီးမင်းတို့ စိတ်တိုင်းကျ အစ၊ အလယ်၊ အဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

Creative Myanmar Marketing Services

No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000





အခုနောက်ပိုင်း Brand တွေဟာ Logo Branding ကို ဦးစားပေးပြီး ဖန်တီးလာကြတာကို တွေ့မြင်ရတော့ စိတ်ထဲဝမ်းသာမိပါတယ်။ 🤗အရင်အချိန်...
23/02/2023

အခုနောက်ပိုင်း Brand တွေဟာ Logo Branding ကို ဦးစားပေးပြီး ဖန်တီးလာကြတာကို တွေ့မြင်ရတော့ စိတ်ထဲဝမ်းသာမိပါတယ်။ 🤗

အရင်အချိန်တွေမှာတုန်းကတော့ မြန်မာ့စီးပွားရေးပညာရှင်တွေဟာ ကုန်ပစ္စည်း အရည်အသွေးကိုသာ မြှင့်တင်လေ့ရှိပြီး Branding ပိုင်းကို အသားပေးဖို့အတွက်တော့ မေ့လျော့နေတတ်ကြပါတယ်။

အခုနောက်ပိုင်းမျိုးဆက်ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ Brand တစ်ခုအတွက် အရေးကြီးတဲ့ Branding အပိုင်းကို သေသေချာချာလေး ဂရုစိုက်ပြီး ပြင်ဆင်ပြီးမှ Market ထဲကို ဝင်ရောက်လာကြတာကို ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်လို့ မြင်မိပါတယ်။

တကယ်တော့ Logo ဆိုတာ Brand တစ်ခုအတွက် အရေးကြီးဆုံးအရာတစ်ခုပါ။
Brand တစ်ခုကို ကိုယ်စားပြုတဲ့အရာလို့ ပြောလည်းမမှားနိုင်ပါဘူး။ Logo တစ်ခု Attraction ရှိမှသာ စားသုံးသူတွေဟာ ကိုယ့်ရဲ့ လုပ်ငန်းကို စိတ်ဝင်စားမှုရှိလာမှာ ဖြစ်တဲ့အတွက် Logo Branding ကို ဂရုတစိုက်နဲ့ အချိန်ပေးပြင်ဆင်ကြဖို့ မျှဝေလိုက်ပါရစေနော်။ 🥰

Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000




ကိုယ့်ရဲ့ လုပ်ငန်းကို လူသိများလာအောင် ကြော်ငြာဖို့အတွက် လူအများကြီးသုံးပြီး ကုန်ကျစရိတ်တွေများနေရတုန်းလား? 🤔လူသိများဖို့...
21/02/2023

ကိုယ့်ရဲ့ လုပ်ငန်းကို လူသိများလာအောင် ကြော်ငြာဖို့အတွက်
လူအများကြီးသုံးပြီး ကုန်ကျစရိတ်တွေများနေရတုန်းလား? 🤔

လူသိများဖို့အတွက်တော့ အရင်လို လူအများကြီး သုံးစရာမလိုတော့ပါဘူးနော်…
အရင်ကဆို ကုန်ပစ္စည်းတစ်ခု စျေးကွက်ထဲရောက်ဖို့အတွက် လူအင်အား၊ ငွေအင်အား အများကြီး သုံးရပါတယ်။

အခုလို Digital ခေတ်ကြီးထဲမှာတော့ ကုန်ပစ္စည်းတစ်ခု လူသိများ ရောင်းအားတိုးဖို့အတွက် ခလုတ်လေးတစ်ချက် နှိပ်ရုံနဲ့ လုပ်ဆောင်လို့ရနေပါပြီ။

ကိုယ့်လုပ်ငန်းကို ကြော်ငြာနည်းလမ်းအသစ်တွေနဲ့ စျေးကွက်ထဲ ထိုးဖောက်ချင်တယ်ဆိုရင်တော့ Creative Myanmar Marketing Services နဲ့အတူ အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးနေပါပြီနော်။🥰

Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000





ခေတ်တွေဘယ်လောက်ပဲပြောင်းပြောင်း၊ Marketing Way တွေဘယ်လောက် ပြောင်းပါစေKOL (or) Influencer Marketing က အခုအချိန်ထိ အရေးပါ...
19/02/2023

ခေတ်တွေဘယ်လောက်ပဲပြောင်းပြောင်း၊ Marketing Way တွေဘယ်လောက် ပြောင်းပါစေ
KOL (or) Influencer Marketing က အခုအချိန်ထိ အရေးပါအရာရောက်နေဆဲပါပဲ။

ဘာကြောင့် KOL (or) Influencer Marketing တွေက ဒီနေ့အချိန်ထိ အောင်မြင်နေရသလဲဆိုရင်တော့ အဖြေက တစ်ခုပဲ ရှိပါတယ်။

လူတွေဟာ ကိုယ်နဲ့မရင်းနှီးသေးတဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို စပြီး သုံးကြည့်တော့မယ်ဆိုရင် အရင်ဆုံး အဆိုပါ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းကို ကိုယ့်ရဲ့ အသိမိတ်ဆွေကို လိုက်မေးတတ်ကြတဲ့ အလေ့အထရှိပါတယ်။

ဒါ့ကြောင့်မို့ လူတွေက ကိုယ်ယုံကြည်ရတဲ့သူတွေ ညွှန်းပေးတဲ့အရာတွေကို ကြော်ငြာထားတဲ့ပစ္စည်းတွေထက် ပိုပြီးသဘောကျတတ်တာ ဖြစ်ပါတယ်။
ဒီလိုသဘောတရားအတိုင်းပါပဲ…

နိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ အခြားသော Public Figure တွေနဲ့အတူ ကြော်ငြာတဲ့ ထုတ်ကုန်တွေက ဒီတိုင်းကြော်ငြာတဲ့ ပစ္စည်းတွေထက်ပိုပြီး သူသိများတာကို တွေ့ရပါတယ်။
ဒါ့ကြောင့်လည်း Brand နဲ့လိုက်ဖက်မယ့် KOL (or) Influencer Marketing ကို ယနေ့အချိန်ထိ နိုင်ငံတကာမှာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကို ဒီလို နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များနဲ့ ကြော်ငြာလိုပါက Creative Myanmar Marketing Services နဲ့အတူ ညှိနှိုင်းဆောင်ရွက်နိုင်ဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေနော်။ 🥰

လူကြီးမင်းတို့လုပ်ငန်းအမျိုးအစားနဲ့ လိုက်ဖက်ပြီး အံဝင်ခွင်ကျလည်းဖြစ်စေမယ့် KOL & Influencer တွေကို Creative Myanmar Marketing Services မှ လူကြီးမင်းတို့ စိတ်တိုင်းကျ ဖန်တီးပေးနေပါပြီ။ ❤️

Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000





ယနေ့မှာတော့ Digital Marketer တွေအနေနဲ့ B2C Marketing Way Plan တွေ ချမှတ်ရာမှာ အခြေခံလိုအပ်တဲ့ အချက် (၄) ချက်ကို မျှဝေပေး...
18/02/2023

ယနေ့မှာတော့ Digital Marketer တွေအနေနဲ့ B2C Marketing Way Plan တွေ ချမှတ်ရာမှာ အခြေခံလိုအပ်တဲ့ အချက် (၄) ချက်ကို မျှဝေပေးပါရစေ။🤗

(၁) Customer Relationship
အရေးကြီးဆုံးအချက်မို့ ပထမဆုံးအနေနဲ့ ပြောချင်ပါတယ်။ ဟုတ်ပါတယ်၊ Customer Relationship ပါပဲ။ B2B အတွက်ပဲဖြစ်ဖြစ်၊ B2C အတွက်ပဲဖြစ်ဖြစ် Customer Relationship ကလိုအပ်ပါတယ်။ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဟာ သူ့ကိုအသုံးပြုနိုင်ခြေရှိတဲ့ Audience တွေရဲ့ အသက်အရွယ်အပိုင်းအခြား၊ နေ့စဥ်လှုပ်ရှားမှု၊ အလေ့အကျင့်၊ ဝင်ငွေနှုန်းထားနဲ့ စိတ်နေစိတ်ထားတွေကအစ Analysis လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ရေးဆွဲလိုက်တဲ့ Plan တစ်ခုဟာ ထိရောက်မှုရှိပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

(၂) Website
အခုအနေအထားနဲ့ ဘာကြောင့် Website အကြောင်းကို ပြောရသလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့တဲ့ Customer Relationship ကို ခိုင်မာအောင် လုပ်ဖို့အတွက် ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်အစုံအလင်ကို Info ပေးဖို့ လိုအပ်တယ်လို့ မြင်မိလို့ပါ။ ဒီ့အတွက် အကောင်းဆုံးကတော့ Website ပါပဲ။ Website လို့ ဆိုရာမှာလည်း Single Page Website တော့ မဖြစ်စေရဘူးပေါ့နော်။ UI/UX Design ကို အသားပေးပြီး User တွေရဲ့ Information ကို တိတိကျကျ Data Collect လုပ်နိုင်တဲ့ Website ဖြစ်ဖို့ အရေးကြီးပါတယ်။

(၃) Content Marketing & SEO
Content Marketing က ဘာကြောင့်အရေးကြီးတာလဲဆိုတာတော့ ပြောဖို့မလိုလောက်ဘူးထင်ပါတယ်။ ကိုယ့်ရဲ့ Audience နဲ့ ကိုယ့်လုပ်ငန်းကို ဆက်သွယ်ပေးနိုင်တဲ့ အဓိက အချက်အချာကျတဲ့အရာက Content ပါပဲ။ ကိုယ့်ရဲ့ Page က Quality Content တွေပေးလေ၊ ကိုယ့် Page ကို လူသိများလေပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ရဲ့ လုပ်ငန်းက ဝန်ဆောင်မှုတွေကောင်းနေပါစေ၊ Content အရေးအသားမကောင်းရင် Customer အသစ်တွေကို ဘယ်လိုမှ ဆွဲဆောင်နိုင်မယ်မထင်ပါဘူး။ SEO အသုံးပြုခြင်းရဲ့ အားသာချက်တစ်ခုကတော့ Google မှာ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Keyword တွေကို ရိုက်ရှာတဲ့အခါမှာ ကိုယ့်လုပ်ငန်း Page ကို First Page မှာ ဦးစားပေးပြသမှာ ဖြစ်ပါတယ်။

(၄) Ads
Ads အမျိုးအစားတွေ အများကြီးရှိပါတယ်။ Social Media Platform တွေမှာ အသုံးပြုတဲ့ Ads တွေရှိသလို Google လိုနေရာမျိုးမှာ Display Advertising ပစ်တဲ့ Ads တွေလည်းရှိပါတယ်။ Ads ဘာကြောင့်လိုအပ်သလဲ? လို့မေးလာခဲ့ရင် Ads တွေဟာ ကိုယ့်ရဲ့ Target Audience ကို ကွက်တိရောက်အောင် ပစ်လွှတ်နိုင်တဲ့ Modern Advertising နည်းလမ်း ဖြစ်လို့ပါပဲ။ Google Search Box မှာ ကိုယ်သိချင်၊ လိုချင်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ရှာဖွေလိုက်ပြီဆိုပါစို့။ အဲ့လိုအချိန်မှာ Google ဟာ အသုံးပြုသူ ရှာဖွေထားတဲ့ အကြောင်းအရာတွေကို Data Collect လုပ်ထားကြပါတယ်။ ဒီလိုနဲ့ Ads တွေ Run တဲ့အခါမှာ ရှာဖွေထားတဲ့ Keyword ပေါ်မူတည်ပြီး Ads တွေကို ပြန်လည်ပြသတာ ဖြစ်ပါတယ်။ (ဥပမာ - ကိုယ်က Lipstick လို့ရိုက်ရှာထားမိတယ်ဆိုရင် Lipstick Ads တွေ Run တဲ့အခါ သူ့ကို ပြသမယ်ဆိုတဲ့ ယေဘုယျ သဘောဖြစ်ပါတယ်။)

ကဲ… ဒီအချက်တွေကတော့ B2C Marketing Plan တွေ ချမှတ်ရာမှာ အသုံးဝင်နိုင်တဲ့ နည်းလမ်းတွေထဲက တချို့ပဲဖြစ်ပါတယ်။😇

ကိုယ့်လုပ်ငန်းအတွက် အထိရောက်ဆုံးနဲ့ စျေးနှုန်းအချိုသာဆုံး Marketing Plan တွေကို လိုအပ်လာတယ်ဆို Creative Myanmar မှ အသေးစိတ်တိုင်ပင်ဆွေးနွေးပေးနေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ 🥰

Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000





ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဟာ ကြော်ငြာမလုပ်ဘဲ အောင်မြင်လာနိုင်လား? 🤔ကြော်ငြာမလုပ်ဘူးဆိုတဲ့ လုပ်ငန်းကတော...
17/02/2023

ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဟာ ကြော်ငြာမလုပ်ဘဲ အောင်မြင်လာနိုင်လား? 🤔

ကြော်ငြာမလုပ်ဘူးဆိုတဲ့ လုပ်ငန်းကတော့ ရာခိုင်နှုန်းအတော် နည်းပါးပါတယ်။

လုပ်ငန်းတိုင်းကတော့ သူ့နည်းသူ့ဟန်နဲ့ ကြော်ငြာလုပ်ပြီး ဈေးကွက်ထဲကို ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် တိုက်ရိုက်ကြော်ငြာတဲ့ လုပ်ငန်းတွေနဲ့ မသိမသာ ကြော်ငြာတဲ့ လုပ်ငန်းဆိုပြီး (၂) မျိုးသာ ကွဲပြားမယ်လို့ ထင်မိပါတယ်။

ဒါဆို တိုက်ရိုက်ကြော်ငြာတာနဲ့ မသိမသာ ကြော်ငြာတာ ဘာကွာခြားမှုရှိလဲ?

တကယ်တော့ စားသုံးသူတွေဟာ ကြော်ငြာတာကို လုံးဝမကြိုက်ကြပါဘူး။ သူတို့စိတ်ထဲမှာ ကြော်ငြာဆန်တယ်လို့ သတ်မှတ်မိလိုက်တာနဲ့ အဆိုပါ ထုတ်ကုန် (သို့) ဝန်ဆောင်မှုလုပ်ငန်းတွေကို ဝယ်ယူဖို့ တွန့်ဆုတ်သွားတတ်ကြပါတယ်။

ဒါ့ကြောင့်မို့ နာမည်ကြီး လုပ်ငန်းတော်တော်များများက ကြော်ငြာတွေ အမြဲတမ်း လုပ်မနေဘဲ လူတိုင်းနီးပါး သိကြတဲ့ နေ့ထူးနေ့မြတ်တွေ အထိမ်းအမှတ်နေ့တွေရောက်မှသာ မြင်တာနဲ့ ဝယ်ချင်စရာကောင်းတဲ့ ကြော်ငြာတွေကို ပြုလုပ်ပြီးပြီး စားသုံးသူတွေရဲ့ စိတ်ကို စွဲဆောင်တာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ သူတို့လုပ်ငန်းတွေရဲ့ ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှု အသစ်တွေ ရှိလာခဲ့ရင်လည်း အထူးတလည် ကြော်ငြာမနေဘဲ လိုအပ်တဲ့ Short To The Point ကိုပဲ စိတ်ခံစားချက်နဲ့ တွဲပြီး စားသုံးသူတွေရဲ့ မသိစိတ်ထဲကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြော်ငြာလုပ်မယ်ဆိုရင်လည်း ဒီအချက်တွေကို အခြေခံပြီး ပြုလုပ်ဖို့ အကြံပေးပါရစေနော်။ 🤗

ဖန်တီးမှုအားကောင်းတဲ့ ကြော်ငြာတွေကိုမှ သဘောနှစ်သက်ရင်တော့ Creative Myanmar Marketing Services မှ ကူညီပေးဖို့ အသင့်ရှိနေပါတယ်🥰

Creative Myanmar Marketing Services
No. (72), Yaykyaw Street, Pazundaung Township, Yangon, Myanmar.
Email – [email protected]
Phone Number – 09 441 758 580, 09 963 380 000



အများနဲ့မတူဘဲ ကိုယ့်အလုပ်ပေါ်မှာ အမြဲရူးသွပ်နေတဲ့ သိုးမည်းလေးတွေကို Creative Myanmar Marketing Services မှ အလိုရှိနေပါတယ...
10/02/2023

အများနဲ့မတူဘဲ ကိုယ့်အလုပ်ပေါ်မှာ အမြဲရူးသွပ်နေတဲ့ သိုးမည်းလေးတွေကို Creative Myanmar Marketing Services မှ အလိုရှိနေပါတယ်။
📌Senior Designer
📌 Marketing executive
📌 Account executive
📌 Junior Content writer

✨Senior Designer
✔Requirement Skill✔
- လုပ်ငန်းအတွေ့အကြုံ ၂နှစ်အထက်ရှိရမည်
- Photoshot,Premier Pro ကျွမ်းကျင်စွာသုံးနိုင်ရမည်
- Team work ဖြင့် အလုပ်လုပ်နိုင်ရမည်
- စကားပြောပြေပြစ် ဆက်ဆံရေးကောင်းသူဖြစ်ရမည်
🏢ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမှာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ‘ညှိနှိုင်း’ ဖြစ်ပါတယ်

✨ Marketing Executive

✔Requirement Skill✔
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (1) နှစ်အထက်ရှိရမည်
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရသူဖြစ်ရမည်
- Strategic Marketing Certificate (or) Diploma ရရှိထားသူဖြစ်ရမည်
-Marketing plan များရေးဆွဲနိုင်ရမည်
- MS Office, Email ကျွမ်းကျင်သူဖြစ်ရမည်
- English 4skills fluent ဖြစ်ရမည်
- Team work နဲ့ အလုပ် လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်
🏢ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမှာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ‘ညှိနှိုင်း’ ဖြစ်ပါတယ်

✨ Key Account Executive
✔Requirements & Skills✔
- Brand က တာဝန်ရှိသူတွေနဲ့ ကောင်းမွန်စွာ ဆက်ဆံလုပ်ကိုင်နိုင်ရပါမယ်
- Content Plan & Social Media Marketing Plan တွေကို ကိုယ်တိုင်ဖန်တီးနိုင်ရပါမယ်
- Social Media Channel တွေနဲ့ Tools တွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိရပါမယ်
- Digital Marketing Experience & Knowledge တွေရှိဖို့ လိုအပ်ပါတယ်
- Community Management ပိုင်းကို စနစ်တကျ ကိုင်တွယ်တာဝန်ယူနိုင်ရပါမယ်
- မဖြစ်မနေမဟုတ်ပေမယ့် Content/Copywriting ပိုင်း နားလည်တဲ့သူဆို ပိုအဆင်ပြေပါတယ်
- Team work နဲ့ အလုပ် လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်
🏢ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမှာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မူတည်ပြီး ‘ညှိနှိုင်း’ ဖြစ်ပါတယ်

✨ Junior Content Writer
✔Requirement skill✔
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ
- မြန်မာစာ စာလုံးပေါင်းသတ်ပုံကို မှန်ကန်စွာ ရေးသားနိုင်သူ
- Social Media ပေါ်က Trend တွေကို စိတ်ဝင်စားသူ၊ Content တွေကို ဆန်းသစ်တဲ့အိုင်ဒီယာတွေနဲ့ လှလှပပရေးနိုင်သူ
- Design Team နဲ့ အလုပ်တွဲလုပ်ရမှာဖြစ်တဲ့အတွက် အသင်းအဖွဲ့နဲ့ တွဲလုပ်ရတာ အဆင်ပြေတဲ့သူ
- Social Media Tools တွေကို အခြေခံနားလည်သဘောပေါက်ထားသူ
- ဘာသာပြန်ရတာတွေရှိတာကြောင့် English – Myanmar ၊ Myanmar – English Translation ကို အခြေခံနားလည်ပြီး အင်္ဂလိပ်စာအရည်အသွေး အသင့်အတင့်ရှိသူ ဖြစ်ရပါမယ်

🏢 ပုဇွန်တောင်မြို့နယ်မှာ ရုံးတက်ရမာဖြစ်ပါတယ်
📣လစာကတော့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ''ညှိနှိုင်း'' ဖြစ်ပါတယ်

သိုးမဲလေးတို့စိတ်ဝင်စားရင် အောက်က Email ကို CVလေး send လိုက်ပါနော်

📞 Phone - 09 4417 58 580

📩Email - [email protected]

🏢Address - No. 72, Yaykyaw Road, Pazundaung Tsp, Yangon.

06/01/2023

St.Ives, we are very proud to be the part of your creative and successful steps to the better opportunities in business field. We feel really blessed to work closely with you guys to create unique strategies that produce unparalleled results together.






Address

No. 72, Yaykyaw Street, Yay Kyaw, Pazundaung Township, Yangon
Pazundaung
11171

Alerts

Be the first to know and let us send you an email when Creative Marketing Services & Merchandising posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Creative Marketing Services & Merchandising:

Share